မီးရထားရုံးဟောင်းကို ပင်နီဆူလာဟိုတယ်အဖြစ် ပြောင်းမည်

3 views
Skip to first unread message

Nyi Nyi ®

unread,
May 13, 2013, 2:34:45 PM5/13/13
to travel...@googlegroups.com
ရန်ကုန်မြို့တော် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ယခင်မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို ပင်နီဆူလာဟိုတယ်အဖြစ် အသွင်ပြောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ပင်နီဆူလာ ဟိုတယ်များကို ပိုင်ဆိုင်သော The Hongkong and Shanghai Hotels Ltd. (HSH) က ထုတ်ပြန် ကြေညာသည်။ အဆိုပါ အဆောက်အအုံကို ပိုင်ဆိုင်သည့် Yoma Strategic Holdings (YSH) နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ “ပြင်ဆင်ဖွင့်လှစ်ဖို့အတွက် လာစုံစမ်းသွားတာ ရှိတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တရားဝင် မတင်ရသေးဘူး။ ဒီကိုလည်း လာမတင်သေးဘူး” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန စီမံကိန်းဌာမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ပြောကြားသည်။ ၁၈၇၇ ခုနှစ်က စတင်တည်ဆောက်ခဲ့သော အဆိုပါ အဆောက်အအုံကို ကြယ်ငါးပွင့် ဟိုတယ်အဖြစ် အသွင်ပြောင်းလဲမည်ဟု Yoma Strategic Holdings ကုမ္ပဏီတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားထားသည်။ “ဒီအဆောက်အအုံက ရန်ကုန်မှာ တော်တော်ရှားပါးတဲ့ ဂဝံနဲ့ ဆောက်ထားတဲ့ အဆောက်အအုံဆိုတော့ သေသေချာချာ ထိန်းသိမ်းသင့်တယ်လို့ ထင်တယ်။ သူတို့ဘက်က သေချာပြုပြင် ထိန်းသိမ်းမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဟိုတယ်လုပ်မယ် ဆိုတာကိုတော့ ဘာမှမပြောလိုပါဘူး” ဟု ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးကို ပါဝင်ဆောင်ရွက် နေသူ သမိုင်းပညာရှင်တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။""
Reply all
Reply to author
Forward
0 new messages