စာ မူကြမ်းအား စာပြင်မအပ်ခင် သူငယ်ချင်းများ မိုးတွင်းအပြင်းပြေဖတ်ရန် တင်ပေးပါသည်။ စာရိုက်မှား ပါသည်။
44 views
Skip to first unread message
Tomme Aung
unread,
Sep 7, 2013, 7:58:56 AM9/7/13
to travel...@googlegroups.com
ထင်းရူးပင်ရိပ်အောက်တစ်ခေါက်ရောက့်ခဲသည်     ။ သွေးသစ်၏ အချစ်ရသစာအုပ် ၁၀ လပိုင်း ထွက်ရှိမည်။
 အခန်း (၁)
ညိုမြမြ ကုန်းရိုးတန်းပေါ် သွေးတစ်ယောက်လမ်းလျှောက်လာပုံကအသက်မဲ့လှသည်။ အကြောမဲ့ခြေတံတစ်စုံက အာရုံကြောစုံသောဦးနောက်၏ခိုင်းစေမှုကြောင်.နှေးကွေးစွာလျေုာက်လှမ်းနေရသည်။ မိမိလုပ်မှဖြစ်မည်ဆိုတဲ့အသိကဖိအားတစ်ခုဖြစ်နေရပြီး စိမ်းစိုဝင်းပအရိုးပြိုင်းပြိုင်းထလှနေသည့် ထင်းရှုးနဲ.ကျွန်းတောများဖုံးအုပ်နေသောတောင်တန်းတွေကတောင် သူတို.အလှကိုမခံစားနိုင်သောသက်ရှိလူသားတစ်ယောက်အဖြစ်ထင်ကောင်းထင်နေကြပေမည်။ လောကတစ်ခွင်လုံး မှိုင်းပြပြနှင်. အုပ်ဆိုင်းညိုမှောင်နေသည်။ လေပြေတစ်ချက် ၀င်အခွေ.မှာ မောပန်းနေမှုတွေပြေပျောက်သွားရ၏။စတင်ထွက်ခွာစဉ်ကထက် လေပြေအရှိန်ရလာတော.လေပြင်းအသွင်ဆောင်လာသည်။ စောစောကနေရောင်ခြည်တွေ တိမ်ထုဖုံးလွမ်းခြင်းခံလိုက်ရသဖြင်. လှပသောတောတောင်တန်းတို.လေတိုးသံ တစ်ရှဲရှဲမည်ကာ စိတ်ဆိုးလာသရောင်ရှိသည်။
 မိုးတွင်းအခါမို့ရွံ့ ဗွက်ကထူ စိုစိပွထနေသော မြေလမ်းကို ဖခင်ခိုင်းလို.သာလာရသည် အကြွေးတောင်းဆိုလျှင်တောင်းရမှာရှက်တတ်သူ သွေး  ၊ ကလေးဘ၀သာသာ ကျော်လွန်ခဲ့ရသူပါလေ။ မြန်မာပြည်မြောက်ဖျားက သစ်တောကြိုးဝိုင်းဒေသတစ်ခုရဲ.အနီး တောမြို.ကလေးအနားမှာမိသားစုနေကြပေမဲ.ဇာတိကမန်းတလေး ၊ဖခင်ရဲ. အလုပ်က တောတောင်နားဘေး ၊မိသားစုအလုပ်နဲ.နီးရာ ၀န်းသိုမြို.လေးမှာကျောင်းတက်ရ ဖခင်အလုပ်ကူညီရနဲ.သွေးတစ်ယောက်စိတ် ပျက်နေရလေသည်။
ဧက တစ်သောင်းနီးပါးရှိ သစ်တောကြိုးဝိုင်း ကို သွေးဖခင်က ပါမစ်ရပြီး လုပ်ကိုင်နေတာမို.သွေးခမျာ သားအကြီးဆိုသော အသိစိတ်ကြောင်.ကျောင်းတစ်ဖက်နှင်.ကူလုပ်ပေးနေရ၏။
 ဖခင်ဖြစ်သူကလည်း သွေးကိုအတော်အတန်အားကိုးသဖြင်.သားတစ်ယောက်လုပ်အားကို ပြသနေရသူသွေး ၊ ကျောင်းမှာရှိတဲ.သူငယ်ချင်းများနဲ. ကြက်တောင်ရိုက်၊ စာဖတ်၊ စာပေအကြောင်းဆွေးနွေးဖို.အချိန်များများမရခဲ.။ သို.သော် ဖခင်မှ ချွေး ခြေမ ထိကြအောင် မိသားစုအရေး လုပ်ဆောင်နေတာမြင်တော. သွေး မနေသာတော.၊ ဖခင်ကိုသနားသည်.စိတ်ကြောင်. မိသားစုအလုပ်အား အရွယ်နှင်.မလိုက်အောင် ကူညီလုပ်ကိုင်ပေးရသည်။ သွေးရဲ.ညီလေး၊ အမ၊ ညီမတို.အပြင် မိခင်ရဲ.အားပေးစကားကြောင်. ရှစ်တန်းကျောင်းသားဘ၀မှာပင် ဖခင်၏ လုပ်ငန်းအားဝင်ရောက်ကူညီလုပ်ပေးနေရပြီ။ မိသားစုတာဝန်ကို တစ်နိုင်တစ်ပိုင်ကူညီလုပ်ပေးရလို.လဲ သွေး ကျေနပ်နေပုံရသည်။
 ယခုလည်း သစ်ခွဲသားများ ၀ယ်ယူခဲ.သော ၀န်းသိုမြို.အနီး ကျေးရွာတစ်ရွာမှ သစ်ကုန်သည်တစ်ဦးထံ ရစရာရှိသောကုန်ဖိုးအား အတောင်းခိုင်းသဖြင်. အလုပ်ကြီးကြပ်သူ ဦးလေးကြီးနှင်အတူ.ထွက်လာခဲ.ခြင်းဖြစ်သည်။ ညနေမိုးမချုပ်မီ နေထိုင်ရာအရပ် ပြန်ရောက်ဖို. မြန်မြန်သွားနေရပေမဲ. ခြေထောက် အစုံကမလိုက်ချင်လိုက်ချင်နဲ. မိမိ၏စိတ်ခံစားမှုကို မသိကျိုးကျွန်ပြုနေပြန်သည်။
သွေး.. ငါ.တူ ၊ရှေ.နားက တောတန်းဘေးမှာ ခဏနားရအောင်ကွာ၊
အလုပ်သမားဦးကြီးပြောမှ လေပြေအေးကိုသတိထားမိပြီး အသက်ပြင်းပြင်းရူရှိက်မိ၏။တောတန်းအလွန်တောင်စောင်းဘေးနားရပ်နားစဉ် မိုးတိမ်အုပ်များ ခပ်သုတ်သုတ်ပြေးလွားနေပုံမှာ သွေးအား မြူဆွယ် စနောက်နေသလားထင်ရ၏။ ပန်းရိုင်းများကလည်းလေယူရာယိမ်းနွဲ.ကာ ၀တ်ရည်စုပ်ငှက်လေးများရဲ.အနမ်း ကိုရှောင်တိမ်းနေသလိုပင်၊ လေပြင်းမုန်တိုင်းကျမလိုနဲ. လေပြေညှင်းအဖြစ်တစ်ဖန်ပြောင်းလဲသွားသည်. ရာသီဥတုကြောင်.လိပ်ပြာလေးများ ၀ဲပျံလာကြပြန်သည်။ကျွန်းပင်နှင်.ထင်းရှုးတောတန်းကြား ကပ်ပါးပင် သစ်ခွပန်းရနံ.တို.ကြောင်.လက်ရှိသောကတွေပြေလျော.သွားကာ အနာဂါတ်ကမ်ဘာ ထဲခြေလှမ်းမိသလိုဖြစ်ရသည်။ ဘ၀မှာဘာတွေအရေးကြီးပါလိမ်.လို. သွေးတွေးမိချိန်မှာ
ငါ.တူ သွေး  ခရီးဆက်ရအောင်ကွာ ဟုပြော လာမှ အတွေးစပျက် မနောဘ၀င် ဂယက်ထရပြန်သည်။ ဖခင်ခိုင်းသောအလုပ် ပြီးအောင်လုပ်ရဦးမှာပါလား ဆိုတဲ.အတွေးဝင်လာချိန်တွင် ခြေလှမ်းတို.ပြင်ပြီးနေပြီ။ သွားရမည်.ရွာလေးကို လှမ်းမြင်နေရ၏။ ထိုရွာကလေးသည် နောင်တစ်ချိန် အချစ်တို.စတင်ဖြစ်တည်ရာ နေရာတစ်ခု ဖြစ်လာလိမ်.မည်ကိုထိုအချိန်က သွေးတစ်ယောက် မသိခဲ.ရပေ။ အချစ်တို.စတင်ရာနေရာသည် ၀ဲဂယက်နှင်.အတူဖြစ်ပေါ်တတ်၏ ဆိုသလို သွေး  ဒီရွာကလေးကိုရောက်တဲ.အချိန်တွင်လည်း ရင်ခုန်သံလှိုင်းတို.ဖြင်. ထိတွေ.ခဲ.ရသည်။ တောတန်းဆုံးရွေ. ရွာဝင်ခြံရိုးအနီး နှစ်ဦးသားအရောက်မှာ ဆင်ကြီးတစ်ကောင် မိမိတို.ထံသို.ဦးတည်ပြေးလာနေကြောင်းတွေ.လိုက်ရသည်။  ဟားအာ.. ငေးကြောင်ကြောင်ဖြစ်နေခိုက် တစ်စုံတစ်ယောက်၏ သတိပေးသံကြားလိုက်ရမှ လွတ်ရာလွတ်ကြောင်းဦးတည်ရာထွက်ပြေးခဲ.ကြသည်။
  ပြေးပြေး ဆင်ကြီးမုံယိုနေတာ၊ လွတ်အောင်ပြေး.။
 အသံမှာမိန်းကလေးတစ်ယောက်၏အသံဖြစ်သည်။ အတန်ကြာပြေးခဲ.ကြပြီး သတိထားမိချိန် ဆင်ကြီးမှာသွေးတို.နှင်.ဝေးရာသို. ရောက်သွားခဲ.ပြီ။ အမောပြေလို.ဘေးဘီဂရုစိုက်မိတယ်ဆိုလျင် သွေးတစ်ယောက် အသက်ရှုမှားရပြန်သည်။
 မျက်ဝန်းတစ်စုံ၏ စူးစိုက်ကြည်.ခြင်းကိုခံရသဖြင်.အသေအချာကြည်.လိုက်ရာ ဧကရာဇ်ပန်းကို တစ်ခေါင်းလုံးပန်ထားသော မျက်ဝန်းနက်နက် မျက်နာဝိုင်းစက်စက်နှင်. အေးချမ်းသောအလှပိုင်ရှင် ၊အသားဖြူဖြူ သနပ်ခါးဘဲကြားနှင်.တောသူအလှတစ်ပါးအား
တွေ.လိုက်ရသည်။ သွေး အကြာကြီးစိုက်ကြည်.နေမိသည်။ သူမကလည်း ပြုံးစစနဲ.သွေးကို ကြည်.နေပြန်သည်။ မည်မျှအချိန်ကြာကြာကြည်.နေမိသလဲ မသိပါ။ သွေးတစ်ယောက် အမည်မဖော်ပြနိုင်သောအတွေ.အကြုံသစ်တစ်ခုကိုခံစားလိုက်ရသည်။စကားပြောမည်ဟု
စဉ်းစားမိချိန်မှာ သူမ က လှစ်ကနဲ ပြေးထွက်သွားသည်။ သူမ ဘယ်သူလဲ၊ ဘာကြောင်.သူများသေမတတ်ဖြစ်တာကို ပြုံးနေတာလဲတွေးနေစဉ်.
  ငါ.တူမင်းဘာမှမဖြစ်ဘူးနော်၊ တော်ပါသေးရဲ.ကွာ၊ ငါကတော.ရွာခြံစည်းရိုးဘေးကသစ်ပင်ကြီးနားခြေချော်ကျသွားတာ ဆင်ကြီးငါ.ကိုမမြင်လိုက်ဘူး။
  ဟုတ်တယ်ဦးလေး  ကျွန်တော်လဲ ဆင်ကြီးရှေ.ကနေ ကွေ.၀ိုက်ပြေးနိုင်လို. တည်.တည်.သာပြေးမိရင် အခုချိန်ဆို လူတစ်ကိုယ်လုံးပြားနေလောက်ပြီ။
 ချွေးများအားရပါးရ သုတ်ရင်း သွေး ကတိုက်ကရိုက်ပြောလိုက်မိ၏။
 ရွာလယ်အရောက်တွင် နှစ်ထပ်ဆောင် အိမ်ကြီးကိုကြည်.ပြီး ဦးလေးကြီးက အိမ်ထဲရှိ ရပ်နေသော အမျိုးသမီးကြီးအား
  အိမ်ရှင်တို. ကိုစိန်ခိုတို.အိမ်က ဒီအိမ်လား  ဟုမေးလိုက်သည်။
 မေးသည်ကိုမည်သူကမျှမဖြေကြပေ၊ တအောင်.ကြာသော် ခေါင်းပေါင်းဖြူနက်ကြားနှင်. ဖျှင်နီတိုက်ပုံဝတ်ထားသော အရပ်ထောင်ထောင်မောင်းမောင်းနှင်. လူကြီးတစ်ဦးထွက်လာပြီး လက်ဟန်ခြေဟန်ပြကာ..
  လာကွာကိုယ်.လူတို.၊ ကိုထွန်း လွှတ်လိုက်တဲ.သူတွေထင်တယ်။ထိုင်ကြပါဦး။
 ပြောလဲပြော လက်တစ်ဖက်ကလဲ ဖျာခင်းပေးနေသော ဘကြီးမှာ သွေးတို.ကို စူးစမ်းသည်.အကြည်.ဖြင်. အကဲ ခတ်နေသည်။
သမီးဖြူအေးရေ .. ဆတ်သားခြောက်ဖုတ်နဲ. ရေနွေးချမ်းလာချပေးပါဦး 
  နေပါစေ အကိုကြီး အာနာစရာကြီးဗျာ၊ ဒီမှာ ကိုထွန်းပေးလိုက်တဲ.စာ။
 ဦးစိန်ခိုတစ်ယောက် သွေး၏ဖခင်ရေးပေးလိုက်သော စာကို ဖတ်ပြီးချိန်မှာတော. သဘောပေါက်စိတ်ချသွားပုံရသည်။ အခန်းထဲခဏ၀င်သွားပြီး ငွေထုပ်ယူကာ သွေးတို.ရှေ.ချပေးလိုက်၏။ သွေးနှင့်ပါလာသောဘကြီးက ငွေထုပ်ကိုဖြေကာရည်တွက်နေစဉ် ဧည်.ခန်းအပြင်ဘက်မှညင်သာသောခြေလှမ်းသံနဲ.အတူ ဧကရာဇ်ပန်းရနံ့တို.၀ဲပျံရောက်ရှိလာကြသည်။
သွေး၏စိတ်ထဲတစ်မျိုးပင်၊ ဒီအနံ. စောစောကအနံ. ခုနကကောင်မလေးဖြစ်မည်၊တွေ.မှ မိမိတို.ကိုကယ်တင်လိုက်သောသူဟုတ်မဟုတ်မေးမည်ဟုစိတ်တင်းထားလိုက်သည်။
မကြာပါ ရေးနွေးချမ်း ကရားနှင်.စားဖွယ်ရာတစ်ချို.ယူလာသော မိန်းခလေးကိုတွေ.လိုက်ရချိန်တွင် သွေး၏စိတ်တို.မူမမှန်တော.ပေ။ မုံယိုနေသောဆင်ကြီးကိုတွေ.ရရွေ.စိတ်ကယောက်ကယက်ဖြစ်ခဲ.မှုထက်စိုးသော နှလုံးခုန်မြန်ခြင်းတို.ဆက်တိုက်ဖြစ်ပေါ်နေရသည်။
သူမ၏ထူးခြားသောအကြည်.မျက်ဝန်းတစ်စုံအောက်ပျော်ဝင် ခံစားရင်း သေစမ်းကွာ အကြည်.တစ်ချက်မှာ မှိန်းမောတပ်မက်ရတယ်လို. ဟု  သွေးတစ်ယောက်မိမိကိုယ်ကိုယ် အားမလိုအားမရ စိတ်ထဲပြောလိုက်မိသည်။
  အားလုံးပြည်.ပါတယ် ကိုစိန်ခို.. ကိုထွန်းကို ဘာပြန်ပြောလိုက်ရမလဲ လို.မေးစဉ်
ကိုညိုရေ သူကိုပြောလိုက်ပါ ၊အခုတလော လုပ်ရကိုင်ရတာ သိပ်အဆင်မပြေလှဘူး။
 ကိုယ်ကတရားဝင်သစ်ထုတ်လုပ်တာတောင်မှ မျှောစာများများလျှောက်ထားရ၊ လျှောက်လွှာတင်ပြရနဲ.၊ ဒီကြားထဲ သစ်ခိုးထုတ်တဲ.သူတွေကလည်းတစ်မှောင်.ဗျာ။ သစ်ကလည်း ရှားသထက်ရှားလာနေပြီ။ နောက်လနေရင် ကိုထွန်းကိုလာတွေ.ပါဦးမယ်လို.
စိတ်ချပါ ကိုစိန်ကို ကိုထွန်းကို သေသေချာချာပြောလိုက်ပါမယ်။ အခုလဲနိုင်ငံရေးကမငြိမ်သက်ချင်ဘူး ဆိုတော.တောကြောင်တွေကိုလည်းသတိထား
နေရတယ်။ မနေ.က သြဂုတ်လ ၉ ရက်နေကဘဲ ကျောင်းသားတွေ ဆန်ဒပြလို. စစ်တပ်က ပြစ်ခတ်တယ်ဆိုလား
  ဘယ်မှာဖြစ်တာလည်းဗျ
စစ်ကိုင်းမြို.မှာလို.ကြားတယ် အခုလည်းစာသင်ကျောင်းတွေ ခဏပိတ်လိုက်ပြီတဲ.
 ငွေလာတောင်းရင်းစကားလက်စုံကြနေကြသော လူကြီးနှစ်ဦး ကိုကျော်ပြီး မိန်းကလေးကိုသာ စိတ်ရောက်နေသူ သွေးခမျာ ဒီကရီတက်နေပြန်သည်။ရစရာရှိသောငွေပြည်.မပြည်. မကြည်.နိုင်ဘဲ မိန်းကလေး၏ အလှကိုသာ တစ်တွင်တွင်စစ်ဆေးနေမိသည်။ မနီးမဝေး ခပ်ကျုံ.ကျု.ံ ထိုင်နေသူလေးမှာ ပြည်.ပြည်.ဖြိုးဖြိုးနှင်.ကြည်.ရွှေ.အတော်ပင် ကျက်သရေရှိလှသည်။ သွေး မှာ ထပ်တလဲလဲခိုးကြည်.ပြီး တံတွေးကို ထပ်ခါထပ်ခါမြိုချနေမိ၏။
 သွေးနှင်.သက်တူရွယ်တူ မိန်းကလေးမှ ဘာတစ်ခွန်းမျှ ၀င်မပြောဘဲ ရေနွေးကြမ်းလျော.သွားသောခွက်များကိုသာ လိုက်ငဲ.ထဲ.ပေးနေသည်။ သူမ၏လက်ချောင်းဖြူဖြူမို.မို.လေးများက သွေး၏မျက်လုံးတစ်စုံကို ဖမ်းစားထားပြီး သွေးတစ်ရောက် လောကတခွင်လုံးနှင်.အရာရာကိုမေ.နေစေတော.သည်။
 သူမငဲ.ထဲပေးသောရေနွေးကို ခွက်နှင်.ခံစဉ် ဖိတ်မကျအောင် အတော်ပင်ဂရုစိုက်ရ၏။ သွေးလက်တွေ တုန်ရင်နေတာမြင်တော. သူမက ပြုံးစေ.စေ.လုပ်နေပုံမှာအသဲယားဖွယ်ပင်ဖြစ်သည်။
ကျောင်းသားတွေနဲ.ရပ်မိရပ်ဖအချို. ပစ်သတ်ခံရကြောင်း ကြားရတယ်၊ စိတ်မကောင်းစရာဘဲဗျာ
ဒါဆို၈၈ အရေးအခင်းစတာနှစ်ရက်ဘဲရှိသေးတာ စစ်ကိုင်းမှာ စ အပစ်ခံရတာပေါ. ဦးစိန်ခိုက စိတ်မကောင်းကြီးစွာဖြင်.ဆက်ပြောနေသည်။
  ဟုတ်တယ်အကိုကြီးတော်တော်ထိတ်လန်.စရာသတင်းပါဗျာ၊ ကဲ…….ဒါနဲ. ခရီးဆက်ရဦးမှာဆိုတော.ကျွပ်တို.ကို ပြန်ခွင်.ပြုပါဦး
 စကားအဆုံးတွင် အားလုံးကိုနုတ်ဆက်ပြီးပြန်လာခဲ.ကြသည်။ အိမ်အပြန်လမ်းတွင် သွေးတစ်ယောက် အတူတူလာရသော ဦးကြီးနှင်. စကားမပြောနိုင်တော.ဘဲ အိမ်ထဲမှနေရွေ.လက်ပြနုတ်ဆက်သည်. မိန်းကလေးအကြောင်းကိုသာ တစ်တွင်တွင်စဉ်းစားနေမိသည်။ ခြေလှမ်းအစုံတို.က ပိုရွေ.ပင် နှေးကွေးလာသလိုပင်၊ ဒီရွာကိုလာစဉ် ရှေ.မှဦးဆောင်ခဲ.သူသွေး  အခု နောက်ကနေ မနည်းလိုက်လျှောက်နေရသည်။ သေချာတာကဖြင်. အိမ်ပြန်ရောက်လျှင် အိပ်ဆေးများများသောက်အိပ်ရတော.မည်။ သို.မဟုတ်ပါက ဖြူအေး ဆိုသောကလေးမ၏အလှကြောင်.အိပ်မပျော်သောညတစ်ည ဖြတ်သန်းရတော.မည်။
အချစ်ဆိုသောပညတ်ကိုစတင်သိရှိခံစားလိုက်ရသလို၊ ထိုအချစ်ကိုပိုင်ဆိုင်ချင်သော မောဟကိုလည်း မြည်းစမ်းမိလိုက်ပေပြီ။ သွေးအိမ်ပြန်ရောက်လို.နောက်ဆုံး တွေးမိတာကဖြင်. အချိန်မရွှေးနေရာမရွှေးဖြစ်ပေါ်တတ်တာ အချစ်များလားဟုပင်……။ အဲဒီအချစ်ကိုဘဲ မိုက်မဲစွာခံစားပစ်လိုက်မည်ဟု ရဲရဲကြီးဆုံးဖြတ် အတွေးစပျက်ပြီး အိပ်ရာဝင်လိုက်ရတော.သည်။ သွေးကဗျာတစ်ပုဒ်နဲ. အိမ်မက် မက်လိုက်တယ်။
ခေတ်တစ်ခေတ်ရဲ.ရင်ခုန်သံ
ကြည်.စမ်း
ဦးရစ်ဆံထက်မှာ
နက်မှောင်ပန်းထုနဲ
 မှန်းစမ်း
 ကျစ်လစ်ခန်ဓာမှာ
ရှတတရေမွှေးတစ်တန်းနဲ.။
 သွားစမ်း
မျက်ဝန်းတစ်စုံကို
အကြည်.မကန်းမိစေနဲ..။
လှမ်းစမ်း
ခြေတံတစ်စုံမှာ
တေးသံအလွမ်းနဲ..။
ခံလိုက်စမ်း
သူ.အကြည်.မှာပျော်ဝင်
တမ်းတအိမ်မက်နဲ့………
( သွေးဇာနည် )
အခန်း  (၂)
 သက်ဝင်လှုပ်ရှားတောတန်းသစ်ပင်များ၏ သစ်ကိုင်းချင်းပွတ်တိုက်သံကြားမှ အိပ်ရာထလေရှိသောသွေးမှာ ကျေးငှက်သာရကာတို.တေးသီသံဖြင်.နေ.သစ်ကိုထွေးပွေ.ဖို. အသင်.ပြင်ရသည်။ အိပ်ခန်းမှအထွက် ကျိတိကျိတိဖြင်.ရေဒီယိုလေလှိုင်းညှိသံကိုကြားရတော.သွေး၏ ဖခင်မှာ
VOA အသံဖမ်းနေသည်ကိုတွေ.လိုက်ရသည်။ နိင်ငံတွင်း နေရာအနှံ. ဆန်ဒပြကြကြောင်း
ကျောင်းသားများပါမက ပြည်သူလူထုတစ်ရပ်လုံးမှ တစ်ပါတီအာဏာရှင်စနှစ်ကိုဆန်.ကျင်ပြီး ဒီမိုကရေစီစနှစ်ထူထောင်ဖို.အရေးဆိုကြောင်းနှင်.
 စစ်တပ်မှ စစ်ဏာသိမ်းလိုက်ကြောင်း၊ တစ်ချို.မြို.များတွင်ညမထွက်ရအမိန်. Martial Law ထုပ်ပြန်လိုက်ကြောင်းစသဖြင်. သတင်းစုံကို မကြားတစ်ချက်ကြားတစ်ချက်ဖြင်. သတိထားလိုက်မိသည်။ သွေး၏ဖခင်မှာ VOA နှင်. BBC အသံလွှင်.မှုများ မကြာခဏ နားဆင်တတ်သည်။သွေးတို.ငယ်ရွယ်စဉ်ကတည်းက ရေဒီယိုတစ်လုံးကို အဖော်ပြတတ်သည်.ဖခင်သည် စီးပွားရေး နှင်. နိုင်ငံရေးအပိုင်းတို.တွင်ဂရုတစိုက်နားထောင်တတ်သည်။ ဖခင်ရေဒီယို နားထောင်နေချိန်တွင် အမအကြီးဆုံးနှင်. မိခင်တို.မှာ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေကြပြီး၊
 အမတစ်ယောက်နှင်. အငယ်ဆုံးညီမလေးအပြင် ညီငယ်လေးတို.က ကွေးနေအောင်အိပ်နေတုန်းဖြစ်သည်။
 သွေးတစ်ယောက် ယနေ.ကျောင်းပိတ်ရက်ဖြစ်သဖြင်. ဖခင်နှင်.အတူသစ်တောကြိုးဝိုင်းကို လိုက်ပါ ကူညီရမှာမို. မိမိတစ်ကိုယ်ရည်တစ်ကာယကိတ်စများပြီးအောင်အယင်ပြု လုပ်ရ၏။
 သွေး အမုန်းဆုံးသောအရာမှာ မိမိမလုပ်ချင်သောအလုပ်ကို မဖြစ်မနေလုပ်ကိုင်စေခြင်းဖြစ်သည်။ မိသားစုအရေးဖြစ်ရွှေ.လည်း သက်ပြင်းအခါခါချကာ ပင်.သက်ရူရှိုက် အားစိုက်ရပေဦးမည်။
မြေနီလမ်းလေးအတိုင်း အနည်းငယ်လျှောက်ခဲ.သော် စိမ်းလမ်းသောရှုခင်းတို.က သွေးကို မင်ဂလာပါဟု နုတ်ဆက်နေသယောင်ရှိသည်။ တောတောင်အရိပ်များသည် ကြမ်းတမ်းသော ဘ၀ကိုပင် ချော.ပွေ.တေးဆိုပေးနိုင်ကြသည်။ တောရိုင်းတိရစ်ဆန်လေးများကိုတွေ.ရတော. သွေး၏ငယ်ဘ၀စိတ်ခံစားမှုတို.နိုးကြားလာပြန်သည်။ လမ်းရိုးဘေးတစ်ခုတွင် ရေတံခွန်အသေးလေးများအဆင်.ဆင်. တစ်သွင်သွင်စီးဆင်းနေကြသည်။နေ.စဉ် ဖြတ်သန်းသွားလာနေရသော်လည်းရိုးအီမသွားဘဲ အလုပ်ရှိရာမရောက်မီ အားသစ်လောင်းပေးသလိုဖြစ်နေသည်။
သွေးတို.နေသောမြို၏ အနောက်ဘက် ၂ မိုင်လောက်တွင်ရှိသော သစ်ထုတ်လုပ်ရေးကွင်းသို.ရောက်သော် ဖခင် ခိုင်းသမျှ ကူလုပ်ပေးရသည်။ တစ်ချို.နေရာ တို.သည် သစ်တိုက်ကားနှင်. မြေကော်စက်များဝင်လိုရ သော်လည်း တစ်ချို.နေရာတို.မှာ ဆင်များဖြင်.သာသွားလာလို.ရသည်။သစ်ဆွဲဆင်များမှ ခုတ်ပြီးသားသစ်လုံးများကိုတောင်စောင်းများကြား ဆွဲတင်ကြရသည်။
 သွေးတို.ဖခင်တွင် ဆငိ ၅ ကောင်ရှိပြီး တစ်ကောင်မှာမကျမ်းမာသဖြင်. ကျန် ၄ ကောင်ထဲနှင်. အလုပ်လုပ်နေရသောကြောင်. အလုပ်မတွင်ဘဲဖြစ်နေရသည်။
၂ ရက်အတွင်း ခုတ်လှဲပြီးသား သစ်တို.ကို မိုးထပ် မကြီးခင် အပြီးကဲ.နေရခြင်းဖြစ်သည်။
ခုတ်လှဲပြီးနေရာများတွင် ပျိုးပင်အသစ်များပြန်လည်စိုက်ပျိုးပေးရသေး၏။ သင်းသတ်ပြီးသောသစ်လုံးချောများကို သစ်တိုက်ကားများဖြင်. ၀န်းသိုမြို.ဘူတာရုံ သို.အရောက် ပို.ကြရသည်။တစ်ဖန်  ရထားသစ်တွဲဆိုင်းရရှိအောင် ရထားရုံပိုင်ကြီးအား တရားဝင်လျှောက်လွှာတင်ပြတောင်းခံရသည်။ ၀န်းသိုမြို.မှ စစ်ကိုင်း မြို.ဘူတာဟောင်းရှိရာအရပ်သို. တင်ပို.ရပြီး ထိုမှတစ်ဆင်. ရန်ကုန်သို.တိုင်အောင် သစ်တင်မော်တော်ကြီးများနှင်. ကဲ.ထုတ်ရသည်မှာ လွယ်ကူသောအလုပ်များမဟုတ်ပါ။
ဖခင်ဖြစ်သူ ရန်ကုန် သစ်တွဲ တင်ပို.သွားသောအခါတိုင်း သွေးမှာ သစ်ကွင်းအတွင်း ၀င်ရောက်လုပ်ပေးရတတ်သည်။ ၀န်းသိုမြို.ပေါ်မှာကျောင်းတက်ပြီး၊ ကျောင်းပိတ်ရက်ဝင်ကူညီကာ ဖခင်၏ လုပ်ငန်းအား နောင်တစ်ချိန် ဦးစီးလုပ်ကိုင်နိုင်ရန် ကျိုးစားလေ.လာနေရသည်။
အလုပ်သမား ၂၀၀ ကျော်အား လိုအပ်သလို ၀င်ရောက်ပြောဆိုရပြီး စားရင်းကိုင်ဖြစ်သူနှင်.အ၀င်အထွက်စားရင်းများကူညီပြုစုပေးရသည်လည်းရှိတတ်၏။
အလုပ်အားလုံးပြီးပါမှ မိမိကျောင်းစာကို အနားရချိန် ကျက်မှတ်ရသည်။
ကျောင်းမှာဆိုလျင် သွေးက အမြဲတမ်း အဆင်.၁၀ ထဲဝင်သည်။သို.ပါမှ ဖခင်၏အပြုံးကိုရပြီး
မိသားစု ၀မ်းသာရသည်။
သွေးတို.နေသောမြို.ကလေးသည် နေချင်.စဖွယ်ဖြစ်သည်။ ကျောင်း မှာ အတန်အသင်.ကျယ်ဝန်းမှုရှိသည်။ နှစ်တိုင်းစာတော်သော ကျောင်းသားများမွေးထုတ်ပေးရာ တောမြို.ကလေးရှိအထက်တန်းကျောင်းဖြစ်သည်။
ယခုကျောင်းတွင် အတန်းတင် စာမေးပွဲကြီးနီးလာရွှေ. ဖခင်၏အလုပ်ကို စနေ တနင်းဂနွေ ကျောင်းပိတ်ရက်မှသာ ကူညီလုပ်ပေးနိုင်သည်။ သွေး၏ မိခင်မှာလည်း အခုရက်ပိုင်း ကျမ်းမာရေးချုချာလာသောကြောင်. အိမ်ရှိလူကုန် အလုပ်ပိုရှုတ်ရတော.သည်။ မိခင်တွင် သွေးတိုးနှင်. နုလုံးရောဂါ ဖြစ်နေကြောင်း နယ်မြို.ဆေးရုံရှိ ဆရာဝန်ကြီးက ပြောသောနေတွင် အားလုံးစိတ်မကောင်းဖြစ်ရသေးသည်။  သွေးတို.ငယ်ငယ်က ဒီလိုရောဂါမျိုးကို သူဌေးရောဂါ လို.တင်စားခေါ်ဝေါ်ခဲ.ကြသည်။
  ဖတ်လက်စ ကျောင်းစာကိုခဏချထားလိုက်ပြီး သစ်ခွဲသားစက်ရုံကို ၀င်ရောက်စစ်ဆေးရသည်။ သွေးတို.ဖခင်မှာ သစ်တောကြိုးဝိုင်းအတွင်း ပြန်စိပ်စက်တစ်ခု၊
 စစ်ကိုင်းမြို.အနီး ကျေးရွာတစ်ရွာတွင် တစ်ခုနှင်. ပင်းယမြို.ဟောင်းတွင် တစ်ခု၊ စုစုပေါင်း သစ်ခွဲစက် ၃ ခုရှိသည်။ ဖခင်ကောင်းပီသသော ဖေဖေ.ကိုချစ်ရသလို မိခင်ကောင်းပီသသော မေမေကို သွေးအရမ်းချစ်သည်။ အစစအရာရာပြည်.စုံသော အားကျဖွယ်မိသားစုအဖြစ် အများ၏ပြောဆိုသံမကြာခဏ ကြားရသည်။ လုပ်သားများနှင်.အများအပေါ် စေတနာကောင်းသော မိဘနှစ်ဦးအား သွေးလေးစားနေမိသည်။ ခွဲစိပ်ပြီးထွက်လာသော ပြန်စိပ်သားတို.အား ပေကြိုးဆွဲတန်တွက် ပြုလုပ်ပေးရသည်။ အတန်ကြာသော် သွေးတစ်ယောက် အနည်းငယ်ပင်ပန်းလာရရွှေ. ၀ါးဖြင်.ယက်လုပ်ထားသော ပက်လက်ကုလားထိုင်တွင် ထိုင်မိလိုက်စဉ် တစ်နေ.ကတွေ.ခဲ.သော ဖြူအေးဆိုသော ကောင်မလေးအကြောင်း တွေးမိလိုက်သည်။ သူမအကြောင်းတွေးကာ မျက်နှာလေးစိတ်ထဲမြင်လာတော. ပင်ပန်းနွမ်းနယ်မှုတွေလွင်.စဉ် ပျောက်ကွယ်သွားကြသည်။ မင်းအကြောင်းတွေးမိရုံလေးနဲ.တင် စိတ်အေးချမ်းမှုတို. ပေးနိုင်စွမ်းပါလားဖြူအေးရယ်..။ တနေ.နေ. မင်းနဲ.တွေ.ခဲ.ရင် ငါဘယ်လိုခံစားနေရသလဲဆိုတာပြောပြဖို. အခွင်.အရေး ရပါစေကွာ .
ဖြူအေး……….ငါလေ..၊ ငါလေ.. နင်.ကို သတိရလိုက်တာဟာ…….။ အတွေးဆုံး ချိန်မှာ သစ်ပင်ထက်က ငှက်လေးများ ထပြန်သွားကြပြီး သူတို.၏ခြေရာအဖြစ် သစ်ရွက်ကြွေလေးတို.ကို ချန်ထားရစ်ခဲ.ပေပြီ။
အခန်း (၃)
 ဖြူလွလွဆေးရောင်နောက်ခံချယ်ထားသည်.မြင်ကွင်းတစ်ခု၊မြင်.မားသောလက်ပံပင်ကြီး
နှင်.ဘေးပတ်လည်ဝန်းရံထားသော ထင်းရှုးပင်များ အချင်းချင်းရောရှက်နေကြသည်။ ကျောင်းအုတ်တံတိုင်းတို.ကို စက်ကူပန်းများက ဖုံးအုပ်ထားသည်။ နီရဲနေသောပန်းတို. အရောင်နှင်.စိမ်းစိုနေသောသစ်ရွက်များ၏ရောင်စဉ်တန်းသည်  ကျောင်းအတွင်းရှိ အဆောင်များကို ဆေးပန်းချီချယ်ပေးနေကြသည်။
 ကျောင်း၏ဆုနှင်းသဘင်ကျင်းပရာခန်းမအတွင်းဝယ် မိဘနှစ်ပါးနှင်.အတူ သွေးရောက်ရှိနေခဲ.သည်။ ၉ တန်းအောင်လို. ၁၀ တန်းအတက် ၀ယ် တစ်ကျောင်းလုံးအဆင်. ၃ ရရှိသဖြင်. ဆုတက်ရောက်ရယူရန်အဆင်သင်.ရှိနေခဲ.သည်။တစ်ခါမှ မမြင်ခဲ့ရဘူးတဲ. မိဖနှစ်ပါး၏ ၀မ်းသာပီတိအပြုံးကို သွေး ပါဝင်ရောက်ခံစားလိုက်ရသည်။ သွေးနာမည်ကို မိုက်ခရိုဖုန်းနဲ.ခေါ်လိုက်ချိန်တွင် မိခင်ဖခင်တို.၏အနမ်းကို အပြုံးနဲ.လက်ခံရင်း  ဆင်ပေါ်တက်ခါ ဆုလက်ခံယူလိုက်သည်။ဆုယူအပြီးမှာ မိခင်ရဲ.နံဘေးဝင်ထိုက်လိုက်စဉ်
သိပ်တော်တဲ.သားလေး မေမေ အခုလိုတစ်ခါမှ မပျော်ခဲ.ဘူးဘူးသားရယ်။ မေမေအားကိုးပါရစေနော် လို.ပြောချိန်မှာ မေမေ.မျက်နှာအပြုံးတစ်ဝက် အငိုတစ်ဝက်ဖြစ်ပေါ်စေသည်။ မိခင်ပြောသလို နောင်တစ်ချိန်ချိန်တွင် တကယ်အားကိုးရမည်. သားဖြစ်လာမည်ကို သွေးတစ်ယောက် ထိုအချိန်က အမှန်ပင်မသိရှိခဲ.ရပါ။ ဒါသည် ရှေ.ဖြစ်လာမည်. တင်ကြိုနိမိတ်ပေလား သွေး မခန်.မှန်းနိုင် အောင်ဖြစ်ခဲ.ရသည်။
 နောက်တစ်လခန်. ကြာပြီးချိန် ကျောင်းပြန်ဖွင်.တော. သွေးက နှဖူးမော.ရင်ကော့.ကာ ကျောင်းသားကြီးဖြစ်လာရမှုကို အများသိစေရန် ဟန်ပန်ပြတတ်လာသည်။အချိန်နှင်.အမျှကြီးထွားလာရသူ  သွေး  အရပ်အမောင်းကောင်းကောင်း၊နှာတံပေါ်ပေါ် မေးရိုးမကားတကားနှင်.ဆံပင်အဖြောင်.အတိုင်းကျနေပုံက မိန်းခလေးများကျလောက်အောင် လူပျိုအလှ ဖော်ထုတ်ပြနိုင်ခဲ.သည်။ အားလျင်ကြက်တောင်ရိုက၊်ချောင်းထဲရေကူး သဖြင်. သွေး၏ပုစံမှာ အားကစားသမားအသွင်ပိုရွှေ.ပေါက်နေရသည်။ ကျောင်းလွယ်အိတ်ကို မာန်ပါပါလွယ်ပြီး အခန်းတွင်း စတင် ၀င်ရောက်ရသောနေ.သည် သွေးကိုစာကျိုးစားသော လူငယ်တစ်ယောက် ဖြစ်စေရန် တွန်းအားပေးနေသလိုရှိသည်။ ကျောင်းစဖွင်.ချိန်တွင် ကျောင်းသားတိုင်းရင်ခုန်ကြရသည်။ စာသင်ခန်းအတွင်း ဘယ်ခုံတန်းမှာ ဘယ်သူငယ်ချင်းနှင်.အတူတူထိုင်ရမည်ကိုတွေးမိတိုင်း နှစ်သစ် တန်းတက်ဖို. အမြဲရင်ဖိုရလေသည်။
ယခုလဲ ထိုအတွေးဖြင်. သွေး စာသင်ခန်းအတွင်း ၀င်ရန် အားပြင်လိုက်စဉ် ၀ုန်းဆို လူတစ်ရောက်ဖြင်. တံခါးဝမှာတိုက်မိလိုက်သည်။ လက်ထဲမှ ပြုတ်ကျသွားသည်.မုန်.ထုတ်ကို ကုန်းကောက်လိုက်ပြီး ရှေ.မှာရှိသောသူအားကြည်.လိုက်တော.
ဟာ နင် နင်………..ဖြူအေး၊ ဘယ်လိုကနေ ဘယ်လို ဒီကိုရောက်နေတာလဲ
 ပြောလဲပြော ကြည်.လဲကြည်. ဖြင်.  သွေး ကတုန်ကရင် ဖြစ်စွာ မေးလိုက်သည်။
 အော. နင်ကိုး၊ နင်…” သူမကလဲအံ.သြနေပုံရသည်။ လက်ထဲမှာ စံပယ်ပန်းလေးကိုင်ပြီး
 ရင်ဖုံးအင်းကျီ အဖြူ နှင်. ကျောင်းစိမ်းထမီလေးကိုသပ်ရပ်စွာ ၀တ်ထားသည်။ ကချင်လွယ်အိတ်အနီအစင်းကြားလေးနှင်.လှချင်တိုင်းလှနေသော သူမကို မြင်ရတော. သွေးတစ်ယောက် စကားလုံးမရှိတဲ.မိုးကောင်းကင် ထဲရောက်သွားရသလိုခံစားရသည်။
သူမနှင်.တစ်နေ.နေ.တစ်ချိန်ချိန်တွေ.ခဲ.လျင် စကားတွေတစ်ဝကြီးပြောမယ်ဟုဆုံးဖြတ်ထားမှုတို. ဘယ်ကိုတောင်ပံပေါက် ထွက်ပြေးကုန်သနည်းမသိ။ သတိဝင်လာတော. အသက်ပြင်းပြင်းရှုကာ မာန်သွင်းပြီး
စကားလုံးတစ်ချို. ပစ်လိုက်မိသည်။
ငါ. နာမည် သွေးဇာနည်ပါ။ နင်ဖြူအေး မဟုတ်လား၊ နင်ဒီကျောင်းမှာ တက်တာလား။ အရင် နင်.ကို ဒီမှာမတွေ.ပါဘူး။ သွေး အခန်းထဲဝင်ရောက်ပြီးပြီးချင်း ဖြူအေးကို မိတ်ဆက်စကားဆိုလိုက်သည်။
အေး ဟုတ်တယ် ၊ ငါဒီကျောင်းကို ကောလင်း အထက ကနေပြောင်းလာတာ။  ဖြူအေးက အခန်းတွင်း ခုံနေရာတစ်ခု ရွှေးချယ်အပြီး သွေးကိုကြည်.ခါပြန်ပြောသည်။ သူမ၏ ပြောဆိုဟန်မှာ မာန်အပြည်.ပါလှ၏။
ဟုတ်လား၊ နင်ဒီအခန်းမှာပဲစာသင်ရမှာပေါ.၊။
အင်း သူမခေါင်းငြိမ်.ပြသည်။ ပြီးနောက် လွယ်အတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ရန်ပြင်လိုက်သည်။ သူမ၏ ဖြူဖြူသွယ်သွယ်လက်ချောင်းလေးများကို သွေးရင်ထဲ ထာဝရ မှတ်မိနေသည်။ ရင်ထဲမှာအတိုင်းအစမရှိ ပျော်နေမိသည်။
နင်.ကိုငါဒီမှာ တွေ.ရလိမ်.မယ်လို. တစ်ခါမှ မတွေးခဲ.မိဘူး သူမ သွားစွယ်လေးများပေါ်အောင် ပြုံးနေသည်။ သူမ ကိုယ်တိုင်လည်းသွေးကိုတွေ.ရသဖြင်.
အားတက်ပျော်ရွှင်နေပုံရသည်။
နင်ကလဲ လူကိုစားတော.၀ါးတော.မဲ.အတိုင်းဘဲ။ စိုက်ကြည.်နေလိုက်တာ၊ အခု ငါတို.က သူငယ်ချင်းတွေဖြစ်နေကြပြီလေ။ သူမအဲဒီလိုပြောမှ သွေး သတိပြန်ဝင်လာကာ မိမိကိုယ်ကိုယ်မိမိ ရှက်တက်တက် ဖြစ်သွားရသည်။
ဟိုတစ်ခါက နင်ငါ.ကိုကူညီလိုက်တာကို အခုထက်ထိ ကျေးဇူးတင်နေတုန်းပဲ၊ နောင်တွေ.ရင် ကျေးဇူးတင်ကြောင်းပြောမယ်ပေါ.ဟာ
သွေး အပျော်လွန်ကာ လက်ဖျားများပင် အေးစက်လာရသည်။
ပန်းပေါင်းစုံတဲ. အတွေးကမ်ဘာထဲ သွေးတစ်ယောက် တောင်မြောက် လျှောက်ပြေးနေရသလို ပေါ.ပါး ကြည်နူးနေမိသည်။
ဒါဆိုငါ.ကို မုန်.လိုက်ကျွေးလေ ဟာ
သူမ၏တောင်းဆိုမှုကိုမငြင်းဆန်နိုင်သောသွေးမှာ သူမနှင်.အတူ မုန်.ဆိုင်တန်းဘက်သို.  ထွက်လာခဲ.မိသည်။
 မုန်.၀ယ်အပြီး ဖြူအေးကဆက်ပြောသည်၊
နင်.ကို ငါ အမှတ်ရပါတယ်၊ ဆင်ကြီးလိုက်လို. ပုဆိုးကျွတ်မတတ် ထွက်ပြေးတာ ခြေဖ၀ါးနဲ.တင်ပါးတစ်သားထဲပဲ ဟီဟိ.
အေးနင်ကသာ ရီနေ၊ ငါတို.မှာတော. ဘလုပ်လို.ဘာကိုင်ရမှန်းမသိဖြစ်ခဲ.ရတာ။
သွေးပြောတဲ.စကားနဲ. ဟန်ပန်ကို ဖြူအေးက သဘောကျစွာနားထောင်နေသည်။
ဖြူအေး၏ မျက်ဝန်းစိုစိုတို. နောက်ကွယ်တွင် တစ်ခြားသော ပုံရိပ်များ ကပ်ပါလာသည်။ ထိုပုံရိပ် ရဲ.အဓိပ်ပါယ်ကို သွေးမြင်နေရသည်။အချစ် ဆိုတာ တစ်ဦးနဲ.တစ်ဦး ရင်ခုန်သံလှိုင်းတူညီလို. အပြန်အလှန် အတွေးချင်း ဆက်နွယ်ဖြစ်ပေါ်လာတဲ. ကွန်ယက်တစ်ခုလို.သွေးထင်မိသည်။
 ဒါနဲ.နေပါဦး ၊ နင်ကဘယ်လိုဖြစ်ပြီး ဒီကျောင်းကို ပြောင်းလာရတာလဲ သွေး သိချင်တာကိုမေးလိုက်သည်။
ငါတို. မှာက အဖေတစ်ခု သမီးတစ်ခုရယ်ဟ၊ အဖေကသူနဲ.နီးတဲ. ၀န်းသိုမှာဘဲ ကျောင်းတက်စေချင်တာ၊ ကောလင်းက အဒေါ်တွေနဲ.ထားရတာဆိုတော.စိတ်မချလို.တဲ.
 အော် ဒါဆို ဆယ်တန်းမှာ အပြတ်ကျိုးစားဖို. ဒီကိုရောက်လာတာပေါ.
အေး ငါ.သူငယ်ချင်းတွေ အားလုံးကို ကောလင်းကျောင်းမှာ ထားခဲ.ရတာ၊ဒီကျောင်းမှာ နင်.ကိုပဲ ငါကသိတာ။
ဘာမှ မပူနဲ.ဖြူအေး၊ ငါရှိနေသရွှေ. နင်အစဉ်ပြေမှာပါ။
နှစ်ဦးသားစကား စမြည်ပြောဆိုအပြီး ပထမဆုံးစတင်မည်. စာသင်ခန်းထဲလှမ်းဝင်လိုက်ကြသည်။ ပထမဦးဆုံးသော နေ.ဖြစ်ရွှေ. စာသင်မည်.ဆရာ၊ဆရာမများနှင်.ကျောင်းသားအားလုံး မိတ်ဆက်ကြခြင်းဖြင်. တစ်နေ.တာကုန်ဆုံးစေလေသည်။
သွေးနှင်. ဖြူအေးတို.မှာ အချိန်ရလျှင် တစ်ဦးကိုတစ်ဦး ခိုးခိုးကြည်.မိကြသည်။ အဆုံးတွင် အကြည်.ချင်းဆုံမိသဖြင်.နှစ်ဦးသားကြိတ်ရွှေ. ပြုံးမိကြသည်။ဖြူအေးသည် ကျက်သရေရှိသောမိန်းခလေးပင်၊တည်ကြည်ပြီးခမ်းနားသည်.အလှကိုပိုင်ဆိုင်ပြီး  အကြည်.တစ်ချက်တိုင်းတွင်စွဲငင် ညို.ယူနိုင်သော စွမ်းအားတို.ရှိသည်။ သွေးက ညာဘက် တတိယတန်းမှာထိုင်ပြီး ဖြူအေးက ဘယ်ဘက်ဒုတိယတန်း မိန်းကလေးများနှင်ထိုင်ရသည်။ ထိုနေ.အဖို. တစ်သက်တာ အမှတ်တရအဖြစ် နှစ်ဦးသားကိုယ်စီ တွေးမိကြပေလိမ်.မည်။
အိမ်ပြန်ရောက်ရွှေ. ကျောင်းလွယ်အိတ်ကိုချပြီးခဏ နားချိန်ထိ ဖြူအေး၏ မျက်နှာလေးကိုသာ အထပ်ထပ်အခါတွေးနေမိသည်။ ဖြူအေးရယ် လူကလည်းဖြူဖြူကျစ်ကျစ် အနေအထိုင်တည်ငြိမ်ပြီး အိမ်တရေ ရှိတဲ.အလှပိုင်ဆိုင်ထားလို. ဖြူဖြူအေး ဆိုတဲ.နာမည်နဲ.တကယ်လိုက်တယ်ဟာ.။
 သွေး ကတော. အတွေးတစ်ထောက်နဲ. အမောဖောက်မတတ်ဖြစ်နေပြီး၊ ဖြူအေးဆိုသောမိန်းကလေး အကြောင်းကိုသာ တ၀ဲလည်လည်တွေးနေမိသည်မှာ ထိုတစ်ညတာအတွက် ရင်ထဲကရောဂါတက်လာဖို. တာဆူလိုက်လေပြီ။
 အခန်း (၄)
     ကျောင်းဖွင်.ပြီး ၁ လခန်.တွင်မိုးတွင်းကာလကိုဖြတ်သန်းရသည်။ တိမ်များနေ.စဉ် အုပ်ဆိုင်းနေပြီး ရီဝေေ၀ မြူခိုးများက အချစ်ဇာတ်လမ်းကိုဖန်တီးပေးနေသည်။ သွေးတို.နှစ်ယောက် ကျောင်းမှာ တစ်ရက်ပြီးတစ်ရက်တွေ.ဖန်များလာတော. သံယောဇဉ် ရစ်တွယ်လာကြသည်။ စာအုပ်တစ်အုပ်ဖတ်ခဲ.ဘူးသည်.အထဲမှ  လူဆိုတာ အကျင်.ရဲ.သားကောင်တဲ.၊ အဲဒီစကားမှန်နေမလားမသိ၊ ဖြူအေးကို တွေ.ပါများလာတော. သူမကို အစဉ်အမြဲတွေ.ချင်နေမိသည်။ သူမရဲ.စကား သံလေးတွေ ကြားပါများတော. ထပ်ခါထပ်ခါ ကြားချင်နေပြန်သည်။ ယနေ.လဲ အတန်းထဲမှာ ဆရာမ စာသင်နေတုန်း ဖြူအေးကို  လှစ်ကနဲ ခိုးကြည.်မိသည်။
ကျောင်းအခန်းတွင်း ရှိ တံခါးပေါက်ကို ဖြတ်ရွှေ.တိုက်ခတ်လာသောလေပြေမှာ ဖြူအေး၏ ဆံနွယ်လေးများအား တိုးဝှေ.အသနားခံနေကြသည်။ မထိတထိ အေးစက်စက် အတွေ.ကြောင်. ၀င်းပသော နှဖူးပေါ်ရှိ ချွေးငွေ.များ ခမ်းခြောက်ပျောက်ကွယ်ကုန်မှ ဖြူအေးမှာ နေရထိုင်ရသက်သာလာဟန်ရှိသည်။  စာသင်ခန်းအတွင်း ပန်ကာတပ်ဆင်ထားသော်လည်း လူအများစုဖွဲ.ရှိနေမှုကြောင်.အနည်းငယ်စွတ်စို ပူအိုက်ရသည်။ လက်ချောင်းလေးများဖြင်.ဆံနွယ်လေးများကို သတ်တင်အပြီး ဖြူအေးက နောက်ပြန်လှည်.ကြည်.ခိုက် သွေးနှင်.အကြည်.ချင်းဆုံရပြန်သည်။ ဘာရယ်ကြောင်.မှန်းမသိ နှစ်ဦးစလုံး ပြိုင်တူပြုံးမိကြ၏။ ဒါသည် ခေတ်တစ်ခေတ်ရဲ.ရင်ခုန်သံပင်ဖြစ်မည်ဟု သွေး တွေးဆ ကြည်.မိသည်။
နေ.လည်စာ စားချိန် ကျောင်းနားစဉ် ရဲရဲနီအောင်ပွင်.နေသော စိန်ပန်းပင်အောက်မှာ ထမင်းချိုင်.လေးတွေ ဖွင်.ရင်း အတူတူစားဖြစ်ကြသည်။
  သွေး နင်.ကြည်.ရတာ စာလိုက်နိုင်သလိုပဲ။ နင်ကထက်မြက်တယ်၊ အကင်းလည်းပါးတယ်။ ငါကတော. တော်တော်အာရုံစိုက်တာတောင် တစ်ချို.စာတွေကို သိပ်နားမလည်ဘူး။
သွေးကို အသားဟင်းထည်.ပေးရင်းဖြူအေးကပြောသည်။
  နင်နားမလည်တာရှိရှင် ပြီးမှ ရှင်းပြပေးမယ်လေ
  သွေး နင် ငါတို.သင်နေရတဲ. စာသင်ကြားမှုစနှစ်ကို ဘယ်လိုမြင်လဲ။
ငါတော. ဒါသင်ရင် ဒါကျက် ဒါပဲဖြေပြီး၊ အမှတ်ကောင်းဖို.ပဲ တွေးတယ်ဟာ၊ သိပ်လေးတာတွေ မစဉ်းစားပါနဲ.သွေးပြောအပြီး ထမင်းဆက်စားသည်။
အေးဟာ ငါလဲ အဖေကို သနားလို. လိုင်းကောင်းရအောင် လုပ်မယ် ပြီးရင် အဖေ.ကို လုပ်ကျွေးမယ်ဟာ၊ တစ်ခြားဘာကိုမှ စိတ်ထဲ မထားချင်ဘူး။
 ငါ လဲနင်.လိုပါပဲ
သွေး အတန်းထဲက စုစုလှိုင်က နင်.ကို ကြိတ်ပြိုင်နေသလိုပဲ။ ဖြူအေး ပြုံးစစနှင်. မေးလာသည်တွင် စားမည်ပြင်သည်.ထမင်းလုပ် ပြုတ်ကျသွားသည်။
နင်ကလဲဟာ၊ သူ.အကြောင်းမပြောစမ်းပါနဲ.၊ နင်နဲ.ငါ.အကြောင်းပဲပြောနေတဲ.ဟာကို
 သွေးရဲ.ပြောပုံကို ခေါင်းလေးစောင်း ကိုယ်ငဲ.ပြီး အကဲခတ်နားထောင်နေသော ဖြူအေးကို သွေး ခိုးလို.ခုလုဖြစ်ရသည်။
ဘာလဲနင်သူကို.စိတ်ဝင်စားနေတာမို.လား၊ သူကစာလဲတော်တယ်၊ ချောလဲ အချောဆုံး အလှတစ်ပါးနော်၊ နင်စိတ်ကူးမလွဲနဲ.
 နားစမ်းပါဟာ၊ နင်ပြောသလို ဒီအချိန်မှာ စာကလွဲလို. ငါဘာမှ စိတ်ထဲမထားဘူး
 အေးပါ တစ်ခြား ဘာမှ မစဉ်းစားတာပဲကောင်းပါတယ်ဟာ
 အတည်ပေါက်နဲ.ပြောလိုက်သော ဖြူအေးမျက်နာမှာ တစ်ခုခုကို လှို.၀ှက်ထားသလိုရှိသည်။ သူတို.နှစ်ဦး၏အထက် မိုးကောင်ကင်မှာ ညိုမှောင်နေသောတိမ်လွှာများက အဖြူရောင်နောက်ခံတိမ်အုပ်ကို အထပ်ထပ်ဖ;ုံအုပ်လာသည်။ အစာရှာထွက်လာကြသော ငှက်လေးများ ကမျောကသော ပျံပြေးကုန်ကြသည်။ မိုးဖွှဲလေး တစ်ပြောက်နှစ်ပြောက် အကျမှာ ဖြူအေးနှင်.သွေးတို. အတန်းရှိရာသို. ပြန်လာခဲ.ကြသည်။
  နေ.စဉ် ပါလာသည်.ထမင်းနဲ.ဟင်းကို ဝေမျှစားရင်း ကျောင်းသားဘ၀ ခေတ်တစ်ခေတ်ကို အတူတူ ကုန်လွန်ဖြတ်သန်းခဲ.သည်။ မွန်းလွဲပိုင်းကျောင်း အပြီးဆင်းချိန်မှာလဲ အတူတူပြန်ဖြစ်ကြသည်။ ဖြူအေးနှင်.သွေးတို.နှစ်ဦး ကို ပင်းကူနက်ကြီး ကရစ်ပတ်ထားသလို ဖြစ်နေပြီး အချစ်သမုဒ်ဒရာခရီးကို အတူတူ ရွက်လွှင်. ဖို. စတင်ခြေလှမ်းပြင်လိုက်ကြပြီ။ သို.သော် တစ်ဦးအချစ်ကို တစ်ဦးက သိပေမဲ. ကျောင်းသားဆိုသော အသိ၊ ရမှတ်ကောင်း ရမှဖြစ်မည်ဆိုသော အသိစိတ်တို.ကြောင်. နုပ်မှ ဖွင်.ဟ မပြောမိခဲ.ကြပေ။ ကဗျာဆန်သော အချစ်တို.သည် အဆုံးစမဲ.သော သာယာဖွယ်ခရီးစဉ်တစ်ခု ဟု သွေးစိတ်ထဲ စွဲမြဲစွာ မှတ်ယူနေမိသည်။ တစ်ဦးအပေါ်တစ်ဦးက ဂရုစိုက်ပေးခြင်း၊ ကျောင်းစာများပြန်လည်ဆွေးနွေးကြခြင်းနှင်.သာ အချိန်ကုန်လွန်ခဲ.ကြသည်။ တစ်ခြားကျောင်းသူကျောင်းသားများအားဂရုမစိုက်နိုင်ပဲ စာကျက်လိုက်၊ အချင်းချင်း စကားပြောလိုက်နှင်. သီးခြားဂြိုလ်တစ်ခုပေါ် ရောက်နေသလားထင်နေကြသည်။ သည်လိုနှင်. ညနေပိုင်းကျောင်းဆင်းချိန်ရောက်လာပြန်သည်။
အိမ်အပြန်လမ်းမှာ နှစ်ဦးစလုံး အတွေးကိုယ်စီဖြင်. ငြိမ်သက်နေမိကြသည်၊ သွေးကရှေ.မှ ဦးဆောင်ကာ လေးတိလေးကန် ဖြင်.လျှောက်နေသည်၊ဖြူအေးက လမ်းဘေးရှိပန်းရိုင်းပင်လေးတွေကိုတုတ်တစ်ချောင်းဖြင်. တို.ထိကစားရင်းနောက်ကလိုက်လာသည်။
ဗြုန်းဆို မိုးရွာချမှ ဖြူအေး တစ်ယောက် အသိဝင်လာကာ ဦးခေါင်းထက်က ထီးကလေးကိုမော.အကြည်.
ဖြူအေး နင်ဒီထီးကိုဆောင်းလိုက်၊ နင်.လက်ထဲက ချိုင်.ငါ.ကိုပေး
အို..မဟုတ်တာ ၊လာ အတူတူဆောင်းမယ်လေသွေး ရဲ.လက်ကို ကမန်းကတန်း လှမ်းဆွဲရင်း ဖြူအေးကပြောသည်။ ဖြူအေး၏.လက်ကလေးကို ညင်သာစွာဆွဲဖြုတ်ချရင်း
ရတယ်ဖြူအေး နင်သာဆောင်းပါဟာ၊ ငါကစိုရွှဲနေပြီးသား၊ နင်က ငါ.လွယ်အိတ်ပဲ ယူလာပေးနော် သွေး ၏စကားသံမှာ တုန်ရင်နေသလိုရှိပေမယ်.ကြင်နာသည်.ဂရုဏာလိုင်းတို.ပါဝင်နေသည်။ ဖြူအေးမှာလဲ သွေးရဲ. ကြင်နာသည်.အပြုအမူကြောင်. ရင်ခုန်သွားရသည်။  မျက်နာပေါ် မိုးစက်များထိမှန်လို. မိုးရေတို.စီးဆင်းနေပြီး ယောက်ကျားပီသသောသွေး၏ မျက်နာ ပေါ်မှာ ဖြူအေးတစ်ယောက် မျှောပါသွားရသည်။
 သွေးက ဖြူအေးကို တစ်ချက်စူးစိုက်ကြည်.ပြီး  လှည်.ထွက်လိုက်သည်။ ရင်ထဲမှာလဲ တစ်ဦးထဲ ပြောနေမိသည်။ ဖြူအေးရယ် နင်.မျက်ဝန်းထဲမှာရွာနေတဲ. အချစ်မိုးကို ငါမြင်နေရတယ်။ အပြင်မှာ ရှိတဲ.မိုးချုန်းသံတွေ ငါ.နှလုံးသားရင်ခုန်သံရဲ. အောက်မှာ တိမ်မြုပ်ပျောက်ကွယ်ကုန်ပြီသိလား။ နင်ရော ငါလိုပဲ ရင်ခုန်နေမလားလို.  သွေး တွေးနေမိသည်။
ဖြူအေး၏ရင်ထဲမှာတော. မိုးသက်လေအေးတို.သည် ယခုလို သွေးက အလိုက်တသိ ကြင်နာမှုပေး ခြင်းကြောင်. ဖြစ်ပေါ်လာရသော ရင်ထဲအေးမြမှုလောက် ပိုမအေးနိုင်ဟုခံစားနေရသည်။ ဖြစ်နိုင်လျင် မိုးစက်တွေအောက်မှာ တစ်ခါထဲရင်ဖွင်.လိုက်ပါတော.လား သွေးရယ်လို. ပြောနေမိသည်။သွေးရောဖြူအေးပါ အတွေးကိုယ်စီဖြင်. ခေတ်တစ်ခေတ်ရဲ.ရင်ခုန်သံအမှန်ကို မြင်လိုက်ကြရသည်။ သွေးတစ်ယောက်အခွင်.အရေးယူသည်ထင်မှာစိုးသဖြင်.ရေငုံနုပ်ပိတ်နေလိုက်သည်။
အမှန်မှာ သူတိုနှစ်ဦးအတူတူ ကျောင်းဆင်းအပြီး အိမ်ပြန်ရသောအချိန်သည်  ၁၀ မိနစ်ခန်.သာကြာသည်။သွေးက မြို.၏တောင်ဖျား အနောက်ပိုင်းနေပြီး ဖြူအေးက မြို.တောင်ပိုင်း အရှေ.ခြမ်းမှာနေသည်။ ဖြူအေး၏ဖခင်သည် ၀န်းသိုမြို.အနောက်ဖက် သစ်တောကြိုးဝိုင်းအတွင်း အိမ်ရှိသော်လည်း သမီးမိန်းကလေးဖြစ်ရွှေ. တူမများပိုင်သော ဘော်ဒါဆောင်တွင် ဖြူအေးကိုထားသည်။ လည်းကောင်းမှ ဖြူအေးကို ချစ်ရသည်.အတွက် မိမိနဲ.နီးရာမှာထားပြီး တစ်ပတ်တစ်ခါလာလာကြည်.သည်။ မိတစိုးလေး ဖြူအေးမှာ အစစအရာရာ ပြည်.စုံသော်လည်း နွဲ.ဆိုး ဆိုးတတ်သူမဟုတ်ပါ။ ပင်ကိုယ် ကိုက အေးအေးဆေးဆေးနေတတ်ပုံမှာ ဖခင် ဥိးစိန်ခိုအတိုင်းပင်ဖြစ်သည်။
အချိန်တန်လမ်းခွဲဆိုသလို ယခုလည်း လမ်းခွဲမှာရပ်ပြီး တစ်ဦးမျက်နှာ တစ်ဦး စူးစိုက်ကြည်.မိကြပြန်သည်။ သွေးစိတ်ထဲ ဇော်ဝင်းထွဋ်ရဲ.သီချင်းတစ်ပုဒ်ကို သွားသတိရလိုက်သည်။ လျှောက်စမ်း.ဂန်ဓါရရဲ.ခရီးသည်..
ခွဲခွာရတိုင်း နှလုံးသားတို. ဂန်ဒါရ ကဲ.သို. ချောက်သွေ.သွားရသည်မှာအကြိမ်ကြိမ်အခါအခါ ရှိခဲ.ပြီ။ ဖြူး အေးရယ် ငါဒီလို ခဏခဏမခွဲရအောင်ရယ်၊ နင်နဲ.အတူတူ ဘ၀တစ်သက်တာ လက်တွဲပြီးပျော်ရွှင်စွာနေရဖို. ငါကျိုးစားမယ်ဟာ။ ငါ နင်.ကို သွေးထွက် မတတ်ချစ်တယ်။ ငါရှုးမိုက်မိတယ်။ ဒါကနင်.ကို တစ်သက်တာအေးချမ်းမှုပေးမှာပါဟာ။
သွေး မည်မျှကြာကြာ တွေးနေမိသည်မသိပါ၊ ဖြူအေးက သွားပြီနော်လို.ပြောမှ သတိဝင်လာရသည်။ လှပသော ရှုခင်း ကြား ဖြူအေး ထွက်ခွာသွားသည်ကို ငေးနေကြည်.မိသည်။ လေနုအေးတစ်ချက် လာအတွေ.မှာ တစ်ကိုယ်လုံးခိုက်ခိုက်တုန်အောင် ချမ်းနေမှုကို သတိရတော. အိမ်သို. ခပ်သွက်သွက် ခြေလှမ်းပြင်လိုက်သည်။ ဒါပေမဲ. စိတ်ဝိဥာဉ်တို.သည် ဖြူအေးနှင်.အတူ လိုက်ပါသွားကြပြီ။
ဖြူအေးရယ် ..အချိန်တန်တော.မင်းနားလည်လာမှာပါ၊ အခုတော. ငါ.အချစ်တွေသက်သေထူဖို. အချိန်မကျသေးလို. စိတ်တွေလျှော.ထားလိုက်တယ်။
ချစ်သူ မင်းထာဝရ ပျော်နိုင်ပါစေ နော်……
 အခန်း( ၅ )
 လူတွေကို အသံအက်ကြီးဖြင်. အမြဲခြောက်လန်.ပြီး နေရောင်ခြည်မတိုးအောင် ကာထားလေ.ရှိသော မိုးသားတို. ဆောင်းရာသီလေပြေအေးများကြောင်. မစွာနိုင်ပဲ အဝေးကို တိတ်တဆိတ်ထွက်ခွာသွားကြပြီ။ ပင်လယ်ပြင်ကိုဖြတ်သန်းခဲ.ပြီး အတွေ.အကြုံရင်.ကျက်သော မိုးရိပ်မိုးသားတို. တောင်တန်းတွေကို လက်ပြနုတ်ဆက်ခဲ.ကြသည်။ ဆောင်းရာသီ၏ ထွေးပွေ.မှုကို ကျေနပ်နေသည်. ထင်းရှုးပင်နှင်.ကောင်းကင်ပြာကြီးတို.ခင်မျာ ငှက်ကလေးများနှင်.အရောင်စုံ လိပ်ပြာလေးများဆော.ကစားနေပုံကို ကြည်.နေကြသည်။ မြူနှင်းဖွေးဖွေးလေးများက ကုန်းရိုးမြေလမ်းပေါ် စိတ်တိုင်းကျ ကြဲချနေပြန်သည်။နှင်းရေကို ပထမဦးစွာသောက်ရရွှေ. လူလူသူသူဖြစ်လာရသော မျက်ပင်လေးများလည်း ရင်ကော.ခါးမော.ဖြစ်လာရသည်။လူတွေရဲ.ခြေလှမ်းများအောက် နှင်းချေခြင်းကို အံတုပြီး ရဲရဲရင်.ရင်. ပေါက်ဖွားရှင်သန်စေသည်. မျက်ခင်းပြင်သည် ကမ်  ဘာမြေရဲ.ဆွင်ငင်အားကိုတောင် မမှုကြပါ၊ အံတုရဲကြသည်။ ဆောင်းလေတစ်ချက်အဝှေ.မှာ သွေးတစ်ယောက် စိတ်မရှည်စွာဖြင်. ခြေလှမ်းပြင်လိုက်သည်။
 သွေး ရေသွေး.၊ ဖြူအေးက ဒီမှာ.
 မသဲကွဲသော မြူနှင်းတွေကြား အပြေးအလွှားလိုက်လာနေသော ဖြူအေးကို ၀ီုးတိုးဝါးတားတွေ.လိုက်ရသည်။  ဒီနေရာမှာ ဒီလိုဆုံတွေ.ကြပြီး ကျောင်း ကိုအတူတူ သွားတတ်တာ လမ်းဆုံမှာရှိသည်. အုတ်တံတားလေးသိသည်။ ရေစီးမြောင်းနံဘေးကပ်ပေါက်နေသော တောရိုင်းပန်းများက စာနာကြသည်။ မနီးမဝေးရှိ လိပ်ပြာလေးများမှ သက်သေထူပေးသလိုရှိသည်။
ထင်းရှုးနှင်.ကျွန်းပင်များကတော. သွေးတို.နှစ်ယောက် အမြဲဆုံတွေ.ဖို. အားပေးစကားဆိုကြသည်။ ဆောင်းရာသီ၏အေးမြမှုသည် နှစ်ယောက်အတူတူ ကျောင်းကို သွားစဉ် ခွန်အားတွေ ပေးကြသည်။ ဒါပေမဲ. ဖြူအေးကို ချစ်ကြောင်းပြောဖို. အထိတော. မလုံလောက်ခဲ.ပါ။ အဆုံးအစမဲ.သော ကောင်းကင်ကြီးမှ သွေးအား အနာဂါတ်လှပစေရန် တံခါးတစ်ချပ် ဖွင်.ဟပေးထားသလိုရှိသည်။
 ဘ၀ဆိုသည် သက်ရှိထင်ရှားရှိစဉ်မှာ ရှေ.ဆက်ရမည်.အကြောင်းအရာများနှင်. ပြည်.နှက်နေသည် ဟုသွေး၏ဖခင်ပြောတာအမှတ်ရမိသည်။ သို.ပါရွှေ. ကျောင်းစာထဲမှာပဲ စိတ်ကိုမြုပ်နှံထားရသောသွေး၊ ဖြူအေးနှင်.အတူတူရှိနေရသော အချိန်တို.နဲ.ပင် ကျေနပ်နေရသည်။
ယခုလဲ ဖြူအေးတစ်ယောက် သွေးရှိရာရောက်လာမှ သက်ပြင်းချမိပြီး မျက်နှာလေးဝင်းလက်သွားရသည်။
ဖြူအေး နင်.မျက်နှာ ဖြူဖတ်ဖြူရော်နဲ.နေမှကောင်းရဲ.လား၊ ငါ ..နင်မလာလောက်တော.ဘူးထင်းပြီး အခုပဲသွားတော.မလို.
  သွေး စကားကိုမရပ်မနားပြောလိုက်မိသည်။ စနေတနင်းဂနွေ ကြားနှစ်ရက်ပိတ်သဖြင်. မတွေ.ရသည်.ရက်အတွင်း ဖြူအေးကို ၂ နှစ်လောက် မတွေ.ရသလို သွေး စိတ်ထဲ ထင်နေမိသည်။
မဟုတ်ပါဘူးဟာအဖေ.အလုပ်က စားရင်းတွေကူတွက်ပေးနေရလို. နဲနဲနောက်ကျသွားတာပါ။ နင်ကလည်းမျက်နာကြီး အောက်သိုးသိုးနဲ.ဘာဖြစ်နေတာလဲ
ငါက တွေ.နေကြနေရာ၊ တွေ.နေကျအချိန်မှာ နင်.ကိုမတွေ.ရရင် စိတ်ထဲဘယ်လိုကြီးမှန်းလဲမသိဘူး။ အလုပ်တွေ သိပ်မလုပ်နဲ.ဦး၊စာမေးပွဲကြီးကနီးနေပြီနော်
ငါတို.က ဖအေတစ်ခုသမီးတစ်ခုလေဟာ၊အချိန်နဲနဲလောက်ပဲ ကူလုပ်ပေးတာပါ
အေးပါ ငါက နင်.အတွက်ပြောတာပါ၊အခုလည်း ကျောင်းစာသင်နှစ်ပြီးရင် ကျောင်း တွေ ခဏပိတ်မယ်လို.ကြားနေရတယ်။ ဒီနှစ်ထဲ အမှတ်ကောင်းကောင်းနဲ.အောင်ထားမှဖြစ်မယ်။
အေးနော် နိုင်ငံရေးကလဲဘယ်လိုမှန်းလဲမသိဘူး၊ စိတ်ပျက်စရာကြီး
ဖြူအေးပြောမှ နိုင်ငံရေးအခြေအနေကို တွေးလိုက်မိသည်။ မြန်မာနိုင်ငံ အနှံ.ရှိ မြို.များမှာ မကြာမကြာဆန်ဒ ပြမှု.များကြောင်. တစ်ချို.သောကျောင်းတွေ ပိတ်ထားရသည်။ ရပ်ရွှာတစ်ချို.တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီး လူအများစိုးထိတ်နေရသော အခိုက်အတန်.ဖြစ်သည်။ ကိုးတန်းအောင်လို. ဆယ်တန်းတက်ရမည်. နှစ်တွင် ကြား တစ်နှစ် ကျောင်း ပိတ်ခဲ.သေးသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ. က ဦးဆောင်ကာ ကျောင်းသားလှုပ်ရှားမှုအရေးကို ကြမ်းကြမ်းထမ်းထမ်း ကိုင်တွယ်ဖြေရှင်းသဖြင်. ကျောင်းသားတစ်ချို. ကျဆုံးရကြောင်း သိရှိရသည်။ သွေး စိတ်ထဲတွင် စိတ်မကောင်းဖြစ်မိရုံမှအပ ဘာမျှမလုပ်နိုင်ပါ၊ ကိုယ်လိုငယ်ရွယ်ပြီး သတ်တိရှိရှိ အသေခံတိုက်ပွဲဝင်ခဲ.ကြသော ကျောင်းသားများကို လေးစား စာနာမိသည်။ သွေး မှာ အတွေးများထဲနစ်မျောနေမိသည်။
 နောက်ကပါလာသော ဖြူအေးကိုတောင်သတိမရမိပေ။
နင်ဒီနေ. ၀တ်ထားတဲ.ပုံစံက အရမ်းသားနားနေသလိုပဲ၊ ဘာလဲ ကျောင်းမှာ စုစုလှိုင်နဲ. တွေ.မှာမို.လား
 နားစမ်းပါဟာ ပေါက်တက်ကရ ၊ ဒီ ဂွမ်းစိန်နဲ.ငါ.ကိုမစပါနဲ.
အမလေးတော် ငါသိပါတယ်၊ သူကအတန်းထဲမျာ နင်.ကို ခိုးခိုးကြည်.နေတာသိပါ.
  ထားလိုက်ပါဟာ၊ နင်ဒီနေ. ပန်နေကြ စံပယ်ပန်းလေး မပန်ခဲ.ဘူးနော်
သွေးစကားလမ်းကြောင်းပြောင်းလိုက်သည်။
ဖြူအေးလာ၊ ငါ နင်.ကို လမ်းခုလတ်က ခရေပန်းတွေကောက်ပြီး ပန်ပေးမယ်။
 ငါမှ ခရေပန်း မကြိုက်တာကို
ဘာလဲ ငါက စေတနာနဲ.ပန်ပေးတာကို နင်ကမကြိုက်ဘူးလား
ဖြူအေးရင်ထဲဝယ် ကြည်နုးနေမိသည်။ ပြောတာပြောရတယ် သွေးရယ် နင်ငါ.စိတ်ကို ဒီလောက် ရင်းနီးနေတာတောင် မသိဘူးလား ငတုံး၊ ငါက နင်ပန်ပေးတဲ.ပန်းဆို ကျေနပ်ပြီးသားပါဟာ။ ဖြူအေးစိတ်ထဲတွင်ပြောနေမိသည်။
ဖြူအေးလာဟာ၊ ပန်းသီပြီးပြီ ၊ ငါ ပန်းပန်ပေးမယ်
ရုတ်တရက် အနားကပ်လာသော သွေးကြောင်. ဖြူအေးရင်ထဲ ထိတ်ကနဲဖြစ်သွားရသည်။ပိုဆိုးသည်မှာ လက်ချင်းထိလိုက်သဖြင်. အပျိုဖြန်းလေး  ဖြူအေး ရင်ထဲဟတ်ထိသွားရသည်။ သွေးမှ  ခရေပန်း ပန်ပေးတာကို မျက်လုံးလေးစင်းလျှက် ငြိမ်ပြီးနေ နေမိသည်။ 
ဟေ. မျက်စိဖွင်.လိုက်တော.၊ ပန်ပေးပြီးပြီ
သွေးခမျာလဲ ယခုလို ကိုယ်ချစ်နေရသူကို ပထမဦးဆုံး ပန်းပန်ပေးရသည်မို. ပျော်ရွှင်နေသည်။ ဖြူအေးမှ မိမိ၏ကြင်နာမှုကို ခံယူစဉ် သူမ၏မျက်နာလေးကို အနီးကပ်တ၀ကြီး ကြည်.မိလေသည်။
ငါ.ရင်ထဲတစ်မျိုးလေးပဲ သွေးရယ်
ဖြူအေးနုတ်ခမ်းမှ လွှတ်ခနဲ ပြောလိုက်သော စကားကို သွေးမတုန်.ပြန်ပဲ နေလိုက်သည်။
ငါဒီလိုအဖြစ်မျိုးထပ်ကြုံချင်တယ်ကွာ၊ စာမေးပွဲကြီးပြီးလို.ကတော. နင်.ကိုပန်းတွေတစ်ပွေ.ကြီး ပေးပြီး နမ်းပစ်လိုက်မယ်ဟာ။ သွေးတွေးနေရင်းဖြင်. ဖြူအေးရှေ.မှ ဖြတ်လျှောက်ပြီး ကျောင်းဖက်သို.ခြေဦးပြင်လိုက်သည်။
 ဖြူအေးလဲ ထပ်ချပ်မကွာ လိုက်လာပြီး အားမလိုအားမရ ဖြစ်နေရသည်။ သို.သော်နှစ်ဦးသား ကျောင်းချိန်အမှီ သွားရမှာမို. ခပ်သုတ်သုတ် လှမ်းလိုက်ကြသည်။
ကျောင်းခန်းအတွင်းဝင်မည်အလုပ် သွေး၏ပခုံးအား တစ်ဦးတစ်ယောက်ကပုတ်သဖြင်.ကြည်.လိုက်စဉ် စုစုလှိုင်ဖြစ်နေသည်။
ဟေ. သွေးနင်ကစာတော်သားပဲ၊ အခုအစမ်းစာမေးပွဲမှာ အဆင်. ၁ ရတယ်ဆိုတော. ငါ.ကိုမုန်.လိုက်ကြွေးလေ
စုစုလှိုင်မှာ သွက်သွက်လက်လက်နှင်. အတော်ပင်လှပသော မိန်းကလေးဖြစ်သည်။ အသားအရေ ၀င်းဝင်း ခန်ဓါကိုယ် တင်းတင်းနှင်.  အခြားမိန်းကလေးများထက် ပိုဖွင်.ထွားသည်။ အချောဆုံးဆု ပေးမည်ဆိုလျှင် သူမပင် သရဖူဆောင်းနိုင်ပေသည်။ ၏ါပေမဲ. ဖြူအေးကလွဲရွှေ. သွေး မည်သူ.ကိုမှ စိတ်မ၀င်စားမိပါ။ယ္ခုလဲ မျက်နှာပေးကောင်းကောင်း ၊တစောင်းအကြည်.လေးနှင်.ညုတုတု ပြောလာသော သူမကို ဘာပြန်ပြောရမယ်မသိ ဖြစ်နေရသည်။ တစ်ခြားကောင်လေးများမှ ၀ိုင်းပိုးခြင်းခံရသော စုစုလှိုင်မှာတော. သွေးတစ်ယောက်ကိုပဲ စာသင်ခန်းအတွင်းက တစ်ဦးထဲသောကျောင်းသားအဖြစ် မှတ်ထင်နေပုံရသည်။
အေးပါဟာ၊ အခုအစမ်းစာမေးပွဲက အရေးမကြီးပါဘူး၊ စာမေးပွဲကြီးပြီးလို. ငါအမှတ်ကောင်းကောင်း ရမှ နင်.ကို မုန်.ကျွေးမယ်နော် 
နင်ဂတိတည်ရမယ်နော်သွေး။ ငါကဂတိတည်ပြီး ထက်မျက်တဲ. သူမှ ကြိုက်တာ
သူမနဲ.ပြောအပြီး သွေးက ခုံတန်းမှာထိုင်တယ်ဆိုရင်ပဲ ဖြူအေးရဲ.မျက်စောင်းထိုးတာ ကောင်းကောင်းခံလိုက်ရသည်။  ဒီလိုမျိုးဖြစ်တတ်တာ အကြိမ်ရေ မနဲတော.ပေ။ ဖြူအေးရဲ.မျက်စောင်းလေးကိုပဲ  ကျေနပ်နေပြန်သည်။
ဖြူအေးရယ် နင်.ရဲ.စိတ် ငါမသိလို.မဟုတ်ပါဘူး၊ ဘ၀ဆိုတာကိုလဲငါသိတယ်၊ ငါကျိုးစားရမယ်။ ငါ.မိသားစုကို ငါကောင်းကောင်း ဦးဆောင်ရဦးမယ်။ ပြီးတော. နင်နဲ.ငါတို. နှစ်ယောက်အတူတူ လျှောက်ရမဲ.လမ်းမှာ ဆူးကြမ်းတွေ မရှိအောင် ငါကျိုးစားနေတာပါ။ ဒါပေမဲ.ငါ နင်.ကို  ပိုလို.သာချစ်နေရယ် ဖြူအေးရယ်။ ဒီအချိန်မှာ ငါ.ကို နင်နားလည်ပေးပါနော်……
အတန်းထဲသို. ဓါတုဗေဒ သင်မဲ.ဆရာမ ၀င် လာချိန်တွင် အားလုံးငြိမ်သက်သွားကြသည်။
ဆရာမ၏သင်ကြားမှုအောက်နစ်မျှောသွားရပြီး ဆက်တိုက်ဆိုသလို နောက်ထပ်ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများ၏အလှည်.ရောက်လာခဲ.သည်။
 ကျောင်းစာကို အဓိကထား လေ.လာနေရရွှေ. တခြားအကြောင်းမှားကို တွေးဖို.အချိန်မရခဲ.ပါ။
ဒီလိုနဲ. ညနေစောင်းကျောင်းဆင်းချိန်ရောက်သည်.အခါ သွေး စာကောင်းကောင်းလိုက်နိုင်သဖြင်. မိမိကိုယ်ကို မိမိ ကျေနပ်နေရသည်။ အိမ်အပြန်လမ်းတစ်လျှောက် ဖြူအေးနားမလည်သော သင်ခန်းစာများကိုရှင်းပြပြီး လမ်းဆုံလမ်းခွဲ တံတားအနီးရောက်တော. ထုံးစံအတိုင်း လက်ပြနုတ်ဆက် လမ်းခွဲခဲ.ကြသည်။သို.သော် စာကတစ်ဖက် အချစ်ကတစ်လှည်.နှင်. ဗျာများနေရမှုတို.ဖြင်. တစ်နေ.တာကုန်ဆုံးစေသည်။ ဒါသည်လည်း မိမိလိုလားသော အဖြစ်မျိုးပေမို. အိမ်ပြန်အရောက် ၀မ်းလျားမှောက်လျက် ခဏအနားယူလိုက်သည်။ဖြူအေးရယ် ကျောင်းစာတွေကို ငါမုန်းတယ်၊ နင်.ကိုတော.ငါ အရမ်းချစ်တယ်၊ ချစ်တယ်ဟာ……
အိမ်မှာ မိသားစုအလုပ် ၀ိုင်းကူလုပ်ပေးသည်.သွေး ကျောင်းကပြန်လာကတည်းကစိတ်စိတ်နေမိသည်။
မောင်လေး၊ နင်စကားလဲမပြောဘူး၊ ဘယ်သူ.ကို စိတ်စိုးနေတာလဲ၊ ဒါမှမဟုတ် ကျောင်းစာမလိုက်နိုင်လို.လား
အမကြီး က သွေးမျက်နှာကြည်.ပြီးမေးလာသော်
မမရယ် တစ်ခြားဘာအခက်အခဲမှ မရှိပါဘူး၊ အခုတစ်လော ငါ.စိတ်တွေ ထွေနေသလို
ဖြစ်နေလို.ပါ
မောင်လေး တစ်ခြားဘာမှ မစဉ်းစားနဲ.နော် ၊ စာကိုပဲ အလေးထားကျိုးစား ဟုတ်လား
ဟုတ်ကဲ.မမ.
အမကြီးအားစိတ်မပါတပါ ဖြေလိုက်ပြီး မိမိ အိပ်ခန်းထဲဝင်လာခဲ.တော.သည်။ ငှက်လေးတွေ သစ်ကိုင်းများပေါ်ဝယ် အိပ်တန်းတက်ဖို. ပြင်နေကြသည်ကို ပြတင်းပေါက်မျ မြင်ရသည်။ တောင်တန်းများပေးမေးတင်နေပြီဖြစ်သည်.နေမင်းကြီးက သွေးကို နောက်ဆုံးသော လိမ်မော်ရောင် ရောင်ခြည်တန်းဖြင်. နုတ်ဆက်နေသည်။ မှောင်ရိပ်သန်းနေသော တောတန်းများရဲ. အလှကြောင်. စာမကျက်နိုင်သေးသောသွေး ငေးမိငေးရာ ကြည်.နေမိသည်။ ဖြူအေး၏သ၀န်တိုဟန်ပုံစံလေးက နေမင်းကြီးပျောက်သွားချိန်မှာ တောင်ကြောများကြားမှ ထွက်ပေါ်လာသည်။ သြော် အချစ်ဆိုတာ အချိန်ကျလို.ချစ်ရပြန်တော. အချိန်မရောက်သေးလို. ဖွင်.ပြောလို.မရသေးပါလား ဖြူအေးရယ်။
တစ်နေ.နေ. ချစ်တဲ.အကြောင်းဖွင်.ပြောဖြစ်ခဲ.ရင် ဖြူအေးဘယ်လိုတုန်.ပြန်မလဲလို. တွေးမိပြီး သွေးတစ်ယောက် တစ်ညတာအပူအလွမ်း ဖြေဖျောက်ရင်း အိမ်မက်စမ်းရေတို.ချိုးနေမိသည်။
ဖြူအေး ငါကိုအကြာကြီး ပစ်မထားခဲ.ပါနဲ.နော်..ဒီည ငါ.အိမ်မက်ထဲ နင်ရှိနေပေးပါကွာ……
 အခန်း ( ၆ )
               ထင်းရှုးပင်များနေရာအနှံ. ပေါက်နေသော တောမြို.လေး၏ စည်ပင်သာယာဈေးက ဆောင်းတွင်းမြုနှင်းတွေအုပ်ဆိုင်းလျက်ကြားမှ ကြက်ပျံမကျ စည်ကားနေသည်။ ခေါပုတ်ရောင်းသူမှစပြီး ဆီတို.ဟူးရောင်းသည်.ဆိုင်အထိ လူတွေကြိတ်ကြိတ်တိုး ၀ယ်နေကြသည်။ ဟင်းသီးဟင်းရွက် ဆိုင်ကလေးများ ဈေးအပြင်ဘက်တန်းတွင် အရောင်အသွေးစုံအောင် တင်ရောင်းကြသည်။ သွေးတို.နေသော  မြို.ကလေးတွင် လူတော်တော်များများမှ ဟင်းပေါင်းလုပ် စားကြတာများသည်။သီးရွက်စုံရေလုံပြုပ်ပြီး ထမင်းရည်ထည်.ခါ ဆီမလိုပဲ ဟင်းရွှက်စုံအား နူးအောင်ပေါင်းထားသည်ကို ဟင်းပေါင်းဟု ရှမ်းနီလူမျိုးများကခေါ် ကြသည်။ မြိန်ရေရှက်ရေ ထမင်းနှင်. စွဲမြဲစွာစားကြသည်. မပါမဖြစ် ဟင်းလျာဖြစ်၏။  ဈေးအတွင်းပိုင်းတွင်  ကုန်ခြောက်ဆိုင်နှင် လူသုံးကုန်ပစ်စည်းဆိုင်များက အစီအရီနေရာယူထားကြသည်။ ယခုလို ဈေးကို တစ်ပတ်တစ်ခါ အမ ဖြစ်သူနှင်.လိုက်ရတာကို သွေးသဘောကျသည်။ လူအများ၏နေ.တစ်ဓူဝ ဘ၀များတွင် စားဝတ်နေရေးသည် အဓိက ဟုဆိုပေမဲ. နေ.သစ်တစ်ခုရဲ. စားရေးအတွက်ချက်ပြုပ်ဖို.ရန် လူတွေဈေးထဲမှာ ခြေချင်းလိမ်နေကြသည်။
အမဖြစ်သူ ဈေးအတွင်းဝင်သွားချိန် သွေးက ရှမ်းအသုပ်ဆိုင်တွင် ရှမ်းတို.ဟူးနွေးတစ်ပွဲ မှာစားရင်း အမဖြစ်သူအလာကို စောင်.နေသည်။ ရေနွေးကြမ်း တစ်ခွက်ငဲ.ကာ သောက်ပြီး ဈေးသွားဈေးလာလူများအား ထိုင်ကြည်.နေမိ၏။ လူအုပ်ကြားထဲမှ အဖြူရောင် ၀မ်းဆက် ၀တ်ထားသော မိန်းကလေး မှာ ပေါ်လွင်သောလှပမှုနှင်. တည်ကြည်သော ဟန်ပန်ရှိမှုကြောင်. သွေးငေးကနဲ ဖြစ်သွားရသည်။ သေချာကြည်.တော.မှ ဖြူအေးမှန်း သိလိုက်ရရွှေ. သွေး အပျော်တွေ.ရသွား၏။
ဖြူ အေးရေ..ဟေ.၊ ဖြူအေး……”
နုပ်မှ မပွင်.တပွင်.လှမ်းခေါ် မိသည်။သို.သော် ဖြူအေးမကြားပါ။ ထို.ကြောင်. အသံကုန်ဟစ်ခါ အော်ခေါ်မည် အပြုဝယ်။  
  ဟေ. သွေး ဘာတွေ စားနေတာလဲ၊ ငါ.လဲ ကျွေးဦးလေ။
ဘယ်ကနေ ဘယ်လိုပေါက်လာမှန်း မသိသည်. စုစုလှိုင်မှ ပြောအပြီး သွေးထိုင်နေသော စားပွဲရှိခုံတွင် လာရောက်ထိုင်သည်။ သွေးလဲယောင်တောင်တောင်ဖြစ်သွားရသည်။
အေး ငါ.အမနဲ. အတူတူ လိုက်လာတာ ၊နင်ကော ဘာလာဝယ်တာလဲ။  စောစောက ဖြူအေးကို ဟိုနားမှာ တွေ.လိုက်တယ်
ဟုတ်လား ခေါ်လိုက်လေ
ခဏလေးနော် ငါသွားခေါ်လိုက်မယ်၊ နင်စားချင်တာမှာထားလိုက်
သွေးစိတ်အိုက်သွားရသည်။ တွေ.ချင်သောသူအားမတွေ.ရသေးပဲ မတွေ.ချင်သည်.သူကိုမှ လာတွေ.နေရသည်။ သွေး ပြောလဲပြော ဆိုင်ထဲမှထွက်ခါ ဖြူအေးကို လိုက်ရှာမိသည်။
ဈေးတန်းထောင်.တစ်နေရာတွင် ဆတ်သားခြောက်ဝယ်နေသော ဖြူအေးကိုတွေ.မှ စိတ်ထဲပျော်သလိုဖြစ်သွားသည်။
ဟော်တော်အဲ.. သွေး နင်ပါလား ဘာလာလုပ်တာလဲ
 သွေးက ဖြူအေးရဲ. ဈေးခြင်းတောင်းကိုနောက်မှရုတ်တရက်လှမ်းဆွဲယူလိုက်သဖြင်. အံ.သြသွားပုံရသည်။
အေး ငါနဲ. စုစုလှိုင် တို.ဟူးနွေးဆိုင်မှာ ထိုင်နေကြတာ။ လာဟာ နင်.ကို မြင်လို.လာခေါ်တာ
 ခဏလေးနော် သွေး
ဖြူအေးက ငွေပေးချေပြီး သွေးနှင်.အတူလိုက်လာခဲ.သည်။ စုစုလှိုင်က ဆိုင်ထဲမှ လှမ်းကြည်နေသည်။
ဆိုင်မှာသွေးတို. အတူတူထိုင်ပြီး မနက်စာ အတူတူစားသောက်ကြ၏။ပြီးလျင် ရေနွေးကြမ်းသောက်ကြသည်။
ဖြူအေး နင်နဲ.သွေး အတူတူလမ်းလျှောက်လာတာ အတွဲညီတယ်ဟာ၊ အရမ်းလိုက်တာပဲ
စုစုလှိုင်ကပြောသဖြင်. ဖြူအေးရှက်သွေးဖျာသွားရသည်။ စိတ်ထဲတွင်တော.ကျေနပ်နေသလိုရှိသည်။ဒါကိုသွေးရိပ်မိတော.
ဖြူအေး..စုစုလှိုင်နဲ.ငါက ဒီမှာဆုံမိကြတာလေ သွေး က စကားလမ်းကြောင်းပြောင်းလိုက်သည်။
စုစုလှိုင် နင်ကော ဈေးဝယ်ပြီးပြီလားဖြူအေးကမေးသည်တွင်
ဟင်.အင်း၊ ငါက တို.ဟူးနွေးကို မနက်တိုင်း ကျောင်းမသွားခင် ဒီမှာလာစားနေကြ၊ ဒီနေ.ကျောင်းပိတ်ရက်မို. နဲနဲ နောက်ကြပြီးမှ ရောက်လာတာ။ ငါတို.အိမ်က ဈေးနဲ.နီးတယ်လေ
 အော်…” ဖြူအေးမှ သဘောပေါက်သွားပြီး ခေါင်းညှိတ်ပြသည်။
သွေးက သူမတို. အလယ်မှာထိုင်ရင်းရေနွေး ငဲ.ထည်.ပေးနေသည်။
သွေး နင်က မျက်နာလိုက်တယ်နော်၊ ကျောင်းမှာ ဖြူအေးရှိနေရင် ငါတို.ကို သူငယ်ချင်း တွေလို. မထင်တော.ဘူး။
မဟုတ်ပါဘူးဟာ၊ ဖြူအေးက ကျောင်းသူအသစ်ဆိုတော. အားငယ်နေမှာဆိုးလို. ငါက ကူညီတာပါ
ဟုတ်ပါပြီ၊ ငါကစတာပါဟာ စုစုလှိုင် က သွက်သွက်လက်လက်ရှိပြီး ဖြူအေးက အေးဆေးစွာ စကားပြောတတ်သည်။ အတွေးပွားရတာကြိုက်သောသွေး သူမတို.နှစ်ယောက်ပြောစကားတို.ကို ငြိမ်ပြီးနားထောင်နေလိုက်သည်။ တစ်အောင်.လောက်ကြာသော် အမ ဖြစ်သူ ဈေးထဲမှ ထွက်လာတာမြင်တော.
ငါ. အမလာပြီ ငါသွားတော.မယ်။ အကုန်ရှင်းပြီးပြီ။ ဖြူအေး နင်ငါတို.နဲ. လိုက်ခဲ.လေ
  သွေး ဖြူအေးကို ဂရုစိုက်ခေါ်သွားနော် ပျောက်သွားဦးမယ်  ဟီဟိ…….
စုစုလှိုင်၏ စနောက်မှုကို မသိသလိုနေလိုက်ပြီး ဖြူအေးနှင်. အတူ ထွက်လာလိုက်သည်။
အဲဒီ စုစုလှိုင်က အရမ်းနောက်တာပဲနော်သွေး၊ ငါ မနေတတ်အောင် ဖြစ်ရတယ်
သူက ဘွင်းဘွင်းကြီးပြောတတ်တယ်၊ ဒါပေမဲ. စိတ်ရင်းကောင်းပါတယ်ဟာ
ဘာလဲ နင်က ရှေ.နေလိုက်ပေးတာလား၊ ဒါဆို နင်သူကို ကြိုက်လိုက်ပါလား
နင်ကလဲဟာ၊ ငါက သဘောပြောတာပါ
ငါသူကို ချစ်ဖို.မပြောနဲ. စကားတောင် မပြောချင်ဘူး၊ အားနာလို.အလိုက်အထိုက်ပြန်ပြောတာ။ငါ ချစ်ရသူက နင်ပဲ။ သွေးစိတ်ထဲမှာ တစ်ယောက်ထဲ ပြောနေမိသည်။ လမ်းခွဲတစ်ခုအရောက်တွင် ဖြူအေးကို သွေးတို.မောင်နှမ က နုပ်ဆက်ခဲ.လိုက်သည်။
မောင်လေး စုစုလှိုင်က ချောတယ်၊ဖြူအေးကလဲ သဘာဝကျကျလှတယ်နော်။ နှစ်ယောက်စလုံးက သူ.အလှနဲ.သူပဲ။ စိတ်ရင်းလဲဖြူကြတယ်။ ငါ.မောင်ကို သူတို.သဘောကျနေသလိုပဲ။ဒါပေမဲ. ဒီအချိန်မှာ စာကိုပဲအာရုံစိုက်နော် မောင်လေး
ဟုက်ကဲ.ပါ မမရာ၊ ကျွန်တော် အမှတ်ကောင်းကောင်းရဖို.ပဲ စိတ်ထဲရှိပါတယ်
တကယ်လို. ငါ.မောင် ဆယ်တန်းပြီးလို. အမှတ်ကောင်းရပြီ ထား၊ အချိန်တန်လို. ဘ၀လက်တွဲဖော်ရွှေးမယ်ဆိုရင် ဘယ်သူကိုရွှေးမလဲ
ဟာ မမကလဲ။ မမပဲ ပြောပြီးတော.၊ ဒီအချိန် ဒါတွေ မတွေးရဘူးဆို
သွေးတစ်ယောက် ဘ၀င်ဆူသွားရသည်။ အမ၏ မေးစကားကို ဝေ.လည်ကြောင်ပတ်လုပ်ရင်း ရှက်စိတ်ဖြင်. စကားမပြောပဲ အိမ်ပြန် လာခဲ.သည်။ စိတ်ထဲမှာ ဘယ်သူ.ကိုချစ်မိနေလဲဆိုတာ အဖြေရှိပြီးသားပါ မမရာ ဟု ပြောနေမိသည်။
သွေး တို.အိမ်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဖြစ်သည်။ အိမ်မှာ ကျယ်ဝန်းသော ခြံဝန်းအလယ်မှာဆောက်ထားသည်။ အိမ်ရှေ.တွင် ညီလေးနှင်.ညီမလေးတို.အတွက် ဖခင်က သစ်သားတန်းဖြင်. ဆော.ကစားရန် ဒန်းလုပ်ပေးထားသည်။ အိမ်နောက်ဖက်တွင် မိခင်စိုက်ထားသော ဆလပ်ရွှက်ခင်းရှိပြီး အိမ်ကြီး၏ဦးခေါင်းတွင် နှစ်ရှည် မန်ကျီးပင်ကြီးရှိသည်။အရိပ်အာဝါသကောင်းသော ထိုအပင်ကြီးအောက် နွေရာသီရောက်လျင် မိသားစုလိုက်ထိုင်ခါ စကားစမည်ပြောလေ.ရှိသည်။
သွေးခြံစည်းရိုး တံခါးကို ဖွင်.ကာ အိမ်ထဲ ၀င်လိုက်ချိန်တွင် ဖခင်မှ သစ်တင်ကားဖြင်. သစ်ကွင်းသွားရန်အသင်.ဖြစ်နေပြီ။ မိမိအလာကိုစောင်.နေသော ဖခင်အား
ဖေဖေ ၊ သား မျက်နှာသစ် လက်ဆေးပြီး  အခုပဲလာခဲ.မယ်
အေးအေး၊ မကြာနဲ.နော်သား၊ ဖေဖေတို. ဒီနေ. လုပ်စရာတွေ အများကြီးရှိသေးတယ်
ဖခင်စကားမကြားတကြားနှင်.ပင် ရေချိုးကန်နားသွားရွှေ.ခြေလက်ဆေးကြောလိုက်သည်။
ယနေ.ကျောင်းပိတ်ရက်မို. ဖခင်၏အလုပ်ကိုကူလုပ်ပေးရမည်။ ဖခင်ကလဲသွေးကို လုပ်ငန်း လုပ်တတ်ရန် လုပ်ကွက်ရှိရာသို. မကြာခဏ ခေါ်သွားတတ်သည်။ ကားပေါ် တက်၊ ကားစက်နိုးပြီး ထွက်ခဲ.ကြသည်။  လမ်းခုလတ်အရောက် ဖြူအေးကို သတိရမိပြန်သည်။ ဖြူအေးရယ် နင်ငါ.အပေါ် စိုးမိုးနိုင်လွန်းတယ်ကွာ။ လမ်းကြမ်းသဖြင်. ကားဘီးတို.ခါမှုကြောင်. ဖြူအေးကိုချစ်လို.တွေးနေရသောအတွေးတို. လွင်.စင်ကျကုန်ကြသည်။ ဖတ်ကနဲဆို စုစုလှိုင်၏ ချစ်စဖွယ် အပြုံးက မျက်လုံးထဲ ပေါ်လာသည်။ အသိကပ်ချိန်တွင် ချက်ချင်း အတွေးဖြတ်ပစ်လိုက်သည်။ မင်းငါ.ဆီထပ်မလာနဲ.နော် ငါနဲ.အဝေးမှာ မင်းနေ၊ ဖြူအေးနဲ.ငါ.အချစ်ကို မင်းနားမလည်ပါဘူး။
သစ်ထုတ်ကွင်းကိုရောက်ပြီးမကြာပါ။ ဖြူအေးကိုချစ်ရသော သွေး အလုပ်ထဲစိတ်နှစ်ကာ တစ်နေ.တာဖြတ်သန်းလိုက်သည်။ သို.သော် စုစုလှိုင်၏ ပြုံးစေ.စေ.မျက်နှာက ဖြူအေးနှင်.သွေးတို.ကို လှောင်ပြောင်နေသလို မြင်ရပြန်သည်။
သွေး စိတ်ကိုတင်းခါ ဖခင်အလုပ်အားကျိုးစားလုပ်ကိုင်ပေး ရွှေ. အချိန်တွေကို ကုန်လွန်စေခဲ.သည်။ နေမင်းကြီးကတော. သွေး၏ ခံးစားမှုကို ကောင်းကောင်းကြီးသိနေသလိုရှိသည်။လက်ပြမနုပ်ဆက်ခင် စာနာသောအနေဖြင်. အလင်းရောင်ကို မှိန်တစ်ချက် မမှိန်တစ်ချက် အချက်ပြပြီး သွေးကို ဖြေသိမ်.ပေးသွားပေသည်။ ဖြူအေးကို ချစ်ဖို. ငှက်လေးများက တိုးတိုးလေးပြောသွားကြသည်။ ဖြူအေး………… တစ်နေ.တာအပူတွေပြေပျောက်ဖို. မင်းအကြောင်းအိမ်မက်ကလေး ပေးမက်ခွင်.ပြုပါနော်………
အခန်း ( ၇ )
 ဆောင်းအကုန်နွေအကူး၊ လေရူးလေးကထန်၊ တန်ပေါင်းကုန်၊ သည်တန်ခူး နှစ်ဦးရောက်ခဲ.ပြန် သွေးငယ်ငယ်က မန်းတလေးမြို.တွင်နေထိုင်စဉ် ကြားခဲ.ဘူးသည်. သီချင်းလေးကို သတိရမိသည်။
ဆောင်းကြွေသစ်ရွက်တို. နုပျိုသော သစ်ရွက်တို.ကို နေရာပေးရပေပြီ။  တစ်ရွက်ချင်းကြွှေကျ ၊ မြေမှာထပ်လျက်လှနေသော ရွက်ကြွေလမ်းလေးမှာ မြေနီရောင်လမ်းထက် ၀ါညို.ညို. အရောင် ဖုံးခါ စိန်ပန်းနဲ. ထင်းရှုးပင်တန်း တို.ကို. ပေါင်းစပ်ပေးထားသည်။ ပူပြင်းခြောက်သွေ.မှုကြောင်.လား၊ အိုမင်းရင်.ရော်လို.ပဲ ကြွေရသလား တပ်အပ်မသိပေမဲ.
 ရွက်သစ်လေးများထွက်လာစေဖို. မိမိကိုယ်မိမိ စတေးပေးကြသော ရွက်ကြွေများအပေါ် ဖြတ်လျှောက်ရမှာ အားနာနေပြန်သည်။
စာမေးပွဲကြီးပြီးသွားပြီ။ သွေး စာမေးပွဲကောင်းကောင်းဖြေနိုင်သဖြင်. ၀မ်းသာနေမိသည်။ ဖြူအေးလဲဖြေနိုင်မည်ထင်သည်။
ဒီနေ.သည် စာမေးပွဲဖြေဆိုသည်.နောက်ဆုံးနေ.ဖြစ်သလို ဖြူအေးကို ချစ်ကြောင်းဖွင်.ဟပြောဖို.ဆုံးဖြတ်ထားသောနေ.ဖြစ်သည်။ သွေးတစ်ယောက်တွေးနေရင်း ရင်ခုန်သံမြန်လာသလို တစ်ခါမှ မကြုံဘူးသည်. ခံစားမှုတို.ကိုသိရှိလိုက်ရသည်။ လက်ဖျားတို.အေးလာပြီး ခန်ဓါကိုယ် ကျုံ.၀င်သွားသလား ထင်မှတ်ရသည်။
 အချစ်စိတ်တွေ ကမ်ဘာပေါ် ဖုံးလွှမ်းပေးသလိုမျိုး သွေး၏ခန်ဓါတစ်ခုလုံး ဖြူအေးကို ချစ်သည်. ဓါတ်တို. ဖုံးအုပ်ခြင်းခံလိုက်ရသည်။အဆုံးထက်တိုင်တက်ရောက်လာသည်.ချစ်စိတ်တို. သွေးတစ်ကိုယ်လုံးကို သိမ်းကျုံးဝါးမျိုလိုက်တော.သည်။ အိုကွာဘာပဲဖြစ်ဖြစ် ငါရောက်ချင်ခဲ.တဲ.နေ.ကိုရောက်ပြီ။ ဖြူအေးရယ် ငါနင်.ကို သွေးပျက်မတတ်ချစ်တယ်။နင်နဲ.စတွေ.တဲ.နေ.ကတည်းက ချစ်နေခဲ.ရသူပါဟာ။
ဖြူအေးနင်.ကို ငါချစ်တယ်။ အရမ်း အရမ်း ချစ်တယ်……ဟား.……..
သွေးတစ်ယောက်ထဲ တောင်ကမ်းပါးဘေး အသံကုန်ဟစ်ပြီး ပြောချပစ်လိုက်သည်။ အချစ်လှိုင်းအားတို.ပြင်းသဖြင်. တောင်နံရံရိုက်ခတ်ပြီးပြန်လာသောပဲ.တင်သံတို.ဖြစ်ပေါ်ခါ မိမိကို ချစ်ခင်ကြသော အနီးရှိကျေးငှက်လေးများပင် ထပျံပြေးကုန်ကြသည်။သွေးနှင်.ဖြူအေးတို.၏ နေ.စဉ်ပြောစကားချိုချိုလေးများကိုသာ ရင်းနှီးခဲ.သည်ကတစ်ကြောင်း၊ ယခုလိုအသံပြာကြီးနဲ.ပေါက်ခွဲထုတ်လိုက်သည်. သွေး၏လည်ချောင်းကွဲရှရှတတအသံသည် ယခုတစ်ကြိမ် ငှက်လေးတွေကို လန်.အောင်ပြုမိလိုက်ပေပြီ။ခွင်.လွှတ်ပေးပါငှက်လေးတို.ရယ်.၊ ငါ.ခံစားမှုလှိုင်းကိုမင်းတို.နားလည်ပေးပါနော်။ ဒီတစ်ခါတော. ငါ စွန်.စားချင်လို.ပါကွာ။
သွေး ကုဋေကုဋာ အတွေးပွားရင်း ဖြူအေးနှင်.ချိန်းဆိုထားသောနေရာလေးမှာ ဦးစွာရောက်ရှိနေခဲ.သည်။ ရာသီဥတုကသွေးဘက်မှာရှိနေသည်။ အဖြူရောင်တိမ်တောင်များ က အပြာရောင်ကောင်းကင်ကြီးထဲ ခုန်ပေါက်ပြေးလွှား ကစားနေကြ၏။ အေးမြသောလေပြေက စိတ်ကိုလန်းဆန်းတက်ကြွစေပြီး ဖြူအေးနဲ.တွေ.ရမှာကိုကြောက်သဖြင်. ဇောချွေးပြန်နေမှုအား ချော.မြူသုတ်ပေးနေသလိုပင်။  ဖြူအေးရယ်တွေ.ချင်လှပြီကွာ။
တွေးမိတွေးရာ တွေးနေသည်.သွေး  ဖြူအေးကိုချစ်တဲ.အကြောင်းပြောဖို.  တစ်ဦးထဲ ရီဟာဇယ် လုပ်ကြည်.နေမိသည်။
 မြူနှင်းများမရှိတော.ပြီဖြစ်သည်. ကုန်းရိုးတန်း လမ်းကလေးပေါ်ဖြတ်လျှောက်ပြီး  မိမိဆီဦးတည်လာနေသော မိန်းကလေးတစ်ဦးကြောင်. သွေး သတိပြန်ကပ်လာရသည်။ 
အနီးသို. ခြေသံအကျအန၊ တင်ပါးယိမ်းနွဲ.ဟန် ရစ်သန်မှန်မှန်နှင်.လာနေသူရောက်သော်
ဖြူအေးမဟုတ်ပါ။ သွေး အံ.သြတုန်လှုပ်သွားရသည်။
ဟင် .နင်....နင်  စု..စုစုလှိုင်၊ နင်ဘာဖြစ်လို.ဒီကိုလာတာလဲ
အမေလေး သွေးရယ် ၊ ငါကိုတွေ.တာများ တောထဲက ဘန်းဂါးကျားတွေ.တာကြနေတာပဲ၊ ဖြူအေးက စာပေးခိုင်းလိုက်လို. လာလဲကူညီရသေးတယ်၊ ဖြစ်နေလိုက်တာများ၊ ရော. အင်. ဒီမှာဖြူအေးပေးတဲ.စာ
 စာရွှက်ခေါက်လေးကို တုန်ရီနေသော လက်နှင်.ဖြေပြီး သွေး ဖတ်ကြည်.လိုက်သည်။
သွေး ငါ နင်နဲ.ချိန်းတဲ.နေရာ လာမလို.ပါပဲ။စာမေးပွဲလဲဖြေနိုင်ပါတယ်။ နင် ငါ.ကို ဘာတွေပြောမှာလဲဆိုတာငါအရမ်းသိချင်နေတယ်။ ဒါပေမဲ. သိပ်မထူးဆန်းတာပြောမယ်ဆိုတာ ငါ.နှလုံးသားကသိနေသလိုပဲ။ ငါ.ဆန်ဒတွေ မပြည်.ပါဘူးဟာ။ အခုလေးတင် အဖေ သစ်ထုတ်ကွင်းအသွား သစ်ကားမှောက်ဒဏ်ရာရလို. ဆေးရုံမှာတင်ထားရတယ်ကြားတယ်၊ အဲဒါ ငါ.အဖေဆီ လိုက်သွားရမှာမို. စုစုလှိုင်ကိုအကူအညီတောင်းပြီး စာပေးခိုင်းလိုက်တာ.
သွေးရဲ. အခင်မင်ရဆုံး သူငယ်ချင်း ဖြူအေး.။
ဟား…….၊ သွားပြီကွာသွေးက ဖြူအေးစာကို ဖတ်အပြီး ခြေမှိုင်လက်မှိုင်ကျသွားရသည်၊ စိတ်ထဲတင်းကျပ်သလိုခံစားရပြီး စိတ်ပျက်သွား၏၊ မျက်လုံးများ ပြာဝေလာပြီး ရှေ.မှာရပ်နေသော စုစုလှိုင်ကိုတောင် ခပ်ဝါးဝါးသာ မြင်တော.သည်။
ဘာတဲ.လဲသွေး၊ ဖြူအေးဘာဖြစ်တာလဲ
ရော.ဟာ နင်ပဲ ဖတ်ကြည်.လိုက်တော.၊ ငါသွားတော.မယ်။ နင်.ကိုကျေးဇူးတင်ပါတယ်
 သွေးကစာကိုလှမ်းပေး လိုက်ပြီး စုစုလှိုင်ရှေ.မှ လှည်.ထွက်လိုက်သည်။ သို.သော်
 နေပါဦးသွေး ငါမေးပါရစေဦး စုစုလှိုင်က သွေးလက်တစ်ဖက်ကို လှမ်းစုပ်ကိုင်ရင်းမေးလိုက်သည်။ ပြီးမှ သတိရသွားဟန်ရှိရွှေ. သွေးလက်ကို လွှတ်လိုက်၏။
 သွေးလဲ ဘာပြောရမှန်းမသိ ကြောင်ပြီးငေး နေမိချိန်တွင် သွေးရင်ခွင်ထဲကို စုစုလှိုင်ရောက်နေပြီ။
သွေး .. နင် ရက်စက်တယ်ဟာ၊ နင်ဖြူအေးကို ချစ်နေတာ ငါသိရတော. ပိုဝမ်းနည်းမိတယ်။ နင်က ငါ.ကို ရှိတယ်လို.ကို မသတ်မှတ်ဘူးနော်၊ နင်နဲ.ဖြူအေးတို. ဘာဖြစ်နေကြလဲဆိုတာ ငါမသိပေမဲ. ငါ  သိတာ တစ်ခုပဲရှိတယ်။ငါ နင်.ကို ချစ်တယ်ဟာ။ ငါ နင်.ကို မိန်းကလေးတန်မဲ. ချစ်တဲ.အကြောင်းပြောရဲတာ နင်.ကြောင်.။ ငါမိန်းကလေးဖြစ်ရတာ မကြိုက်ဘူး၊ ငါ.ငါအရှက်မရှိတော.ဘူးသွေးရယ်.။
ပြောရင်း ရင်ခွင်ထဲမှာ ငိုနေသော စုစုလှိုင်ကို သွေးသနားသွားမိသည်။ သူမ အငိုတိတ်အောင်ပြောပြီး ပြန်ဖို.ပြောရုံမှအပ တစ်ခြားမရှိပြီ။ ယခုပုံစံမြင်ကွင်းကို တစ်ခြားလူများမြင်ပြီး သူတို.မှ တစ်ဆင်. ဖြူအေးသိသွားလျင် မကောင်းပါ။
သွေး စုစုလှိုင်ကို အလိုက်သင်.ထွေးပွေ.ရင်း အားပေးစကားဆိုလိုက်ရသည်။
စုစုလှိုင်၊ မငိုနဲ.ဟာ ငါ နင်.ကို နားလည်ပါတယ်။ ငါနင်.ကို ညီမတစ်ယောက်လိုချစ်တယ်။ အခုချိန်မှာတစ်ယောက်ယောက်မြင်သွားရင် မကာင်းဘူး။
သွေး သူမကို ရင်ခွင်ထဲမှ ထုတ်ပြီး မျက်ရည်တွေ သုတ်ပေးလိုက်တော.မှ စုစုလှိုင်အငိုရပ်သွား၏။မျက်ဝန်းထဲမှာ မျှော်လင်.ခြင်းများစွာနဲ.မော.ကြည်ပြီး
သွေး ဘာလို.နင်က ဖြူအေးကိုချစ်တာလဲဟုမေးလာသည်။ ခံစားချက်ကို ဖွံ.ပြောပြီးလို. စိတ်သက်သာရာရသွားသောကြောင်.စုစုလှိုင်မှာစကားကောင်းကောင်း ပြောလာနိုင်၏။
အေး ငါလဲ သေသေချာချာတော.မသိဘူး၊ ဒါပေမဲ. ငါ သူ.ကို အရမ်းချစ်တယ်ဟာ၊ တစ်ခါမှ မမက်ခဲ.ဘူးတဲ. အိမ်မက်ဆန်းတွေ သူကြောင်.မက်ခဲ.ရတယ်၊ ဘာနဲ.မှ မတူတဲ. ခံစားမှု တစ်မျိုးပဲ၊ ငါ အဲဒါကို ဘာနဲ.မှ မလဲနိုင်ဘူး
သွေး  ငါနင်.ကိုချစ်ရတာလဲ အဲဒီအတိုင်းတစ်ထပ် ထဲပဲ၊ဖြူအေးနေရာမှာ ငါဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ
အေးပါ ငါနာလည်ပါတယ်ဆိုမှ၊ နင်.ကို ငါ အထင်မသေးပါဘူး၊နင်လဲလူသားတစ်ဦးဘဲလေ၊ နင်.ရင်ထဲရှိတဲ.အတိုင်းပြောတာပဲ မဟုတ်ဘူးလား။ လာ ငါနင်.ကို  အိမ်ပြန်လိုက်ပို.ပေးမယ်
စုစုလှိုင်ကို ကျေနပ်အောင်ချော.ပြောပြီး သွေး ရှေ.ကနေ ခြေလှမ်းပြင်လိုက်သည်။ နောက်ကနေလိုက်လာသော သူမ ဘာတွေများတွေးလိမ်.မလဲ။ သွေး စိတ်တွေ ထွေပြားနေသည်။ စုစုလှိုင်တို.အိမ်ရှေ.အရောက်ဝယ်..
သွေး နင်ကို ငါအရမ်းချစ်ခဲ.သလို အရမ်းလဲလေးစားမိတယ် သိလား၊ ဒီနေဖြစ်ခဲ.သမျှကို ငါကျိုးစား မေ.ဖျောက်ကြည်.မယ်။ ဒါကလဲ နင်.ကို စိတ်ချမ်းသာစေချင်လို၊ နင်နဲ.ဖြူအေးတို. နှစ်ယောက် ဘ၀လမ်းဖြောင်.ဖြူးပါစေလို. ငါ ဆုတောင်းပေးလိုက်ပါတယ်။ ရော.ဒီမှာ ငါ.လက်ကိုင်ပ၀ါလေး၊ ပ၀ါ ပေးရင် ဝေးတတ်တယ် ဆိုလို. ငါပေးတာ။ ငါနဲ. နင် ဝေးမှ ဖြူအေးစိတ်ချမ်းသာမယ်မဟုတ်လားစုစုလှိုင်ပေးသော လက်ကိုင်ပ၀ါလေးကို သွေးလှမ်းယူလိုက်သည်။ မျက်ရည်များစိုရွှဲနေသော ကြောင်. လှပသော မျက်လုံးလေးများအစ်ဖူးနေပြီ။ သွေး စိတ်ထဲ ငိုချင်သလိုလို ဖြစ်လာရသည်။ စိတ်ကို မနည်းထိမ်းပြီးမှ
စုစုလှိုင် ငါလဲနင်.နဲ.ထပ်တူ ၀မ်းနဲရပါတယ်။ ရှေ.လျှောက် ငါ.ကိုတစ်ကယ်ချစ်တယ်ဆိုရင် အရာရာအားလုံးကိုမေ.ပစ်ပြီး ပျော်အောင်နေနော်။ ငါ နင်စိတ်ချမ်းသာ ပျော်ရွှင်တာကိုပဲမြင်ချင်ပါတယ်။ ငါသွားတော.မယ်နော်
အင်း..
စုစုလှိုင်ကိုနုပ်ဆက်ခါ ပြန်လာသော သွေးတစ်ယောက် စိတ်ထဲ လေးလံနေသည်။ လမ်းပေါ်ရှိ ကျောက်ခဲလေးများကို ခြေထောက်ဖြင်.ကန်ထုတ်ရင်း အိမ်သို. စိတ်ပျက်လက်ပျက်ပြန်လာခဲ.သည်။
စိတ်ထဲမှာ ဖြူအေးအကြောင်းပဲ ဆက်တွေးနေမိ၏။ ဖြူအေးရယ် နောက်နေ.တွေမှာလဲ ဒီလိုအဖြစ်မျိုး ထပ်မကြုံပါရစေနဲ.နော်.။ နောက်တစ်ခါနင်နဲ.တွေ.ရင် ချစ်တယ်လို.ပြောဖြစ်အောင် ပြောမယ်ဟု အထပ်ထပ်အခါခါတွေးရင်းဖြင်. သွေး အိမ်ကို ရောက်ခဲ.ရသည်။
 ဖြူအေးနှင်. မတွေ.ရသည်မှာ ၂ ပတ်ကျော်ကြာလာခဲ.သည်။ အဆောင်တွင်လဲဖြူအေး မနေတော.ပါ။ သူမဖခင်ရှိသော သစ်တောကြိုးဝိုင်းမှာ ပြောင်းနေရသည်၊ ဖခင်ကို အနီးကပ် ပြုစုပေးနေရသည်ဟု  ဖြူအေးရေးပေးသော စာအရသိရ၏။ ဦးစိန်ခိုမှာလည်း ဦးနောက်နှင်.အာရုံကြောထိခိုက်သွားရသဖြင်. ကျမ်းမာရေး ပိုရွှေ.ဆိုးရွှားလာနေကြောင်း၊ အလုပ်အားလုံးကို ဖြူအေးဦးလေးဖြစ်သူ ဦးစိန်ညိုမှ ၀င်ရောက်လုပ်ကိုင်ပေးနေကြောင်း အပြည်.အစုံရေးပြထားသည်။ တစ်ရက်ကျမှ လူမမာ သတင်းမေးရင်း ဖြူအေးဆီသွားမည်ဟုဆုံးဖြတ်လိုက်သည်။  ဒီကြားထဲ နှစ်ဦးသား မတွေ.ဆုံမိကြပါ။  သွေးတစ်ယောက်လဲ ဖခင်၏ အလုပ်ကို ၀င်ရောက်လုပ်ကိုင်ပေးနေရသည်။ ယခုမှ မိဘ လုပ်ငန်းအားစောက်ချလုပ်ပေးနိုင်သဖြင်.ဖခင်ဖြစ်သူမှာလဲ သက်သာရာရတော.သည်။
 လုပ်ငန်းခွင်ဝင်နေသော သွေး မှာ စိတ်က ဖြူအေးထံသာ ရောက်နေသည်။ ဖြူအေးရယ် နင်နဲ. တစ်ခါလောက် တွေ.ချင်ပါသေးတယ်။ နင်ကြိုက်တတ်တဲ. ဘောလ်ပင်လှလှလေးရယ် ပိုက်ဆံအိတ် လှလှလေးတစ်လုံးရယ်ကို ငါနင်နဲ.တွေ.ရင်ပေးဖို.၀ယ်ထားတယ်။ နင်နဲ.တွေ.မှ နင်.လက်ကလေးကိုင်ပြီး၊ ငါ နင်.ကိုဘယ်လောက်အထိချစ်တယ်ဆိုတာ ပြောပြမယ်ဟာ။ သစ်တုံးတွေကိုဖြတ်တဲ.လွှသွားထက် ချွှန်မြတဲ.စကားလုံးတွေ ငါရွှေးထားတယ်။ နင်.ကိုချစ်တဲ.စိတ်နဲ.မတွေ.ရမချင်း သစ်တုံးတွေ လေးသလို ငါ.စိတ်တွေလးလံနေတယ်။
ငါပြုစုနေကြ စာရင်းဇယားစာရွှက်တွေနောက်မှာ နင်.ရဲ.မျက်နှာကိုပဲ ငါ တွေ.နေရတယ်။
အဝေးမှာရှိတဲ. မှိုင်းပြပြ တောင်တန်းတွေကနေတစ်ဆင်. ငါ.ချစ်စကားတွေ ပဲ.တင်ထပ်ပြီး နင်.ဆီ ပျံဝဲလာစေရမယ်။ ယုံပါဟာ၊ နင်.ကိုလွှမ်းလို. ညို.နေတဲ.ငါ.မျက်နှာကို ကြည်.ပြီး ငှက်လေးတွေ လှောင်ပြောင်တာကို မခံချင်တော.ဘူး။
သွေး အတွေးတို.ရပ်ပြီး သစ်တန်တွက်လက်စ စာရင်းကိုအပြီးသတ်လိုက်၏။ ဖြူအေးကို သိပ်မကြာခင် သွားရောက်တွေ.ဖို. ဆုံးဖြတ်လိုက်သည်။ သို.သော် ယခုပင်လျင် သွေး၏စိတ်တို. လျင်မြန်သော အဟုန်ဖြင်. ဖြူအေးရှိရာကို ရောက်ရှိနေပြီ။ ဖြူအေးရော သွေးကို စောင်.မျှော်နေမှာလား။ အချိန်တန်တော. နေမင်းကြီး လက်ပြနုပ်ဆက်ချိန်ရောက်မှ အလုပ်တွေရပ်နားထားလိုက်သည်။
မနက်ဖန်အတွက် အသက်ဆက်အောင် အားဆေးတစ်ခွက် ကိုယ်.ကိုပေးပါလား ဖြူအေးရယ်……..။
အခန်း ( ၈ )
  မိုးတွေ သဲကြီးမဲကြီး ရွာချနေသည်။ မိုးသက်လေပြင်းများက သွေး၏ဦးခေါင်းအထက်က မြက်ခမောက်ကို ပင်.လှန်ပစ်လိုက်သည်။ မြေလမ်းပေါ်  ဦးထုပ် ကျသွားလို.ကုန်းကောက်လိုက်စဉ် ကောင်းကင်မှလျပ်စီး ဖျစ်ကနဲ လင်းလက်သွားသည်။ မြေပြင်ပေါ်ရှိ ရေပြည်.နေသော ချိုင်ခွက်.လေးများ ပေါ် ရောင်ပြန်ဟပ်သွားကာ  ကောင်းကင်ကြီးအရောင်တောက်တာ တွေ.လိုက်ရသည်။ ညကြီးမိုးချုပ် မိုးသားအောက်ဝယ် မြန်မြန်လျှောက်နေသောသွေး မောဟိုက်နေပြီ။ ချွေးနှင်.မိုးရေ တို.ရောနှောကာ တစ်ကိုယ်လုံးရွှဲရွှဲစိုနေသော်လည်း မရပ်မနား ခပ်သုတ်သုတ် မပြေးရုံတမယ် သွားနေ၏။
 ခြေဦးတည်.ရာ လျှောက်သွားနေမိသည်ကို သွေး စိတ်ကုန်နေသည်။ အနောက်က တစ်ခုခု ကပ်လိုက်လာနေသလိုခံစားရရွှေ.  အမှောင်ကြီးထဲ ပြေးနေမိပြန်သည်။
တစ်အောင်.လောက်ကြာသော် ခြေထောက်တို.မခံရပ်နိုင်အောင် နာကျင်လာသောကြောင်. လယ်ကွင်းပြင်ကြီးအလယ် သွေး ခဏရပ်နားလိုက်သည်။ လျှပ်စီး လက်တဲ.အချိန်သာ လောကတစ်ခွင်ကို သဲသဲကွဲကွဲ မြင်ရသည်။ သွေးတစ်စုံတစ်ရာကို ကြောက်နေမိပြန်သည်။  လျပ်စီးပိုလက်ခါ နီးစပ်ရာပတ်ဝန်းကျင်ကိုမြင်ရရွှေ. သေွး အားတက်လာပြီး ကြောက်တဲ.စိတ်လျော.နဲသွားသည်။ ထိုအချိန်တွင် လူတစ်စုမှ သေနပ်များကိုင်ကာ လူနှစ်ဦးကို ကန်ကျောက်နေသည်ကို ခပ်လှမ်းလှမ်းမှာတွေ.လိုက်ရသည်။ လဲကျပြီးအကန်ခံရသောသူ၏လက်ထဲမှ အထုပ်တစ်ထုပ်ကို သေနပ်ကိုင် လူတစ်ယောက်က အတင်းထုနှက်လုယူနေသည်။ လဲကျနေသူကလည်း သေမလောက်အောင်ရိုက်နှက်နေသည်.ကြားမှ အထုပ်ကို လက်လွှတ်မခံ အတင်းပြန်လုယူသည်။
အဆုံးတွင် သေနှပ်သမားများက မြေပေါ် လဲကျနေသော လူနှစ်ဦးစလုံးအား ပစ်သတ်ပြီး အထုပ်ကို ယူသွားကြသည်။ သွေး သတိဝင်လာချိန်တွင် ထိုသူတို. ထွက်ခွာသွားကြပေပြီ။ 
သွေး ကြောက်ကြောက်လန်.လန်.ဖြင်. အသတ်ခံရသော သူနှစ်ဦးနားအရောက် လှမ်းကြည်.လိုက်သည်။
မျက်နှာမှာ သွေးအလိမ်းလိမ်းပေကျံနေသည်. လူနှစ်ယောက်၊ အသက်နှင်.ခန်ဓါ ကင်းမဲ.နေကြသည်။ လျပ်စီးတစ်ချက် အလက်မှာ မျက်နှာများကို ထင်းကနဲမြင်လိုက်၏။ သွေး တုန်လှုပ်သွားခါ ပါးစပ်မှ လွှတ်ကနဲ အော်လိုက်မိတော.သည်။
 ဖေဖေ……….မေမေ………ဟား၊ လာကြပါဦးဗျာ၊ ကယ်ကြပါဦး၊ ဟီးဟီး  .  
ဘယ်သူမှ မရှိကြတော.ဘူးလား၊ ကယ်ကြပါဦးဗျာ
သွေး ၀ုန်းကနဲ ကုတင်ပေါ်က ပြုတ်အကျ ဒူးဆစ်တို. အောင်.သက်သက်ဖြင်.နာကျင်သွားရသည်။
သွေးတစ်ကိုယ်လုံးမြင်မကောင်းအောင် ချွေးတွေရွှဲနေသည်။
ဟဲ.သား သွေးဇာနည် ဘာဖြစ်တာတုန်း မိခင်မှာ သွေး၏ လန်.အော်သံကိုကြားသဖြင်. သွေးအခန်းထဲသို. ကပျာကယာ ရောက်လာသည်။ ထို.နောက် တစ်မိသားစုလုံး အကုန်ဝင်လာကြပြီး သွေးကို ထူးဆန်းသလို ၀ိုင်းကြည်.နေကြသည်။
မေမေ မောင်လေးကို မကောင်းဆိုးဝါး ၀င်ပူးတာနေမှာ
ဟာပေါက်တက်ကရ မပြောနဲ. သူ အိမ်မက်မက်ပြီးယောင်အော်တာဖြစ်မယ်
ဖခင်က သူအထင်ကို ၀င်ပြောသည်။
သွေးလဲမိမိ ကိုယ်တိုင်အိမ်မက် မက်ခဲ.တာပဲဟု သိလိုက်၏။
ကျွန်တော် ဘာမှ မဖြစ်ပါဘူးမေမေ၊ အိမ်မက်ဆိုး မက်လိုက်မိလို.ပါ။ အိမ်မက်ထဲမှာ ဖေဖေနဲ. မေမေကို လူဆိုးတွေက သေနပ်နဲ.ပစ်သတ်ကြတာ၊ အဲဒါ သားကြောက်သွားလို. ယောင်အော်မိတာပါ
 အမေလေးသားရယ် အိမ်မက်ဆိုတာ တကယ်မှ မဟုတ်တာပဲ။ နေဦး ၊အကြီးမ ရေတစ်ခွက်သွားခပ်ခဲ.
အမဖြစ်သူယူလာပေးသောရေကို အားရအောင်သောက်လိုက်သည်။
ကဲသား ပြန်အိပ်တော. ဘာမှ မစဉ်းစားနဲတော.ဟုတ်လား။ မေမေတို.ဘာမှ မဖြစ်ဘူး
မိသားစု အကုန်လုံး တစ်ယောက်မကျန် အခန်းပြင်ပ ထွက်သွားတော.မှ သွေး ပြန်အိပ်လိုက်သည်။
စောစောက မက်သော အကြောင်းကို တစ်ခါပြန်မက်မှာ သွေးစိတ်ပူမိသည်။
သွေး ဖေဖေ၏ရေဒီယိုသံ ကြားသဖြင်. မနက်ပိုင်းအိပ်ရာမှ နိုးလာရသည်။ ငှက်ကလေးများ သစ်ပင် တစ်ပင်မှ တစ်ပင် ကူးလူးပျံသန်းနေသကံကိုကြားရသည်။ ဖခင်ဖြစ်သူက နိုင်ငံရေးသတင်းကိုစိတ်ပါလက်ပါ နားထောင်နေပြီး၊ ထုံစံအတိုင်း အမေနှင်. အမတို. ဘုန်းကြီးတန်းဆွမ်းလောင်းလှူချိန်မီရန် မီးဖိုခန်းထဲမှာချက်ပြုပ်နေသည်။  နိုင်ငံရေးသတင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.အစည်းများထဲမှ ၀ နှင်. ကိုးကန်. အဖွဲ.တို.သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ.ဖြင်.နှစ်အနည်းငယ်အတွင်း ငြိမ်းချမ်းရေးယူကာ သဘောတူလက်မှတ်ရေးထိုးနိုင်ရန် စေ.စပ်ဆွေးနွေးနေကြောင်းပါလာသည်။ တစ်ခြားစိတ်ဝင်စားစရာ နိုင်ငံရေးအကျဉ်းသားများအကြောင်းလဲပါသည်။ လာမည်. ၁၉၈၉-၉၀ စာသင်နှစ်တွင် တက်ကသိုလ်နှင်. ကျောင်းများကို ရက်အကန်.အသတ်မရှိ ပိတ်မည်ဆိုသည်.အကြောင်း၊ နိုင်ငံအတွင်း ဒီမိုကရေစီ တည်ဆောက်ဖို.ရန်အတွက် ပါတီစုံ ရွှေးကောက်ပွဲ မကြာခင် ကျင်းပပေးမည်.အကြောင်းစုံလင်စွာ ပါရှိသည်။ သွေးကမျက်နှာသစ် သွားတိုက်နေရင်း
ကြားမိသည်.သတင်းများကို စိတ်ထဲမှာ လိုက်မှတ်နေ၏။ မိခင်မှ ပြင်ထားပေးသော မနက်စာ ငချိတ်ပေါင်းနှင်. တို.ဟူးကြော်စားရင်း မနေ.ညက အိမ်မက်ကို သတိရလိုက်သော် သောက်လက်စရေနွေးကြမ်း လည်ချောင်းထဲ သီးသွားသည်။ ဖွ   အဲဒီအိမ်မက်လို အပြင်မှာ တကယ်မဖြစ်ပါစေနဲ. လို.တစ်ယောက်ထဲ တွေးနေသည်။
မီးဖိုချောင် ထဲမှ ထွက်လာသော မိခင်က သွေးနဖူးလေးကို တစ်ချက်စမ်းကြည်.ပြီး
သား ကိုယ်နဲနဲပူတယ် ဒီနေ. အိမ်မှာပဲနေလိုက်။ ရေမချိုးနဲ. ဒီငချိတ်ပေါင်း ထပ်မစားနဲ.တော.။ တော်ကြာ အစာမကြေပဲနေဦးမယ်၊ ကော်ဖီနဲ.ပေါင်မုန်.ကိုပဲ စားနော်သားဟုသွေးကိုပြောသည်။
  ဟုတ်ကဲ.မေမေ၊ အခုလဲရင်ထဲမှာတစ်မျိုးကြီး အစာမကြေသလိုဖြစ်နေသလားလို.
တွေးနေတာသွေးမိခင်ကို ပြောအပြီး မိမိအိပ်ခန်းထဲဝင်လိုက်သည်။
ကုတင်ပေါ် လှဲချလိုက်စဉ်မှာ ဖြူအေးရဲ.ပုံရိပ်များ သာ သွေးရဲ.အနား ၀ဲလည်ရိုက်နေသည်။
သွေး စဉ်းစားနေမိသည်. ၈၀ ရာခိုင်နုန်းသည် ဖြူအေးအကြောင်းများသာဖြစ်သည်။ နေထိုင်ကောင်းလာလျင်ဖြူအေးထံသွားဖို. ထပ်မံဆုံးဖြတ်လိုက်သည်။
ဖြူအေး နင်နေကောင်းရဲ.လား၊ နင်.အဖေရော သက်သာလာပြီလား၊ ငါနင်နဲ.တွေ.ရင် ဘာကူညီရမလဲ။ မေးခွန်းတွေ တစ်ခုပြီးတစ်ခုထွက်လာသည်။ စိတ်က ဖြူအေးအနားရောက်နေပြီ။ ဖြူအေးရယ်အဖန်တစ်ရာထေနေတဲ. ငါ.အတွေးတွေကို အဖော်ပြုနေရတာ ကြာပြီဟာ။ နင် ငါ.အနားမှာရှိရင် ငါဖတ်ထားတဲ.စာအုပ်တွေအကြောင်း ငါပြောပြမယ်။ ရေဒီယို သတင်းထဲက လူ.အခွင်.အရေးတို.၊ ဒီမိုကရေစီတို.ကို ငါအသေအချာမသိပေမဲ. နင်.ကိုချစ်တဲ.အဓိပါယ်ကိုတော. ငါ. နှလုံးသားကသိသလောက် နင်.ကိုပြောပြမယ်။  ငါအတွေးထဲမှာ လောလောဆည် နိုင်ငံရေး သတင်းတွေ ပဲ.တင်ထပ်နေတယ်။ နိုင်ငံရေးဆိုတဲ.ဝေါဟာရကိုလဲ ငါမသိပါဘူး၊ ဒါပေမယ်. ငါတို.နဲ.သက်တူရွှယ်တူလေးတွေ ပစ်သတ် ဖမ်းဆီးခံရတာတွေ ကြားရတိုင်း ငါစိတ်မကောင်းဘူး၊ နင်ရောစိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ နင်လဲငါ.လိုပဲ စိတ်မကောင်းဖြစ်မိမှာပါ။ ငါ.အဖေကပြောဘူးတယ်။ လူ. ရယ်လို.ဖြစ်လာရင် သိထားသင်.တဲ. အကြောင်း ၃ ခုရှိတယ်တဲ.။ ၁။ ဘ၀ ဆိုတာဘာလဲ၊ ၂။ လူ သတ်တ၀ါ ဆိုတာလာလဲ၊ ၃။ ဘ၀ရဲ.တိုးတက်ခြင်းဆိုတာ ဘာလဲ၊ ဒီ ၃ခုကိုသိရင် လူ.အခွင်.အရေး ဆိုတာ နားလည်နိုင်တယ်တဲ.။ ငါအဖေက သူသိသလောက်ပြောပြတယ်။ သက်ရှိဘ၀ ဆိုတာ မွေးရာမှ သေသည်.ကာလ အတွင်း ရုန်းကန်ရပ်တည်ရသော အချိန် ကာလ တစ်ခုလို. အဘိဓါမ် စာအုပ်ထဲက အဓိတ်ဘယ်ထက် ပိုတယ်တဲ.။ သူကဘာနဲ. နိုင်းပြသလဲဆိုရင် ဘ၀ ဆိုတာ ဂြိုလ်တစ်ခုကို အရံလ ၃ စင်းဝိုင်းပတ်နေတာမျိုးလို.ပြောတယ်။ အဲဒီ လ တွေက ၂၄ နာရီ မပျက် လည်ပတ်နေတာတဲ.။ အဲဒီ လ ၃ စင်းက လောဘ ဒေသ နဲ. မောဟတို.ဖြစ်တယ်။ လူတွေရဲ.ဘ၀ကို ဒီ ၃ ခုက များသောအားဖြင်. တစ်လှည်.စီ ဒူက်ခပေးနေကြတာတဲ. ၊ အိပ်ပျော်နေတဲ.အချိန်မှာတောင်သူတို.က ကြီးစိုးထားတယ်တဲ.။ အဖေက သူတွေးတတ်သလောက် ကျိုးစားပြီး ငါတို.ကို ဆုံးမထားတဲ. သာဓကတစ်ခုပါ။
နောက်တစ်ခုက ငါတို.ကို အကျင်.ဆိုးတွေ မလုပ်ရအောာင် ပြောတဲ.အရာ။ လူနဲ.သက်ရှိသတ်တ၀ါဆိုတာ အကျင်.ရဲ.သားကောင်တဲ.၊ ငါ အရက်ကို မကြာမကြာသောက်ရင်း သောက်ရင်း၊အကျင်.တစ်ခုဖြစ်လာပြီး သောက်ချင်လာမှာတဲ.၊ ကောင်းတဲ.အကျင်.ဖြစ်တဲ. တရားအားထုတ်မှုကို မကြာမကြာပြုလုပ်ရင် တရားပဲထိုင်ချင်လာမှာလို.ပြောတယ်။ ကုန်ကုန်ပြောရရင် တောထဲက ကျားတောင် အစာရှာထွက်ရင် ဒီလမ်းအတိုင်းလာ ဒီလမ်းအတိုင်းပြန်ကြလို. မုတ်ဆိုးတွေ က ကျားတွေကို ခြေရာခံကြည်.ပြီးဖမ်းနိုင်တာတဲ.။ အဲဒီတော.ဟာ  သက်ရှိမှန်ရင် အကျင်.ရဲ.သားကောင်တွေလို.ပြောလိုက်တာပဲ။
နောက်ဆုံးတစ်ချက်က ဘ၀ရဲ တိုးတက်ခြင်းဆိုတာ ရပ်ပိုင်းဆိုင်ရာတိုးတက် လာခြင်းနဲ. စိတ်ပိုင်းဆိုင်ရာ တိုးတက်ခြင်း နှစ်ခု ကို မျှခြေဖြစ်အောင်လုပ်ထား၊ထိမ်းထားနိုင်ခြင်း၊ညှိယူခြင်းကိုဆိုတာလို.ပြောတယ်၊ လူတွေလဲ အချင်းချင်း အဲဒီ တိုးတက်ခြင်းနှစ်ခု ညီမျှအောင် မလုပ်နိုင်သရွှေ. တိုက်ခိုက် ဆန်.ကျင်ခြင်းတွေ ရှိနေမှာပဲလို. အဖေကပြောတယ်။ ကျောင်းသားတစ်ရောက် ချမ်းချမ်းသာသာနဲ.၀တ်ကောင်းစားလှ ၀တ်ထားသော်လဲ စိတ်ဓါတ်က သူများအပေါ်ညစ်ပတ်တဲ.စိတ်ရှိနေရင် သူက တိုးတက်သော ကျောင်းသားလို.ပြောလို.မရသလိုပေါ.။
အဲဒီတော.ဖြူအေး နင်ရော ငါပါ တကယ်.တိုးတက်တဲ.ခေတ်ကြီးကိုပိုင်ဆိုင်ဖို. စိတ်ပိုင်းအရ၊ ရုပ်ပိုင်းအရ မျှတအောင် ပြုလုပ်ရင်း ရှေ.လာမဲ.အနာဂါတ်ကို အတူတူ လျှောက်လှမ်းရအောင်နော်……..
သွေး အဆုံးအစမဲ. မိုးကောင်ကင်ကိုကြည်.ပြီး ဖြူအေးနဲ.အတူ စိတ်ကူးထဲမှာ တောင်စဉ်ရေမရ စကားတွေ ပြောနေရသည်။ တစ်နေ.လုံး အနားရလို. အလုပ်မရှိချိန်သည် ဖခင် အလုပ်ကို ကူလုပ်ပေးရသည်.အချိန်ထက် ပိုရွှေ.ပင် မောပန်းစေသည်။
အရွှယ်လေးရလာသောသွေး အတွေးအခေါ်များလဲရင်.ကျက်လာရသည်။ ဖြူအေးနှင်.တွေ.လျင်ပြောမည်ကြံထားသည်.အရာများ သူမအရှေ.ရောက်ခါမှ စကားလုံး မဲ.သော ဟင်းလင်းပြင်ကြီး ဖြစ်မှာကိုစိုးရိမ်နေရသည်၊ ထို.ကြောင်. သွေးမှာ အတွေးများဖြင်. စကားလုံးတွေကို နေ.တိုင်းမေတာ ကြိုးဖြင်.သီကုံးနေတတ်သည်။
ချစ်သူ. မင်း ငါ.အနားရှိပေးနော် ၊ ငါမင်းကို တစ်သက်လုံး အလင်းရောင်ပေးပါမယ်.။
ဒါမှ ညီမျှခြင်း တွေနဲ. တို.နှစ်ယောက်အတူတူ ဆောက်တဲ.သာယာသော.အိမ်ကလေး လင်းလက်စေမယ်လေ………..။ ငါ. အတွက်တော. သဘာဝရဲ. အမှောင်နဲ. အလင်း နှစ်ခုစလုံး လိုအပ်တယ်ဖြုအေးရယ်………
 အခန် ( ၉ )
 သစ်လုံးများကို ဆင်ကြီး၏ လုပ်အားဖြင်. သစ်တင်ကားပေါ်မ တင်ပေးသံ  အဝေးမှပင်ကြားရသည်။ လွှဝိုင်းစက်ရှိရာ အသွားတွင် ခုတ်ပြီးသားကျွန်းပင်တို.ကို သင်းသတ်တဲ.သူကသတ်ကြသည်၊ သစ်ခေါက်ခွာသူက ခွာနေသည်ကိုတွေ.ရသည်။ သွေးတို. လုပ်ငန်းတွင်  လုပ်ကွက် နှစ်မျိုးရှိသည်။ သင်းသတ် သစ်ခေါက်ခွာပြီးသား သစ်လုံးအတိုင်း တန်တွက် တင်ပို.ရောင်းချခြင်းနှင်. သစ်လုံးများကို လွှဝိုင်းစက်ဖြင်.လွှာပြီး စိုဒ်စုံ သစ်ချောင်းများပေကြိုးဆွဲ ရောင်းချခြင်းတို.ရှိသည်။ လည်းကောင်း သစ်ချောင်းများကို ပြန်စိပ်သားဟုခေါ်သည်။ ပေ မမီ သော၊ လုံးပတ် မလှသော သစ်ကြမ်းများကို မျှောတိုင်အဖြစ်လည်းရောင်းရသည်။ တစ်ချို.မြို.များတွင် ထိုမျှောတိုင်များကို ဓါတ်တိုင်များအဖြစ် အသုံးပြုကြသည်။ သစ်ပင်များ အား သစ်ခေါက် ခွာပြီးပါကလည်း ပကာ သားများဟုခေါ် ပြီး မီးစိုက် ထင်းအဖြစ် ရောင်းချကြသည်။ ဆိုသော် သစ်ပင်တိုင်း လွှင်.ပစ်စရာ ဘာမှ မကျန်တော.ပါ။  သစ်များ ခုတ်ပြီးပါကလည်း သစ်တောဌာန၏ ထုတ်ပြန်ချက်အရ သစ်ပျိုးပင်များအသစ် စိုက်ပေးရသည်။   သစ်လုံအရေအတွက်အား တရားဝင်တင်ပြပြီး နံပါတ်ရိုတ်နှိပ်ရသည်။ထုတ်လုပ် ပြီးသော စာရင်းကို သယ်ယူပို.ဆောင်မည်. ဒေသအထိ ရောက်ရန် မျှောစာလိုသည်.အတွက် သစ်တော ဦးစီးဌာနမှာ တင်ပြတောင်းခံရသည်။
ပြန်စိပ်စက် ထဲရောက် သော် လွှဝိုင်း ဆရာမှ လက်ပြနုပ်ဆက်သည်။ သွေး ရေနွေးကြမ်း တစ်ခွက် ယူသောက်လိုက်ပြီး ခွဲစိပ်ပြီးသော သစ်ချောင်းများအား ပေမီ မမီ ချိန် ကိုက်ကြည်.ရသည်။ ၄ လက်မ ပတ်လည် ကိုက် မကိုက်၊ ၅-၂ လက်မ အမှာရှိလျင်လည်း လက်မပြည်.မပြည်.ပေတံ အသေးလေးဖြင်. စစ်ဆေးကြည်.ရပြန်သည်။
ပြန်စိပ် စက်တွင် လွှဝိုင်းဆရာသည် အဓိက အရေးပါသူဖြစ်သည်။ ထိုသူ မှားယွင်းစွာ လုပ်ခဲ.မိပါ က အပါယ်သားဖြစ်ကုန်ပြီး ဘေးပုပ်များကာ အလေအလွင်.များနိုင်သည်။ ထို.ကြောင်. သွေးက လွှဝိုင်းရှိရာသို. မကြာခဏ လာလာ သတိပေးနေရသည်။
သွေး ပက်လက်ကုလားထိုင်မှာထိုင်ပြီး လွှဝိုင်းတင်နေသည်ကိုကြည်.နေလိုက်သည်။
ယနေ.သွေး နဲနဲ ပင်ပန်းရသည်။ သွေး၏ဖခင် မန်းတလေးသို. ကုန်ပို. ပြီး၊ကုန်ဖိုးသွားတောင်းခိုက်မှာ လုပ်ငန်းတာဝန်ကို အချိန်ပြည်.လုပ်နေရသည်။ ဖြူအေးနှင်. မနက်ဖန် တွင်တွေ.ဆုံဖို. စာရေး ချိန်းထားပြီးပြီ။ ဒါကြောင်. နှစ်ရက်စာ ပေါင်းလုပ်ခိုင်းနေရရွှေ. အားလုံး ပင်ပန်းနေသည်။
ဖခင်မှာ ခရီးတစ်ခါ ထွက်လျင် ၄ ရက်လောက်သာ ကြာတတ်သည်။ ယခုတစ်ကြိမ်တွင် တစ်ပတ်ကျော်သည်အထိ ပြန်မရောက်သေးပါ။ ဖခင် ဒီနေ.တော. ပြန်လာမည်ဟု သွေးသေချာပေါက် တွေးထင်နေမိသည်။သွေး၏ မျက်လုံများမှေးစင်းလာသည်၊ မနက်တစ်ပိုင်း ပင်ပန်းမှုကြောင် မှေးကနဲ ခေတ်တခဏ အိပ်ပျော်သွားရသည်။
သွေးဟေ. သွေး။
 သွေး မည်မျှကြာအောင် မှေးနေမိသည်မသိ အလုပ်သမားတစ်ယောက်လာနှိုးမှ အသိဝင်ခါ နိုးလာသည်။ မျက်စွပွတ်ကြည်.လိုက်၏်။ ဖခင်နှင်.အတူ မန်းတလေးကို လိုက်သွားသော စာရင်းကိုင် ဦးကြီး က သွေးကို စာရွှက်များ လက်ကမ်း ပေးလာတာ တွေ.လိုက်၏။
ဟာ စာရေးကြီး၊ ပြန်လာကြပြီလား။ ဖေဖေရော ပြန်လာပြီပေါ.သွေး မက်တပ်ထရပ်ခါမေးလိုက်သည်။
ငါ.တူ ကို ဘယ်လိုပြောရမလဲကွာ၊ အဖြစ်က ဒီလိုကွ……………………….
 သွေး ခါင်းထဲမှာ ဒိန်းကနဲ သွေးနားထင် စောင်.တက်သွားရသည်။ မိမိနားကိုမိမိ မယုံနိုင်ပါ။ အဖြစ်တို.က တစ်ကယ်ရောက်လာတာလား။ ကြားခါစ စကားတို.သည် သွေး၏ ခန်ဓာကိုယ်တစ်ခုလုံးအား လေဟုန်ပြင်းပြင်းနှင်.ဆွဲငင်ခေါ်ဆောင်သွားသလို ခံစားလိုက်ရသည်။ ပြောလာသူ ဦးကြီး၏မျက်နှာကို ထပ်ခါတစ်လဲလဲ ကြည်.နေမိသည်။ ဦးလေးကြီး၏ နုပ်ခမ်း ဖွင်.ချီ ပိတ်ချီ ဖြင်.လှုပ်ရှား ပြောနေပုံကိုသာ မြင်ရပြီး ပြောပြသော စကား မကြားရအောင်ပင် နားတို. ထူပူနေသည်။   အပြင်မှာပူပြင်းသော နွေရာသီအပူထက် သွေးကိုယ်တွင်းအပူက ပိုရွှေ.ပူလာသည်။ နုညံ.သည်. နုလုံးသားအထက်ရှိ ခပ်ပါးပါး အလွှာ ကျုံ.၀င်သွားသဖြင်. အသက်ရှုကျပ်လာသည်။
ဟုတ်ရဲ.လားဦးလေးရယ်၊ မဖြစ်နိုင်တာ မပြောပါနဲ.ဗျာ။
ဟုတ်တယ်ငါ.တူ မင်းအဖေကို မန်းတလေးမြို.မှာ သစ်တင်ကားတွေနဲ.အတူ ချုပ်ထားတယ်။ သက်ဆိုင်ရာက မင်းတို.ကို စာပို.အကြောင်းကြားဖို. ဦးလေးကို လွှတ်လိုက်တာ။အဲဒါက အမှုတွဲ စွဲချက်တင် စာတမ်းမိတ်တူ
ဘာကြောင်.ဖေဖေကို ဖမ်းတာလဲ၊ ကျွန်တော်တို. မျောစာနဲ.အတူ တင်ပို.တာ၊ ခါတိုင်းလဲ ဒီလို တရားဝင် ပို.နေကြပဲဟာ၊ ဦးလေးလဲအသိပါ
သူတို.ပြောတာက မျောစာထဲ ပါတဲ.သစ်တန်ရေထက် ပိုတင်လာလို. ဖမ်းတာတဲ.ပုဒ်မက ခြောက်တစ်နဲ.။သွားပို.တဲ. ကားတန်းကို အရင်ဖမ်းပြီး၊ မင်းဖေဖေ ကိုတော. တည်းခိုနေတဲ.နေရာမှာ လာခေါ်သွားကြတာ ဦးလေးအရှေ.မှာတင်ပဲ။
ဒါဆိုဘယ်လိုလုပ်ရမလဲဗျာ၊ မေမေကို ဒီအချိန်မှာအသိပေးလိုက်ရင် သေသွားနိုင်တယ်။
သွေးပြောအပြီး ပိုရွှေ.စိတ်မောလာရသည်။ ယခုတစ်လော မိခင်၏ကျမ်းမာရေးမှာ ပိုပြီးဆိုးလာနေသည်။ အမ လတ်က ယောက်ကျားနောက် ခိုးရာလိုက်ထားရွှေ. ပြသာနာ ပူပူနွေးနွေးဖြေရှင်းပြီးကာစအချိန်၊ အခုတစ်ဖန် ဖခင် ဖမ်းခံထားရကြောင်း ထပ်ပြီးပြောလို.မဖြစ်ပါ။ မြွေပူရာကင်းမှောင်.ဆိုသလိုဖြစ်မည်။သွေး၏ ညီလေးနှင်. ညီမလေးတို.မှာ ဘာမျှမသိသေးသော အရွှယ်များဖြစ်ကြသည်။ အားလုံးတွင် မိမိမှ လွဲရွှေ. အားကိုးရနိုင်မည်.သူ ရှိမည်မဟုတ်ပါ။ သွေးအားတင်းကာဖြင်.သိချင်တာမေးလိုက်၏။
ဦးလေး ကျွန်တော်တို.ဘာဆက်လုပ်သင်.သလဲ၊ အကြံပေးပါဦးဗျာ
  မင်းနဲ. ဦးလေးတို.နှစ်ယောက် မင်းအဖေဆီ အရင်သွားတွေ.ရအောင်ကွာ။ ပြီးမှ မင်းအဖေနဲ.တိုင်ပင်ပြီး ရှေ.ဆက် လုပ်စရာရှိတာ လုပ်ကြတာပေါ.လာပြောပြသောဦးလေးက လည်းကောင်း၏ အိမ် ကို ခေတ်တ ပြန်ဦးမည်ပြောကာ ထွက်သွားသည်။ ဦးလေးကြီး၏ကြောပြင်ကိုငေးကြည်.နေရင်းက တစ်ခါမှ မကျဘူးသောမျက်ရည်ပူတို. ကျလာရသည်။ စိတ်ကိုအားတင်းပြီးမကျအောင်တားသော်လဲ ရင်တွင်းအပူစေ.ဆော်မှုကြောင်.မျက်ရည်တို. တစ်လှိမ်.လှိမ်.ကျနေပြန်သည်။ ဖြစ်ရလေ ဖေဖေရယ်၊ သားဖေဖေ.ကို အရမ်းချစ်၊ အရမ်းလေးစားရပြီး သနားမိတယ်ဗျာ။ အချိန်ကြာကြာငိုကြွေးမိသည်.သွေး၊ မျက်နှာထူအမ်း နီရမ်းလာသည်.မျက်လုံးတို.ကို လက်ဖ၀ါးဖြင်. သပ်ချလိုက်သည်။ သွေး မိခင်ကို ဘယ်လိုပြောပြရမည်နည်း။ မဖြစ်ပါ မိခင်ကို အမှန်အတိုင်း မပြောသေးပဲ ဖခင်က သွေးကို မန်းတလေးမှာ အလုပ်များနေလို. ခဏ လိုက်လာဖို.ခေါ်ကြောင်းပြောရမည်။ ဒီအကြောင်းကို အလုပ်သမားများကိုလဲ အသိမပေးရန် သွေးတစ်ယောက်ထဲ ဆုံးဖြတ်လိုက်သည်။
မျက်နှာအား သေချာစွာဆေးပစ်လိုက်ပြီး သွေး အိမ်ပြန် ဖို.ခြေလှမ်းပြင်လိုက်တော.သည်။
 သွေး အိမ်ပြန်ရောက်တော. မိခင်.ကို အိမ်အောက်ထပ်ရှိ  ပက်လက်ကုလားထိုင်ပေါ် နားနေတာ တွေ.လိုက်သည်။ သွေးကိုမြင်တော. အပြုံးဖြင်.ကြိုဆိုနေသည်။ အမကြီးမှာ အိမ်ခန်းထဲ သန်.ရှင်းရေးလုပ်နေသည်။ အငယ်မနှင်. ညီငယ်တို.က  ခြံဝင်းအတွင်း ဂုံညှင်းပစ်တမ်းကစားနေကြသည်။ မေမေကိုမြင်တော. သွေးဘာပြောရပါ.လို. စဉ်းစားနေစဉ်။
သွေး  အမေ.သား မျက်နှာလဲ မကောင်းပါလား၊ အိမ်ကိုလဲ စောပြီးပြန်လာတာပဲ။ ဘာအကြောင်းထူးလို.လဲသား၊ မင်းအဖေလဲ ဒီနေ.အထိ ပြန်မလာသေးဘူး.
 ဘာမှ မထူးပါဘူးမေမေ၊ ဖေဖေက မန်းတလေးမှာ အလုပ်များနေလို.၊ အဲဒါ သားကိုပါ လိုက်ခဲ.ဖို.လှမ်းခေါ်လို. မေမေကိုလာပြောတာ
ဘာအတွက်လဲသား မေမေနားမလည်ဘူး
အတိအကျတော.မသိဘူးမေမေ၊ ခဏ နေကျရင် ရထားလက်မှတ် သွားဝယ်ရမှာ၊ မနက်ဖန်ကြီးကိုလိုက်ခဲ.ဖိုပြောတာဗျာ
ကဲပါ သားခဏနားပြီးမှ ရေမိုးချိုးလိုက် ဟုတ်လား ပြီးမှ ရထားလက်မှတ် သွားဝယ်ပေါ.
 မေမေကို ဟုတ်ကဲ. ပြောခါ အခန်းထဲဝင်ပြီး တစ်ယောက်ထဲ လှဲချလိုက်သည်။ အချိန်ကြာကြာ မိခင်နှင်.မျက်နှာချင်း မဆိုင်ဝံ.ပါ။ သွေး၏ မျက်နှာ အမူအရာပျက်လျင် မိခင်မှာ အမြဲတမ်းသိသည်.အတွက် သွေးကြာရှည် ဟန်ဆောင်နိုင်မည်မဟုတ်။ ဖခင် အကြောင်းမျာများမမေးတာ တော်လှသည်။
သွေး ရေချိုးပြီး ရထားဘူတာရုံဘက်ထွက်ခဲ.သည်။ လမ်းမတန်း ပေါ်ဝယ် ခြေလှမ်းမြန်မြန်နှင်. လျှောက်နေမိ၏။ သွေး၏စိတ်တို. ပိုရွှေ.ပင် မြန်ဆန်နေသည်။ ဖြစ်နိုင်လျင် ဖခင်ရှိရာ တစ်ဟုန်တိုးပြေးသွားလိုက်ချင်သည်။
 လက်မှတ်ဝယ်၊ အထုပ်အပိုးပြင်ပြီး နေ.စဉ်အတူတူကျောင်းသွားဖို. ဖြူအေးနဲ. ဆုံတွေ.နေကြ နေရာ အုတ်တံတားလေးရှိရာ ခြေဆန်.လက်ဆန်.ထွက်လာမိသည်။ ဖြူအေးရဲ. အမူအရာ ပြောပုံဆိုပုံ ရယ်မောလိုက်စဉ် သွားတတ်ကလေး နှင်.ပါးချိုင်.ကလေး ကြောင်. ပိုရွှေ.လှပလာ သည်.မျက်နှာကို အချိန်တိုင်း မျက်ဝန်းထဲ မြင်နေမိသည်။ ငါ ကံဆိုးတယ် ဖြူအေးရယ်၊နင်နဲ.တွေ.ပြီး ချစ်တဲ.အကြောင်း မနက်ဖန်ပြောဖို. ငါ. ရဲ.ဒုတိယအကြိမ် ကျိုးစားမှု. အချည်းအနီး ဖြစ်ရပြန်ပြီဟာ။ စာနဲ.ရေးပြောတာထက် ငါက လူကိုယ်တိုင်ပြောပြချင်ခဲ.တာ။ အခုတော မပြီးဆုံးတဲ. မနက်ဖန်များစွာထဲ လက်ပစ်ကူးပြီး နင်.ကိုဖွင်.ပြောဖြစ်မဲ.နေ. ငါစောင်.နေမယ်။ ငါ.ဖေဖေရဲ. ကိတ်စ ပြီးရင် နင်ကို လာတွေ.မယ်။
 ဖြူအေးနဲ.စိတ်ထဲမှာ စကားတွေ ပြောနေလိုက်သည်မှာ လမ်းရဲ. အဆုံးတစ်ဘက်ကို ရောက်နေခဲ.ပြီ။ သွေး.. ကောင်းကင်ပြင်ကြီးကိုမော.ကြည်.လိုက်သည်။ သာယာလှပသော ရှုခင်း၊ လတ်ဆတ်သော လေပြေတို. သွေးကို ချော.မြူနှစ်သိမ်.မပေးနိုင်ကြပါ။ တွေ.နေကြ လိပ်ပြာလေးများနှင်.အရောင်စုံ သစ်ခွပန်းများကို ယနေ.တွင်  မတွေ.ရသောကြောင်.သွေး ထူးဆန်းအံသြနေရသည်။ တနေ.တာ ထွန်းလင်းတောက်ပခဲ.သောနေမင်းကြီးမှာ ပင်ပန်းသဖြင်. အနားယူဖို. ဆိုင်းပြင်နေပြီ။ ထို.ကြောင်. သွေး အိမ်ကို ပြန်.လှည်.လာခဲ.တော.သည်။ နောက်နေ.မနက် မန်းတလေးကို သွားရမည်.အဖြစ်ကို တွေးမိတော.လဲ သွေးခမျှာ ရင်ထဲ၊စိတ်ထဲ တင်းကျပ်စို.နစ်သွားရသည်။
ထိုညမှာပင် အတွေးဗလောင်ဆူကာ တစ်သက်တာလုံး မမက်ဘူးသည်.အိမ်မက်ဆန်းများမက်ရွှေ. သွေးအိပ်ရေးပျက်ရသည်။ ထိုအိမ်မက်နိမိတ်တို.သည် ကံကြမ်မာဆိုး တို.၏ အစဦး တံခါးတစ်ချက် ဖွင်.လိုက်ခြင်း ဆိုသည်ကို သွေးအမှန်ပင် မသိလိုက်မိ ခဲ.ပါ။
ဖေဖေ ဘာမှ မဖြစ်ပါစေနဲ.
 အိမ်မက်ထဲမှာ သွေး ဆုတောင်းနေမိသည်။
 အခန်း ( ၁၀ )
  တစ်ညလုံး ရထားစီးသရဖြင်. သွေး အနည်းငယ် နွမ်းလျလျဖြစ်နေသည်။ ရထား ပြတင်းပေါက်ကိုဖြတ်ကျော်ဝင်လာသည်. မနက်ခင်းလေပြေမှာ သွေး၏နဖူးပြင်ကို လာရိုက်ခတ်ကြသောကြောင်.  စိတ်ပြန်လည် ကြည်လင်လာပြီး စိမ်းလန်းသောမြင်ကွင်းကို တ၀ကြီးငေးကြည်လိုက်သည်။  စစ်ကိုင်းတောင်နှင်. မင်းဝံတောင်ကြောတို. တစ်ဆက်တည်း ရှိနေသည်ကို  ပဒူရွာ နှင်.ခက်ခ ရွာ အလွန်လောက်ကတည်းက ကောင်းမှုတော် စေတီကြီးနှင်.အတူ တွေ.ရသည်။ စစ်ကိုင်းပြတ်ရွှေ. ကြော ကို မြင်ရတော. သွေးငယ်စဉ်က ဖခင်နှင်.အတူ ရွှေမင်းဝင်မြို.သစ်တည်ကာစနိုက် မြေကွက်ဝယ်ရန် အသွား လည်းကောင်း တောင်ကြောအကြား ဖြတ်သွားခဲ.ဘူးသည်ကို အမှတ်ရမိသည်။ တောင်ပေါ်ရှိ စေတီများက ရထားကြီး ဥသြစွဲဖို. သတိပေးလိုက်သည်ထင်သည်။ ဥသြသံရှည် သုံးကြိမ်ခန်. အချက်ပေးအပြီးတွင်သွေးတို.စီး လာသော ရထားက အင်းဝ တံတားကြီးပေါ် စတင်ဖြတ်နေပြီ။ စစ်ကိုင်းတောင်ရိုးပေါ်တွင် ထုံးဖြူသုတ်စေတီများက အလွှာလိုက် အုပ်စုလိုက် ပေါက်ရောက်နေသော တရုပ်စကားပန်းပင်နှင်. တမာပင်တန်းတို.အကြား အကွက်လိုက် ဖြန်.ကျက်တည်ရှိနေသည်မှာ ငယ်စဉ်က စားရသော ပေါက်ပေါက် ပွင်.တို.ကို အစုလိုက် ပန်းကန်ပြားပေါ် တင်ထားသလိုရှိပြီး တောင်ကတုံးများမှာတော. ပေါက်ပေါက်ပွင်. အနားတူးကာ အထက်လန်နေသကဲ.သို..ရှိသည် ဟု မဆီမဆိုင်တွေးမိလိုက်သည်။ စစ်ကိုင်းမြို.သည် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူလာလည်သူများ အတွက်ဖမ်းစားနိုင်လောက်အောင် သာယာလှပသည်.အပြင် ဘုန်းကြီးကျောင်း နှင်. မယ်သီလရှင်ကျောင်းများ ရာနှင်.ချီ ရှိနေရွှေ.လဲ၊ တရားဘာဝနာ ပွားများအားထုတ်ချင်သူတို.အတွက် တရားအရိပ် နားခိုရာ နေရာဖြစ်သည်။ ရှေး စာဆိုများက    စစ်ကိုင်းမြို.၊စစ်ကိုင်းတောင် နှင်. ဧရာဝတီမြစ်တို. အကြောင်း သီချင်းများ၊ ကဗျာများ ဖွဲ.ကာ အမွှန်းတင်ဖော်ကျူး.ခဲ.ကြသည်။
 ရွှေကြက်ယက်ကျေးရွှာ ကို ဖြတ်ကျော်လာအပြီးတွင် မန်းတလေးမြို.ကို ရောက်တော.မည်။
သွေးတစ်ရောက် စိတ်ထဲမွန်းကျပ်လာ၏။ ဖခင် ဘယ်လိုများနေပါလိမ်.ဟူသော အတွေးဝဲကယက်လှိုင်း အဖန်ဖန်တွေးပူ ရိုက်ခတ်နေမိရွှေ. ဦးခေါင်းတင်းကျပ် အသက်ရှူရပ်မတတ် ဖြစ်နေသည်။
မန်းလေးဘူတာကြီးကိုရထားဆိုက်ပြီးချိန်မှာတော. ဖခင်အားချုပ်နှောင်ထားသည်. အမှတ်
(  ) ရဲစခန်းသို. အပြေးနှင်လိုက်သည်။ မန်းတလေးမြို. မနက်ပိုင်းတွင် လတ်ဆတ်သောလေဖြင်. နေလို.ကောင်းအောင် တစ်ခဏ လှည်.စားခဲ.မှုတို.သည် ၁၀ နာရီ ကျော်သည်.နောက် အရေခွံ လဲလိုက်ပြီ။ ကတ်တရာ လမ်းတို.ကို အရည်ပျော်လာအောင် မထိတထိ အပူငွေ.ပေးနေ၏။ သို.သော် သွေး၏ရင်ထဲက အပူကိုတော. ဟန်ပျက်လောက်အောင် မနှောက်ရှက်နိုင်ပေ။ ရင်ထဲကအပူကတောင် လမ်းများကို ပွက်ပွက်ဆူသွားစေနိုင်သည်။ နေရောင်ခြည်အပူသည် သွေး၏ ခန်ဓါကိုယ် သွေးလည်ပတ်မှုကို အရှိန်ပိုမြှင်.ပေးလိုက်၏။ သုံးဘီးကား ငှားစီရွှေ. ဖခင်အားချုပ်နှောင်ထားသည်. နေရာလာခဲ.သည်။ ရောက်သော်ယာဉ်မောင်းအား ပိုက်ဆံချေကာ ရဲစခန်း အတွင်းသို.ကတိုက်ကရိုက်ဝင်လာခဲ.သည်။
အုတ်တံတိုင်း အညိုရောင် မနိမ်.မမြင်.၊ အချုပ်ခန်းသံတိုင်များနောက်တွင် အချုပ်သားများ ၂၀ လောက်ကိုတွေ.လိုက်ရသည်။ ဖခင်ကို အမြန်ရှာဖွှေမိသော်လည်း မိန်ပြပြ အလင်းရောင်ကြောင်. မည်သူမည်ဝါ မကွဲပြားပါ။ သွေး ၀မ်းနဲကြီးစွာနဲ. ဖခင်ကို အော်ခေါ်ကြည်.လိုက်သည်။
  ဖေဖေရေဖေဖေ.
အသံက တစ်စို.စို.ဖြစ်နေရွှေ. ကျယ်လောင်စွာထွက်မလာပါ။
နောက်ကလိုက်လာသော ရဲဘော်တစ်ဦးက
  တရားခံ ကိုထွန်း ၊ ခင်များသားလာတွေ.တယ်၊ ခဏလာပါ။ ဟုခေါ်လိုက်သည်။
သြော် ဟုတ်ကဲ.၊ အခုလာပါပြီ။
အားအင်ချိနဲ.နေသံနှင်.အတူ ဖခင်ကိုတွေ.လိုက်ရချိန် သွေးမှာ ဒူးထောက်ယိုင်ကျသွားရသည်။
သား လူလေး မင်းလိုက်လာတယ်နော်၊ ဖေဖေ၀မ်းသာတယ်ကွာ၊ မင်းမေမေရော နေကောင်းရဲ.လား
ဖခင်အရင်ဦးဆုံးသိချင်သည်မှာ သွေးမိခင်၏ကျမ်းမာရေးဖြစ်သည်။
ဟီး ဟီး . မေမေနေကောင်းပါတယ်၊ ဖေဖေ ..ဘယ်လိုဖြစ်ရတာလဲဗျာ ..အဟင်.အဟင်..
သွေးတစ်ကိုယ်လုံးတုန်ရီစွာဖြင်. ဖခင်ကိုကြည်.ပြီးငိုနေမိ၏။ ဖခင်ကသွေးရဲ.လက်ကို ဆုပ်ကိုင်ပြီးမျက်ရည် မကျအောင် အတန်တန် ထိမ်းနေပုံရသည်။
သားမငိုနဲ. ဖေဖေဘာမှ မဖြစ်ဘူး၊ ရက်မကြာခင် လွတ်မှာပါ။ အခုဟာကမင်းလဲအသိပဲ၊ဖေဖေက ဥပဒေဘောင်အတွင်းကပဲသစ်လုပ်ငန်းလုပ်တာ၊ ဖေဖေရဲ. အလုပ်သမား ကျွဲကြီးညီနောင်က တရားမ၀င်သစ်ထပ်တင်တာမိတော. ဖေဖေကိုပါ ရောပြီးဖမ်းတာ၊သူတို.ကို ဖမ်းဝရမ်းထုတ်ထားတယ်။ သူတို.ကိုမိရင် ဖေဖေ ဒီအမှုနဲ.မဆိုင်ဘူးဆိုတာ ရှင်းသွားမယ်။
ဖခင်က ရှည်လျားစွာရှင်းပြတော.သွေးစိတ်ထဲ ပေါ.သွားသလိုရှိသည်။ ဖခင်က ဆက်ပြောသည်။
စခန်းမူးကြီးကလည်း ကျွဲကြီးတို.ညီအကိုဒီလိုလုပ်တာ နှစ်ခါ သုံးခါလောက် ရှိပြီလို.   ဖေဖေ.ကိုပြောပါတယ်။ ဒါပေမဲ. လောလောဆယ် ဥပဒေလမ်းကြောင်း အရ ရှင်းရမှာဆိုတော. ခဏသီးညည်းခံဖို.ပြောသေးတယ်။ငါ.သား ဘာမှ စိတ်မပူနဲ.
ကျွဲကြီးညီနောင်မှာ ဖခင်၏ လူယုံတော် တပည်.နှစ်ယောက်ဖြစ်ကြသည်။ နှစ်ဦးစလုံး အသားမဲပြီး ထွားကျိုင်းသန်မာသောကြောင်. ကျွဲကြီးညီနောင်ဟု ခေါ်ကြခြင်းဖြစ်သည်။ သန်မာသလို အလုပ်အင်မတန်လုပ်နိုင်သည်။ ဇွဲရှိသလို သစ်စာလဲရှိသူများအဖြစ် လူတိုင်းက ချီးမွှမ်းကြသည်။ ယခုလို သစ်စာမဲ.သည်.လုပ်ရပ်မျိုးလုပ်သည်ကိုမည်သူမျှ ယုံကြလိမ်.မည်မဟုတ်ပါ။
သွေးမှာ တွေးရင်းတွေးရင်း လည်းကောင်းတို.နှစ်ဦးအား စိတ်တိုလာရသည်။ ကျွဲကြီးညီနောင်
မင်းတို.ကိုတွေ.လို.ကတော.မလွယ်ဘူးမှတ်။ မင်းတို.မို.လို.လုပ်ရက်တယ်။ ကိုယ်.ကျေးဇူးရှင်ကိုမှ ပြန်ကိုက်ရတယ်လို.။ စိတ်ထဲမှာ အချင်ပေါက်ပေါက်နှင်. အံကြိတ်ကာ ပြောနေမိသည်။ ဖခင်က သေသေချာချာ ပြောပြမှ သင်းတို.လက်ချက်မှန်း သိလိုက်ရသည်။
သား မငိုနဲ.တော.၊ မင်းက ယောက်ကျားပဲကွာ။
အဲဒါဆို အခုသား ဘာလုပ်ပေးရမလဲ ဖေဖေ၊မေမေသာ ဒီအကြောင်းသိရင် စိတ်ညစ်ပြီးသေမှာ၊မပြောလို.ကလည်း မဖြစ်ပြန်ဘူးဗျာသွေး ပြောရင်း ထပ်ငိုမိပြန်သည်။
သား ဒီလိုလုပ် ဖေဖေမှာ စခန်းမူးကြီးဆီအပ်ထားတဲ.ငွေရှိသေးတယ် အဲတာယူထား၊ ရမန်ကြီးနှစ်ကြိမ်ပြီးရင် အမှုစစ်မယ်လို.ကြားတယ်။ ဖေဖေကို အိုးဖိုထောင်သစ်ကြီးကိုပို.ကြလိမ်.မယ်။ ဖေဖေသူငယ်ချင်း ဦးကိုကိုဆီ သွားပေး၊ သူက မြောက်ပြင် ၁၄ လမ်းမှာနေတဲ.ရှေ.နေပဲ၊ သူနဲ.တွေ.ရင် ဖေဖေကလွှတ်လိုက်တယ်ပြော၊ သူကို ဖေဖေ.ရဲ.ရှေ.နေအဖြစ်ငှားဖို.နဲ. ဖြစ်ကြောင်းကုန်စင် အမှန်အတိုင်း ပြောချေကွာ။ ပြီးရင် သား ငွေယူပြီး အိမ်ကိုပြန်။ မင်းအမေကို ဒီအကြောင်း ဖြေးဖြေးခြင်းပြောပြ။ လုပ်ငန်းကို ခဏရပ်ထားခိုင်း၊ အလုပ်သမားတွေကို ၂ လစာပေးပြီး အနားပေးထားကွာ။ မိသားစုကို ငါ.သားက သေသေချာချာ ဂရုစိုက် စောင်.ရှောက်ပါ။ ဖေဖေ.ကို တွေ.ချင်ရင် ဗုဒ်ဓဟူးနေ.တိုင်းထောင်ဝင်စာတွေ.လို.ရတယ်။
ဖခင်ကမမောတမ်း အကွက်စေ.စေ. ပြောပြနေမှုကို မျက်ရည်အရွှမ်းသားဖြင်.သွေး လိုက်မှတ်နေသည်။ ကံကြမ်မာရယ် ဘာဖြစ်လို.များ ကျွန်တော်တို.မိသားစု ထံကိုမှ တိုက်တိုက် ဆိုင်ဆိုင် ၀င်လာရတာလဲဗျာ ဟု ညည်းနေမိသည်။
ဟုတ်ကဲ.ဖေဖေ . ဖေဖေ ကျမ်းမာရေးဂရုစိုက်ပါ။ သားလဲ အရွှယ်ရလာပါပြီ။ စိတ်ချ ဖေဖေပြောတဲ.အတိုင်း သား တစ်သဝေမတိမ်း လုပ်ပါမယ်။
အဲဒါမှ အဖေ.သား၊ ဒါပေမဲ. သားရော အဖေ ပါ နှစ်ယောက်စလုံး စိတ်ပူပန်မှုများနေရင် ကျန်တဲ.သူတွေပါ ဒုက်ခ ရောက်ကုန်လိမ်.မယ်။ အားတင်းထားကွာ မငိုနဲ.
ဖခင်က မငိုဖို.ပြောပေမဲ. သူကိုယ်တိုင်လဲ မျက်လုံးအိမ်ထဲမှာ မျက်ရည်ဥလေးများနှင်.ပြည်.နေပြီး မငိုမိအောင် မျက်မှောင်ကြုတ်ရွှေ. အခါခါ အားတင်း တားစီးနေသည်။ သို.သော် အဆုံးတွင် မျက်ရည်တစ်စက်က အာခံကာ ဖျှော.တော.တော. ပါးပြင်ပေါ် လိမ်.ဆင်းကျလာသည်။ သွေးမမြင်ရစေရန် ဖခင်က တစ်ဘက်သို.လှည်.လိုက်သည်။ သွေး မြင်လိုက်သည်။ဖခင်ငိုတာ တစ်ခါမှ မမြင်ဘူးသော သွေး ဖခင်နှင်.အတူ အတိုင်းမဲ.ငိုကြွေးပေါက်ကွဲလိုက်တော.သည်။
ဖခင်ကောင်းပီသခဲ.တဲ. အဖေ၊ ကေသရာဇာ ခြင်သေ.မင်းလို ရဲရင်.ခဲ.တဲ.အဖေ ယခု ထိုအရာများ ပြောက်ကွယ်ကာ စိုးရိမ်မှု ၀မ်းနဲမှုတွေသာ ဖခင်၏မျက်နှာပြင်ပေါ် ဖုံးလွှမ်းနေတာကို အတိုင်းသားမြင်လိုက်ရသည်။  
ဖခင်အတွက် လိုအပ်သည်တို.ကို ၀ယ်ယူပေးပြီး နုပ်ဆက်ထွက်ခွာ လာခဲ.တော.သည်။ သို.ပေမဲ. ဖခင်၏ ညိုးနွမ်းနေသောမျက်နှာကို မျက်ဝန်းထဲဖျောက်ဖျက်မရပါ။
သွေးမှာ ရှေ.နေ ဦးကိုကိုတို.အိမ်ကို အသိတစ်ယောက်ထံမှ ငှားလာခဲ.သော ဆိတ်ငါးကောင် တံဆိပ် စက်ဘီးလေးဖြင်. လမ်း ၈၀ အတိုင်း ၁၄ လမ်းသို. ထွက်လာခဲ.သည်.။ လမ်းမကြီးပေါ်ဝယ် စက်ဘီးဆိုက်ကားများဖြင်. စည်ကားလှသည်။ မန်းတလေးရှိလမ်းတိုင်း စတုရန်းပုံစံချ ဖောက်လုပ်ထားပုံမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို.ရှိလမ်းများ အတိုင်းပင်ဖြစ်သည်ဟု သူများပြောတာကြားဘူးသည်။ မင်းတုန်းမင်းကြီး၏အစီအမံ ကို အမေရိကန်များ ပုံတူကူး တည်ဆောက်တာလား လို. ကလေးစိတ် မကုန်သေးသော သွေး အူကြောင်ကြောင် အတွေးဖြင်. စက်ဘီးနင်းလာခဲ.သည်မှာ အာဠ၀ီတံတားအနီးပင်ရောက်လာခဲ.သည်။ သွေး စိတ်အိုက်သွား၏။ ဒီတံတား၊ ဟုတ်တယ်ဒီတံတားပင်ဖြစ်သည်။ သီပေါမင်းနှင်.စုဖုရားလတ်တို.အား ဧရာဝတီဆိပ်ကမ်းရှိ မီးသင်းဘောဖြင်.ရန်ကုန်သို. ပင်.ဆောင်ရန် ဒီတံတားပေါ်မှပင် ဖမ်းဆီးခေါ်ဆောင်သွား
ကြတာ ဖြစ်သည်။ ရန်ကုန်မြို.က တစ်ဆင်. အိန်ဒိယ နိုင်ငံ ရတနာဂီရိ ကို ပို.လိုက်ကြသည်ဟု စာတွေဖတ်ရွှေ. သိရသည်။ သွေးတွေးနေရင်း မိမိကိုယ်ကို စိတ်ပျက်လာသည်။ ဘာဖြစ်လို. အတိတ်နိမိတ်မကောင်းတဲ. တံတားရှိတဲ. လမ်းကမှ ရွှေးချယ်လာခဲ.မိပါလိမ်.ဆိုပြီး သွေးကိုယ်သွေး အပြစ်တင်မိပြန်သည်။ တတ်နိုင်ဘူးလေ၊ ရှိစေတော. ၊ ဒီလမ်းကသွားမှ ဦးကိုကိုတို.အိမ်ကို တန်းတန်း မတ်မတ် ရောက်နိုင်သည် မဟုတ်လား။ သွေး  တစ်စိမ်.စိမ်.ထွက်နေသာချွေးတို.ကိုသုတ်ပစ်ပြီး စက်ဘီးကို အားတင်းကာ ဆက်နင်းလိုက်သည်။
အသက် ၁၇ နှစ် ကျော်ကာစ လူငယ်လေးတစ်ယောက် အရွှယ်နှင်.မလိုက်အောင် ဒုတ်ခတို.များမြောင်လာပြီ။ အသက်ငယ်သလောက် သတ်တိကောင်းသူ သွေးမှာ ဆယ်တန်းစာမေးပွဲကြီးအပြီး၊ ဘ၀စာမေးပွဲကို ယခုမှ လက်တွေ.ကျကျ ထပ်မံဖြေဆိုလိုက်ရသည်။
 တစ်ထပ်တိုက်အနီရောင် အုတ်နံကပ်တိုက်ကလေးရှေ.တွင် သွေးက စက်ဘီးကိုရပ်လိုက်ပြီး အိမ်နံပါတ် ကိုသေချာစွာတိုက်ကြည်.သော် ဦးကိုကိုတို.အိမ်မှန်းသိရ၏။ အသက်ကြီးကြီး အဖွားအိုတစ်ဦးအား အိပ်ရှေ. စံပယ်ပန်းခြံအား ရေလောင်းနေသည်ကိုတွေ.ရ၏။
ဖွားဖွား .. ဦးကိုကိုတို. အိမ်လားခင်မျာ။ ဦးကိုရှိသလား မသိဘူး
သယ်သူလဲ .. ဘာကိစ်စ ရှိလို.လဲကွဲ.၊ ကိုကိုက အလုပ်ရှိလို. အပြင်ခဏသွားတယ်၊ လာ အထဲကိုဝင်ပါဦး
အဖွားအိုမှလက်ထဲက ရေပိုက်ခေါင်း ပိတ်လိုက်ပြီး  ခြံဝင်းတံခါးကို လှပ်ကာ အတွင်းဝင်ရန် သွေးကို လှမ်းခေါ်လိုက်သည်။ 
 ကျွန်တော် ဦးကို ကိုအလုပ်အပ်ဖို.လာတွေ.တာပါ ဖွာဖွား
သြော်အေးအေး.. ဒီမှာထိုင်ပါဦးအဖွားက ပြောအပြီး အိမ်ခန်းထဲဝင်သွားသည်။
သွေး ဧည်.ခန်းထဲမှာ တစ်ဦးတည်း ထိုင်ရင်း နံရံပေါ် ရှိ ချိတ်ဆွဲထားသော ပန်းချီကားကြီးကို ကြည်.နေမိသည်။ ထိုပန်းချီကားအောက်တွင် ရှေးခေတ်တိုက်ပွဲဝင် ငှက်ကြီးတောင် ဓါးနှစ်ချောင်းအား ကြက်ခြေခတ်အနေအထားဖြင်. ချိတ်ဆွဲ ထားသည်ကိုတွေ.ရ၏။ ဓါးတစ်ချောင်း၏ လက်ကိုင်ရှိ ကတ်တီပါအစတွင် ညိုညစ်စ်ညစ်သွေး စွန်းထားပုံရသည်။ သွေးတို.က ခြောက်တောင်နေပြီ။ရှေးခေတ် ပန်းချီကားတစ်ချပ် ဖြစ်ပြီး နုပ်ခမ်းမွှေးစစနှင်.ဥပတိရုပ်အလွန်ကောင်းသည်.စစ်သူကြီးတစ်ဦး၏ပုံတူပန်းချီ ဖြစ်သည်။
 အသေအချာ ကြည်.လေ ထိုစစ်သူကြီးက သွေးကိုပြန်ပြီး စိုက်ကြည်.နေသလိုရှိရွှေ. သွေးကြက်သီး များပင်ထလာရသည်။ အတော်လက်ရာမြောက်တဲ.ပုံပါလားဟု တွေးမိ၏။ ထိုစစ်သူကြီး၏ သဏန်မှာ ထူထဲသော မျက်ခုံးနှင်. စူးရှသောမျက်ဝန်းတစ်စုံတို.ကြောင်. တည်ကြည်ခန်.ငြားသောပုံကိုဆောင်သည်။ မဟုတ်မခံစိတ်နှင်. အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းတတ်သော မျက်နှာပိုင်ရှင်မျိုးဖြစ်သည်။ ထူးခြားသည်မှာ မာန်ပါပါ ဘာမထီ အကြည်.ဖြစ်သည်။ ဒီအကြည်.မျိုး၊ ဒီမျက်လုံးမျက်ဖန်မျိုးကို သွေး အရင်က တွေ.ဘူး ရင်းနှီးဘူးသလိုလိုရှိသည်။ ဘယ်မှာတွေ.ဘူးပါလိမ်.ဟု စဉ်းစားနေချိန်တွင် ခုနက အဖွားအိုမှာ သွေးဆီပြန်လာနေသည်။ ပါးစပ်ကလဲ ပြောလိုက်သေး၏။
လူကလေး ရေနွေးကြမ်းသောက်ဦး၊ ဒါကမန်းတလေးထိုးမုန်၊မြည်းပါဦးကွဲ.
ဟုတ်ကဲ.ဖွားဖွား။ဦးကို ဘယ်အချိန်လောက် ပြန်လာတတ်သလဲခင်မျ
သွေး ထိုးမုန်.ကိုခက်ရင်းဇွန်းဖြင်.ယူစားရင်း မေးလိုက်သည်။
အေး..သူအပြင်သွားရင် သိပ်မကြာဘူး၊ ခဏနေဆို ပြန်လာတော.မှာပါ
ဟုတ် သွေးခပ်တိုတိုဖြေပြီုး ရေနွေးငဲ.သောက်လိုက်သည်။ အလာတွင် စက်ဘီးနင်းရရွှေ. ရေငတ်နေတာကြောင်. ရေနွေး သုံးခွက်ဆင်.သောက်လိုက်မိ၏။
သွေးအနဲငယ်စိတ်ပျက်မိသည်။ စောင်.စားရသောအလုပ်ကိုမုန်းသည်.သွေး ယခုလဲ ဦးကိုကို ပြန်လာမည်.အချိန်ထိ စောင်.ရဦးမည်။ အထူးသဖြင်. မန်းတလေးမှလူများ ပြောတတ်သည်. တစ်အောင်.စောင်.ပါ၊ သိပ်မကြာပါဘူး၊ ကွမ်းတစ်ယာညက်လောက်ကြာမယ်၊ တစ်ပြ ပဲဝေးတာပါ ဆိုသည်. စကားတစ်ချို.ကို ပိုပြီးကြောက်နေမိသည်။ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသည်. စကားရှိသည်။ မန်းလေးကသူများ စကားကြွယ်ကြသည်။ သွေးအတွက်လဲ သူတို.ပြောသော မြန်မာစကားမှာ နားဝင်ချိုလှသည်။ ဒါပေါ.လေ တစ်တိုင်းပြည်လုံးက ပြည်သူများ ပြောနေကြသည်. စကားကလဲ မန်းလေးစကားကို အခြေတည် ပြောကြတာမဟုတ်လား။ ထီးသုံးနန်းသုံး စကားပေပဲလေ။
သွေးတစ်ယောက်ထဲ တွေးရင်း ထိုးမုန်.ထပ်စားရန် လက်အလှမ်းဝယ်
ဟယ် သွေး………နင်ဒီကိုဘာလာလုပ်တာလဲ
 သွေးက ဒီအသံရင်းနီးပါတယ်လို. တွေးပြီး နောက်ဖက်လှည်.ကြည်.လိုက်သည်။
ဟာ……. သွားပြီ..ထိုးမုန်.ကိုလှမ်းယူသည်.လက်တို. အကြောသေ ရပ်တန်.သွားကာ ကိုင်ထားသော ခက်ရင်းသေးလေး ထောက်ကနဲ ပြုတ်ကျသွား၏။
 ဟဲ.  ၊ ဘာသွားတာလဲ ၊ ငါ.ကိုတွေ.တာ သရဲတစေ တွေ.လိုက်တာကျနေတာပဲ။ ငါပါဟ…”
အာ.. အေးနင်ကိုး၊ စုစုလှိုင်။ နင် ဒီဒီကို.. ဘဲ.နှယ်.လုပ်ရောက်နေတာလဲ.
သွေး အထစ်ထစ်အငေါ.ငေါ. ဖြစ်နေချိန် စုစုလှိုင်ရဲ. စူးရှ ပြင်းပြ မာန်ပါသော မျက်ဝန်းအောက်တွင် ခဏအရည်ပျော်သွားရသည်။
ငါ..ငါ..၀မ်းသာလိုက်တာသွေးရယ် ဒီတစ်သက် နင်.ကို မတွေ.ရတောဘူးလို.ထင်နေတာ
သူမက သွေးနှင်.မျက်နှာချင်းဆိုင်ခုံမှာ လာထိုင်သည်။
သွေး  အိမ်မက်ကမ်ဘာထဲ ရောက်နေသလိုပင်၊ အဖြစ်တို.ကဆန်းကြယ်လှသည်။  တွေးထင်မထားသူကို မထင်သည်.နေရာမှာတွေ.နေရသည်။ ဖခင်ပြောသော စကားထဲကလို ဘ၀ဟူသည် အခန်း အကန်.ငယ်လေးများနှင်. ဖွဲ.စည်းထားသည်တဲ.။ အခု အဲဒီအထဲက အကန်.ငယ်ကလေး တစ်ခုတွင်း လက်တွေ.၀င်ရောက်မိနေပြီ။
သလဲသီးတို.တွင်ပါသော အကန်.ငယ်များသည် အတွင်းအခွန်ငယ်လေးများ ကြောင်. တစ်စေ.နှင်.တစ်စေ.ကြားခွဲခြားခံထားရသည်။ လူ.ဘ၀အကန်.တို.တွင်မူ အချိန်၏ ခွဲခြား ကန်.သတ်မှုကြောင်. တစ်ကန်.နှင်.တစ်ကန်.အကြား ကွဲပြားနေကြသလိုရှိသည်။     မည်သို.ဆိုစေ ပဥစလက်ဆန်သော ဘ၀တစ်ဆစ်ချိုးကွေ.အောက် အားလုံးရောက်ကြရသည်မျာ ဓမတာပင်ဖြစ်သည်။
ဟဲ.  သွေး…” စုစုလှိုင် ထပ်မံခေါ်မှ အတွေးမျှင်ပျက်၏။
အေးငါအံ.သြနေတာ။ နင်ဒီမှာ ဘာလာလုပ်တာလဲ
သွေး သိချင်တာအမေးတွင်
ဘာလုပ်ရမှာလဲ။ ဒါက တို.ဘိုးဘိုး ဖွားဖွားတို.ရဲ.အိမ်လေ။ ငါစာမေးပွဲကြီးပြီး ကျောင်းပိတ်ချိန်တိုင်း မန်းတလေးမှာဖွားဖွားတို.နဲ. လာနေ နေကြလက်ချောင်းလှလှလေးများနှင်. အကြေကောက် ကောက်ထားသည်. ဆံနွယ်တို.အားထိးု.ဆွရင်း စုစုလှိုင်ကဆက်ပြောသည်။
အော်အဲလိုကိုး
ဒါနဲ. ဒီပန်းချီကားထဲက သူက ဘယ်သူလဲ
ဒါလား.. သူက ဘိုးဘိုးရဲ.ဖေဖေလေ၊ ရွှေလှံဗိုလ်ဆိုတာပေါ့။ သီပေါမင်းလက်ထက်က အမှုထမ်းခဲ.တဲ့ စစ်ဗိုလ်ကြီး။
သူမရဲ. မာန်ပါပါ ရှင်းလင်းပြောပြမှုအောက် မျောပါသွားရသည်။ အနီရောင်ကိုကြိုက်နှစ်သက်ပုံရသည်. စုစုလှိုင်မှာ အနီရောင်ဇာပေါက် အကျီင်္လေး နှင်. အဖြူပေါ် အနီရောင် နှင်းဆီပန်းရိုက် ထမီလေး ၀တ်ဆင်ထားသည်မှာ တစ်မျိုးလှနေပြန်သည်။ 
နင်.ကိုဒီမှာတွေ.ရတော. ငါ အံ.သြနေတာ
ငါလဲ အတူတူပဲ၊ နင်ခြံထဲဝင်လာကတည်းကကြည်နေတာ။ နင် နဲနဲပိန်ပြီး မျက်နှာလေးချောင်ကျသွားတော. ရုတ်တရက် မမှတ်မိဘူးဖြစ်နေတာ။ဒါနဲ.နေပါဦး နင်ဒီကိုဘာလာလုပ်တာလဲ
စုစုလှိုင်မေးသော မေးခွန်းမှာ လွယ်ကူသော်လည်း၊ သွေးမှာ ဘယ်ကစပြောရမည်မသိဖြစ်နေရ၏။စိတ်ထဲတွင် လေးလံနေ၏။နှလုံးသားက မဖြေချင် ၊ ဦးနောက်ကလည်း ပြောပြဖို. ခွင်.မပြုချင်နှင်. တုံ.ဆိုင်းတုံ.ဆိုင်းဖြစ်နေပြန်၏။
ဟဲ.ပြောပြပါဆိုမှ
အေးဟာ ဘယ်ကစပြောရမှန်းမသိဘူးဖြစ်နေလို.
အစချီလိုက်သည်ဆိုလျင်ဖြင်. အဖြစ်အပျက် ကြမ်မာဆန်းကို စုစုလှိုင်အား ဖြေးဖြေးမှန်မှန် စို.နင်.စွာ ပြောပြလိုက်သည်။
 သွေးပြောပြသော ဇာတ်ကြောင်းအဆုံး တွင် စုစုလှိုင်၏ မျက်နှာလေး ဂရုဏာ သက်သွားဟန်ရှိသည်။
ဖြစ်ရလေ သွေးရယ်၊ ငါလေ နင်.ကို ကိုယ်ချင်းစာပါတယ်။ နင်က နင်အဖေအလုပ်မှာ သွားလုပ်နေတော. မြို.ပေါ် မှာ မတွေ.ရတာကိုး၊ သိပါဘူး၊ ငါက စာမေးပွဲကြီးပြီးလို. နင်နဲ.ဖြူအေး တစ်နယ်တစ်ကျေး ခိုးပြေးကြတာ မှတ်နေတာ။
နင်ကလည်းတစ်မှောင်.၊ နင်.ကိုပြောပြတာ အမှန်တွေကြည်.ပဲ၊ အခု နင်.ဦးလေးဆီမှာ အကူအညီတောင်းဖို. ငါ.ဖေဖေက ပြောခိုင်းလို. ဒီကိုရောက်လာတာ။
သွေးလေသံမာမာဖြင်. ပြန်ပြောလိုက်မိသည်။စုစုလှိုင်ပြုံးစေ.စေ.ဖြင်.သွေးကိုစောင်းငဲ.ကြည်.သည်တွင် ဖြူအေးကို သတိတစ်ချက်ရမိလိုက်၏၊ ကိုယ်ခန်ဓါတွင်း သွေးဖျင်းကနဲထသွား၏။ငါ ဖြူအေးကိုချစ်တဲ.စိတ်အပေါ် ငါ ဘယ်တော.မှသစ်စာ မဖေါက်ဘူး။
အေးပါဟာ .. ငါက နင်နဲ.တွေ.ရတာကိုပဲ ၀မ်းသာနေတာ။ နင်က ငါကို မတူသလိုမတန်သလို အမြဲတမ်း ဆက်ဆံခဲ.တာ
သွေး အတိတ်ကို ပြန်မြင်မိသည်။ ဖြူအေးကို ချစ်ရသည်မှာ ရင်ထဲတွင် အတိုင်းမဲ.အေးချမ်းသာယာမိသည်။ စုစုလှိုင်ကိုတော. ဖုတ်လေသည်.ငပိ ရှိတယ်လို.မထင်မိပေ။သွေး စိတ်ထဲအားနာသွား၏၊ ဟုတ်လည်းဟုတ်သည် သွေးတစ်ယောက် သူမအပေါ် စိမ်းကားစွာ ဆက်ဆံခဲ.မိသည်။ အမှန်ဆိုလျင် သွေးနဲနဲရိုင်းသွားခဲ.သည်။ ကိုယ်.အပေါ် စိတ်ထားကောင်းသောသူကိုမှ ဥပစ်ခါထားခဲ.မိသည်။သမင်မျက်လုံးလေးနှင်. ညုတုတုပြောပြနေသော စုစုလှိုင်၏ ဟန်ပန်မှာ ခဏတာ မျောပါသွားရသည်။
စုစုလှိုင် ငါနင်.ကို မခင်လို.တော. မဟုတ်ပါဘူး၊ ငါက ဖေဖေ.ကို ကူညီလုပ်ပေးနေရတာမို.၊ နင်တို.လို အေးအေးဆေးဆေး မနေရပါဘူး၊ အခုတောင် ဒီပြသာနာကို ဘယ်လိုရှင်းရမလဲမသိဘူး။
 သွေး အားပျက်စွာ ပြောပြနေချိန်တွင် အခန်းတွင်းသို. အသားညိုညို ထောင်ထောင်မောင်းမောင်း နှင်.လူတစ်ယောက် ၀င်လာသည်။
 ဦးကိုရေ ဒီမှာ ဦးထွန်းရဲ.သားရောက်နေတယ်၊ မင်းနဲ.တွေ.ချင်လို.တဲ.
အေးသူငယ် .. မင်းအဖေကဘာမှာလိုက်လို.လဲဦးကိုကတိုက်ပုံအင်္ကျီ ကိုချွတ်ပြီး ချိတ်နဲ.ချိတ်လိုက်ကာ သွေးကိုမေး၏။
သွေးက ဖခင်မှာလိုက်သည်ကို အစအဆုံး ပြောပြလိုက်သည်။
သြော်ဒီလိုလား၊ မခက်ပါဘူး၊ မင်းအဖေရဲ.လုပ်ရပ်မှန်ကန်တယ်ဆိုရင် ဦးရှေ.နေလိုက်ပေးမယ်။ နောက်နှစ်ပတ်ကြာ ဗုဒ်ဓဟူးနေ. ၉ နာရီမှာ တရားရုံးကစောင်.နေမယ်လို. မင်းအဖေကိုပြောလိုက်။စိတ်လည်းမပူနဲ.ဦးလို. ပြောပြလိုက်ကွာသူကပြောပြီး အခန်းတွင်းသို. ၀င်သွားသည်။
ဦးကိုနှင်. ပြောစရာရှိတာပြောအပြီး သွေးကအားလုံးကို  နုပ်ဆက်ကာ ပြန်မည်အပြု စုစုလှိုင်
မှ ခြံဝင်းတံခါးအထိ လိုက်ပို.ပေးသည်။
သွေး နင် မပြန်ဖြစ်ခင် ငါဆီကို ဖုန်းဆက်လိုက်ငါဆိုင်ကယ်နဲ. လာခေါ်လိုက်မယ်။ပြီးရင် နင်သွားစရာရှိတဲ.နေရာ ငါလိုက်ပို.ပေးမယ်။
ကျေးဇူးတင်ပါတယ်ဟာ၊ နင်းရဲ.စေတနာကို ငါနားလည်ပါတယ်
သွေးနင် အဲလိုမပြောနဲ.၊ ငါ.ရင်ထဲစိတ်မကောင်းဘူး၊ နင်ကို ငါကသနားမိလို.ကိုယ်ချင်းစာလို.ပါ၊ နင.်ကို အပြည်.အ၀မကူညီနိုင်ရင်တောင် ငါ တတ်နိုင်သရွှေ. ကူညီပေးမယ်။ နင်ဘာပဲလိုလို ငါပေးစပ်ဖို.အဆင်သင်.ပဲ
မှိုင်းညို.ညို. မျက်နှာဖြင်.ဂရုဏာသက်စွာ စုစုလှိုင်ကပြော၏။
စိတ်ချ၊ ငါ အကူအညီလိုအပ်လာရင် ပြောပါ.မယ်၊ အခုတော. ဖေဖေ.အတွက် လိုအပ်တာစီစဉ်ရမှာမို. ခွင်.ပြုဦးဟာ
သွေးစက်ဘီးပေါ်တက်ကာ နင်းဖို.ဟန်ပြင်လိုက်သည်။စိတ်ထဲတွင် ၀မ်းနည်းဝမ်းသာဖြစ်ရပြီး စုစုလှိုင်ကို နောက်ပြန်တစ်ချက်ကြည်.မိ၏။ သူမ က ခြံတံခါးပေါ်လက်ထောက်ပြီး သွေး    ထွက်ခွာအသွားကို ကြည်.နေသေးသည်။ သွေးရင်ထဲ တစ်မျိုးကြီးဖြစ်ရကာ ယောင်တောင်တောင်ဖြင်. လပ်ရပ်ပြလိုက်သည်တွင် စုစုလှိုင်ကလည်း သွေးကိုလက်ပြန်ပြတာတွေ.လိုက်သည်။ သွေးသက်ပြင်းရှည်ချပြီး စက်ဘီးနင်းထွက်လာခဲ.တော.သည်။
လမ်းတစ်လျှောက် စက်ဘီးဖြေးဖြေးစီးရင်း အတွေးများပွားရသည်။ ယနေ.အဖို. မည်သို.မျှတွေးထင်မထားသော ကိစ်စအရပ်ရပ်တို. ဖြစ်ပေါ်ခဲ.ရသည်။ မန်းတလေးကျုံး
၊ အုတ်ရိုးတံတိုင်းနှင်.သရဲခိုပြအိုးတို.ကို ကြည်.ရင်း ဖြအေးကို မဆီမဆိုင်သတိရမိသည်။ စုစုလှိုင်၏ ရစ်မူးဖွယ်အပြုံးများကလည်း ဖြူအေးကို အတင်းကာရော မေ.လျော.စေအောင် ထပ်ခါထပ်ခါတိုက်တွန်းနေသလိုပင်။ ရံဖန်ရံခါမှ ပေါ်လာတတ်တဲ.စုစုလှိုင်၏အကြည်.တို.သည် နွေးထွေးသလိုရှိပြီး၊ ဖြူအေး၏ တည်ကြည်သော အလှသည် အေးမြသလိုရှိသည်။ သွေးတစ်ယောက် ကပေါက်ကချာအတွေးများဖြင်. ခရီးနှင်ခဲ.သည်မှာ တစ်ညတာ ဖြတ်သန်းမည်. ဒေါ်လေးတစ်ယောက်၏ အိမ်ရှေ.သို.ပင်ရောက်လာခဲ.သည်။
ဖခင်၏ညီမ၀မ်းကွဲ ဖြစ်သူ အဒေါ်နှင်. ဆွေမျိုးများအား အဖြစ်သနှစ် အကုန် ပြောပြတော.လည်း အားလုံးမှ စိတ်မကောင်းဖြစ်နေကြသည်။ ၀ိုင်းဝန်းအားပေးစကား ပြောကြသည်။
ညအမှောင်ရိပ်ကျအိပ်ချိန်ရောက်မှ မိမိအတွက် ပြင်ပေးထားသော အခန်းအတွင်း ၀င်လာခဲ.သည်။ စိတ်ထဲတွင် ဘ၀င်မကျမိပြန်ပါ။ ဒီကနေ.တွေ.ရသောစုစုလှိုင်အစား
ဖြူအေးသာဖြစ်ခဲ.မယ်ဆိုလျင်ကောင်းမှာပဲလို.တွေးမိသည်။ သို.သော်ဖြူအေးရယ် နင်နဲ.ငါ.ကို တရုပ်ပြည်က ရှည်လျားတဲ. မဟာတံတိုင်းကြီးက စည်းတားထားသလိုပဲ။
တစ်ယောက်ထဲ အမှောင်ရိပ်အောက်လျှောက်နေရပြီလေ။ဖြူအေးရယ် ဒီတစ်သက် ဒုက်ခတွေဆက်နေရင်တောင်  နင်.ဆီကိုအပြေးလာခဲ.မယ်။
 တော်တော်နှင်.အိပ်မရသောညမှာ သွေး စာတိုတစ်ကြောင်းနဲ. ကဗျာတစ်ပုဒ်၊ နုလုံးသားထဲကဆွဲထုတ်ပစ်လိုက်တယ်။
တစ်ဆစ်ချိုးအကွေ.
ဘ၀တစ်ကွေ.
ကောင်းတာတွေ.မလား
ဆိုးတာတွေ.မလား
တစ်မြည်.မြည်.နဲ.ရင်ဖိုဖွယ်……
 ကွေ.ချင်ရာကွေ.
တွေ.ချင်ရာတွေ.
ခွေ.ချင်ရာခွေ.
ရွှေ.ပင်ရွှေ.ဘူး
ဘူးမခံဘူး
ကန်တာရဆူး
စူးလို.ရူးတောင်
သတ်တိထူးနဲ. ခူးပြမယ်။
သွေး ပဥစလက်ဆန်သော ရေးချက်တွေနဲ. ဘ၀တစ်ကွေ.ပြေးတွေ.လိုက်တယ်။
 ဖေဖေ မြန်မြန်လွတ်ပါစေဗျာ………….။
Reply all
Reply to author
Forward
0 new messages