ဆီဒိုးနား ဟိုတယ် အဆောက်အဦ တိုးချဲ့

7 views
Skip to first unread message

Nyi Nyi ®

unread,
Oct 31, 2013, 9:30:23 AM10/31/13
to travel...@googlegroups.com

ရန်ကုန်မြို့ ကမ္ဘာအေးလမ်းပေါ်မှာရှိတဲ့ ဆီဒိုးနား ဟိုတယ်ဟာ အခန်း ပေါင်း ၄၂၀ ရှိတဲ့ အဆောက်အဦသစ်တစ်ခုကိုဆောက်လုပ်နေပြီလို့သိရပါတယ်။ ၄င်းဆောက်လုပ်နေတဲ့အဆောက်အဦဟာ အထပ်ပေါင်း ၂၉ ထပ်ရှိမှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့အမြင့်ဆုံးအဆောက်အဦးတွေထဲကတစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။ ၄င်း ၂၉ထပ်အဆောက်အဦပြီးစီးပါက ဆီဒိုးနားဟိုတယ်မှာ အခန်းပေါင်း ၇၈၆ ခန်းရှိလာမှာဖြစ်ပါတယ်။

ဆီဒိုးနားဟိုတယ်ဟာ ၁၉၉၇ ခုနှစ်ကဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခန်းခ တစ်ည ဒေါ်လာ ၃၀ မှစတင်၍ လွန်ခဲ့သည့် ၂၀၁၂ တွင် အခန်းခတစ်ညလျင် ဒေါ်လာ၂၀၀ ကျော်အထိမြင့်တက်ခဲ့ရာ ခရီးသွားလုပ်ငန်းရှင်များရဲ့ ဝေဖန်မှုအခံရဆုံးဟိုတယ်တစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။

ယင်းဟိုတယ်ကို စင်္ကာပူနိုင်ငံ Keppel Land မှ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး လက်ရှိဟိုတယ်တိုးချဲ့ခြင်းကို ၂၀၁၅ အကုန်တွင်ပြီးစီးမည်ဟုခန့်မှန်းထားပြီး ၂၀၁၆ တွင်လည်ပတ်နိုင်ရန်မျှော်လင့်ထားကြောင်းသိရပါတယ်။ လက်ရှိမြန်မာနိုင်ငံသို့အသစ်ဝင်ရောက်လာသော နိုင်ငံတကာဟိုတယ် ရင်းနှီးမြှုပ်နှံမှုများထဲတွင် Best Western, Hilton, Accor နဲ့ Inter-Continental တို့ရှိနေပြီးအနာဂတ်တွင်ဟိုတယ်လုပ်ငန်းများ ပြိုင်ဆိုင်မှုမြင့်မားလာနိုင်ကြောင်းသုံးသပ်မိကြောင်းပါ။

 
Reply all
Reply to author
Forward
0 new messages