Happy Myanmar Thingyan&Happy Myanmar New Year To All်

3 views
Skip to first unread message

Khaing Soe Linn Khaing

unread,
Apr 14, 2014, 10:44:28 PM4/14/14
to travel...@googlegroups.com

Dear All Of Friends!  Have a own clean and pride in life!
Mr.Khaing
comenseememyanmar

On Apr 7, 2014 5:40 AM, "Khaing Soe Linn Khaing" <comensee...@gmail.com> wrote:
Dear All Of Professionals;
Before new instructions of IMPD for VOA policy I get assignment of agents' package but not be comfortable both side.
When E Visa will effect ?
Your one;
Mr.Khaing(comenseememyanmar)
09450008415

On Thursday, March 13, 2014 11:34:24 AM UTC+6:30, Thomas Jr. wrote:
 ဆိုက်ရောက်ဗီဇာကို ကုမ္ပဏီတစ်ခုလျှင် ၁၀ ဦးနှင့်အထက် လျှောက်မှသာ လက်ခံခွင့်ပြုမည်

ယခုလမှစ၍ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရန် ဆိုက်ရောက်ဗီဇာ လျှောက်ထားခြင်းကို ၁၀ ဦးနှင့်အထက် လျှောက်ထားမှသာ ခွင့်ပြုပေးတော့မည်ဟု သတ်မှတ်လိုက်၍ ဗီဇာလျှောက်ထားရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ကုမ္ပဏီတွေက ဘယ်နှယောက်လာမယ်လို့ ကြိုပြီးတော့ မသိနိုင်ဘူး။ ၁၀ ဦး  ပြည့်မှ ဗီဇာလျှောက်ခွင့်ရမယ်ဆိုရင်တော့ အခက်အခဲရှိနိုင်ပါတယ်’’ ဟု Treasure ခရီးသွားလုပ်ငန်းမှ ကြီးကြပ်ရေးမှူး ဦးသစ်မင်းက ပြောသည်။
         
‘‘အွန်လိုင်းကနေ E-Visa စနစ်ကို ပြောင်းလဲဖို့လုပ်နေတဲ့အတွက် အခုလိုစီစဉ်လိုက်တာလို့ သိရတယ်။ ခရီးသွားကုမ္ပဏီတစ်ခုအနေနဲ့ တစ်ခါလျှောက်ရင် ၁၀ ယောက်ပြည့်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကြောင့် ကုမ္ပဏီတွေအားလုံးက ၁၀ ယောက်ပြည့်အောင် စုပေါင်းပြီးတော့ ကျွန်တော်တို့ အသင်းကနေပဲ ကိုယ်စားလျှောက်ခွင့်ပြုပါလို့တော့ တင်ပြထားတယ်’’ ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်ကပြောသည်။
           
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Touris Visa များအတွက် အွန်လိုင်းမှ E-Visa စနစ်ဖြင့် ခွင့်ပြုပေးရန် စီစဉ်နေသောကြောင့် နိုင်ငံတော်သမ္မတရုံးမှ တရားဝင်ခွင့်ပြုချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်
လမှစ၍ ထုတ်ပေးနေသည့် ကြိုတင်လျှောက်ထားရသော ဆိုက်ရောက်ဗီဇာ (VOA) ခွင့်ပြု အမျိုးအစားတွင် Touris Visa ပါဝင်ခြင်းမရှိသောကြောင့် ကြိုတင်ခွင့်ပြုချက်ဖြင့် ထုတ်ပေးနေသည့် ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကိုလည်း ရပ်ဆိုင်းတော့မည်ဟု သတင်းများထွက်ပေါ်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
         
ရုတ်တရက် မူဝါဒပြောင်းလဲလိုက်ခြင်းကြောင့် ခရီးစဉ်တစ်ဝက်တွင် ရောက်ရှိနေသော ခရီးသည်များ ဗီဇာမရ၍ ခရီးစဉ်ဖျက်ရခြင်း၊ သံရုံးနှင့်ဝေးသည့်ဒေသတွင် ရောက်ရှိနေသူများ၏ ခရီးစဉ်များ ဖျက်သိမ်းရခြင်း စသည်တို့ကြောင့် ကုမ္ပဏီများ ငွေလျော်ပေးရခြင်းကြောင့် ကုမ္ပဏီများ စီးပွားရေးအရ ထိခိုက်ကြောင်း UMTA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
         
‘‘ရုတ်တရက်ကြီး လက်မခံတော့ဘူးဆိုရင်တော့ အဆင်မပြေနိုင်ဘူး။ တချို့ကုမ္ပဏီတွေဆိုရင် ဆယ်ဦးမပြည့်လို့ ခရီးစဉ်တွေကို ဖျက်လိုက်ရတာတွေရှိတယ်။ တချို့ကလည်း အဆင်မပြေလို့ ပြည်ပကို ပြန်လျော်ရတာတွေ ရှိလာတယ်’’ ဟု ဒေါက်တာအောင်မြတ်ကျော်က ပြောသည်။
           
ခရီးသွားလုပ်ငန်းရှင်များသည် လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထောက်ခံချက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ခွင့်ပြုမိန့်တို့ဖြင့် ကြိုတင်လျှောက်ထားရခြင်းဖြစ်ပြီး ကြိုတင်ပြည်ဝင်ခွင့်ဗီဇာဖြင့် ဆောင်ရွက်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိခဲ့ပြီဖြစ်၍ ယခုကဲ့သို့အခက်အခဲများ ကြုံနေရကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

Author: နိုင်လင်းအောင်
7day Daily

ရန်ကုန်လေဆိပ်ရှိ လ.၀.က ကောင်တာတွင် ပြည်ပခရီးသွားတစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

--
You received this message because you are subscribed to a topic in the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this topic, visit https://groups.google.com/d/topic/travelmyanmar/9TsP5-z8UQw/unsubscribe.
To unsubscribe from this group and all its topics, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/3f438a40-8f46-44ec-8c07-00f438d4a229%40googlegroups.com.
For more options, visit https://groups.google.com/d/optout.
Reply all
Reply to author
Forward
0 new messages