ကမ္ဘာ့ဒုတိယအကြီးဆုံး Best Western ဟိုတယ်အုပ်စုကြီး" မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်

9 views
Skip to first unread message

Nyi Nyi ®

unread,
Feb 7, 2013, 4:46:13 AM2/7/13
to travel...@googlegroups.com
ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းစုဖြစ်သည့် Best Western Hotels လုပ်ငန်းစုမှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း နိုင်ငံတကာ စီးပွားရေးသတင်းဌာန တစ်ခုဖြစ်သည့် Bloomberg သတင်းဌာနမှ သိရသည်။ Best Western Hotels လုပ်ငန်းစုမှ ယခုနှစ်အတွင်း ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဟိုတယ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းဌာန၏ သတင်းဖော်ပြချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ ဟိုတယ်လုပ်ငန်းစု၏ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Glennde Souza က “ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်းကတော့ အကြီးမားဆုံးသော အခွင့်အရေးကြီးတစ်ရပ်ပါ” ဟု ယင်းက ဇန်နဝါရီ ၃၁ ရက်တွင် Bloomberg သတင်းဌာနကို ပြောကြားကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်စဉ်များတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကြောင့် ယင်းတို့အနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို လက်မှတ်ရေးထိုးခြင်းကြောင့် လာရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြပါရှိသည်။ ယင်းနှင့်ပတ်သက်၍ ရန်ကုန်ဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်းတွေက အများကြီး လိုအပ်နေတယ်။ အခု နိုင်ငံတကာ ဧည့်သည် ၅၀ ရာခိုင်နှုန်း တိုးလာတယ်။ ဟိုတယ်အခန်းက မလုံလောက်ချင်ဘူး။ နောက်ထပ် ၅၀ ရာခိုင်နှုန်းသာ တိုးလာရင်တော့ မရတော့ဘူး။ ဟိုတယ်ကြီးတွေ လာမယ်ဆိုရင်တော့ အနည်းဆုံးအချိန်က နှစ်နှစ်လောက် ယူရမယ်။ နိုင်ငံတကာက ဟိုတယ်ကြီးတွေသာ လာရင်တော့ အရင်ဆုံး ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းရမယ်” ဟု သုံးသပ်ပြောသည်။ အဆိုပါ ဟိုတယ်လုပ်ငန်းစုအနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ဟိုတယ်လုပ်ငန်းစုနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုပေါင်း ၄၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံသည် ယင်းတို့၏ လုပ်ငန်းစုတွင် တစ်ခုအပါအဝင် ဖြစ်လာနိုင်မည့် အလားအလာရှိနေပြီး လာမည့် ၂၀၁၅ ခုနှစ်အတွင်း အာရှတစ်ဝှမ်းရှိ နိုင်ငံများတွင် ဟိုတယ်ပေါင်း ၅၅ လုံး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages