"မြစ်မခ ဆောင်းပါးရှင် (ကိုမင်းမင်းလတ်) သိစေအပ်ပါသည်။

16 views
Skip to first unread message

Ko Nyi Nyi

unread,
Oct 22, 2012, 11:09:50 PM10/22/12
to travelmyanmar, mja.mdy
Su Pyi Son (friends with Thatoe Thuzaraung) commented on Chawchaw
Mirror's photo of you.
Su wrote: "မြစ်မခ ဆောင်းပါးရှင် (ကိုမင်းမင်းလတ်) သိစေအပ်ပါသည်။
ဦးစွာ ကိုမင်းမင်းလတ်အား ချီးကျူးလိုပါသည်။ ဤဆောင်းပါး၏ အရေးအသားပြေပြစ်ပါသည်။
အသက်မွေးဝမ်းကြောင်းတခုအား ထိရောက်စွာ ဝေဖန်ရေးသားနိုင်သော
ကလောင်ရှင်အဖြစ် ရင်ထဲမှ လှိုက်လှဲစွာအသိအမှတ်ပြုပါသည်။ သို့သော်
ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသော အကြောင်းတရားများကို အသာထား၍ မြန်မာနိုင်ငံ၏
လူနေမှု အလုပ်အကိုင် မြန်မာနိုင်ငံ၏ ဆိုရိုးစကား အဓိပ္ပယ်များကို
လေ့လာမှုအားနဲ သည်ဟု သုံးသပ်မိပါသည်။ အားနဲချက်များကို အားဖြည့်ရန်
လိုအပ်သည်ဟု ယူဆထားသောကြောင့် Tourist Guide ဖြစ်သင့်သည့်
အရည်အချင်းများကို ရှင်းပြခြင်းပင်ဖြစ်ပါသည်။
၁။ ဦးစွာ ဘာသာစကားကျွမ်းကျင်ရန်လိုအပ်ပါသည်။
(သို့သော် ဧရာဝတီမြစ်ဆိပ်သို့ လမ်းညွှန်ရုံ တတ်သည့် ဘာသာစကားလောက်ဖြင့်
မြန်မာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမှ အသိအမှတ်ပြု Tourist Guide
License မရရှိနိုင်ပါ)
၂။ Interview ဖြေဆိုရန် လျှောက်လွှာကို မြန်မာဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းသို့လျှောက်၍ ထိုဝန်ကြီးဌာနမှ အသိပေးအကြောင်းကြားစာကို
ပေးပို့ပါသည်။
၃။ ထိုစာကို လက်ခံရရှိမှသာ Interview ဖြေဆိုခွင့်ရရှိပါမည်။
၎။ Interview အောင်မြင်မှသာ သင်တန်းကာလာကို ဖြတ်သန်းခွင့်ရရှိပါမည်။
သင်တန်းတွင် အင်္ဂလိပ်ဘာသာစကားဖြင့် Presentation များကို ပြုလုပ်ရပါသည်။
၅။ သင်တန်းကာလ ပြီးဆုံးခါနီး အချိန်တွင် စာမေးပွဲဖြေဆိုရပါသည်။
ထိုစာမေးပွဲအောင်မြင်မှ သာလျှင် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာနမှ အသိအမှတ်ပြု License ကိုရရှိမည်ဖြစ်ပါသည်။
၆။ License ရလျှင် ချက်ခြင်းဆိုသလို ဆိုက်ကားဂိတ် - ကားဂိတ်တွင်
အလုပ်လျှောက်၍ မရနိုင်ပါ အဘယ်ကြောင်ဆိုသော် ဆိုက်ကားဂိတ် - ကားဂိတ်တွင်
Travels&Tours Company များ ဖွင့်လှစ်ထားခြင်း မရှိပါ။
၇။ သက်ဆိုင်ရာ Travels&Tours Company များတွင် အလုပ်လျှောက် Interview
ဖြေဆိုအောင်မြင်နိုင်မှသာလျှင် Tourist Guide ဟူသော
အသက်မွေးဝမ်းကျောင်းခြင်း လုပ်ငန်းကို စတင်ရပါသည်။
၈။ “ ဂိုက်လိုက်ရင် တစ်သောင်းပဲယူတယ် ခရီးစဉ်အစအဆုံးပေါ့ အဓိကကတော့
ဝါသနာပါလို့လုပ်တာ” နားထောင်လို့ကောင်းပါသည်။ သို့သော် ကျွန်မတို့၏
ခရီးသွားလာရေးလုပ်ငန်းများတွင် ရရှိသော Guide Fees များအား
အနဲငယ်ရှင်းပြလိုပါသည်။ အနဲဆုံး မရဘူးဆိုလျှင် Yangon Full Day S/S
တွင်ပင် 25 USD ရရှိပါသည်။ “ခရီးစဉ်အစအဆုံးတစ်သောင်း” ဟူသော စကားအား
အမှန်တကယ်ပင် နားမလည်ပါ။ ထို့ကြောင့် ကိုမင်းမင်းလတ်အား
မေတ္တာရပ်ခံချင်ပါသည်။ နားလည်စေလိုပါသည်။ ခရီးသွားလုပ်ငန်းတွင်
လုပ်ဆောင်နေကြသော ပုဂ္ဂိုလ်များသည် ပြည့်တန်ဆာလုပ်ငန်းလုပ်ဆောင် နေသူများ
မဟုတ်ပါ။ မိမိတို့ နားလည်သည့် ဘာသာစကားဖြင့် အသက်မွေးနေခြင်းဖြစ်ပါသည်။
အထူးသဖြင့် License ရ ဧည့်လမ်းညွန်များအား စော်ကားခြင်းသည် မြန့်မာ့
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအား
သွယ်ဝိုက်သော နည်းလမ်းဖြင့် စော်ကားခြင်း မည်၏။

စုပြည့်စုံ
Japanese& Spanish
License Tour Guide"

Minn Zayar

unread,
Oct 27, 2012, 3:35:05 AM10/27/12
to travel...@googlegroups.com
အပြည့်အ၀ထောက်ခံတယ် ဗျာ...


2012/10/23 Ko Nyi Nyi <nyi...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.





--

nwe ni175

unread,
Oct 29, 2012, 8:45:53 AM10/29/12
to travel...@googlegroups.com
အဖြေတစ်ခုတွက်အပြည့်အ၀ထောက်ခံမိပါသည်..ကျေးဇူးပါ..စုပြည့်စုံ။

2012/10/27 Minn Zayar <komin...@gmail.com>
Reply all
Reply to author
Forward
0 new messages