အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို ၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက်မည်

7 views
Skip to first unread message

Myo

unread,
Aug 20, 2012, 2:31:54 AM8/20/12
to travelmyanmar, myanmartourguidessociety
အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို ၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက်မည်

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်း ကို၂၀၁၆ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟု မလေးရှားနိုင်ငံ၏ Bernama သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

အာဆီယံနိုင်ငံများ၏ မိတ်ဖက် ခြောက်နိုင်ငံတွင် ပါဝင်သော အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံကို ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကူညီပေးထားပြီး ချေးငွေ၏အချို့ တစ်ဝက်ကို အဆိုပါသုံးနိုင်ငံသွယ် တန်းမည့် အဝေးပြေးကားလမ်း အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးမစ္စတာ အန်နေးလ်ဝဒ် ဟ၀ါက ပြောကြားခဲ့သည်။

အဆိုပါ အဝေးပြေးလမ်းကို ၂၀၁၆ ခုနှစ်တွင်အပြီး တည်ဆောက်ရန် မျှော်မှန်းထားပြီး အိန္ဒိယ၏အရှေ့ မြောက် ပြည်နယ်များမှ မြန်မာနိုင်ငံ အထိ လမ်းအရှည် ၁၆၀၀ ကီလိုမီတာကျော် အတွက် လမ်းပိုင်းအချို့ ကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ရမည်ဟု သိရသည်။

“ဒီအဝေးပြေးလမ်းက အိန္ဒိယ ကနေ မြန်မာနိုင်ငံ မန္တလေးအထိ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ပြီး တော့ ထိုင်းအာဏာပိုင်တွေ အဝေးပြေးလမ်း တည်ဆောက်နေတဲ့ နေရာ ကိုဆက်သွယ်ပါမယ်။ အဲဒီနေရာက ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံထဲ ကို ၆၃ ကီလိုမီတာ ဝေးပါတယ်” ဟု ၎င်းကထိုင်းနိုင်ငံ၏ နေ့စဉ်ထုတ် The Nationသတင်းစာနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

၎င်းက အဆိုပါသုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီးသည် ကုန်စည်တင်ကားများကို အိန္ဒိယမှ မြန်မာထိုမှတစ်ဆင့် ချင်းရိုင်နှင့် နယ်စပ်မြို့များကိုဖြတ်၍ ထိုင်းနိုင်ငံကို ဆက်သွယ် သွားလာနိုင်စေ မည်ဟုဆိုသည်။

“ ဒီအဝေးပြေးလမ်းက သုံးနိုင်ငံစလုံးအတွက် ကုန်သွယ်မှုမြှင့်တင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့နဲ့ အခြားအကျိုးတွေ အများကြီး ရရှိနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ကားလမ်းစီမံကိန်း အတွက် ငွေကြေးကူညီပေးသော အခြားအဖွဲ့အစည်းများတွင် အာရှဖွံ့ဖြိုးမှုဘဏ် (AGB) နှင့် ကမ္ဘာ့ဘဏ်လည်း ပါဝင်နေသည်ဟု သိရသည်။

အဆိုပါလမ်းကြောင်းသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများ ကိုဆက်သွယ်သည့် အရှေ့အနောက် စီးပွားရေးစင်္ကြံကို ဖော်ဆောင်ပေးမည်ဖြစ်သည်။

ထို့အတူ တရုတ်နိုင်ငံ တောင်ပိုင်းမှ အရှေ့တောင်အာရှ အဓိက နယ်မြေများဖြစ်သည့် မြန်မာ၊ ထိုင်း နိုင်ငံတို့ကိုဖြတ်၍ မလေးရှား၊ စင်ကာပူအထိ ဆက်သွယ်ထားသည့် မြောက်-တောင် စီးပွားရေးစင်္ကြံလမ်း လည်း ရှိသည်။


Source : Weekly Eleven


Reply all
Reply to author
Forward
0 new messages