Fire @ Mandalay Int'l Airport

5 views
Skip to first unread message

Nyi Nyi ®

unread,
Nov 17, 2012, 11:53:32 AM11/17/12
to travel...@googlegroups.com
အရှေ့တောင်အာရှ၌ လေယာဉ်ပြေးလမ်း အရှည်ဆုံးဟု ဆိုသော မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းလေဆိပ်တည်ရှိရာ တံတားဦးမြို့ခံများ ထံမှ စုံစမ်းသိရှိရသည်။ ယင်းနေ့ည ၁၁ နာရီ မိနစ် ၅၀ အချိန်ခန့်က လေဆိပ်မြေအောက် Telephone Exchange Room မီးလောင်ခဲ့သဖြင့် အခန်းမျက်နှာကြက်နှင့် အဝင်တံခါးပေါက်များ ပျက်စီးခဲ့ရာ ဆုံးရှုံးမှု တန်ဖိုးမှာမူ ကျပ်သိန်း ၂၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် အထွေထွေမန်နေဂျာ ဦးစိုးလွင်က ပြောကြားသည်။ ယင်းမီးလောင်ကျွမ်းမှုကို တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနတို့မှ လာရောက် စစ်ဆေးခဲ့ကြသော်လည်း မည်သည့်အတွက် လောင်ကျွမ်းရသည်ကိုမူ လက်ရှိအချိန်အထိ မသိရှိရသေးပေ။ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့်လည်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ တာဝါတိုင်အောက်ခြေ ဖောင်ဒေးရှင်း အနည်းငယ် ကွဲအက်ခဲ့ရကြောင်း ယင်းလေဆိပ်ထံမှ သိရှိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages