Any body has any update with Muse border crossing?

16 views
Skip to first unread message

Hla Darle Khin

unread,
Oct 30, 2013, 6:18:02 AM10/30/13
to travel...@googlegroups.com
Dear All,

If you do have any recent tours that cross the border from Muse, please update me with any information you can provide.

I am to arrange a tour in early Jan 2014 and MOHT confirmed that with travel permit - it can be done. But I would like to hear an update information if anybody has done that recently.

Share me please.

Thanks.

Dar Le

San Hlaing

unread,
Nov 2, 2013, 10:05:03 AM11/2/13
to travel...@googlegroups.com
Dear Dar Le,
                 The following writing is written in my facebook and I hope it is useful for you.

မူဆယ် ၀င်ပေါက်မှာ ကြုံတွေ့ရတဲ့ ဌာနဆိုင်ရာများရဲ့နိုင်ငံခြားသားခရီးသွားဧည့်သည် ၀င်ရောက်ဖို့ လုပ်ထုံးလုပ်နည်း တွေ အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ အရင်ဆုံး လူဝင်မှု ကြီး ကြပ်ရေးမှာ နိုင်ငံ ခြားသားဝင်ရောက်တဲ့ အခါ သူတို့ကို နိုင်ငံတော်သမ္မတရုံး ခွင့်ပြုစာ နဲ့ ဟိုတယ်နဲ့ခရီးဝန်ကြီးဌာန ရဲ့ သက်ဆိုင်ဌာနများကို အကြောင်းကြားတဲ့စာကို ပေးရင်းအကြောင်းကြားရပါတယ်။ သက်ဆိုင်ရာအရာရှိက ၀င်ရောက်ထွက်ခွါ ပုံစံ များ ကို ကြိုတင်ဖြည့်ထားဖို့ ပေးပါတယ်။ ပြီးတော့သူတို့ရဲ့စာအုပ်တအုပ်မှာ ဧည့်သည်တယောက်ချင်းရဲ့ အချက်အလက်တွေ ကို ကြိုတင်ရေးသားဖြည့်ထားရပါတယ်။ ဧည့်သည်ဝင်လာတဲ့နေ့မှာ ကြိုတင်ဖြည့်ထားတဲ့ ၀င်ရောက်ထွက်ခွါ ပုံစံကို သက်ဆိုင်ရာနိုင်ငံကူး လက်မှတ်စာအုပ်မှာ ညှပ်ပေးပြီး သက်ဆိုင်ရာအရာရှိလက်ကို အပ်ရပါတယ်။ သူတို့ အ၀င်တုံး ထုပေးပါတယ်။ ပြီးတဲ့အခါ ဧည့်သည်အားလုံးရဲ့ နိုင်ငံကူးလက်မှတ် စာအုပ်ရဲ့ ပထမ စာ မျက်နှာရယ် အ၀င်တုံး ထုထားတဲ့ စာမျက်နှာ ရယ်၊ သက်ဆိုင်သံရုံး ကခွင့်ပြုထား တဲ့ဗွီဇာ ပါတဲ့စာမျက်နှာရယ် ( များသောအားဖြင့် ဗွီဇာပါတဲ့စာမျက်နှာပေါမှာဘဲ အ၀င်တုံးထုပေးတာပါ) ကို မိတ္တူ နှစ်စုံကူးရပါတယ်။ တစုံကသူတို့အတွက် တစုံက ကိုယ့်ဖို့ပါ။ နောက်ဆုံးအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ရဲ့စာအုပ်ထဲ ဧည့် သည်တွေရဲ့ အချက် အလက်တွေ ကြိုတင်ဖြည့်ထားတဲ့ နေရာမှာ ဧည့်သည်များ ကိုသူတို့ရုံးခန်းထဲ ၀င်ပြီး လက်မှတ် ထိုးခိုင်းပါသေးတယ်။ ဒီ အဆင့်တွေ အကုန်ပြီးရင် သင့်ရဲ့ဧည့်သည် ကျနော်တို့ တိုင်းပြည်ထဲ ၀င်လာလို့ ရပါပြီ။ ခုပြုလုပ်ခဲ့ရတဲ့ အချက်တွေ ထဲက ဘယ်အချက်ကို ဖြေလျော့လိုရမလဲ လို့ ၀ိုင်းဝန်းစဉ်းစားပေးကြပါ ကျနော် သက်ဆိုင်သူများကို တောင်းဆိုချင်ပါတယ်။ (မှတ်ချက်။ ၊ မူဆယ်ဝင်ပေါက် က အပြည်ပြည်ဆိုင်ရာ ၀င်ပေါက် အဖြစ်မသတ်မှတ်ရသေးလို့ ဒီလို အဆင့်တွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။)
ကျနော်တို့ ဒီခရီးစဉ်မှာ နောက်ထပ် ဆက်ဆံ ရတဲ့ဌာန ကတော့ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာ နပါ။ မော်တော်ယဉ်တန်းခရီးစဉ် မှာ နိုင်ငံခြားသားတွေကိုယ်တိုင်မောင်းလာမည့် ကားတွေကို ယာယီလိုင်စင် ထုတ်ပေး ဘို့ပါ။ အဲဒီအတွက် ကားတစီး ကို အမေရိကန်ဒေါ်လာ ငါးဆယ်ညီမျှ တဲ့မြန်မာ ကျပ်ငွေ ကိုပေးသွင်းရပါတယ်။ ဒီလိုခရီးစဉ်အတွက် ရန်ကုန်မှာကျင်းပတဲ့ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးမှာ သက်ဆိုင်ရာ ၀င်ပေါက်တွေမှာ ရှိတဲ့ ရုံးခွဲများကို အကြောင်းကြားပေးဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဒီလိုအကြောင်းကြားပေးထားရင် ကျနော်တို့ သက်ဆိုင်ရာရုံးခွဲ ကို သွားပြီး ငွေသွင်းလိုက်ရင် ကားအတွက် ယာယီလိုင်စင် ရရှိမှာပါ။ လက်ရှိဒီခရီး စဉ်မှာ ရုံးချုပ်မှတာဝန်ရှိသူများက အကြောင်းမကြားထား တဲ့အတွက် ယာယီလိုင်စင် ထုတ်မပေးနိုင်ပါဘူးလို့ ရုံးခွဲက ပြောပါတယ်။ အဲဒါနဲ့ ရန်ကုန်မှာ အစည်းအဝေး တက်ခဲ့သူကို ရှာ၊ ဆက်သွယ်ဘို့ ရန်ကုန်တာဝန်ခံကို ဖုန်းဆက် ပြောရပါတယ်။ အစည်းအဝေးမှတ်တမ်းမှာ ရှာကြည့်တော့ လူကြီးမင်းကရုံးဖုန်းကိုသာရေးထားခဲ့ပြီးမိုဘိုင်းဖုန်း ကို မှတ်တမ်းမှာရေးမသွားခဲ့ဘူး။ သူရေးထားခဲ့တဲ့ ရုံးဖုန်းကပျက်နေတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းက ရန်ကုန်တာဝန်ခံ အရှာအဖွေကောင်းလို့ ကျေးဇူးရှင်လူကြီးမင်းရဲ့ မိုဘိုင်းဖုန်း ကိုရပြီး ဆက်သွယ်ပြောနိုင်လို့ ယာယီလိုင်စင်အချိန်မီ ရတာပါ။ တရုတ်ဇတ်လမ်း တွေထဲကလို ဒီလိုအဖြစ်မျိုးတွေရှိတယ်လို့ ပြောရမလိုဖြစ်နေပြီ။
နောက်အဓိက ဆက်ဆံရတဲ့ ဌာန အကောက်ခွန်ဌာနပါ။ မြို့နယ် မှူးရုံးက ပီဒီဖေါင်ထုတ် ပေးပါတယ်။ မြို့နယ် မှူး ရုံးက တာဝန်ခံ က လက်မှတ်ထိုးရမှာလား၊ ၁၀၅ မိုင်စခန်းက တာဝန်ခံက လက်မှတ် ထိုးရမှာလားဆိုတာ သူတို့ချင်းဝိ၀ါဒ ကွဲနေပါတယ်။ ကျနော်ဖြစ်စေချင်တာက တူညီတဲ့ ပုံစံ တွေသုံးစေချင်တာပါဘဲ။ ကော့သောင်းမှာ တမျိုး၊ တာချီလိတ်မှာ တဖုံ၊ မြ၀တီကျတော့ တသွယ် မူဆယ်ကျတနည်း မဖြစ်စေချင်ပါဘူး။ ၀င်ပေါက်ထွက်ပေါက် တိုင်းမှာ (အပြည်ပြည်ဆိုင်ရာဘဲဖြစ်ဖြစ်၊ ရိုးရိုးဝင်ပေါက်ထွက်ပေါက်ဘဲဖြစ်ဖြစ်) ဌာနတိုင်းက တူညီတဲ့ လုပ်ထုံး လုပ်နည်းများကို လုပ်ဆောင်ပေးစေလိုပါတယ်။ နောက်ဆို ဒီလိုမော်တော်ယဉ်တန်းခရီးစဉ်များ ပိုမိုများလာတော့မှာဖြစ်တဲ့အတွက် ၀င်ထွက်မှု လွယ်ကူအစဉ်ပြေအောင် ၀ိုင်းဝန်း Hမှ သာ ဧည့် သည်တွေ ပိုမိုရောက်ရှိလာမှာဖြစ်ပါတယ်။

San Hlaing
M.T.T
Information Counter
Yangon International Airport


--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CALB5wS-%3D8s105HEK2m3B-1FjLVho2x53RZPbWpNbV%2Bg7rzEXdA%40mail.gmail.com.
For more options, visit https://groups.google.com/groups/opt_out.

Reply all
Reply to author
Forward
0 new messages