အမျိုးသားပြတိုက် (နေပြည်တော်) ဖွင့်လှစ်လိုက်ပါပြီ
81 views
Skip to first unread message
Thaung Naing Oo
unread,
Jul 23, 2015, 2:46:55 AM7/23/15
to travelmyanmar
အမျိုးသားပြတိုက် (နေပြည်တော်) ဖွင့်လှစ်လိုက်ပါပြီ
          (၁၅.၇.၂၀၁၅) ရက်နေ့က အမျိုးသားပြတိုက် (နေပြည်တော်)ကို ဖွင့်လှစ်လိုက်ပါပြီ။ အတတ်နိုင်ဆုံး နိုင်ငံတကာအဆင့်မှီဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ အမျိုးသားပြတိုက် (ရန်ကုန်)နဲ့ပါဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသားပြတိုက် နှစ်ခုရှိပါပြီ။ ဧည့်လမ်ညွှန်များအတွက် နေပြည်တော် Sightseeing Area ပြစရာတစ်ခုတိုးလာတော့ ပိုးပြီးအဆင်ပြေလာတာပါ။ လိုအပ်ပါက အသုံးချနိုင်ရန် သတင်းအချက်အလက် အချို့ကို ဖြန့်ဝေပေးလိုက်ပါတယ်။
          အမျိုးသားပြတိုက် (နေပြည်တော်)ဟာ နံနက် (၉း၃၀)မှ ညနေ (၄း၃၀)အထိ ဖွင့်လှစ်ပြသမှာဖြစ်ပြီး၊ တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှာ ပြတိုက်ပိတ်မှာ ဖြစ်ပါတယ်။
မှတ်ချက်။      ၁၅.၈.၂၀၁၅ ရက်နေ့အထိ မြန်မာရော နိုင်ငံခြားသားများအတွက်ပါ အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
တည်နေရာ။   အမျိုးသားပြတိုက် (နေပြည်တော်)ဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကုမဒြာကြာပန်းဝိုင်းအနီး ရာဇသင်္ဂဟလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။
ရည်ရွယ်ချက်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှုများကို ဖေါ်ထုတ်ရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို ဖေါ်ထုတ်ရန်၊ မိမိတို့လူမျိုး၏ (Soft Power) စွမ်းဆောင်ချက်များကို ဖေါ်ထုတ်ရန်၊ အမျိုးသားအဆင့်နှင့်လျော်ညီသော နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်ကို ထင်ဟပ်ပေါ်လွင်စေရန်၊ ထိန်းသိမ်းမှုစနစ်၊ ပြသမှုစနစ် မှန်ကန်သော အဆင့်အတန်းမြင့်မားသည့် ပြတိုက်ဖြစ်စေရန်နှင့် ဆွဲဆောင်မှုရှိသော ခေတ်မီပြတိုက်ဖြစ်စေရန် ဟူ၍ဖြစ်ပါတယ်။
အဆောင်များ။   A. B. C. Dနှင့် Eအဖြစ် အဆောင် (၅)ဆောင် ပါဝင်ဖွဲ့စည်းထားရှိတယ်။ အဆောင်Aမှာ Mini Theatre အခန်း၊ အရေးကြီးပုဂ္ဂိုလ်များ နားနေခန်း၊ နိုင်ငံတော်သမတ အခြားနိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် ရရှိခဲ့သည့် လက်ဆောင်ပစ္စည်းများပြခန်းနှင့် အများပြည်သူတို့နားနေရန် နေရာများ ပါဝင်ပါတယ်။ ကျန်အဆောင်များဖြစ်တဲ့ A. B. C. Dနှင့် Eတို့ဟာ ပြခန်းများခင်းကျင်းပြသရာနေရာများဖြစ်ပါတယ်။
ပြခန်းများ။    ပြတိုက်ဟာ တစ်ထပ်ဆောင်ဖြစ်ပြီး၊ ယခုလက်ရှိ ပြခန်းပေါင်း (၆)ခန်း ပြသထားပါတယ်။ ဆက်လက်ဆောင်ရွက်ဆဲ ပြခန်းများလည်း ရှိပါသေးတယ်။
၁။ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်း
၂။ သမိုင်းမတင်မီခေတ် ပြခန်း
၃။ သမိုင်းတင်ခေတ်ဦး ပြခန်း (AD 2 – 10)
၎။ သမိုင်းတင်ခေတ် ပြခန်း (AD 11 – 14)
၅။ မြန်မာ့အနုသုခုမ ပြခန်း
၆။ မြန်မာ့ပန်းချီပြခန်း
          မြန်မာ့ပန်းချီပြခန်းမှာဆိုရင် ဆရာခ၊ ဆရာမြစ်၊ ဆရာစောမောင်၊ ဦးငွေကိုင်၊ ဦးဘဥာဏ်၊ ဆရာဆောင် စတဲ့ ပန်းချီဆရာကြီးများရဲ့ ဂန္ဓ၀င်ပန်ချီများ၊
          ဦးဘကြည်၊ ပေါ်ဦးသက် စတဲ့ ပန်းချီဆရာကြီးများရဲ့ ခေတ်ပြိုင်ပန်းချီများ၊
          ဦးလွန်းကြွယ်၊ ဟယ်ရီအောင် စတဲ့ ပန်းချီဆရာများရဲ့ မျက်မှောက်ခေတ်ပန်ချီများဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းပါတယ်။
          နေပြည်တော်မှာတော့ တပ်မတော်စစ်သမိုင်းပြတိုက်၊ ကျောက်မျက်ရတနာပြတိုက်၊ တိုင်းရင်းသားကျေးရွာ၊ မြို့မဈေး၊ လွှတ်တော်အဆောက်ဦများ (အပြင်မှ)၊ ရေပန်းဥယျာဉ်၊ မြို့မဈေး၊ ဥပ္ပါတသန္တိစေတီတော်၊Shipping Center များ၊ ဆာဖာရီဥယျာဉ် စတဲ့ လည်ပတ်စရာနေရာများစွာ ရှိပါတယ်။
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
မန္တလေး
၂၃.၇.၂၀၁၅
01.jpeg
010.jpg
011.jpg
012.jpg
013.jpg
014.jpg
02.jpg
03.jpg
04.jpg
05.jpg
06.jpg
07.jpg
08.jpg
09.jpg
Reply all
Reply to author
Forward
0 new messages