ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ

68 views
Skip to first unread message

Thomas Latt

unread,
Feb 14, 2013, 11:26:19 PM2/14/13
to travelmyanmar

ဟိုတယ်အချို့ တည်းခိုခန်း လိုင်စင်များဖြင့် လုပ်ကိုင်နေ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ ယခုနှစ်အတွင်း ဖွင့်လှစ်လုပ်ကိုင်လာသော ဟိုတယ်အချို့တွင် ဟိုတယ်လိုင်စင်ဖြင့် မဟုတ်ဘဲ တည်းခိုခန်း လိုင်စင်များဖြင့် ဖွင့်လှစ် လုပ်ကိုင်လာကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဟိုတယ် တည်ဆောက်ပြီးတာနဲ့ ချက်ချင်းဖွင့်ပြီး ဧည့်သည် လက်ခံချင်ကြတာကြောင့် တည်းခိုခန်း လိုင်စင်နဲ့ အမြန်လျှောက်ပြီး အမြန်ဖွင့်လာတာတွေ ရှိတယ်” ဟု မန္တလေးမြို့ပေါ်ရှိ ဟိုတယ်တခုတွင် မန်နေဂျာလုပ်ကိုင်နေ
သည့် ဦးမိုးသက် က ပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဧည့်သည် ဝင်ရောက်မှု များပြားမည်ဟု ဟိုတယ် လုပ်ငန်းရှင်များ ကြိုတင်မျှော်လင့်
ထားကြ၍ ဟိုတယ်လုပ်ငန်းတွင် ခါတော်မီ ဝင်ရောက် လုပ်ကိုင်သူများ ရှိခဲ့သည်။ ထိုသူများသည် ဟိုတယ်
ဆောက်လုပ်ပြီးပြီးချင်း ဖွင့်လှစ်လုပ်ကိုင်လိုကြသဖြင့် တည်းခိုခန်း လိုင်စင်ဖြင့် အမြန်ဖွင့်လှစ် လုပ်ကိုင်လာကြခြင်း
ဖြစ်သည်ဟု ဆိုသည်။

“မန္တလေး ဟိုတယ်ဇုန်ဆိုရင် မနှစ်က ဟိုတယ် ၇၉ လုံး ဖွင့်ရှိတယ်။ ဒီနှစ်လည်း ဟိုတယ် ၇၉ လုံးပဲ စာရင်းပေါက်
တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဖွင့်လာတာ ၅ လုံးရှိတယ်” ဟု မန္တလေး ဟိုတယ်ဇုန်မှ ဥက္ကဋ္ဌ ဦးမြင့်အောင် က ပြော
သည်။

ယခုနှစ်အတွင်း ဟိုတယ်အဆင့်ရှိ ဟိုတယ်များအား တည်းခိုခန်းလိုင်စင်ဖြင့် မန္တလေးနှင့် ကျိုင်းတုံဘက်တွင် ဖွင့်လှစ် လုပ်ကိုင်မှုများ ရှိနေကြောင်း ဝါရင့် အင်္ဂလိပ် ဧည့်လမ်းညွှန် တဦးကလည်း ပြောဆိုသည်။

“ဧည့်သည်တွေ လိုက်ပို့ရင်း ကျိုင်းတုံဘက် ရောက်တုန်းက သတိထားမိခဲ့တယ်။ တည်းခိုခန်း လိုင်စင်နဲ့ ဟိုတယ်
တွေ ဖွင့်ထားကြတယ်။ အကျိုးအကြောင်း သိချင်လို့ မေးကြည့်တော့ ဟိုတယ်လိုင်စင် လျှောက်ရင် ထောက်ခံချက် အဆင့်ဆင့်ကြောင့် အနည်းဆုံး ၆ လလောက် ကြာတယ်။ တည်းခိုခန်းဆို လိုင်စင် အမြန်ရတယ်။ ချက်ချင်း ဖွင့်လှစ် လုပ်ကိုင်လို့ရတယ်လို့ သူတို့က ပြောတယ်” ဟု ဧည့်လမ်းညွှန် ဦးညီဇော် က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း - ရွှေတြိဂံဇုန်အတွင်းရှိ ကျိုင်းတုံတွင် ဟိုတယ် ၃၂ လုံးနှင့် တာချီလိတ်တွင် ဟိုတယ် ၁၉ လုံး ရှိကြောင်း သိရသည်။

Win Zaw - AE

unread,
Feb 16, 2013, 3:20:39 AM2/16/13
to travel...@googlegroups.com
Guesthouse:

A guest house is a kind of lodging. In some parts of the world a guest house is similar to a hostel, bed and breakfast or inn whereas in other parts of the world guest houses are a type of inexpensive hotel-like lodging. In still others, it is a private home which has been converted for the exclusive use of guest accommodation. The owner usually lives in an entirely separate area within the property and the guest house may serve as a form of lodging business.

In some areas of the world, guest houses are the only kind of accommodation available for visitors who have no local relatives to stay with. Among the features which distinguish a guest house from a hotel, bed and breakfast, or inn is the lack of a full-time staff.

Bed and breakfasts are usually family-owned, with the family living on the premises. Hotels maintain a staff presence 24 hours a day and 7 days a week, whereas a guest house has a more limited staff presence. Because of limited staff presence, check in at a guest house is often by appointment. An Inn also usually has a restaurant attached.

A hotel is an establishment that provides lodging paid on a short-term basis. The provision of basic accommodation, in times past, consisting only of a room with a bed, a cupboard, a small table and a washstand has largely been replaced by rooms with modern facilities, including en-suite bathrooms and air conditioning or climate control. Additional common features found in hotel rooms are a telephone, an alarm clock, a television, a safe, a minibar with snack foods and drinks, and facilities for making tea and coffee. Luxury features include bathrobes and slippers, a pillow menu, twin-sink vanities, and jacuzzi bathtubs. Larger hotels may provide additional guest facilities such as a swimming pool, fitness center, business center, childcare, conference facilities and social function services.

So, do we have specific rules for Guesthouses? maximum number of rooms? Maximum facilities?, Otherwise, lack of staff, lack of facilities, they can run as a Guesthouse, The only problem is EXPENSIVE :-) and what is the different license for Guesthouse and hotels? Need more information to complete of reading a good news!

Reply all
Reply to author
Forward
0 new messages