ဟုတ်ရဲ.လားမောင်ကာလုရယ်။။။။။။ ကဗျာကြိုက်သော သူများအတွက်သာ

34 views
Skip to first unread message

Tomme Aung

unread,
Sep 7, 2013, 7:43:57 AM9/7/13
to travel...@googlegroups.com



ဟုတ်ရဲ့လားမောင်ကာလုရယ်

ဟန်သီလ
ဟန်ဘာဝနာ
ဟန်ဒါန နဲ့
ဟန်တစ်ခွဲသား ပုံစံပါ
ဟန်ကိုသာရှေ့တန်းတင်လှ
ဆင်းရဲကြ များသူငှာ။

ဟန်နဲ့သာပြော
ဟန်နဲ့ဆေးကြော
များရပေါ့ ဝဋ်ဝင်္ဂပါ
တကယ်အားမထုတ်
ဟန်နဲ့သာလုပ်
ရှုတ်ပြီးရင်းဘဝ ရှုတ်နေတာ။

ဟန်နဲ့အုပ်ချုပ်
ဟန်နဲ့ရှေ့ဆောင်
အများမြင်ကောင်းအောင်
အများအတွက်လုပ်နေသယောင်နဲ့
အများကို ဟန်အထုတ်
ဟန်ပြယုတ်ခင်း
မိုးတွေလင်းပေါင်းများလှပြီ။

ရိုးသားသောပြည်သူ
အမြဲငြူစူလည်း
ပကတိအမှန်ကို ဖုံးကွယ်သူ
ဘာလုပ်နေမှန်း မသိရသူ
ဒါနဲ့ပဲ သူပြော
တိုးတက်ခြင်းသဘော
တစ်ဖြည်းဖြည်းနဲ့ တွေ့ရမှာပေါ့။

ဟန်စေတနာသက်သေပြ
နိုင်ငံအနှံ့ ဆင်းရဲနေကြ
နိုင်ငံအုပ်ချုပ်ရမလွယ်
ဟန်ကြောင်းလီဆည်
တိုင်းရင်းသားအရေးပဲ ထိုးပြတယ်။

ခေတ်သစ်အုပ်ချူပ်ရေး
တကယ်ခတ်သေးသလား
အုပ်ချုပ်နေသူများ
ဗိုလ်ချုပ် ၃၂ နှစ်သားကို အားနာဖွယ်
ငယ်တာ ကြီးတာအသာထား
စေတနာမှန်ရေး ရှေးရှု
လာဘ်စားမှု ကင်းရေး
ဥပဒေပြုဖို့ လက်တွန့်နေကြ
ဟန်ပါပါနဲ့ မစွန့်ချင်တာ။

ဒီအတိုင်းသာဆို
လာဦးမယ်နောက်တစ်ခါဗျို့
မဆလသားပျို
နဝတ ပုံ ပုဆိုးဝတ်
ဒီမီုခေတ်လို့ကြွေးကြော်
အာလီဘာဘာ ခေါ်
ခိုးသား ၄၀ ပါပေါင်း
တိုင်းပြည်ကောင်းအောင် လုပ်မယ်ပြော
ဟန်ထမင်းပေါင်းစား
ဟန်ပြခေါက်ဆွဲစား
နောက်နှစ်၂၀တော့ သွားဦးမယ်ဗျား။



Reply all
Reply to author
Forward
0 new messages