မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း အစီစဉ်ဖြင့် ငှက်လမ်းညွှန်သင်တန်း Training Bird Guide အမှတ်စဉ် (၁) ဖွင့်မည့်သတင်းကို Sst Tour က MTGA သို့ပေးပို့လာပါသည်။
မိမိစားရိတ်ဖြင့် သင်တန်းတက်ရန် စိတ်ဝင်စားသူများ မြန်မာငှက် နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းသို့ တိုက်ရိုက်ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
ငှက်သင်တန်းတွင် ငှက်မျိုးစိတ်အကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဗီဇမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အရေးပါမှု၊ ငှက်များဧ။် ဂေဟဆိုင်ရာ အကျိုးပြုမှု၊ ငှက်ကြည့်ခြင်းနည်းပညာများကို မြန်မာဘာသာဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။ ကျားမ မရွေးသင်ကြားနိုင်ပြီး ကျန်းမာရေးကောင်းမွန်ကာ တောတွင်းခရီးသွားနိုင်ရမည်။ သဘာဝပတ်ဝန်းကျင်တွင် ကြံ့ကြံ့ ခံ သွားလာနိုင်သူဖြစ်ရမည်။ သင်တန်းကာလတလျောက်လုံး နံနက် (၆)နာရီ မှ ညနေ (၆:၃၀) ထိ လက်တွေ့ ငှက်ကြည့်လေ့လာခြင်း ပြုရမည်။
လှော်ကားတွင် လေ့လာမည့် (၅) ပတ်အတွင်း စားစရိတ်သာကုန်ကျမည်ဖြစ်ပြီး ပုဂံ၊ ပုပ်ပါး၊ အင်းလေး တွင်လေ့လာရေးအတွက် တည်းခိုစားရိတ်၊ ခရီးစားရိတ်၊ စားစရိတ်များကျခံရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
သင်တန်းအမည်.... ငှက်သင်တန်း
သင်တန်းသားဦးရေ .... (၁၅) ဦး + Darwin Initiative ဧ။်ထောက်ပံ့မှုဖြင့် သင်တန်းသား(၉)ဦး
သင်တန်းကာလ….သြဂုတ်(၁)ရက်နေ့ မှ စက်တင်ဘာ (၃၀)ရက်အထိ
သင်တန်းနေရာ….လှော်ကားသဘာဝဥယျဉ် (ညအိပ် စခန်းချ)
ပို့ချမည့်သူ…ဒေါက်တာသိန်းအောင်၊ ဦးသက်ဇော်နိုင်၊ ဒေါက်တာသီရိဒေ၀ီအောင်၊ ဦးလေးဝင်း
ဆက်သွယ်ရန်….၀၉၅၀၂၄၀၀၂ ၊ email : thein...@gmail.com
သင်တန်းသားစာရင်းကို (၂၃.၇.၁၄) နေ့ နောက်ဆုံးလက်ခံမည်။
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CADtnhKMkPuukH9ha4u69YuY4Bx3-ULX9Po8G9r5uHwm8yp07tQ%40mail.gmail.com.
For more options, visit https://groups.google.com/d/optout.