တွင်းတောင်တွင် စိမ်းပြာရေညှိမထွက်တော့

76 views
Skip to first unread message

Myo

unread,
Jun 15, 2014, 11:14:02 PM6/15/14
to travelmyanmar
တွင်းတောင်တွင် စိမ်းပြာရေညှိမထွက်တော့
စိမ်းပြာရေညှိ(စပီရူ လိုင်းနား)များ သဘာဝအတိုင်း ထွက်ရှိသော
တွင်းတောင်တွင်ယ ခုနှစ်မှစတင်၍ စိမ်းပြာရေညှိလုံးဝ မရှိတော့ကြောင်း
သတင်းရရှိ သည်။

စိမ်းပြာရေညှိထွက်ရှိမှုသည် လွန်ခဲ့သည့်နှစ်များမှစ၍ တဖြည်း
ဖြည်းကျဆင်းလာခဲ့ပြီး ၂၀၁၂- ၂၀၁၃တွင် နှစ်ဆယ်ရာခိုင်နှုန်းသာ
ထွက်ရှိတော့ရာမှ ယခုနှစ်တွင် လုံးဝမထွက်ရှိတော့သည့် အခြေအနေသို့
ရောက်ရှိသွားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များကပြောသည်။

ရေငန်တွင် ထွက်ရှိသည့် စိမ်းပြာရေညှိသည် PH Level 10 ၌
သဘာဝအတိုင်းထွက်ရှိပြီး လွန်ခဲ့သည့် ၂၀၀၆ခုနှစ်ကစတင်ခဲ့သော
မြစ်ရေတင်စီမံကိန်း ကြောင့် ရေချိုဝင်ရောက်ကာ PH Level ၈ဒသမ ၆သာရှိတော့
သည့်အတွက် အထွက်နှုန်းလျော့ သွားရာမှ လုံးဝမထွက်တော့ခြင်း ဖြစ်ကြောင်း
ပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်ဦးညိုမောင်က ပြောသည်။

ထိုသို့အထွက်နှုန်းလျော့ကျ လာသည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးတွင်ရှိသော
ရေခါးအင်း မှ စိမ်းပြာရေညှိကိုတွင်းတောင်ထဲ သို့ ထည့်၍ပြန်လည်မွေးမြူသော်
လည်း မရရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘PH Level မြင့်မှပဲရတော့ မယ်။ လာလေ့လာသွားတဲ့ တရုတ် ပညာရှင်တွေကလည်း
ရေချိုဝင် ရောက်တာကြောင့်လို့ပြောသွား တယ်။ မနှစ်ကနှစ်ဆယ်ရာခိုင်နှုန်း
ထွက်တာကနေ ခြောက်လကြာ ဒီနှစ်မှာ လေ့လာကြည့်တော့ လုံးဝမပေါက်တော့ဘူး’’ ဟု
ဦးညိုမောင်က ဆိုသည်။

‘‘တွင်းတောင်စပရူလိုင်းနား အထွက်နှုန်းက ၂၀၁၄ ခုနှစ်အ တွင်း
ထုတ်လုပ်နိုင်တာမရှိဘူး။ စပရူလိုင်းနားအပင်ပြန်လည်အ ထွက်ကောင်းဖို့
ပညာရှင်တွေ အဖြေရှာနေကြပြီ။ ပညာရှင် တွေ အကြံပြုချက်အရ တွင်းတောင်
အင်းထဲက ငါးတွေကို ဖယ်ရှားရ မယ်။ ရေချိုဝင်ရောက်မှုတွေ အဖြေရှာရမယ်’’ ဟု
မုံရွာတက္က သိုလ်ဘူမိဗေဒပါမောက္ခဒေါက် တာဇော်မြင့်နီကပြောသည်။

တွင်းတောင်တွင် ရေချိုဝင် ရောက်လာခြင်းကြောင့် PHLevel ကျဆင်းလာပြီး
စိမ်းပြာရေညှိများ ပွားများလာခြင်းမရှိတော့သည့်အ ပြင် ငါးများကလည်း
စိမ်းပြာရေ ညှိများကို စားသုံးသည့်အတွက် လျော့နည်းရာမှ လုံးဝမထွက်ရှိ
သည့်အခြေအနေသို့ ရောက်ရှိ သွားခြင်းဖြစ်ကြောင်း စစ်ကိုင်း
ဇွန်ဆေးဝါးနှင့် စားသောက်ကုန် ထုတ်လုပ်ရေးလီမိတက်မှ ဒေါက်
တာမင်းသိမ်းကပြောကြားသည်။

‘‘ဒီနှစ်မှာတော့ လုံးဝမထွက် တော့ဘူး။ ရပ်သွားပြီ။ တွင်း တောင်မှာ
စပီရူလိုင်းနားမရှိတော့ အခြားအမျိုးမတူတဲ့ ရေညှိတွေ ၀င်လာတယ်။ အဲဒါက
စပီရူလိုင်း နားမဟုတ်ဘူး’’ဟု ဒေါက်တာမင်း သိမ်းကလည်းပြောသည်။

‘‘စပီရူလိုင်းနားက PH 8-11အတွင်း ရှင်သန်ပေါက်ပွားနိုင် တယ်။PH 11မှာ
ကြီးထွားမှုနှုန်းအ မြင့်ဆုံးဖြစ်ပါတယ်။ အပူချိန် ၃၅
-၃၈ဒီဂရီစင်တီဂရိတ်အတွင်းရရှိ ပြီး Inorganic Phosphateနဲ့ Carbondioxide
အများဆုံးပျော် ၀င်နေတဲ့ ရေမှာကြီးထွားမှု အ ကောင်းဆုံးပါ။ တွင်းတောင်အင်း
ထဲမှာ ရေချိုဝင်ရောက်မှုနဲ့ တီ လားဗီးယားငါးပေါက်ပွားမှုတွေ ကြောင့်
စပီရူလိုင်းနားရေညှိအ ထက်နှုန်းကျဆင်းသွားတာဖြစ်ပါ တယ်’’ဟု
မုံရွာတက္ကသိုလ်ဓာတု ဗေဒဌာနပညာရှင်တစ်ဦးက သုံး သပ်ပြောကြားခဲ့သည်။

စိမ်းပြာရေညှိသည် စစ်ကိုင်း တိုင်းဒေသကြီး ဘုတလင်မြို့နယ် ရှိ
တွင်းတောင်၌ အများဆုံးထွက် ရှိပြီးဆေးဘက်ဝင်သည့်အတွက် ဆေးဝါးပစ္စည်း၊
အလှကုန်၊စား သောက်ကုန်တို့တွင် အသုံးပြု လျက်ရှိသည်။

စိမ်းပြာရေညှိကို မူလအ တိုင်း အထွက်နှုန်းတိုးတက်စေရန်
မြစ်ရေတင်စီမံကိန်းမှ စပါးစိုက်ပျိုးမှုကို ရပ်ဆိုင်းခြင်းနှင့်စပါးစိုက်
ပျိုးရန် ဖောက်လုပ်ထားသည့် မြောင်းကို ကွန်ကရစ် မြောင်းအဖြစ်
ပြန်လည်ပြောင်းလဲလုပ် ဆောင်သင့်ကြောင်း ပတ်ဝန်းကျင်
ထိန်းသိမ်းရေးပညာရှင်များကအ ကြံပြုထားသည်။

စိမ်းပြာရေညှိသည် ကမ္ဘာ တွင် မြန်မာနိုင်ငံ၊ ချက်သမ္မတနိုင် ငံနှင့်
ကွန်ဂိုနိုင်ငံတို့တွင်သာ သ ဘာဝနည်းလမ်းအတိုင်းထွက်ရှိ ပြီး
အခြားနိုင်ငံများမှာ မွေးမြူ သည့်နည်းလမ်းဖြင့်သာ စိုက်ပျိုး လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း တိုင်းဒေသကြီးရှိ တွင်းတောင်မှ ထွက်ရှိသည့်
စိမ်းပြာရေညှိသည် အထွက်နှုန်းအကောင်းမွန်ဆုံးနှင့်
အရည်အသွေးအကောင်းမွန်ဆုံး ဖြစ်သည်။

စိမ်းပြာရေညှိအထွက်နှုန်း ပြန်လည်ရှင်သန်ဖြစ်ထွန်းရေးအ တွက် မေလ ၅ရက်က
ပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်များ၊ ဘူမိဗေဒ၊ ရုက္ခဗေဒပညာရှင်များ
ပါဝင်သည့် ဆွေးနွေးပွဲကို နေပြည် တော်တွင် ပြုလုပ်ခဲ့ကြောင်းသိရ သည်။
တွင်းတောင်အင်းအတွင်း ရေအောက်ရှိ မြေဆီလွှာကို ညစ်
ညမ်းမှု(Pollution)ဖြစ်ခြင်းမှ ကာ ကွယ်ပေးရန်၊ တွင်းတောင်အင်း အတွင်း
ပေါက်ပွားလာသော တီ လားဗီးယားငါးများပျောက်ကွယ် သွားအောင် ဆောင်ရွက်ရန်၊
စပီ ရူလိုင်းနားပေါက်သောအင်းအ တွင်း သဘာဝဂေဟစနစ်မပျက် စီးရန်၊
အင်းပတ်ဝန်းကျင်၌ ဓာတု ဗေဒဆိုင်ရာ မြေသြဇာများ၊ ပိုး သတ်ဆေးနှင့်
ပေါင်းသတ်ဆေး များအလွန်အမင်းသုံးစွဲခြင်းမပြု ရန်၊
စပီရူလိုင်းနားမျိုးဆက်များမ ကုန်ဆုံးစေရန်အတွက် ဂေဟစနစ် ကို
ပြောင်းလဲပျက်စီးခြင်းမရှိစေ ရန် မူလသဘာဝပတ်ဝန်းကျင်ကို
ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊ တွင်းတောင်အင်းအတွင်း မိုးရေ ၀င်ရောက်ပြီး
ရေမြင့်တက်ခြင်း နှင့် PH ပြောင်းလဲခြင်းမှ ကာ ကွယ်ရန် တွင်းတောင်အင်း၏
ဘေးပတ်လည်သဘာဝမြေဆီ လွှာတွင် ရေစုပ်အားကောင်းမွန် ပြီး
ပင်ငွေ့ပျံနှုန်းများသည့် အပင် များချိန်ဆစိုက်ပျိုးပေးသင့်ကြောင်း
မုံရွာတက္ကသိုလ်သတ္တဗေဒ ဘာသာရပ်လေ့လာတွေ့ရှိချက် အပေါ် အခြေခံ၍
အကြံပြုထားသည်။

Source : http://www.7daydaily.com/story/13329#.U55gGLGEmQ5

Bo Saw

unread,
Jun 21, 2014, 4:17:38 PM6/21/14
to travel...@googlegroups.com
ပြော​နေ၇င်းနဲ့​ဆေးမမှီ​တော့ဘူး ။

အင်း​လေးကန်​ ကြီးကိုကယ်​တင်​ဖို့ အစိုး၇ အဆက်​ဆက်​​ပြော ​နေတာ
နှစ်​ ၂၀ ​ကျော်​ပြီ ။ နှစ်​ ၂၀ အတွင်းမှာ အင်း​လေးကန်​ ၀န်းကျင်​​တောင်​ ​တွေက သစ်​ပင်​​တွေနဲ့ စိမ်းလာ လား ၊ ကတုံး​ပြောင်​ သွားလား ၊ေ၇ာက်​တိုင်းသိမှာ ပါ ။ နူန်းပို့ချလို့ တိမ်​​ကောလာတာ ကယ်​တင်​ဖို့ နိုင်​င်္ငခြား ကိုတဖက်​က အလှူခံရင်း မိုင်း​သောက်​ဖက်​က ​တောင်​​တွေကို ပက်​ပက်​စက်​စက်​ဖြိုချ ​နေတာ အားလုံးအသိပဲ ။
ကဲ အခုမိုး၇ွာပြီ ဒီနုန်း ​တွေ ဘယ်​သွားမလဲ ။
နောက်​ထပ်​ အလှု ထပ်​ခံ အုံးမလို့ လား ။
ရေ​ဝေ ​ရေလဲ ​​​ဆိုတဲ့ ပတ်​၀န်းကျင်​ မှာ​ကော​ပြောင်​တလင်းခါ​နေပြီ ။
Kalaw to Inlay trek ပြီးခဲ့တဲ့ ၁၅ နှစ်​​လောက်​ကသွားဘူး၇င်​ သတိထားမိမှာပါ ။
စာရွက်​​ပေါ်မှာပဲ ပြီးသွားတဲ့ စီမံကိ​န်း​တွေ အတွက်​စိတ်​ပျက်​မိတယ်​။
ချင်းတွင်း မြစ်​ တ​ကြော ​ရွှေ ​မျော​တွေ မ​တွေ့၇​တော့တာ​တော့ထူးခြားချက်​ပဲ ။
အဟုတ်​​တော့မထင်​လိုက်​နဲ့အုံး ။ လူမြင်​ကွင်းမှာမ​တွေ့ရ​တော့တာဗျို့ ။

Nansein Than

unread,
Jun 23, 2014, 1:32:11 AM6/23/14
to travelmyanmar

They are clever just to boast on newspapers, and TV but not practise.

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/5ce8850f-5366-4378-9f43-6ca57cdd5674%40googlegroups.com.
For more options, visit https://groups.google.com/d/optout.

Nyi Nyi Naing

unread,
Jun 24, 2014, 12:27:08 AM6/24/14
to travel...@googlegroups.com
နောက်ကျ သွားပြီ ဒကာကြီး။

Sent from my iPhone

Bo Saw

unread,
Jun 24, 2014, 4:06:51 PM6/24/14
to travel...@googlegroups.com
ဦးဇင်း​တော့လူဝတ်​လဲခံလိုက်​ရပြီ ထင်​တယ်​ ။

Nyi Nyi Naing

unread,
Jun 26, 2014, 12:06:49 AM6/26/14
to travel...@googlegroups.com
လုတ်ဖူးလို့ ထင်တာပဲ။ ယုံတော့ယုံရဲဘူး။

Sent from my iPhone

On Jun 25, 2557 BE, at 2:36 AM, Bo Saw <saww.m...@googlemail.com> wrote:

> ဦးဇင်း​တော့လူဝတ်​လဲခံလိုက်​ရပြီ ထင်​တယ်​ ။
>
> --
> You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/e5479cdc-a5ef-4423-9095-52b7087f3314%40googlegroups.com.
Reply all
Reply to author
Forward
0 new messages