Groups
Conversations
All groups and messages
Send feedback to Google
Help
Training
Sign in
Groups
Travel Myanmar (Tourism information, activities, idea exchange inside Burma)
Conversations
Labels
About
Groups keyboard shortcuts have been updated
Dismiss
See shortcuts
Shwe Dagon Update:ရှမ်းတိုက်ပုံနှင့် ရှမ်းဘောင်းဘီကို လဲလှယ်ဝတ်ဆင်ပြီးမှသာတက်ရောက်ကြည်ညိုခွင့်ပြုမည်
10 views
destination
highlights
info
Skip to first unread message
Nyi Nyi ®
unread,
Dec 20, 2012, 3:52:30 AM
12/20/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to travel...@googlegroups.com
ရွှေတိဂုံစေတီတော်သို့ လာရောက် ကြည်ညိုကြသည့် အချို့သော နိုင်ငံခြားသားများ၏ မဖွယ်မရာ ဝတ်စားဆင်ယင်မှုများကြောင့် ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ကြရကြောင်း သိရှိရသည်။ သို့ပါ၍ အများပြည်သူ အမြင်တွင် အဂါရဝဖြစ်စေသည့် ဘောင်းဘီတို၊ ချိုင်းပြတ်များဖြင့် လာရောက် ကြည်ညို ကြသော နိုင်ငံခြားသား (ကျား၊ မ) များအား ဒီဇင်ဘာလ နောက်ဆုံးပတ်မှစ၍ ရှမ်းတိုက်ပုံနှင့် ရှမ်းဘောင်းဘီကို သတ်မှတ်နေရာတွင် လဲလှယ် ဝတ်ဆင်ပြီးမှသာ ရွှေတိဂုံစေတီပေါ်သို့ တက်ရောက် ကြည်ညိုခွင့် ပြုမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၃ ရက် (ကြာသပတေးနေ့)က ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရှိရသည်။ ယခင်က ယင်းကဲ့သို့ ဝတ်စားဆင်ယင်မှုမျိုးကို ပဝါများပတ်၍ တက်ရောက် ကြည်ညိုခွင့်ပြုခဲ့သော်လည်း ရင်ပြင်ပေါ်သို့ ရောက်ရှိပါက ပဝါကို အလွယ်တကူ ဖြုတ်ချပြီး နဂိုအဝတ်အစားဖြင့်ပင် ကြည်ညိုကြသည့်အတွက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages