Halo သို့မဟုတ် Nimbus ခေါ် ရောင်ခြည်တော်စက်ဝိုင်းအကြောင်း သိကောင်းစရာ

42 views
Skip to first unread message

Tomme Aung

unread,
Jul 8, 2014, 1:59:56 PM7/8/14
to travel...@googlegroups.com

မိမိရေးသော Metaphysic စာအုပ် ထဲမှ စာမူတစ်ချို့


Halo သို့မဟုတ် Nimbus or Aureola or gloriola ခေါ် ရောင်ခြည်တော်စက်ဝိုင်းအကြောင်း သိကောင်းစရာ

ရုပ်ခန္ဓာ လေ့လာမှု သို့မဟုတ် ဇီဝကမ္မဗေဒ Physiology အရ ပြောမယ်ဆိုလျင် Halo လို့ခေါ်တဲ့ ရောင်ခြည်တော်စက်ဝိုင်းကို ရှေးယခင်လူများ က သူတော်ကောင်းဖြစ်တဲ့ လူပုဂ္ဂိုလ်ပုံ ပန်းချီဆွဲရာမှာ (Nimbus ကို )ဦးခေါင်းတစ်ဝိုက်ထည့်ရေးဆွဲ ဖေါ်ပြတတ်ကြပါတယ်။ ဒါကို ရှေးခေတ် ဂရိ နဲ့ ရောမ လူမျိုးများက သူတော်စင်အတွက်သာမက သူရဲကောင်း အာဇာနည်တို့ ပုံတွေကို ရေးဆွဲရာမှာပါ Halo ကို အသုံးပြုခဲ့တယ်။ ဗုဒ္ဓ ပုံတော် ကို ပန်းချီဆွဲတဲ့အခါ သုံးခဲ့သလို တစ်ခြား ဘာသာများမှလည်း ၄င်း halo ခေါ် Nimbus ကို ခေတ်အဆက်ဆက်ဖေါ်ပြ အသုံးပြုခဲ့ပါတယ်။ ဂရိ လို halos က တစ်ခါတစ်ရံ လူ့ခန္ဓာ ပေါ်မှာ အဝိုင်းအဝန်းအဖြစ်ရေးဆွဲပြတတ်သလို။ ဗုဒ္ဓဘာသာ ဗုဒ္ဓဝင်ပန်းချီကားအတွက် ဗုဒ္ဓ နဲ့ ရဟန္တာ တို့ ဦးခေါင်း အထက် ဝန်းကျင်မှာ ထည့်ဆွဲ ဖေါ်ပြတာတွေ့ရပါတယ် ။

ဒါကို ပါဋ္ဌိလို မန္ဒူလာ Mandorla လို့ ခေါ်ပါတယ်။ အဲဒီ အဝန်းဝိုင်းရောင်စဉ်ကို ရွှေရောင် အဝါရောင် အဖြူရောင် နဲ့ အနီရောင်တွေနဲ့ ရေးဆွဲခဲ့ကြတယ်။ ပုဂံမှာ ရှိတဲ့ လောက ထိဋ်ခေါင် အပါယ်ရတနာ နဲ့ သမ္ဗူလ ဘုရားတွေမှာ ရှိတဲ့ နံရံ ဆေးရေး ပန်းချီ တွေမှာ တွေ့နိုင်ပါတယ်။ ခရစ်စယာန် ဘာသာမှာ သခင်ယေရှု ရဲ့ နောက်ဆုံး ညစာစားပွဲ ပုံ မှာ လည်း Halo ကို တွေ့ရှိရသလို ဟိန္ဒူ ဘုရားကျောင်းတွေက နံရံ ဆေးရေးတွေမှာ တွေ့ရပြန်တယ်။ ဒီတော့ ခေတ်အဆက်ဆက် ဘာသာမျိုးစုံရဲ့ ပန်းချီကားတွေထဲက သူတော်စင်နဲ့ သူရဲကောင်းပုံ တွေကို သာမာန်လူ တွေနဲ့ ခွဲခြားသိနိုင်အောင် သင်္ကေတနည်း NIMBUS OR HALO နဲ့ ခွဲခြား ဖေါ်ပြခဲ့ပုံပေါက်တယ်။ ချွင်းချက် ဂျူးဘရားကျောင်းတော့မပါပါဘူး။ Jewsis ဘာသာကတော့ ဘုရားကျောင်း နံရံတွေမှာ ဘာပန်းချီကားမှ ရေးဆွဲ ချိတ်ထားတာ လက်မခံပါ။

ရာဇ ကုမာရ မင်းသားကုသိုလ်ပြုတဲ့ ဂူပြောက်ကြီး မှာတော့ Nimbus အပြင် အထက်နတ်နဲ့ အောက်နတ်ပေါ်လွင်အောင် နတ်သားအမည်းနဲ့ နတ်သားအဝါ ကို ရေးဆွဲ ခွဲခြားပြတာ သိပ်ကောင်းပါတယ်။ Mon Civilization မြင့် မမြင့် သိနိုင်ပါတယ်။

အာရှ အနုပညာဖန်တီးမှုမှာ Aureola ကို ဟိန္ဒူ ကိုးကွယ်သူတွေ တော်တော်သုံးတာတွေ့ရတယ်။ အထူးသဖြင့် ဗုဒ္ဓမျက်နှာတော်ဖော်ပြရာမှာ အသုံးပြုခဲ့ကြောင်း ၁ ရာစုနှစ် ဗြိတိသျှ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ Halo ရဲ့ အရောင်ကို လူပုဂ္ဂိုလ် အရ အရောင်ခွဲခြားတင်ပြတာတွေ့ရတယ်။ လိမ္မော်ရောင်ကို သံဃာအတွက် သုံးတယ်။ ဗုဒ္ဓအတွက် အစိမ်းရောင်သုံးပြီး အခြားသာမာန်လူတွေအတွက် ဒိပြင် အရောင်တွေ သုံးခဲ့ကြောင်း တိဗက် Buddhism မှာ အထင်အရှားတွေ့ရတယ်။
အင်္ဂလိပ် စာရေးဆရာ အေးလင် မင်းလင်ဂ်တန်က ထေရဝါဒ Buddhism မှာနှစ်ပေါင်းမြောက်များစွာ ကြာသည့်တိုင်အောင် Halo ကို ထည့်မရေးဆွဲတာတွေ့ရကြောင်း။ မြန်မာနိုင်ငံမှာဆို ပုဂံခေတ်မှတိုင် ကုန်းဘောင်ခေတ်အထိ ကွင်းဆက်ပျောက်နေကြောင်းရှင်းပြပါတယ်။ (Referance The history of igonography by Harvard University)။ နောက်ပိုင်း မြန်မာသမိုင်း နံရံဆေးရေးတွေမှာမှ Halo အယူအဆ ပြန်တွေ့ရကြောင်းသုံးသပ်ရေးထားတာတွေ့ရတယ်။
ဒါကို စာရေးသူက လက်ခံပါတယ်။ ၁၆ ရာစု လက်ရာ ဖိုးဝင်းတောင် သမိုင်းမှာ ပြင်သစ်သုတေသီတွေ စာတမ်းပြုစုထားတာနဲ့ တစ်ထပ်ထဲမို့ပါ။ အဲဒီနံရံဆေးမှာ nimbus ကို ထည့်ထားပေမယ့် အဝိုင်းအဝန်းခပ်သေးသေး ခပ်မှိန်မှိန်သာ ရေးဆွဲထားတာတွေ့ရတယ်။ ဒီ့ နောက်ပိုင်းခေတ် နံရံဆေးရေးမှာ halo ကို အဓိကထား ဖော်ပြတာနည်းကြောင်း ရတနာပုံခေတ် နံရံပန်းချီများကို ကြည်လျင် သိနိုင်ပါတယ်။ ဥပမာ မဟာမြတ်မုနိ တောင်ဖက်မုဒ် အဝင် မှာရှိတဲ့ နံရံ ဆေးရေးကို ကြည့်ပြီး နိုင်းယှဉ်နိုင်ပါတယ်။
Halos ကို အစ္စလမ်မှာလည်း တွေ့ရတယ်။ အထူးသဖြင့် ပါရှန်းလူမျိုးတွေ ရဲ့ အသေးစိပ်ပန်းချီလက်ရာ Moghul နဲ့ Ottoman art ပုံတွေမှာ တွေ့ရတယ်။ သူတို့အနေနဲ့ ရောင်ခြည်စက်ဝိုင်းအနေနဲ့ ဖေါ်ပြချင်တာထက် မီးစက်ဝိုင်းအဖြစ် ဖော်ညွှန်းတင်စားချင်တာဖြစ်ကြောင်း။ ဖရောဖတ် Muhammad နဲ့ တစ်ခြားအရေးပါတဲ့သူတွေအတွက် ပုံတူရေးဆွဲရာမှာ ဖော်ပြခဲ့ကြောင်းသိရပါတယ်။ သာဓဓကအရ MUGHAL အင်ပါယာများ RAIPUT AND SIKH အဓိပတိများ အတွက် ဥရောပကနည်းလမ်းအချို့ကို ၁၇ ရာစုမှာ အတုယူ ရေးဆွဲခဲတယ်လို့ ယူဆရပါတယ်။

အစောပိုင်း ခရစ်စယာန်ဘာသာအရ ၄ရာစုလောက်မှာ ICONIC ပုံရိပ်များရေးဆွဲရင်း HALO အယူအဆ ပုံဖော်ခဲ့ကြတယ်။ အထင်ကရပုံထဲက Lamb of God ဟာ ထင်ရှားပါတယ်။ အဲဒီနောက်ပိုင်း Cruciform halo ဆိုတာ ထပ်ပွားပေါ်ပေါက်လာတယ်။ အဓိက ကတော့ Jesus နဲ့ တစ်ခြား သူတော်စင်တွေရဲ့ ပုံရေးဆွဲဖို့ သာမာန်လူတွေနဲ့ မတူဘူး ထူးခြားတဲ့ သူတွေ ဖြစ်တယ်ဆိုတာ ဖော်ပြချင်တဲ့ အနေနဲ့ ပေါ်ပေါက်လာတဲ့ အရာပါ။
ဘယ်လိုပဲဖြစ်ဖြစ်။ ဘယ်ဘာသာရဲ့ စံနဲ့ တိုင်းတိုင်း ထူးခြားတဲ့ မြတ်တဲ့ ပုဂ္ဂိုလ်တွေကို အနုပညာနဲ့ ဖော်ပြချင်တာကို Halo နဲ့ ထင်ဟပ်ပြကြတာပဲလို့ ပြောရမလိုပါ။
ဖြစ်ချင်တော့ ၁၄ ရာစု နောက်ပိုင်း ပန်းချီရေးဆွဲသူတွေက Halo အယူအဆကို လက်မခံချင်တော့လို့ Nimbus or halo ရဲ့ Influence လျော့ပါးလာခဲ့ပြန်ရော။ ၁၅ ရာစု မှာ Jan Van Eyck နဲ့ Robert Campin ဆိုတဲ့ အီတလီပန်းချီဆရာအပြင် Giovanni Bellini တို့က Jesus ရဲ့ ပုံတူကို ဦးခေါင်းပေါ်Halo မပါပဲ ဆွဲပြပြီးနောက်ပိုင်း ဥရောပ တစ်ခွင် မှာ Halo အယူအဆ နဲပါးသွားရပါတယ်
်။
ဘယ်လို အကြောင်းပဲ ဖြစ်နေပါစေ အစောပိုင်း ခရစ်စယာန် ဘုရားကျောင်းများကတော့ Halo အယူကိုလက်ခံကြတယ်။ ဘုရားသခင်ရဲ့ ရောင်စဉ်စက်ဝိုင်း HALO ဆိုတာ လူတွေ ဖန်တီးယူလို့ရတဲ့အရာ မဟုတ်ဘူး။ ဘုရားသခင်ကိုယ်စားခိုင်လုံသော ဖြစ်ပေါ်လာသည့် ပကတိ အရာလို့ စွဲ ကိုင်ယုံမှတ်စဲပါ။
 
အရှေ့ Orthodox Church ရဲ့ အယူအဆ အရ ဒီသင်္ကေတ ဟာ window into the haven ကောင်းကင်ဘုံရဲ့ ဝင်ပေါက် တံခါးပါလို့ဆိုတယ်။ Halo က ဝိဥာဉ် ရဲ့ စိတ်ခံစားမှု တင့်တယ်ခြင်းရောင်စင်တွေလို့ ပြောကြတယ်။

ဆိုတော့ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် Halo သို့မဟုတ် Nimbus ခေါ် ရောင်စင်တန်း ဖြစ်ပေါ်တည်ရှိမှုကို ခေတ်အဆက်ဆက် လက်ခံယုံကြည်လက်ခံခဲ့ပါကြောင်း တွေ့ရှိရပါတယ်။

Feferance:
National Potrail Gallary London, 2010, ISBN 1984

အစဉ်လေးစားလျက်
သွေးသစ်
၂၀၁၄
 


N3.jpg
N2.jpg
N 1.jpg
Reply all
Reply to author
Forward
0 new messages