RE: ယာဉ်မောင်းစဉ်လက်ကိုင်ဖုန်းသုံးစွဲခြင်း၏အန္တရာယ်များ ဖိုးရန်နိုင် (ကျောက်ကြီး) ကြေးမုံ မေ ၆

1 view
Skip to first unread message

Zwc.bgn

unread,
May 6, 2013, 10:47:20 PM5/6/13
to travel...@googlegroups.com, Mandalay Tour Guides Society
İt is really necessary to keep laws.

Sent from Samsung Mobile <


khin thidar <gorose....@gmail.com> wrote:


ယာဉ်မောင်းစဉ်လက်ကိုင်ဖုန်းသုံးစွဲခြင်း၏အန္တရာယ်များ ဖိုးရန်နိုင်
(ကျောက်ကြီး) ကြေးမုံ မေ ၆

ဒီနေ့ ကြေးမုံကဆောင်းပါးတစောင်ဖတ်လိုက်ရလို့ မဖတ်ရသေးသူများတွက် တင်ပေးတာပါ
Travel & Tour Operation များကလဲ ကားငှားစဉ်ကထဲက ကားRental များကို
ဒီကိစ္စပြတ်ပြတ်သားသားပြောထားကြပါ ဂိုက်ကိစ္စဘဲဆိုပြီး ချန်မထားကြပါနဲ့

ကောက်ချက်တချို့ဖတ်ကြည့်ပါ

ထိုကိစ္စနှင့်ပါတ်သက်၍ နိုင်ငံတကာကျွမ်းကျင်သူများက #
ကားများတွင်တပ်ဆင်ထားသေါစကားပြောလက်ကိုင်ဖုန်းများနှင့်အလားတူပစ္စည်းများသည်
ကျွန်ုပ်တို့အနေဖြင်ကသတိမမူမိသေါအခါ၌ ဘေးအန္တရာယ်ဆီသို့
တည့်တည့်မတ်မတ်တွန်းပို့နေသည် # ဟုသတိပေးစကားဆိုပါသည်။

ယာဉ်မောင်းစဉ် တယ်လီဖုန်း၏စကားပြောခွက်ကို လက်နှင့်မကိုင်ဘဲပြောပြော
လက်နှင့်ကိုင်၍ဘဲပြောပြော မည်သည့်ခေတ်မီနည်းစနစ်တမျိုးမျိုးဖြင့်
ဘဲပြောပြော နှစ်ဘက်ဖုန်းပြောသည့်စကားအပေါ်တွင် စိတ်ရောက်နေလျှင်
ယာဉ်ကိုထိမ်းသိမ်းရာ၌ အာရုံစိုက်မှုလျော့ပါးကာ အန
္တရာယ်တစုံတရာဖြစ်နှိုင်သည်။
စိတ်မချမ်းမြေ့ဘွယ်သုံးသပ်ချက်များအရ ယာဉ်မောင်းများတွင်ယာဉ်တိုက်ခိုက်မှု
၎ကြိမ်ဖြစ်တိုင်း ၁ကြိမ်မှာ
ယာဉ်မောင်းနေစဉ်ဖုန်းပြောခြင်းကြောင့်ဖြစ်ရသည်။

သို့ဖြစ်၍ ယာဉ်မောင်းသူများအား
အောက်ပါအချက်များကိုလိုက်နာရန်နိုင်ငံတကာကျွမ်းကျင်သူများကတိုက်တွန်းအကြံပြုကြပါသည်။

၁။ ယာဉ်မောင်းနှင်နေစဉ် ဖုန်းမခေါ်ပါနှင့် ဖုန်းမပြောပါနှင့်

၂။ သင်၏ကားပေါ်မှဖုန်းခေါ်ဆိုမှု ဖုန်းပြောကြားမှုများကိုပြုလုပ်ရာတွင်
အလုံခြုံဆုံးနည်းလမ်းမှာ သင်ခရီးမထွက်မီနှင့်
ခရီးပြီးဆုံးချိန်တွင်ပြုလုပ်ခြင်းပင်ဖြစ်သည်။

၃။ ယာဉ်မောင်းနှင်နေစဉ်
ဖုန်းနံပါတ်ကိုနှိပ်၍ခေါ်ခြင်းကသါအဓိကပြဿနာဖြစ်သည်ဟုမယူဆပါနှင့်။
ဖုန်းကိုလက်ဖြင့်မကိုင်ဘဲ
ပါးစပ်အနီးတွင်လက်ကိုင်မဲ့ဖုန်းစကားပြောခွက်များကိုသုံး၍ပြောဆိုခြင်းက
အကျိုးသက်ရောက်သည်ဟု
လည်း မထင်ပါနှင့်။
အဓိကပြဿနာရပ်မှာ ဖုန်းပြောခြင်းကြောင့် ဖြစ်ရသည့်စိတ်ပိုင်းဆိုင်ရာ
အာရုံအနှောင့်အယှက်သါ ဖြစ်ပါသည်။

၎။ ကားမောင်းစဉ် ဖုန်းစကားပြောခြင်းသည် ရေဒီယိုနားထောင်ခြင်း
တေးသီချင်းနားထောင်ခြင်းထက်စိတ်အာရုံကိုပျက်ပြားစေပါသည်။

ယာဉ်မောင်းနှင်ရာတွင် သင်၏အချိန်ပြည့်သတိရှိမှုသည်
အထူးလိုအပ်ပါသည်။ဖုန်းတွင်စကားတခွန်းပြောရုံမျှဖြင့်
သင်မောင်းနှင်ရမည့်လမ်းအပေါ် အလေးဂရုပြုမှုကို မရပ်ပစ်သင့်ပေ။
နိုင်ငံတကာနှင့်ယှဉ်၍ ခေတ်မီလာကြပြီဖြစ်သေါ
မြန်မာတိုင်းရင်းသားများအားလုံး ယာဉ်မောင်းနှင်စဉ်နှင့်
ယာဉ်စီးနင်းစဉ်အချိန်ကာလများတွင် ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေရန်
ဆုမွန်ချွေလျက်။

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.


Reply all
Reply to author
Forward
0 new messages