“ပြည်သူ့အသံ” ဧည့်လမ်းညွှန်ကဏ္ဍ (၃)
နိုင်ငံခြားသားဧည့်သည်ကို ငါးစိမ်းသည်လိုရန်ထောင်ခဲ့တဲ့ မင်းကွန်းကဈေးသည်
ဒီကိစ္စမျိုးက အင်းဝမြို့ဟောင်းမှာရော ဦးပိန်တံတားမှာရော အကြိမ်ကြိမ်ဖြစ်ခဲ့လို့ အကြိမ်ကြိမ်လည်းတင်ပြခဲ့ပြီးပါပြီ။ သက်ဆိုင်ရာတို့က ကြပ်ကြပ်မတ်မတ်နဲ့ အရေးတယူ မဆောင်ရွက်ပေးသရွေ့ ထပ်ဖြစ်နေဦးမှာပါ။ ယနေ့ (၁၄.၁.၂၀၁၄) ရက်နေ့မှာလဲ ထပ်မံဖြစ်ပွားခဲ့ပြန်ပါပြီ။ နောက်ထပ်လဲဖြစ်ပွားဖို့ အလားအလာတွေများစွာပင် ရှိနေပါသေးတယ်။ အကယ်၍ အသေးအဖွဲကလေးကနေ ကြီးထွားလာပါက သက်ဆိုင်ရာတို့၏ တာဝန်သာဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။
မန္တလေးဇုန်မှ ဧည့်လမ်းညွှန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဧည့်သည်တော် ပြင်သစ်လူမျိုး အဖိုး(၆၄ နှစ်) အဖွား (၆၈ နှစ်) တို့နှင့်အတူ မင်းကွန်းမြသိန်းတန်ဘုရားမှအပြန်၊ မင်းကွန်းဆရာတော်ဘုရားကြီးအား ၀င်ရောက်ဖူးမြော်ရန် အ၀င်တွင် ဧည့်သည်က လက်ဆောင်ပစ္စည်းဝယ်ချင်တယ်ဆိုလို့ ၀င်ပေါက်ညာဘက်ဘေးဆိုင်အရောက်မှာ ၀င်ခဲ့ကြပါတယ်။ ချိန်ခွင်နှင့် ဟင်္သာရုပ်အလေးများကိုကြိုက်လို့ ၃၂ ဒေါ်လာနဲ့ဝယ်ပါတယ်။ ဒါပေမဲ့ ဧည့်သည်က Certificate ဆိုပြီးတောင်းပါတယ်။ ဒါပေမဲ့ ဈေးသည်အမျိုးသမီးက (Certificate ဆိုတာဘာလဲ)လို့ မေးတော့ ဧည့်လမ်းညွှန်က (သူဝယ်ခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတစ်ခုခုပေါ့ဗျာ။ ဘောက်ချာတို့ဘာတို့လိုမျိုးပေါ့။) အဲဒီမှာ ဈေးသည်က (မင်းတို့ Guide မလုပ်ခင်ဆယ်နှစ်ကျော်ကတည်းက ဈေးရောင်းစားလာခဲ့တာ။ ဘာ Certificate ဘာဘောက်ချာမှ မပေးခဲ့ရဖူးဘူး။ ပေးစရာလဲမရှိဘူး) လို့ပြောတဲ့အတိုင်း သူ့ဧည့်သည်ကိုလည်း အဲဒီအတိုင်းပဲ ပြောပြလိုက်ပါတယ်။ ဒါဆိုလည်း နောက်တစ်ဆိုင်သွားမယ်လို့ ဧည့်သည်ကပြောတာနဲ့ ထွက်လာခဲ့ကြပါတယ်။ နောက်တစ်ဆိုင်ရောက်တော့လဲ ဒီလိုပဲ Certificate တောင်းပါတယ်။ ဒါနဲ့ အဲဒီဆိုင်က ဘောက်ချာတစ်ခုလုပ်ပေးလိုက်ပါတယ်။ ၃၂ ဒေါ်လာတန်ကို ၂၅ ဒေါ်လာနဲ့ လျှော့ဈေးနဲ့ ၀ယ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် လေ့လာပြီးမြောက်လို့ ပြန်ခဲ့ကြပါတယ်။ အဲဒီမှာ ပြဿနာက စပါတော့တယ်။
ပုထိုးတော်ကြီးအနီးအရောက်မှာ ပထမဈေးဆိုင်အမျိုးသမီးက အခြားအဖိုးကြီးတစ်ယောက်ရယ်၊ အစ်မကြီးတစ်ယောက်ရယ် သုံးယောက် နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး ဧည့်သည်နှစ်ဦးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်ကြီးဟစ်ကျယ်နဲ့ ကက်ကက်လန်အောင် ရန်တွေ့ပါတော့တယ်။ (what Certificate, Do you know Certificate) စသည်ဖြင့် မတတ်တတတ် အင်္ဂလိပ်လိုပါညှပ်ပြောနေတာ။ ကြာတော့ ဧည့်လမ်းညွှန်က ဘယ်လိုမှနေလို့မရတော့ပါဘူး။ (အစ်မအဲဒီလောက်ကြီးမပြောသင့်ကြောင်း၊ သူဝယ်ချင်တဲ့ဆိုင်မှာသူ့သဘောနဲ့သူဝယ်တာ ခင်ဗျားပြောစရာမလိုကြောင်း၊ ဧည့်သည်တွေကို မအော်သင့်ကြောင်း၊ ဒီလိုလုပ်တာ ရှက်စရာကောင်းကြောင်း) စသည်ဖြင့် ပြောတော့ (ဖခင်ဟုဆိုသော) အဖိုးကြီးကပါဝင်လာပြီး သူ့သမီးဖြစ်ကြောင်း၊ သမီးကိုမဆုံးမဘဲ ဧည့်သည်နဲ့ ဧည့်လမ်းညွှန်ကိုသာ ဖိပြောနေတော့တယ်။ ပုထိုးတော်ကြီးအနီးအဆောက်အဦးအခန်းထဲမှာ Tourist Police များထံသွားပြီး (အစ်ကို လာရှင်းပေးပါဦး)လို့ အကူအညီတောင်းတော့ အများကြီးထဲက တစ်ယောက်ထွက်လိုက်လာတယ်။ (အစ်မမပြောနဲ့၊ မပြောပါနဲ့) ပြောပြီး အခန်းထဲပြန်ဝင်သွားတယ်။ ဘာမှနောက်ထပ်လာမပြောတော့ပါဘူး။ ဈေးသည်များ ၃ ယောက်ပေါင်းပြီး ပိုပြီးအော်ကြီးဟစ်ကျယ်နဲ့ ရန်ထောင်ပါတော့တယ်။ ဧည့်သည်တော်အဖွားအိုခမျာ ထိုင်ငိုပါတော့တယ်။ အဖွားအိုငိုတော့ အဖိုးအိုကပါ လိုက်ငိုပါတော့တယ်။ မင်းကွန်း-မန္တလေးမော်တော်ပေါ်မှာလဲ (မင်းငါတို့ကြောင့်ဒီလိုဖြစ်ရတာ)ဆိုပြီး ငိုငိုပြီး သူ့ဧည့်လမ်းညွှန်ကို တောင်းပန်နေရှာတယ်။
ကမ္ဘာမှာ မြန်မာတို့သည် ယဉ်ကျေးမှုကြီးမားသည်။ သိမ့်မွေ့သည်။ ဖေါ်ရွေသည်။ ကူညီတတ်သည်။ သဘောကောင်းသည်။ ဘာသာတရားကိုင်းရှိုင်းသည်။ နာလည်သိတတ်သည်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာပြောကြမည်နည်း။ ကမ္ဘာကို ဘယ်လိုရှင်းပြမည်နည်း။ ရှက်တတ်သောအမျိုးဆိုပါက ရှက်စရာကောင်းလေစွ။ သက်ဆိုင်ရာများရှက်တတ်ပါလေစွ။ အဆိုပါဧည့်သည်သည် သူ့နိုင်ငံရောက်ပါက သူ့ရဲ့မိတ်ဆွေသူငယ်ချင်းဆွေမျိုးသားချင်းတွေကို သေချာပေါက် ဖောက်သည်ချပေလိမ့်မည်။ ပွင့်လင်းမြင်သာမြန်ဆန်သောဒီကနေ့လိုခေတ်ကြီးထဲမှ အင်တာနက်မှာလည်း သတင်းဖလှယ်ကြပေလိမ့်မည်။ ယခုကျွန်တော်ရေးနေသည့် ဒီစာသည်ပင် မြန်မာနိုင်ငံရှိ ဧည့်လမ်းညွှန်အားလုံးသာမက ခရီးသွားလာရေကုမ္ပဏီများ၊ ဟိုတယ်များ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံးအပြင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံခြားသားမိတ်ဆွေများအထိပင် ပေါက်ရောက်သွားပါမည်။ သက်ဆိုင်ရာအားလုံး ၀ိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေး
မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
၁၄.၁.၂၀၁၄
“ပြည်သူ့အသံ” ဧည့်လမ်းညွှန်ကဏ္ဍ (၂)
အင်းဝမြို့ဟောင်းမှာ နိုင်ငံခြားသားခရီးသည်တင် မြင်းလှည်းတိမ်းမှောက်ခြင်း
ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ မန္တလေးမှဧည့်လမ်းညွှန်အမျိုးသားတစ်ဦးက ပေးပို့ထားတဲ့ သတင်းဖြစ်ပါတယ်။ ၇.၁.၂၀၁၄ ရက်နေ့၊ နေ့လည် ၂း၀၀ ခန့်က ထိုင်းနိုင်ငံသား အမျိုးသမီးဧည့်သည် ၃ ယောက်နှင့်အတူ မြင်းလှည်း ၂ ယောက်တစ်စီးစီးပြီး အင်းဝမြို့ဟောင်းကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အပြန် နန်းမြို့ရိုးမှအထွက်တွင် မြင်းလှည်းအမှတ် (---) မှ မြင်းက လန့်ပြီးခုန်ပေါက်ရာမှာ တဖက်ချောက်ထဲသို့ထိုးကျပြီးလဲသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ ချောက်ထဲတွင် ခြုံနွယ်များရှိနေသဖြင့် မည်သည့်ဒဏ်ရာမျှ မရရှိခဲ့ပါဟုဆိုပါတယ်။ ခြုံနွယ်များမရှိရင်တော့ ဘာဖြစ်မယ်ဆိုတာ မတွေးဝံ့ကြောင်းဆိုပါတယ်။ မြင်းလှည်းများအပြိုင်မောင်းနှင်၍ တစ်စီးနှင့်တစ်စီးကျော်တက်ရာမှစတင်ကာ မြင်းကလန့်နေခဲ့သည်ဟုဆိုပါတယ်။ ဧည့်သည်တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက မြန်မာတို့၏ အဖိုးတန် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ အင်းဝမြို့ဟောင်းရဲ့ Image ထိခိုက်နိုင်ပါသဖြင့် သက်ဆိုင်ရာတို့က ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးပါရန် “ပြည်သူ့အသံ” ဧည့်လမ်းညွှန်ကဏ္ဍမှ တင်ပြအကြောင်းကြားပေးပါရန် ပေးပို့ထားသည်။
သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေး
မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
၁၀.၁.၂၀၁၄
(တိုက်ဆိုင်စွာပင် ယနေ့ ၁၀.၁.၂၀၁၄ ရက်နေ့ ရတနာပုံ သတင်းစာမှ ဆောင်းပါတစ်ပုဒ်ကိုလည်း မူရင်းအတိုင်း ကူးယူဖေါ်ပြလိုက်ပါသည်)
အင်းဝမြို့ဟောင်းတွင် မြင်းလှည်းမောင်းသူများကို စည်းကမ်းကြပ်မတ်ရန်လိုအပ်လာ
အင်းဝ ဇန်န၀ါရီ ၉
အင်းဝမြို့ဟောင်းတွင် နိုင်ငံခြားသားဧည့်သည်များကို လိုက်လံပို့ဆောင်ပေးသည့် မြင်းလှည်းများမှာ လမ်းဘေးချောက်ထဲသို့ မကြားခဏ ထိုးကျနေမှုကြောင့် နိုင်ငံခြားသားများကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် မြင်းလှည်းမောင်းသူများကို စည်းကမ်းချက်များနှင့်အညီ အထူးကြပ်မတ်ရန်လိုအပ်လာသည်ဟု ဒေသခံတစ်ဦးက ပြောပြသည်။
အင်းဝမြို့ဟောင်း အိုးတုတ္တန်းမြင်းလှည်းဂိတ်တွင် နိုင်ငံခြားသားခရီးသည်များကို အင်းဝမြို့တွင်သို့ လိုက်လံပို့ဆောင်ပေးသည့် မြင်းလှည်းပေါင်း ၁၅၀ ကျော်ခန့်ရှိပြီး မြင်းလှည်းမောင်းသူများကို မြင်းလှည်းမောင်းလိုင်စင်များ ပြုလုပ်ပေးထားသည်။
သို့သော် မြင်းလှည်းမောင်းနေသူများတွင် အရက်သေစာသောက်စား၍ မောင်းနေသူများ၊ ၁၀ နှစ်၊ ၁၂ နှစ်အရွယ်ကလေးများ၊ အမျိုးသမီးများလည်း မောင်းနေကြသည်။ ထို့ပြင် မောင်းနှင်ရာ၌ စည်းကမ်းမဲ့ မောင်းချင်သလိုဝင်ရောက်မောင်းနေကြသောကြောင့် ဗားကရာကျောင်း အ၀င်လမ်းဘေးချောက်ထဲသို့ မကြာခဏထိုးကျ၍ လိုက်ပါစီးနင်းသူ နိုင်ငံခြားသားဧည့်သည်တော်များ ဒဏ်ရာအနာတရ မကြာခဏဖြစ်ကြရသည်ဟု သိရသည်။
အင်းဝမှ ဒေသခံတစ်ဦးက ယခုကဲ့သို့ မြင်းလှည်းများ လမ်းဘေးချောက်ထဲထိုးကျနေခြင်းသည် နိုင်ငံခြားသားများအတွက် အသက်အန္တရာယ်ရှိလာနိုင်ကြောင်း သို့ဖြစ်၍ နိုင်ငံခြားသားဧည်သည်များ အန္တရာယ်ကင်းစွာ အင်းဝမြို့အတွင်းသို့ ၀င်ရောက်လေ့လာနိုင်ရန်အတွက် စည်းကမ်းမဲ့မောင်းနေသော မြင်းလှည်းမောင်းသူများကို အထူးကြပ်မတ် အရေးယူရန်လိုအပ်ကြောင်း ၎င်းက ပြောပြ၍ သိရသည်။ အင်းဝအထောက်တော်
“ပြည်သူ့အသံ” ဧည့်လမ်းညွှန်ကဏ္ဍ (၁)
ဖိုးဝင်းတောင် အမှိုက်ကျင်း နဲ့ မင်းကွန်း အမှိုက်ပုံ
မြန်မာပြည်သူများနဲ့ နိုင်ငံခြားသားများ နေ့စဉ်မပြတ် လည်ပတ်လေ့လာနေသည့် နေရာများဖြစ်တဲ့ ဖိုးဝင်းတောင် ရွှေဘတောင်နဲ့ မင်းကွန်းဒေသတွေမှာ ဒေသခံများက အမြင်မတော်လောက်အောင် အမှိုက်များကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသဖြင့် လာလာသမျှဧည့်သည်များ နှာခေါင်းရှုံ့ လက်ညှိုးထိုးလျှက် မြန်မာတွေစည်းကမ်းမဲ့ကြောင်း ကျေငြာမောင်းခတ်လျှက်ရှိပါကြောင်း၊ ဒေသဆိုင်ရာ တာဝန်ရှိသူများက ဖယ်ရှင်းပေးစေရန် သက်ဆိုင်ရာသို့ တာဝန်သိဧည့်လမ်းညွှန်တစ်ဦးက ပြည်သူ့အသံဧည့်လမ်းညွှန်ကဏ္ဍမှ တောင်းဆိုထားပါကြောင်း။
သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေး
မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များသင်း
၂၃.၁၂.၂၀၁၃
အင်းဒီအတိုင်းဆက်ဖြစ်နေရင်ရှက်ဖွယ် အလီလီပဲ။ စီးပွားရေက အဆင်မပြေ ပညာကနည်း လေလာမှုကမရှီ ကိုယ်ကျင်လည်နေတဲ ပတ်ဝန်းကျငိကျဉ်းကျဉ်း လေးမှာပဲ ပျော် မွေနေရ ကြတဲ တစ်ကဲ လမ်းဘေး ဈေးသယ် ပဲ ကိုယ့်လုပ်ရပ်က ဘယ်အထိဖြစ်သွားတယ် ဆိုတာကိုယ်လည်း လုံးဝနားမလည်း Tourist Police ကလည်း ဒီလိုနေရာမှာ မရှင်းရင် ဘာလုပ်ဖို့ ထားနေတာတုံး နေရင်းထိုင်ရင်းနဲ ဂိုက်က မျက်နှာ ပျက်ရ မျက်နှာပူရ တစ်ခုခုတော့လုပ်ဖို့ ဝိုင်းစဉ်းစားသင့်တယ် အပြစ်ပေးတာထက် Educated လုပ်ပေးရင်ပိုကောင်းမယ်
ဈေးသယ် ကားသမား မြင်းလှည်းသမား လှေသမား စတာတွေကိုပေါီ့
Sending from my Galaxy S4
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAN81N2ucSGbeFwUeHCE7%3D61WWNqSM%2BF1fo3g6n9JZnvZr6%2BNkw%40mail.gmail.com.
မသီတာ (မြ၀တီသတင်းစာ) သို့
လေးစားပါသည်။ ဂုဏ်ယူပါသည်။
အထူးအားဖြင့် အားလုံးကိုမတတ်နိုင်ပေမဲ့ နိုင်ငံနှင့်လူမျိုးအတွက်၊ ဘာသာသာသနာအတွက်၊ ယဉ်ကျေးမှုဓလေ့ထုံးစံတို့အတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်စေချင်ပါသည်။ ကိုယ့်အကျိုးအတွက်သာမဟုတ်၊ အများပြည်သူအကျိုးအတွက်သာ၊ အိမ်ရှင်ကောင်းများအဖြစ်နဲ့ နိုင်ငံရပ်ခြားက ဧည့်သည်တော်များ စိတ်ချမ်းသာကိုယ်ကျန်းမာရေးအတွက်သာ၊ ဧည့်လမ်းညွှန်များ တိုးတက်ရာတိုးတက်ကြောင်းအတွက်သာ စေတနာကောင်းဖြင့်သာ ကြိုးစားကြပါစို့။
ကျေးဇူးတင်ပါသည်
သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေး
မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
၂၀.၁.၂၀၁၄
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CANWyO3DTo_jnz-ezf40r0JN4wriVmgKwNPqrtS_Y1A82DEycAg%40mail.gmail.com.