တံတားဦးလေဆိပ်ဝန်ဆောင်မှုများကြောင့် ခရီးသွားများစိတ်အနှောင့်အယှက်ဖြစ်

47 views
Skip to first unread message

Thomas Latt

unread,
Nov 5, 2013, 8:37:29 PM11/5/13
to travelmyanmar


Tuesday, November 5, 2013

တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်ဝန်ထမ်းနှင့် လေကြောင်းကုမ္ပဏီများ၏ ၀န်ဆောင်မှုအားနည်းချက်များကြောင့် ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ယင်းလေဆိပ်မှ မကြာခဏသွားလာနေသည့် ခရီးသည်အချို့က ပြောသည်။

လေယဉ်ထွက်ခွာချိန် နောက်ကျခြင်း၊   လေယာဉ်ဆိုက်ရောက်ချိန်များတွင် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ခရီးသည်နားနေခန်းများတွင် ထိုင်ခုံမလုံလောက်ခြင်းနှင့် လေယာဉ်ဆိုက်ရောက်၊ ထွက်ခွာမည့်အချိန်များကို လေဆိပ်အတွင်းရှိ ကြော်ငြာဘုတ်များမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနိုင်မှုမရှိခြင်းတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း တံတားဦးလေဆိပ်မှ ပြည်တွင်းနှင့်နိုင်ငံတကာသို့  သွားလာနေကြသည့် ခရီးသည်အချို့ကပြောသည်။

““တစ်ခုခုကြောင့် လေယာဉ်ခရီးစဉ်နောက်ကျရင် လူငါးဆယ်ဆံ့တဲ့အခန်း လူတစ်ရာလောက် ထည့်ထားတယ်။ အလုံပိတ်အခန်းထဲမှာ အဲကွန်းလည်း ဖွင့်မပေးဘူး။ ခရီးသည်တွေက ချွေးတလုံးလုံးနဲ့။ အဲဒီအချိန်ဆို ထိုင်ခုံကလည်းမလောက်ဘူး။ တခြားအခန်းတွေထဲ မျှထည့်ပေးဖို့ကိုလည်း ဘယ်သူပြောရမှန်းမသိဘူး။ အဆင်မပြေဘူး။ အဓိကတော့ စီမံခန့်ခွဲမှုညံ့တာပေါ့””ဟု တံတားဦးလေဆိပ်မှတစ်ဆင့် မကြာခဏ ခရီးသွားလာသည့် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးရဲမြတ်သူကပြောသည်။
လေဆိပ်အတွင်းရှိ ကြော်ငြာဘုတ်များမှာလည်း ရာသီဥတု နှင့် တစ်စုံတစ်ရာချို့ယွင်းမှုများကြောင့် လေယာဉ်ဆိုက်ရောက်မည့်အချိန်၊ လေယာဉ်ထွက်ခွာမည့်အချိန် နောက်ကျသည်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနိုင်ခြင်းမရှိသောကြောင့်လည်း ခရီးသည်များမှာ စုပြုံစောင့်ဆိုင်းနေရကြောင်း ဦးရဲမြတ်သူကဆိုသည်။

““ခရီးစဉ်တစ်လျှောက်လုံး အားလုံး အဆင်ပြေခဲ့တယ်။ မန္တလေးလေဆိပ်ရောက်မှ မီးမလာလို့ဆိုပြီး   ပစ္စည်းတွေထုတ်လို့မရဘူး။ အချိန် ၄၅ မိနစ်လောက်  ထိုင်စောင့်ခဲ့ရတယ်။ နိုင်ငံခြားသားတွေရော အကုန် ထိုင်စောင့်နေရတာ။ တော်တော်စိတ်ပျက်စရာကောင်းတယ်””ဟု လွန်ခဲ့သည့်တစ်လကျော်က ထိုင်းနိုင်ငံမှအပြန် တံတားဦးလေဆိပ်တွင် ကြုံတွေ့ရသည့်အဖြစ်ကို မန္တလေးမြို့ မဟာမုနိဘုရားကြီးအနီးတွင် နေထိုင်သည့် ဆရာမတစ်ဦးကပြောသည်။ ထိုသို့အဖြစ်မျိုး နှစ်ကြိမ်၊ သုံးကြိမ်ခန့်ဖြစ်ဖူးသည်ဟု ဆရာမကဆိုသည်။

““လေကြောင်းလိုင်းတွေမှာလည်း တာဝန်ရှိတယ်။ လေကြောင်းလိုင်းနဲ့ လေဆိပ်ပေါင်းပြီး ယခုထက် ၀န်ဆောင်မှုပိုကောင်းအောင် လုပ်ပေးဖို့လိုတယ်။ ကမ္ဘာလှည့်ခရီးသည်များများလာဖို့ လေဆိပ်ဝန်ဆောင်မှုကလည်း အရေးကြီးတယ်””ဟု ဦးရဲမြတ်သူကဆိုသည်။

တံတားဦးလေဆိပ် စီမံခန့်ခွဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို   မကြာမီကာလအတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး ထိုသို့လွှဲပြောင်းပေးပြီးလျှင် ၀န်ဆောင်မှုပိုင်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် အထွေထွေမန်နေဂျာ ဦးစိုးလွင်က ပြောသည်။
““အခုလည်း လေကြောင်းလိုင်းတွေနဲ့ပေါင်းပြီး တတ်နိုင်သမျှ အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်။ လေဆိပ်မှာ ထိုင်ခုံအလုံအလောက်ရှိပါတယ်။ ခုဆို အဲကွန်းတွေအတွက် သုံးပေ စတန်းတွေတပ်ဆင်ပြီးပါပြီ။ မီးပြတ်လို့ကြာတယ်ဆိုတာမျိုးမရှိအောင် မီးစက်တွေတပ်ဆင်ပြီးတော့လည်း လုပ်နေပါတယ်””ဟု ဦးစိုးလွင်ကဆိုသည်။

လေယာဉ်ခရီးစဉ်နှောင့်နှေးလျှင် ခရီးသည်များကို လေဆိပ်အပေါ်ထပ်တွင် နားနေနိုင်ရန် စီစဉ်ထားပြီး ကြော်ငြာဘုတ်များမှလည်း ဆိုက်ရောက်၊ ထွက်ခွာ အချိန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြော်ငြာပေးရန် လေကြောင်းလိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ မကြာမီကာလအတွင်း ခရီးသည်များ အဆင်ပြေစေရန်အတွက် ကြော်ငြာဘုတ်များမှ လေယာဉ်ဆိုက်ရောက်၊ ထွက်ခွာချိန်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ကြေညာပေးသွားနိုင်ရန် လုပ်ဆောင်နေကြောင်း ဦးစိုးလွင်က ပြောသည်။

မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သည်။ ယင်းလေဆိပ်မှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ တိုက်ရိုက်ပျံသန်းပေးနေပြီး နေ့စဉ် နိုင်ငံခြားလေကြောင်းလိုင်းခရီးစဉ် (၃မှ၅)ကြောင်း၊ ပြည်တွင်းလေကြောင်း ခရီးစဉ် (၂၅ မှ ၃၀)ကြား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

တံတားဦးလေဆိပ်သို့ နေ့ စဉ် နိုင်ငံတကာလေကြောင်းလိုင်း များမှ ခရီးသည် ၃၀၀ ခန့်နှင့် ပြည်တွင်းလေကြောင်းများမှ ခရီးသည် ၁၀၀၀ ခန့်အထိ ၀င်ထွက်သွားလာမှုရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

7DAY DAILY

Nansein Than

unread,
Dec 6, 2013, 2:06:35 AM12/6/13
to travel...@googlegroups.com
There is no proper papers, soap in the toilets , locks broke down, the
environment of inside the airport is not clean and outside is full
with betel spits and plastics. This is the improvement of Mandalay
International Airport.
Best regards, NST
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/CAH_Rx9jnJjB0bCxD32mqiu735S50%2BrnruH0gJc1do-AKmCNDmQ%40mail.gmail.com.
> For more options, visit https://groups.google.com/groups/opt_out.
>

Nini Khet

unread,
Dec 6, 2013, 2:11:09 AM12/6/13
to travel...@googlegroups.com

but every passenger got to pay 1000 kyats for each ticket for airport tax.

For what?

ni ni khet

Reply all
Reply to author
Forward
0 new messages