လုပ်ငန်းရှင် Employer နဲ့ အလုပ်သမား Employee

38 views
Skip to first unread message

Myo

unread,
Dec 20, 2013, 4:04:13 AM12/20/13
to travelmyanmar
ကျွန်တော်တို့ Tourism အကြောင်းချည်းသီးသန့်မဟုတ်ပေမယ့်
အတွေ့အကြုံတချို့ကို ဖလှယ်ရင်း Facebook မှာ Comment တွေကို
ဝေမျှရင်း----------------------------------


မည်သူတဦးတယောက်ကိုမှ မရည်ရွယ်ပါ။ အတွေ့အကြုံ တချို့ကို အခြေခံရင်း
အကြောင်းအမျိုးမျိုးကြောင့် တိုက်ဆိုင်မှု ရှိခဲ့ရင် SORRY ပါလို့။
တခါက မိတ်ဆွေတယောက်ရဲ့ မေးခွန်းကို ပြန်အမှတ်ရမိတာပါ။ “““““၀န်ထမ်းတွေ
ဘာကြောင့်အလုပ်က နှုတ်ထွက်ကြသလဲ”””””တဲ့။
နေရာတိုင်းမှာ တန်ရာ-တန်ကြေး ဆိုတာ ရှိစမြဲပါ။ ကျွန်တော်တို့ ဗမာတွေ
အားနာတက်မှုက တခါတလေ နည်းနည်းလေးလွဲရာကနေ များများကြီးလွဲသွားတာထိ
ဖြစ်တက်ပါတယ်။ ကျွန်တော်တို့ ဗမာတွေ တစ်ခုခုလွဲသွားရင် ကံ ကံကို
ပုံချရင်း လွယ်လွယ် မေ့ပစ်လိုက်ကြတာပါပဲ။ ကျွန်တော်တို့ Tourism မှာလဲ
နည်းနည်းလွဲရာကနေ များများလွဲနေတာတွေ အများသားပါပဲ။ ကိုယ်ကိုယ်တိုင်
Beginner နေရာကနေ Junior နေရာကို တက်လှမ်းလာရင်း Senior တယောက် မဖြစ်မီ
Beginner နေရာမှာ တွေ့ကြုံခဲ့ရတာတွေ အမှတ်ရမိပါတယ်။
(၁) မြန်မာပြည်မှာ လုပ်ငန်းရှင် Employer နဲ့
ဝန်ထမ်း Employee ကြား နားလည်မှု လွဲတာလေးတွေကို တခါတလေ ကြုံတွေ့ရပါတယ်။
အဲဒီမှာ ကြုံခဲ့ ဆုံခဲ့ဖူးတာက ၀န်ထမ်းတယောက် နေရာတခုကနေ နောက်နေရာတခုကို
ကူးပြောင်းတော့မယ် ဆိုရင် ကြားနေကြစကားက “““သမင်မွေးရင်း
ကျားစားရင်း”””ဆိုတဲ့ မူလ Employer က ပြောဆိုတက်တဲ့ စကားပါပဲ။ အဲဒီမှာ
ကြားရတဲ့သူကို အမှတ်မထင် အတွေးဝင်စေတာက အဲဒီကျားစားဖို့ သမင်ကို
ဘာကြောင့် လုံခြုံအောင် ကာမထားတာလဲ ဆိုတာပါပဲ။ ဆိုလိုတာက အဲဒီ Employee
ကို Employer ကသာ တိုက်တန်တဲ့ တန်ကြေး၊ အကျိုးခံစားခွင့်၊ နားလည်မှုတွေ
ပေးထားရင် အဲဒီ Employee က သူရှိတဲ့နေရာမှာ တည်မြဲနေမှာ မို့လို့ပါပဲ။

(၂) ၀န်ထမ်းတယောက်အတွက် ၀င်ငွေဆိုတာ သူရဲ့လုပ်အားခ
ဖြစ်ပါတယ်။ မည်သူ တဦးတယောက်ကမှ အိမ်မှာ နေရင်း ၀င်ငွေမ၀င်နိုင်ပါဘူး။
Employer တယောက်က Employee တယောက်ကို လစာပေးထားတာ၊ သူရဲ့ ထိုက်တန်တဲ့
လုပ်အားခ ကို ပေးရခြင်းသာ ဖြစ်ပါတယ်။ အဲဒါကို Employer တယောက်က Employee
ကို သူ့ရဲ့ရာသက်ပန် ထမင်းရှင်၊ ကျေးဇူးရှင်အဖြစ် သူ့ကိုယ်သူ
သတ်မှတ်လိုက်ခြင်းပါပဲ။ အဲဒီမှာ တခါတလေ နှုတ်ချိုသျှိုတပါးဆိုတာကလဲ
အသုံးဝင်နေတာပါပဲ။

(၃) နောက်တခုက ကျွန်တော်တို့ မြန်မာပြည်မှာ
အလုပ်လုပ်နေကြတာ မိသားစု ကဲ့သို့ မိသားစု ကဲ့သို့ဆိုပြီး ပြောကြသေးပါတယ်။
အဲဒီမှာ ပါဝင်လာတာက ဆွေမျိုး၊ သားချင်းတွေ လုပ်ငန်းထဲပါလာရင်း အလုပ်ကို
အလုပ်လို မလုပ်ကြရပဲ ငါ့ဆွေမျိုး၊ ငါ့သားချင်း၊ င့ါလူဆိုပြီး ဘက်လိုက်၊
အတ္တစွဲတွေ လွှမ်းမိုး ပါဝင်လာခြင်းပါပဲ။ အဲဒီလွှမ်းမိုး မှုတွေကြောင့်
Employer နဲ့ Employee ကြား နားလည်မှုလွဲ ပြသနာတက်ရာက အဲဒီ Employee
အလုပ်ထွက်၊ အလုပ်ပြောင်း ဖြစ်လာတာပါပဲ။

(၄) ကျွန်တော်တို့နိုင်ငံမှာ စစ်အုပ်ချုပ်ရေး
အောက်မှာ အရိုးစွဲခဲ့တဲ့ ““ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ
လိုချင်တယ်”” ဆိုတဲ့ အတွေး အခေါ်တွေပါပဲ။ ရေဘူးပေါက်နဲ့ ရေခပ်မှတော့
ဘယ်လိုလုပ် ရေကောင်း ရေသန့် ရနိုင်ပါ့မလဲ။ အဆင်ပြေတဲ့ နေရာကနေ ခပ်လာတဲ့
မကောင်းတဲ့ ရေပဲ ရမယ်ဆိုတာ လူတိုင်း နားလည်သားရက်နဲ့ ရေဘူးပေါက်နဲ့
ရေခပ်ခိုင်းနေခြင်းပါပဲ။

(၅) အထက်မှာ ပြောခဲ့သလို Employer တယောက်အနေနဲ့ သူ့
ဝန်ထမ်း Employee တယောက်ကို အကျိုးအမြတ် ပေးရမှာ စိုးလို့ အမြဲတမ်း
ပြောတက်တာက “““ငကန်းသေရင် ငဆွေလာလိမ့်မယ်”””တဲ့။ အဲဒီဝန်ထမ်းအနေနဲ့ သူသာ
ငကန်းမဟုတ်ရင် ဒီနေရာမှာ တည်မြဲနေမှာ မဟုတ်ပဲ ဒီလုပ်ငန်းမှာ မြဲမှာ
မဟုတ်တော့မှာပါပဲ။ Employer တယောက်အနေနဲ့ သူ့ Employee တယောက်ကို
တန်ဖိုးမထားတော့ရင် ???????

(၆) အဲဒီဝန်ထမ်း အကြောင်းအမျိုးကြောင့် မူလအလုပ်ကနေ
တခြား အခွင့်အလမ်း၊ ရပိုင်ခွင့်၊ ၀င်ငွေ အစရှိတဲ့ တိုးတက်ရာ နေရာတခုကို
သွားတော့မယ် ဆိုရင် ပြောတက်ပြန်တာက “““မင်းတို့ ပိုက်ဆံနောက်ကို
လိုက်နေတော့တာပဲကွာ””” ဆိုတာပါပဲ။ လူတွေဟာ အူမတောင့်မှ
သီလစောင့်နိုင်မှာပါလို့ မြတ်စွာဘုရားရှင် ဟောခဲ့တာလူတိုင်းအသိပါပဲ။
မိမိနဲ့ ထိုက်တန်တဲ့ အကျိုးခံစားခွင့်ဆိုတာ ရမလာရင် တနည်းနည်းနဲ့
ထွက်ပေါက် ရှာသွားတက်ကြတာပါပဲ။ အဲဒီလို ထွက်ပေါက်ရှာသွားရာမှာ Employee
တယောက်အနေနဲ့ ကောင်းကောင်းမွန်မွန် ထွက်သွားတက်သလို၊
ကောင်းကောင်းမွန်မွန် နှုတ်မဆက်သွားတဲ့ Employee တယောက်ကြောင့် အခက်အခဲ၊
ဒုက္ခတွေကို ထိုင်ရှင်းနေရတဲ့ Employer တွေလဲ ရှိတက်ပါတယ်။ အဲဒီအခါမှ
မိမိအရှက်ကို ဖုံးကွယ် မြိုသိပ်ထား နေရတာတွေလဲ ရှိလာပါတယ်။

(၇) အင်္ဂလိပ်လက်ထက်က မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့
Divide & Rule ဆိုတာကို ဒီဘက်ခေတ်ကြီးမှာ အသုံးချချင်နေကြတာပါပဲ။
ဝန်ထမ်းတွေကြား ညီညွှတ်မှုကို မတည်ဆောက်ပဲ၊ ၀န်ထမ်းအချင်းချင်းသွေးကွဲအောင်
သွေးထိုးပေးရာကနေ အချင်းချင်းသွေးကွဲ အချင်းများရင်း အဲဒီကနေ
မခံနိုင်တဲ့သူက မိမိနဲ့ သင့်တော်တဲ့ နေရာကို ရှာဖွေသွားခြင်းပါပဲ။

(၈) အထက်မှာ ဆိုခဲ့သလို ၀န်ထမ်းတိုင်းအတွက် သူနဲ့
ထိုက်တန်တဲ့ အကျိုးခံစားခွင့် ရှိတက်ပါတယ်။ အဲဒီ အကျိုးခံစားခွင့်ဟာ
နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ အဲဒီ Employee ရဲ့ ခံစားခွင့်ပဲ
ဖြစ်ပါတယ်။ Employee တယောက်ရဲ့ အကျိုးခံစားခွင့်ကို Employer တယောက်က
ဝင်စွက်ဖက်တော့မယ်ဆိုရင် မဖြစ်သင့်တော့တဲ့ ပြသနာတွေ ရှိလာမှာပါပဲ။

(၉) ကမ္ဘာနဲ့အလွှမ်း မည်သည့်လုပ်ငန်းမဆို
လုပ်ငန်းအကျိုးအမြတ်အတွက် မည်သူတဦးတယောက်မှ ရပိုင်ခွင့် ရာနှုန်း
(commission) နဲ့ မလွတ်ကင်းနိုင်တာဟာ ကျွန်တော်တို့
ခရီးသွားလုပ်ငန်းနဲ့လဲ သက်ဆိုင်ပါတယ်။ အဲဒီ Employee တယောက်ရဲ့
ခံစားခွင့်ကို Employer တယောက်က ၀င်စွက်ခဲ့မယ် ဆိုခဲ့ရင်-------????
တကယ်တော့ အဲဒီ Employer ကရော သူ့ရဲ့ ခံစားခွင့်ကို Employee တယောက်အား
ခံစားစေမှာလား ဆိုတဲ့ မေးခွန်း ရှိလာတာပါပဲ။ ကျွန်တော်သိသလောက် Employer
တယောက်ရဲ့ အကျိုးခံစားခွင့်ကို Employee တယောက်က ခံစားဖို့ဆိုတာ
အဝေးကြီးပေမယ့် Employee တယောက်ရဲ့ ခံစားခွင့်ကိုတော့ Employer တွေက
အလွယ်တကူ ၀င်စွက်ဖက်နေကြတာပါပဲ။

(၁၀) နောက်ဆုံးတချက်အနေနဲ့ကတော့ ခေါင်းပုံဖြတ်
အမြတ်ထုတ်ခြင်းပါပဲ။ နေရာတိုင်းမှာ တန်ရာ တန်ကြေးမပေးလိုပဲ ခေါင်းပုံဖြတ်
အမြတ်ထုတ် စနစ်ကြီးက အဆိုးဆုံးပါပဲ။ Employer တယောက်အနေနဲ့ Employee
တယောက်ကို ဒီဘက်ခေတ်ထိ ရိုင်းရိုင်းပြောရရင် ထမင်းစားကျွန်ခံကဲ့သို့
အသုံးချနေခြင်းပါပဲ။ အဲဒီမှာ အများဆုံးတွေ့ရတာက အတွေ့အကြုံမရှိတဲ့
Beginner တွေကို အလုပ်သင်ဆိုပြီး မည်သည့် အကျိုးခံစားခွင့် လုပ်အားခမှ
မပေးပဲ ထမင်းစားကျွန်ခံ စေခိုင်းလိုချင်းဖြစ်ပါတယ်။ အလုပ်နဲ့ လုပ်သား
(supply & demand) မမျှတမှုကြောင့် အလုပ်လိုအပ်နေတာကို အခွင့်ကောင်းယူပြီး
အသုံးချနေကြခြင်း ဖြစ်ပါတယ်။ အဲဒီမှာ Employer တယောက်ရဲ့ ဒီအတွေးအခေါ်ကို
မိမိကိုယ်တိုင် Employee တယောက် ဖြစ်နေပါလျှက် တခြားသူ Employee
တဦးတယောက်ကို အသုံးချပေးနေတာက ပိုဆိုးပါတယ်။ နောက်ကွယ်မှာ ဖြစ်နေတာကို
ဖုံးကွယ်တဲ့ အနေနဲ့ ဖြစ်လာတာက အဲဒီ Beginner ကို Employer က
ပညာသင်ပေးထားတယ်ဆိုတဲ့ ကျေးဇူးတင်စရာကြီးကို အသုံးချလိုက်တာပါပဲ။

မျိုးမြန်မာ (ဧည့်လမ်းညွှန်)

Thiri Cho; Great.
December 13 at 8:37pm • Unlike • 1

မိုး ယံ • Friends with Thomas Latt
December 13 at 8:51pm • Like

Brocade Zaw Absolutely Agree with you
December 13 at 9:19pm via mobile • Like • 1

Sai Kenneth Totally understand such kind of feeling. Great post bro.
December 13 at 9:19pm • Unlike • 3

May Thingyan • Friends with Nectar Zaw and 5 others
အရမ်းဆိုးတာပဲ တချို့Employer တွေဆိုရင်တပြောတာက ကစားကွင်းထဲမှာ training
ပေးထားပြီး ပြောင်းသွားကြတာတဲ့ နားမလည်ကြဘူးလေက
ျွန်းကိုင်းမှီကိုင်းကျွန်းမှီ ဆိုတာကို
December 13 at 9:27pm via mobile • Unlike • 1

Den Lahpai • Friends with Sai Kenneth and 3 others
Very well said!

December 13 at 9:35pm • Unlike • 1
Kay Thwe Phyu Bravo!

December 13 at 9:53pm • Unlike • 1
Cherry Mon great bro !!!

December 13 at 10:54pm via mobile • Like
Jasmine Phyu I like this.

December 14 at 12:25am via mobile • Like
Ohnmar Htet မျိုးမျိုးရေ ဇာတ်တူသားကို စားတဲ့ နေရာမှာ တော့
သွေးနှောဗမာတွေက အဆိုးဆုံး အပက်စက်ဆုံးပါပဲ လက်တွေ့  ကြုံခဲ့ ခံခဲ့ရတဲ့
အခြေအနေတွေအရ ပြောနိုင်တာပါ ယခု လက်ရှိ မြန်မာနိုင်ငံမှာ
အုပ်စိုးချယ်လှယ်နေတဲ့  ဂုတ်သွေးစုတ်နေတဲ့  တရုတ် နဲ့  ကုလား ဆိုတဲ့ 
အရင်းရှင်ကြီးတွေ အဆိုးဆုံးပေါ့ အဖက်ဖက်က သူတို့ ချည်း
အသာစီးလိုချင်ကြတယ် ခရီးတလျှောက် အခတ်အခဲဟူသမျှ
မိမိကိုယ်ပိုင်အရည်အချင်းနဲ့  ဖြေရှင်းခဲ့တဲ့ ဧည့်လမ်းညွှန်ကို ဧည့်သည်က
သဒ္ဒါလို့  ပေးကမ်းစွန့် ကျဲသွားတဲ့  Tip Money ဆိုတဲ့ အပေါ်တောင် သူတို့ က
အနုနည်းလေးသုံးပီး ဂုတ်သွေးစုတ် လက်တဆုံးနှိုက်ချင်ကြတယ့့်  အော့့် 
့ ပြောမယ်ဆို အများကြီးပါကွာ့  မြန်မာပြည်က မိအေး တို့  ကိုအေး တို
့လည်း ခါးတွေချိရုံမက ကျိုးသွားရင်တောင် အမြတ်ထုတ် ဂုတ်သွေးစုတ်ချင်တဲ့
မင်းပြောတဲ့ Employer ( ကျေးဇူးရှင်ကြီး ) တွေက
ကျေးဇူးအဆပ်ခံချင်နေအုံးမှာဟ အမမောင်လေးရ့  မင်းရဲ့  လုပ်ငန်းတူ
သူငယ်ချင်းများအပေါ် စေတနာထားမှု အတွက် ကောင်းမွန်တဲ့ 
တန်ပြန်သက်ရောက်မှုမျိုး ပြန်လည်ရရှိပါစေလို့  ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ့့် 
December 14 at 1:02am via mobile • Unlike • 3

May San Aung
December 14 at 6:56am via mobile • Like

Myo Min Thant very good! ! !
December 14 at 8:04am via mobile • Unlike • 1

Zmo Alfredo Bravissimo
December 14 at 8:22am • Unlike • 1

Lynn Zaw Wai Mang Very good ... we have to consider seriously
December 14 at 8:30am via mobile • Unlike • 1

Angel Thandar • Friends with Zun Pwint and 2 others
very correct.
December 14 at 11:13am • Unlike • 1

Thatoe Thuzaraung ကော့်မန့်လေးပေးပါရစေ။ ကျွန်မမှာ
ဝန်ထမ်းတွေနဲပတ်သတ်တဲ့ အတွေ့အကြုံတွေအများကြီးရှိပါတယ်။ ၀န်ထမ်းတွေ
အလုပ်ထွက်ခြင်းမှာ လစာနဲ့မဆိုင်သော အခြားအကြောင်းရင်းတွေလည်း
ရှိတက်ကြပါတယ်။ လစာပိုင်းက အလုပ်ရှင်နဲ့ ၀န်ထမ်းအပြန်အလှန်သိတက်ရင်
ငြှိယူလို့ရသလို အဆင်လည်းပြေပါတယ်။ အဘယ်ကြောင့်ဆိုသော်
လုပ်ငန်းခွင်အတွေ့အကြုံရှိသူတိုင်းဟာ လစာကိုညှိနှိုင်းပြီးမှ
အလုပ်လုပ်ကြတာမို့လို့ပါ။
လုပ်ငန်းခွင်မှာ လစာအပြင် အခြားအရေးကြီးတဲ့အပိုင်းတစ်ခုက
စီမံခန့်ခွဲမှု့၊ အပြန်အလှန် နားလည်သိတက်မှု့ နှင့်
တစ်ဦးနှင့်တစ်ဦးလေးစားမှု့ အပြင်
ရုံးတွင်းလုပ်ငန်းစဉ်တွေအချိတ်အဆက်မိဖို့ပါ။
December 14 at 11:56am • Unlike • 4

Myo Myanmar ကျွန်တော်ရေးထားတဲ့ တန်ရာ၊ တန်ကြေး ဆိုတာ
ငွေကြေးတခုထဲမဟုတ်ပါ။ တဖက်သူနားခံသာအောင် နှုတ်ချိုသျှိုတပါး
မဖြစ်တာကြောင့်၊ ပုဂ္ဂိုလ်ရေးတွေ ၀င်လာတာကြောင့်၊ ၀န်ထမ်းရဲ့ Role ကို
အသိမပြုတာတွေကြောင့်၊ ၀န်ထမ်းအချင်းချင်း သဟဇာတ ဖြစ်အောင်
မစီမံမှုနိုင်ကြောင့်တွေပါ ပါပါတယ် မ Thatoe. ချွင်းချက်အနေနဲ့
ရှိနိုင်တာက ကိုယ့်တာဝန်ကိုယ်ယူရကောင်းမှန်းမသိ၊ အလုပ်ကို အလုပ်နဲ့
တူအောင် မလုပ်၊ သင်ယူလေ့လာချင်စိတ်မရှိ၊ စပ်စပ်ထိမခံတက်တဲ့သူတွေဟာတော့
အချိန်တန်ရင် သူ့လမ်းသူလျှောက်သွားကြတာပါပဲ။ အလုပ်ရှင်၊ အလုပ်သမားကြားမှာ
သဟဇာတ ဖြစ်ဖြစ်နဲ့ တူတူလက်တွဲကြမယ်ဆိုရင် မကြာသေးမှီ အချိန်က အကို တယောက်
ရုံးတရုံးထဲမှာ ၁၅ နှစ်တိုင်လုပ်လာတွေ တွေ့နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်
အချိန်ပေးဖတ်ရှု Comments ၀င်ရေးပေးတာ ကျေးဇူးတင်ပါတယ် မသတိုး။
December 14 at 12:17pm • Like • 2

Nandar Htway အမှန်တရား တွေ့ ပြောရင် အမုန်းတရားတွေ ရောက်လာတတ်တယ် ဟ။ အခု
အနီးအနား မှာ MD ဖြစ်နေတဲ့ သူငယ်ချင်းတွေ အများကြီဲးဲဘဲဟ။ သိကြ
မြင်ကြတော့ လဲ JUST taking experience! !!??
December 15 at 1:34am via mobile • Like

Soe Emeral • Friends with Moe Kyaw Khaung and 6 others
ကျမရဲ့လွန်ခဲ့တဲ့ကိုးနှစ်ကအဖြစ်တိုင်းပါဘဲ။
December 15 at 5:49am via mobile • Like

Hsu Htet Hlaing Well said , well written saya myo!
Your post has given me a great continuous thought the whole night.
Seriously we have been sharing what we have gained to our team in
terms of not only materialized things but also unmaterialized things,
however we are still afraid of turnover that has been occuring in
industry so far. Because of lacking travel professions during higher
demand of Recruiting whilst Products are not that marginable, Turnover
will be favorably fast. Switching will be often occured. If foreign
Travels Companies are allowed to enter into the Industry one day, that
Turnover will be incredibly High beyond our Imagination, and Local
ones will be faded away sooner or later. We do value our team as you
have known, but if it is happening one day, what should we do? We
blame whom? to Us for not being able to give Employee as they FDI does
? to the Switchers for not attaching local ones so called us? to the
Recruiters who draw our Employees with Double or more Pay? What do u
say Saya?
December 15 at 11:45pm via mobile • Edited • Like

Thatoe Thuzaraung နိုင်ငံခြား ကုမ္ပဏီတွေက
လစာငွေပေးတာပိုများတယ်လို့ထင်တဲ့အချက်ဟာ မှားနေပါတယ်။
မည့်သည့်အခြေအနေတစ်ရပ်ကိုမဆို အမြင်နှစ်ဘက်ကသာ ကြည့်ရပါတယ်။
ဆိုလိုချင်တာက မိမိစိတ်ခံစားမှု့နဲ့ တစ်ဖက်ထဲက
မည့်သည့်အကြောင်းအရာကိုမဆို ကြည့်လို့မရပါ။ လုပ်ငန်းခွင်တစ်ခုမှာ
တိကျတဲ့စီမံခန့်ခွဲမှု့၊ ပွင့်လင်းမြင်သာမှု့နဲ့
ရိုးသားမှု့တွေရှိတဲ့အခါမှာ ပိုင်ရှင်၊၀န်ထမ်းဆိုတဲ့ ခွဲခြားမှု့ဟာ
အသေးအဖွဲ့သာလျှင်ဖြစ်တယ်။ ကျွန်မပြောထားတဲ့သဘောတရားအတိုင်း တည်ရှိနေတဲ့
ကုမ္ပဏီတွေရဲ့ အောင်မြင်မှု့တွေကို အံမခန်းမြင်တွေ့ဖူးလို့ ပြောတာပါ။
December 15 at 11:57pm • Like • 3

Myo Myanmar ကျွန်တော် comment ကို ပြန်တင်လိုက်တာ ကော်နက်ရှင်ကျသွားလို့
မတက်လာတာ သတိမထားမိဘူး။ အခုမှ ပြန်တင်ရတယ် မ Hsu Htet Hlaing. တကယ်တော့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ပဲ ၀င်လာပါစေ
ကိုယ့်နိုင်ငံသားအချင်းချင်း ဖေးမ နားလည် ကူညီ ပေးကြရင်၊ အလုပ်ရှင်
အလုပ်သမားကြား သမာသမတ်ရှိကြမယ် ဆိုရင် နိုင်ငံသားအချင်းချင်းပဲ
လက်တွဲလုပ်ကြမှာပါ။
13 minutes ago • Like • 1

Hsu Htet Hlaing စိတ်ပူတတ်တဲ့သူဆိုတော့ အဲလိုပဲ ဟိုပူဒီပူပေါ့ .. ဒါတောင်
ကိုယ့် personal အတွက် တကယ့်အပူ မပါသေးဘူး ..
ရတနာတို့ရုံးက ချစ်စရာကောင်းသော အကို/အမ/ညီ/ညီမ များကတော့ ကိုယ်တွေကို
ရက်ရက်စက်စက် ထားခဲ့မယ်မထင်ဘူးလေ ... hehe
5 minutes ago • Unlike • 1

Nandar Htway ညှိယူတာ ညှိနှိုငိးတာ အချိန်ယူတာ က ပေးဆပ်ရတဲ့ အတိုင်းအတာ တစ်ခုပါ

Nyi Nyi ÂŽ

unread,
Dec 20, 2013, 5:11:45 AM12/20/13
to travel...@googlegroups.com
နေရာတိုင်း HR shortage ဖြစ်နေတဲ့အချိန်မှာ ဒီပို့စ်က အသုံးတည့်ပါတယ်ဗျာ။ မြန်မာပြည်မှာ ၀န်ထမ်းကောင်းတွေ ရဖို့ ဘယ်လောက်ခက်နေလဲဆိုတာ လုပ်ငန်းရှင်တွေသိကြပါတယ်၊ ဒါပေမယ့် ၀န်ထမ်းတွေနဲ့ အတူ ဘယ်လိုအောင်မြင်အောင်လုပ်မယ်ဆိုတဲ့ လုပ်ငန်းရှင်တွေရှားနေတာကိုတွေ့ရတယ်။ လူမပါရင်မဖြစ်တဲ့ လူကိုအခြေပြုရတဲ့ခရီးသွားလုပ်ငန်းမှာ လူ့ တန်ဖိုးမသိသေးသ၍ အောင်မြင်မှု နဲ့အလှမ်းဝေးနေဦးမယ်လို့ထင်ပါတယ်။ တဆက်တည်း TMG facebook မှာ ညကမျှထားတဲ့ Economists ရဲ့ဆောင်းပါးလေးနဲ့ တွဲကြည့်ဖို့ လင့်ခ် ထည့်ပေးလိုက်ပါတယ်။

Among the lettuce-smugglers - From generals to general managers
Reply all
Reply to author
Forward
0 new messages