ရတနာသိင်္ခတံတားကြီးနှင့် နွယ်ငြိမ်းရွာ ရိုးရာအိုးလုပ်ငန်းဆီသို့

33 views
Skip to first unread message

Thaung Naing Oo

unread,
Jul 3, 2013, 1:00:14 AM7/3/13
to travelmyanmar

ရတနာသိင်္ခတံတားကြီးနှင့် နွယ်ငြိမ်းရွာ ရိုးရာအိုးလုပ်ငန်းဆီသို့

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

          ယမန်နေ့ (၂.၇.၂၀၁၃) ရက်နေ့က ကျွန်တော်တို့တတွေ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့ နယ်ရှိ ဧရာဝတီမြစ်ကိုဖြတ်ကူးတည်ဆောက်ထားသော ရတနာသိင်္ခတံတား (ကျောက်မြောင်တံတား) နှင့် ရိုးရာအိုးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းလျှက်ရှိသော နွယ်ငြိမ်းရွာဆီသို့ လေ့လာရေးခရီး သွား ရောက်ဖြစ်ခဲ့ကြသည်။ လေ့လာစုံစမ်းရယူလာခဲ့သမျှသော မြန်မာ့ရှေးရိုးရာလက်မှုပညာတစ်ရပ်ကို အများပြည်သူတို့ ချစ်မြတ်နိုးတန်ဘိုးထားနိုင်ကြပါစေရန် ရည်ရွယ်၍ သတင်းအချက်အလက်အနည်းငယ်ကို ဧည့်လမ်းညွှန်ညီအစ်ကိုမောင်နှမများပါ အသုံးဝင်ကောင်းဝင်နိုင်သဖြင့် လိုအပ်ပါကအသုံးချနိုင်ရန် လက် ဆင့်ကမ်း မျှဝေပေးလိုက်ပါသည်။

 

ရတနာသိင်္ခတံတား (သို့) နွယ်ငြိမ်းရွာသို့ သွားရာလမ်း

မန္တလေးမှမြောက်ဘက် လက်ပံလှရွာထိ (၅၀) မိုင်

လက်ပံလှရွာမှ စဥ့်ကူးမြို့အထိ (၅) မိုင်

စဥ့်ကူးမြို့မှ ရတနာသိင်္ခတံတားအထိ (၃) မိုင် (၃) ဖာလုံ

ထို့ကြောင့် မန္တလေးမှ ရတနာသိင်္ခတံတားအထိ စုစုပေါင်း (၅၈) မိုင် (၃) ဖာလုံခန့် ကွာဝေးပါသည်။ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းမွန်နေပါပြီ။

 

ရတနာသိင်္ခတံတားအရှည် နှင့် နွယ်ငြိမ်းရွာတို့ တည်နေရာ

          ရတနာသိင်္ခတံတားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အထူးစီမံကိန်းကြီးအဖွဲ့ (၃) မှ တာဝန်ယူဆောက်လုပ်လျှက်ရှိသည်။ (၁၁၂) မီတာရှည်သော အခန်းပေါင်း (၆) ခန်းရှိသဖြင့် (၆၇၂) မီတာရှိပြီး၊ ချဉ်းကပ်တံတားများ အပါအ၀င် စုစုပေါင်း (၂၄၈၀) ပေ ရှည်လျှားသည်ဟုဆိုသည်။ ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းနေရာတွင် တည်ဆောက်ထားပြီး၊ တံတား၏ဟိုမှာဘက်ကမ်းတွင် နွယ်ငြိမ်းရွာ တည်ရှိနေပါသည်။ နွယ်ငြိမ်းရွာရဲ့ တောင်ဘက်မှာ ခရေပင်စုရွာ တည်ရှိနေပြီး၊ နွယ်ငြိမ်းရွာရဲ့ မြောက်ဘက် (၂) ဖာလုံကျော်အကွာမှာတော့ ကျောက်မြောင်းမြို့နယ် တည်ရှိနေပါသည်။

 

ရတနာသိင်္ခတံတားကြီးဖွင့်လှစ်မည့်ရက်

          ကျွန်တော်တို့တတွေ ကားနှင့်သွားခဲ့သည်ဆိုပေမဲ့ တံတားကြီးပေါ်မှာ နိုင်လွန်ကတ္တရာခင်းလုပ်ငန်းများ လုပ်ဆောင်နေသည့်အပြင် တံတားကြီးဖွင့်ပွဲအတွက် ပြင်ဆင်မှုများဆောင်ရွက်နေသဖြင့် တံတားကြီးပေါ်မှ ဆိုင်ကယ်များတော့ ဖြတ်သန်းနေပြီဖြစ်ပေမဲ့ ကားဖြင့်ဖြတ်၍မသွားနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကားကို တံတားရဲ့ အရှေ့ဘက်ထိပ်မှာပဲ ထားခဲ့ကာ အားလုံး ခြေလျှင်ဖြတ်လျှောက်ခဲ့ကြသည်။ တံတားကြီး၏ဖွင့်ပွဲကို ယခုလ (၂၄.၇.၂၀၁၃ ) မှ (၂၆.၇.၂၀၁၃) ထိ (၃) ရက်တိုင် ကျင်းပမည်ဟု ဒေသခံတစ်ဦးကဆိုပါသည်။ အဲဒီနောက်တံတားမြောက်ဘက်အခြေရှိ လဘက်ရည်ဆိုက်မှာပဲ နေ့လည်စာစားခဲ့ကြပြီး နွယ်ငြိမ်းရွာရဲ့ နာမည်ကျော် ရိုးရာအိုးလုပ်ငန်းများကိုလည်းကောင်း၊ ကျောက်မြောင်းမြိုနယ်သို့လည်းကောင်း လှည်လည် လေ့လာခဲ့ကြပါတယ်။

 

နွယ်ငြိမ်းရွာ မြေအိုးပြုလုပ်ပုံအဆင်းဆင့် (အကျဉ်း)

          အကြမ်းအားဖြင့် နွယ်ငြိမ်းရွာ စဥ့်အိုးထုတ်လုပ်ပုံအဆင့် (၁၅) ဆင့်ကို လေ့လာမှတ်သားနိုင်သည်။

၁။ မြေနီ (၂) တောင်းနှင့် မြေ၀ါ (၁) တောင်း (၂း၁) ကိုရယူပြီး စက်ဖြင့်အမှုန့်ကြိတ်ရပါတယ်။

၂။ ၎င်းစက်ကြိတ်ပြီး မြေနီမြေ၀ါ (၂း၁) ကို ရေခတ်ပြစ်ပြစ်ထဲ့၍ နယ်ရပါတယ်။

၃။ တဖန် ဒုတိယအကြိမ် စက်ဖြင့်ထပ်ကြိတ်ရပါတယ်။

၎။ အဲဒီနောက် စဥ့်အိုးပုံဖေါ်ရာနေရာသို့ ပို့ဆောင်ပြီး ဒီဇိုင်းအမျိုးမျိုးပုံဖေါ်ရပါတယ်။ ဒီဇိုင်းအမျိုးမျိုး တီထွင်မှုအတွက် ဒီနေရာဟာ အရေးကြီးပါတယ်။ တစ်ယောက်ကပုံဖေါ်လိုက်၊ အခြားတစ်ရောက်က အောက်ခံပြားကို ခြေထောက်ဖြင့်လှည့်ပေးလိုက်ဖြင့် အိုးတစ်လုံးရဖို့ နာရီဝက်ခန့်ကြတယ်လို့ ဆိုပါတယ်။

၅။ ပုံဖေါ်လို့ရလာတဲ့အိုးကို အရိပ်ထဲမှာ (၃) နာရီကြာခန့် လေသလပ်ခံ (အခြောက်ခံ) ထားရပါတယ်။

၆။ အဲဒီနောက် ပျဉ်းမနားမြို့ကလာတဲ့ မြေဖြူရည်နဲ့ အောက်ခံဆေးအဖြစ် သုတ်လိမ်းရပါတယ်။

၇။ ၎င်းနောက် ဒုတိယအကြိမ် အရိတ်ထဲမှာပဲ အခြောက်ခံထားရပါတယ်။

၈။ ခတ်ဖန့်ဖန့်အနေအထားဖြစ်သွားလျှင် သံကွင်းလေးဖြင့် ပန်းရေး (ပန်းပွင့်ပုံစသည်) ရေးဆွဲရပါတယ်။

၉။ ပြီးလျှင် တတိယအကြိမ် အရိပ်ထဲမှာ ထပ်မံ အခြောက်ခံရပါတယ်။

၁၀။ အဲဒီနောက် အပြင်ထုတ်၍ စဥ့်ရည်သုတ်လိမ်းရပါတယ်။ စဥ့်ရည်ကိုတော့ ရှမ်းပြည်နယ် ကျိုင်းတုံ၊ ကလော စသည်မြို့များမှ ၀ယ်ယူလာတဲ့ ချော်ခဲနှင့် ပုလင်းကွဲမှုန့်၊ လက်ချား၊ မြေဖြူ စသည်တို့ကို ရောစပ်ကာ အပေါ်မှထပ်၍ သုတ်လိမ်းရပါတယ်။

၁၁။ စဥ့်ရည်သုတ်လိမ်းပြီးပါက အနည်းငယ် အခြောက်လှမ်ူးပြီး မီးဖုတ်ရန် မီးဖိုထဲသို့ ပို့ဆောင်ရပါတယ်။

၁၂။ မီးဖိုထဲမှာ (၂) ညအိပ် (၃) ရက်ကြာခန့်၊ အပြင်မှ နေ့ညမပြတ် မီးထိုးပေးရပါတယ်။

၁၃။ (၃) ရက်ပြည့်လျှင် မီးမထိုးတော့ဘဲ ကျန်ရှိနေတဲ့ အပူရှိန်အတိုင်း (၂) ရက် ထားရပါတယ်။

၁၄။ အဲဒီနောက် အပေါက်ဖွင့်လျှက် နောက်ထပ် (၁) ရက် ထားရပြန်ပါတယ်။

၁၅။ အားလုံးပြီးလျှင်တော့ မီးဖိုထဲမှထုတ်ယူလိုက်ပါက အသင့်အသုံးပြု၊ ရောင်းချလို့ရပြီဖြစ်တဲ့ အိုးကောင်းများ ရရှိပါတော့တယ်။

 

စဥ့်ထည်အမျိုးမျိုးနှင့် တင်ပို့ရောင်းချမှု

          ယခုအခါ နွယ်ငြိမ်းရွာထွက် စဥ့်ထည်များမှာ အရောင်အသွေးစုံ၊ ဒီဇိုင်းစုံတို့ဖြင့် တီထွင်ဆန်းသစ် ခေတ်မှီလာပြီဖြစ်သဖြင့် ဆိုင်ထဲသို့ဝင်လိုက်လျှင်ပဲ ချစ်စဖွယ်ကောင်းသော စဥ့်ထည်များ၏ ဆွဲယူညှို့ငင်အားကြောင့် ဒီဟာလေးလဲလိုချင် ဟိုဟာလေးလဲဝယ်ချင်နဲ့ ဆိုင်ထဲကကို တော်တော်နဲ့ပြန်မထွက်နိုင် ဖြစ်ခဲ့ရသည်။

          စဥ့်ထည်များအနေဖြင့် စဥ့်အိုးအမျိုးမျိုးအပြင် ဗုဒ္ဓရုပ်ပွားတော်များ၊ ဆင်ရုပ်အမျိုးမျိုး၊ စဥ့်အိုးထမ်းအရုပ်များ၊ ဒေါင်းရုပ်များ၊ ယုန်ရုပ်များ၊ လောကနတ်ရုပ်များ၊ ပုဂံသူအရုပ်များ၊ ဇီးကွက်ရုပ်များ၊ ငါးရုပ်များ၊ လှေရုပ်များ၊ နှင့်ဆီပွင့်ဆေးလိပ်ပြာခွက်များ စသည်စသည် မှတ်၍မကုန်စဥ့်ရုပ်စုံ များစွာကို ဆန်းသစ်ထုတ်လုပ် ရောင်းချနေလျှက်ရှိပါသည်။

          နွယ်ငြိမ်းရွာစဥ့်ထည်များကို ကုန်းလမ်းမှ ကားကြီးကားငယ်များဖြင့်တစ်ဖုံ၊ ရေလမ်းမှ မော်တော်ကြီးများဖြင့်တစ်သွယ် မြန်မာနိုင်ငံနယ်အရပ်ရပ်သို့ သယ်ယူပို့ဆောင်ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ အများဆုံး ပို့ဆောင်ရောင်းချနေရသောဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာကောင်းမှုတော်စေတီတော်ကြီးအနီးနှင့် အိုးဖိုရပ်ကွက်တို့ ဖြစ်သည်။ ယခုအခါ နိုင်ငံခြားသားများပါ လာရောက်လည်ပတ်ဝယ်ယူနေကြပြီ ဖြစ်ပါသည်။

 

P7020963.JPG
P7021021.JPG
P7021023.JPG
P7021031.JPG
P7021039.JPG
P7021047.JPG
P7021050.JPG
P7021053.JPG
P7021055.JPG
P7021061.JPG
P7021064.JPG
P7020964.JPG
P7021067.JPG
P7021070.JPG
P7021071.JPG
P7021086.JPG
P7021121.JPG
P7021124.JPG
P7021126.JPG
P7021136.JPG
P7021142.JPG
P7021144.JPG
P7020965.JPG
P7021147.JPG
P7021148.JPG
P7021150.JPG
P7021153.JPG
P7021154.JPG
P7021155.JPG
P7021156.JPG
P7021157.JPG
P7021158.JPG
P7021159.JPG
P7020966.JPG
P7021160.JPG
P7021161.JPG
P7021162.JPG
P7021163.JPG
P7021164.JPG
P7021165.JPG
P7021166.JPG
P7021167.JPG
P7021168.JPG
P7021169.JPG
P7020968.JPG
P7021170.JPG
P7021172.JPG
P7021173.JPG
P7021185.JPG
P7020979.JPG
P7021002.JPG
P7021004.JPG
P7021010.JPG

Bo Saw

unread,
Jul 3, 2013, 5:03:24 AM7/3/13
to travel...@googlegroups.com
Located near 3rd defile of Ayyarwaddy,

Bo Saw

unread,
Jul 3, 2013, 5:04:53 AM7/3/13
to travel...@googlegroups.com

Nansein Than

unread,
Jul 3, 2013, 5:30:19 AM7/3/13
to travel...@googlegroups.com
Thank you very much Ko Thaung Naing Oo.
Best wishes, NST

On 7/3/13, Bo Saw <saww.m...@googlemail.com> wrote:
> Located near 3rd defile of Ayyarwaddy,
>
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/52f65708-894e-431d-8870-b3b44e85e8b2%40googlegroups.com.
> For more options, visit https://groups.google.com/groups/opt_out.
>
>
>

YinMin Lwin

unread,
Jul 3, 2013, 6:25:26 AM7/3/13
to travel...@googlegroups.com

Thanks a lot
Yin Min lwin

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
Reply all
Reply to author
Forward
0 new messages