ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်နှင့် အဆောက်အဦးများ တိုးချဲ့လာမှုနှင့် ဆက်လျဉ်း၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မည်

9 views
Skip to first unread message

Than Tun Oo

unread,
Nov 10, 2012, 9:20:54 AM11/10/12
to travelmyanmar
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်နှင့် အဆောက်အဦးများ တိုးချဲ့လာမှုနှင့် ဆက်လျဉ်း၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မည် PDF Print
Saturday, 10 November 2012 13:12
AddThis Social Bookmark Button

thn-10-11-12-1
မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းတွင် နိုဝင်ဘာလ ၁၀ရက်နေ့က သတင်းစာရှင်းပွဲတွင် ကိုမင်းနိုင်အောင်က ရှင်းလင်းပြောကြားနေစဉ်

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်နှင့် အဆောက်အဦများ တိုးချဲ့လာမှုနှင့် ဆက်လျဉ်း၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ၃၆လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ယက်ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပထမအကြိမ် ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်ခဲ့သူ ကိုမင်းနိုင်အောင် ကပြောကြားခဲ့သည်။

ပုဂံရှေးဟောင်းနယ်မြေ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုမင်းနိုင်အောင်က ''ကျွန်တော်တို့ ပထမအကြိမ် ဆန္ဒထုတ်ဖော်တုန်းက သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေတွေကို ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်ပေးဖို့နဲ့ ရှေး ဟောင်းအမွေအနှစ် စေတီ၊ ပုထိုး ၀န်းကျင်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ တိုးချဲ့ဆောက်လုပ်နေတာ တွေကို တားဆီးဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအနေနဲ့ ဘာတုန့်ပြန်မှုမှ မရှိတဲ့အတွက် နောက်ထပ်တစ်ကြိမ် ပြုလုပ်သွားဖို့ စီစဉ်တာပါ။ ကျွန်တော်တို့ လိုချင်တဲ့အချက်တွေ မရမချင်း တောင်းဆို ဆန္ဒထုတ်ဖော်မှုတွေ လုပ်သွားမှာပါ'' ဟု ပြောပြခဲ့ပါသည်။                                       ဆန္ဒထုတ်ဖော်မှု ပြုလုပ်ရန်အတွက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပုဂံညောင်ဦးမြို့ ရဲတပ်ဖွဲ့စခန်းသို့ တရားဝင် တင်ပြလျောက်ထားသွားမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ပထမအကြိမ် ဆန္ဒထုတ်ဖော်မှု တစ်လပြည့်နေ့အဖြစ် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကိုမင်းနိုင်အောင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောပြခဲ့သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်အဆောက်အဦးများ တိုးချဲ့လာမှုနှင့် ပတ်သက်၍ ပထမအကြိမ် ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၂၂ ရက်နေ့က ပုဂံညောင်ဦးမြို့၌ ပြုလုပ်ခဲ့ကြသည်။             ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ''ပုဂံဆိုတာ မြန်မာနိုင်ငံကြီး စပြီးတည်ထောင်တဲ့ နေရာဖြစ်တယ်။ ပုဂံဆိုတာ ကျွန်တော်တို့ရဲ့ အတိတ်ပါ။ ကျွန်တော်တို့ရဲ့ အတိတ်ကို ကျွန်တော်တို့ စောင့်ရှောက်ရမယ်။ လိုအပ်တာထက် ပိုမိုတဲ့ အခွင့်အရးတွေ ယူထားကြလို့၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေကို သတ်မှတ်ထားတဲ့သူတွေ ကိုယ်တိုင်မလိုက်နာလို့ အခုလို ပြောနေကြရတာပါ။ ကျွန်တော်တို့ ပုဂံရောက်တဲ့အခါမှာ မြို့အင်္ဂါရပ်နဲ့ညီတဲ့ ဘောလုံးကွင်း မရှိဘူးတဲ့ဗျာ။ ပုဂံကို အဆီထုတ်ရုံ အနှစ်ထုတ်ရုံလောက်ပဲ လုပ်ဆောင်ပြီး ကျန်တာကို လျစ်လျူရှုထားမယ် ဆိုရင်တော့ မသင့်တော်ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အမှန်တကယ် လိုအပ်ပါတယ်။ စီးပွားရေး လုပ်တဲ့သူတွေအနေနဲ့ စီးပွားရေးလုပ်ဆောင်တဲ့အခါ ဆင်ခြင်တုံတရားနဲ့ တိုင်းပြည်ရဲ့အတိတ်နဲ့ အနာဂတ်ကို စောင့်ရှောက်ပါလို့ ပြောချင်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဒေသခံပြည်သူတွေရဲ့ အသံတွေကိုလည်း နားထောင်ပေးရပါမယ်။

ပုဂံ-ညောင်ဦးတွင်ရှိသော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟု သတ်မှတ်ထားသော မြေနေရာအကျယ် အ၀န်းမှာ ၄၂ စကွဲယား ကီလိုမီတာ (၁၆ မိုင်စကွဲယားပတ်လည်) ရှိကြောင်း သိရသည်။

ပုဂံ-ညောင်ဦးမြို့နယ်တွင် ဟိုတယ်ဇုန် လေးဇုန်ရှိပြီး၊ ဟိုတယ်ဇုန် (၁)၊ (၂)၊ (၃) တို့မှာ ဟိုတယ်ဆောက်လုပ်ခွင့် မရှိတော့ကြောင်း သိရပြီး ဟိုတယ်ဇုန်(၄)၌သာ ဆောက်လုပ်ခွင့်ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
Reply all
Reply to author
Forward
0 new messages