Asian Tourist Guide Symposium, Bali & Yogyakarta Indonesia ၏ ဖိတ်ကြားချက်အရ မန္တလေးဧည့်လမ်းညွှန်အသင်းမှ သွားရောက်နိုင်ရန် ဧည့်လမ်းညွှန်အချို့ စခန်းသွင်းလေ့ကျင့်ခြင်း
South East Asia Tourist Guide Association (SEATGA) ၏ အဖွဲ့ဝင်ဖြစ်နေပြီဖြစ်သော မန္တလေးဧည့်လမ်းညွှန်အသင်းအား Asian Tourist Guide Symposium, Bali & Yogyakarta Indonesia ၏ ဖိတ်ကြားချက်အရ မန္တလေးဧည့်လမ်းညွှန်အသင်းမှ ဧည့်လမ်းညွှန်အချို့သွားရောက်ကြမည်ဖြစ်သည်။ Seminar နှင့် Work Shop များ ကျင်းပပြုလုပ်ကြမည့်အပြင် Culture Exchange လည်း တစ်ခန်းတစ်ကဏ္ဍအဖြစ်ပါဝင်သဖြင့် ယခုအခါ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသို့ သွားရောက်ကြမည့် ဧည့်လမ်းညွှန်အချို့ဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ပြသနိုင်ရန် Unique Myanmar Restaurant 26 တွင် နံနက် ၉း၀၀ မှ ၁၁း၀၀ အထိ စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များစွာတို့အနက်မှ မြန်မာရိုးရာဝတ်စားဆင်ယင်ထုံဖွဲ့မှု၊ မြန်မာသနပ်ခါး၊ မြန်မာကြိုးဆွဲရုပ်သေး၊ မြန်မာရိုးရာသင်္ကြန်အက စသည်တို့ကို ထည့်သွင်းပြသမည်ဖြစ်သည်။
မန္တလေးဧည့်လမ်းညွှန်အသင်းမှ တက်ရောက်မည့်ဧည့်လမ်းညွှန်များသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသို့ ယခုလ ၂၇.၅.၂၀၁၆ ရက်နေ့တွင် မန္တလေးမှထွက်ခွာပြီး ၃.၆.၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည့် အစီအစဉ်ဖြစ်သည်။
သောင်းနိုင်ဦး - ဧည့်လမ်းညွှန်
၂၃.၅.၂၁၆