ရန်ကုန်မှာ ကြယ်လေးပွင့်ဟိုတယ် တော်ဝင်က သြဂုတ်လ အပြီးဆောက်မည်

11 views
Skip to first unread message

Frankie Nyi Nyi

unread,
Jan 24, 2013, 6:42:00 AM1/24/13
to travel...@googlegroups.com
 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 

via သတင်း by joseph...@gmail.com (ခင်မျိုးသွယ်) on 1/22/13

ရန်ကုန်တိုင်း ဟိုတယ်ဇုန်အတွင်းတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် တော်ဝင် မိသားစု ကုမ္ပဏီက ကြယ်လေးပွင့် ဟိုတယ်တခုကို တည်ဆောက်မည်ဟု ...

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း ဟိုတယ်ဇုန်အတွင်းတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် တော်ဝင် မိသားစု ကုမ္ပဏီက ကြယ်လေးပွင့် ဟိုတယ်တခုကို တည်ဆောက်မည်ဟု သိရသည်။

“ရန်ကုန်မြို့ရဲ့ သွားရေးလာရေးရော၊ လမ်းပန်းဆက်သွယ်ရေးပါ အဓိက အကျဆုံးနေရာ ဖြစ်တဲ့ ပြည်လမ်းမကြီးပေါ်
မှာ ဟိုတယ်လုပ်ငန်းကို တော်ဝင် မိသားစု ကုမ္ပဏီက လုပ်ကိုင်မယ်လို့ ကြားပါတယ်” ဟု မြန်မာနိုင်ငံ ဟိုတယ်
လုပ်ငန်းရှင်များ အသင်း၏ တာဝန်ရှိသူ တဦးက ပြောသည်။

လက်ရှိ တည်ဆောက်ပြီးဖြစ်သည့် တော်ဝင်စင်တာကြီး၏ အလွှာ ၄၊ ၅၊ ၆၊ ၇ နှင့် ၈ တို့တွင် အခန်းပေါင်း ၅၀၀ ကျော် ပါဝင်မည့် ဟိုတယ်ကို သြဂုတ်လအတွင်း ဖွင်လှစ်နိုင်အောင် စီစဉ်နေသည်ဟု တော်ဝင်မိသားစု ကုမ္ပဏီက ဆိုသည်။

“အစီအစဉ် ရေးဆွဲနေတာ နှစ်ပတ် ရှိသွားပါပြီ။ ဟိုတယ်ကို ကြယ်လေးလုံး အဆင့် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမှာပါ” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေး က
ပြောသည်။

တော်ဝင် မိသားစု ကုမ္ပဏီမှာ ရန်ကုန်မြို့တွင် ဈေးဝယ်စင်တာကို ပထမဆုံး အကြီးဆုံး ဆောက်လုပ် လုပ်ကိုင်ခဲ့ပြီး တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်နှင့် မန္တလေးတို့တွင် အစောဆုံး လုပ်ကိုင်ခဲ့သည်။ ထို့အပြင် မန္တလေး နိုဗိုတယ်ကို တည်ဆောက်ခဲ့ပြီး တန်ဖိုးနည်း ကွန်ဒိုများကို ရန်ကုန်တိုင်း၊ မရန်းကုန်းနှင့် အင်းစိန်မြို့နယ်တို့
တွင် ဆောက်လုပ်၍ ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့သည်။

ထို့အပြင် ပရိဘောဂ စက်ရုံလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဆောက်လုပ်ရေးပစ္စည်း တင်သွင်းသည့် လုပ်ငန်းများလည်း တော်ဝင် မိသားစု ကုမ္ပဏီက ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

ဟိုတယ် လုပ်ငန်းရှင်များ အသင်း၏ ရန်ကုန်ဇုန်တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ နိုင်ငံသားနှင့်
နိုင်ငံခြားသားပိုင် ဟိုတယ်အလုံးပေါင်း ၁၆၄ လုံး ရှိကြောင်း ရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးရန်ဝင်း က ပြောသည်။

 
 

Things you can do from here:

 
 

Frankie Nyi Nyi

unread,
Jan 24, 2013, 6:42:36 AM1/24/13
to travel...@googlegroups.com
Reply all
Reply to author
Forward
0 new messages