မြွေအန်တော်ဘုရား ဖူးခဲ့ပြန်ပါပြီ

62 views
Skip to first unread message

Thaung Naing Oo

unread,
Aug 29, 2013, 1:01:14 PM8/29/13
to travelmyanmar

မြွေအန်တော်ဘုရား ဖူးခဲ့ပြန်ပါပြီ

ဒီနေ့ (၂၉.၈၂၀၁၃) ရက်နေ့ ကျွန်တော်ရဲ့ဧည့်သည်တော် (ဂျပန်) နှစ်ဦးမှ စကျင်တောင်နှင့် မြွေအန်တော်မြတ်စွာဘုရားပွဲတော် သွားကြည့်ချင်တယ်ဆိုလို့ ဧည့်လမ်းညွှန်အချို့နှင့်အတူ သွားရောက်ခဲ့ပါတယ်။. မန္တလေး-မိုးကုတ်လမ်းအတိုင်းသွားရပြီး မတ္တရာမြို့မြောက်ဘက်  စကျင်ခွဲလမ်းဆုံထိ (၂၇) မိုင်သွားပြီး ၎င်းမှ စကျင်တောင်သို့ (၅) မိုင် ၀င်သွားရသည်။ ဧရာဝတီမြစ်ရေတက်နေချိန်ဖြစ်၍ စကျင်ရွာ (ရန်ကုန်ကျောက်တော်ကြီးဘုရားပင့်ဆောင်ခဲ့သော  မော်တော်ဆိပ်) မှ မြွေအန်တော်ဘုရားသို့ စက်လှေဖြင့် မိနစ် (၃၀) ခန့် ဖြတ်ရသည်။ မြွေရွာများကိုဖြတ်ပြီး ၄င်းနောက် ဧရာဝတီမြစ်၏မြစ်လက်တက်ဖြစ်သော မြောင်မြစ်ကိုဖြတ်ရသည်။ တဖန် (၁၅) မိနစ်ခန့် ခြေလျှင်လျှောက်လိုက်လျှင် မြွေအန်တော်ဘုရားကိုရောက်ပါသည်။ မြွေအန်တော်ဘုရားရဲ့ အနောက်ဘက်မှာတော့ မြေစွန်းရွာတည်ရှိပြီး ၄င်းအနောက်ဘက်မှာတော့ ဧရာဝတီလင်းပိုင်များ နေထိုင်ကျက်စားရာ ဧရာဝတီမြစ်ကြီးရှိပါသည်။ ဘုန်းကြီးကျောင်းမှ ကျွေးမွေးဧည့်ခံသော ဒေသထွက်မုံ့မျိုးစုံတို့ကို စားပြီး မြွေတလိုင်း၊ မြွေဟင်္သာကျေးရွာတို့သို့ လှည့်လည်ပြီးပြန်ခဲ့ကြသည်။ လိုအပ်ပါက စွဲယူအသုံပြုနိုင်ရန်နှင့် မှတ်သားလိုသူများအတွက် လက်လှမ်းမီသမျှ သမိုင်းကြောင်းကိုလည်း မျှဝေပေးလိုက်ပါသည်။

 

မြွေနယ်လုံးနယ်ဆိုင်ရာ မြွေအန်တော်မြတ်စွာဘုရား

 

          ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ နယ်အတွင်းရှိ မြွေနယ်လုံးဆိုင်ရာ မြွေအန်တော်မြတ်စွာဘုရားပွဲ တော်အား ၀ါခေါင်လပြည့်ကျော် (၈)ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

          ရွာများ၏ အမည်များရှေ့တွင် မြွေပါဝင်သည့်ရွာပေါင်း (၁၄)ရွာက ဖေါင်တော်နှစ်ခုဖြင့် ဧရာဝ တီမြစ်အတွင်း လှည့်လည်အပူဇော်ခံကာ ကျင်းပလေ့ရှိသည်။

          ထိုသို့ ရွာစဉ်များ၏ အမည်များရှေ့တွင် မြွေအမည်တပ်ရခြင်းနှင့် မြွေအန်တော်ဘုရားဟု အမည်တွင်ခြင်း သမိုင်းဖြစ်စဉ်ကား စိတ်ဝင်စားဖွယ်ကောင်းလှသည်။

          သီရိဓမ္မာသောကမင်းကြီးသည် ရှစ်သောင်းလေးထောင်သောစေတီ၊ ရေတွင်း၊ ရေကန်များအား လှူဒါန်းခဲ့သော်လည်း စုတေသေလွန်ရာ၌ အယူလွဲကာ(အချို့က အလွန်ကြိုက်လှသော သျှစ်သျှားသီး(သို့) ဇီးဖြူသီးကို အလွနှ်စွဲလန်းပြီးသေလွန်သွားသဖြင့်ဟု ကြားဖူးပါသည်။) စပါးကြီး မြွေကြီးအဖြစ် နောက်ဘ၀ရခဲ့သည်။ ထိုအခါ သားတော်အရှင် မဟာမဟိန္ဒမထေရ်၏ တရားဟော တော်မူခြင်းကြောင့် အကျွတ်တရားရကာ စားအပ်ပြီးသော အစာများအန်ထုတ်ပြီး ခုနှစ်ရက်တိုင် အောင် သရဏဂုံနှင့်တကွ ငါးပါးသီလစောင့်ထိန်းခဲ့သည်။ ထို့ကြောင့် အစာအာဟာရပြတ်ကာ ကွယ်လွန်ခဲ့သည်။

          စပါးကြီးမြွေကြီး၏ စုတေရာအရိုးများပေါ်တွင် သင်္ကန်းများဖုံးအုပ်၍ အရှင်မဟာမဟိန္ဒ မထေရ်က အဓိဌာန်ပြုမှုကြောင့် ရွှေစေတီမြေမှာပေါက်ခဲ့သည်။

          ထိုရွှေစေတီမြေမှာ ပေါ်ထွက်လာသောအခါ၌ မြွေအန်တော်စေတီတော်မြတ်ကြီးအဖြစ် ထင်ရှားခဲ့သည်။

 

စာကြဉ်တောင် (သို့) စကျင်တောင် (Marble Hill)

ဗုဒ္ဒရုပ်ပွားတော်များအပါအ၀င် ကျွန်ုပ်တို့နေ့စဉ် ထုလုပ်အသုံးပြုနေသော၊ နိုင်ငံခြားတိုင်းပြည် များအထိ တင်ပို့ရောင်းချ၍ နိုင်ငံခြားဝင်ငွေ နှစ်စဉ်ပေးနေသော စကျင်ကျောက် (Marble) သည် မန္တလေးမြို့မြောက်ဘက် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ စကျင်လမ်းခွဲထိ (၂၇) မိုင်၊ ၎င်းလမ်းခွဲမှ စကျင် တောင် (သို့) စကျင်ရွာထိ (၅) မိုင်၊ စုစုပေါင်း မန္တလေးမှ (၃၂) မိုင် အကွာတွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက ယနေ့ထိတိုင် စကျင်ကျောက်များ ထုတ်၍မကုန်နိုင်အောင်ထွက်ရှိနေသော၊ ဗုဒ္ဓဘာသာပြန့်ပွားရေးနှင့် ရည်ရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အထောက်အကူပြုပေးနေသော စကျင်တောင်သည် မြွေအန်တော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်တွင် တည်ရှိပြီး၊  `စပါးကြီးမြွေကြီး၏အစာကို ရှောင်ကြဉ်ရာအရပ်´ ဖြစ်သောကြောင့် စာကြဉ်တောင်(သို့) စကျင်တောင် ဟူ၍ ခေါ်ဆိုခဲ့ကြသည်။

 

 

 

မြွေ ၁၄ ရွာ

          ထိုစပါးကြီးမြွှေကြီးလှည့်လည်သွားလာခဲ့ရာ ရွာများတွင် မြွေအမည်ကိုထိပ်ဆုံးမှ တပ်ကာခေါ် တွင်သည့် ရွာပေါင်း (၁၄)ရွာအထိရှိပြီး မြွေနယ်လုံးဆိုင်ရာဒေသဟူ၍ တွင်လျက်ရှိသည်။ စကျင် တောင်၏ဘယ်ညာမှ အနောက်ဘက် ဧရာဝတီမြစ်တကျောအထိတောက်လျှောက် မြွေရွာများတစ် ဆက်တည်းတည်ရှိသည်။ မြွေရွာ ၁၄ ရွာကိုလည်း ဖေါ်ပြပေးလိုက်ပါသည်။

 

၁။ မြွေသစ်တောရုံးရွာ

၂။ မြွေတလိုင်းရွာ

၃။ မြွေဟင်္သာရွာ

၎။ မြွေရွှေခဲရွာ

၅။ မြွေကြည်ကုန်းရွာ

၆။ မြွေပုံကန်ရွာ

၇။ မြွေကတို့ဆိပ်ရွာ

၈။ မြွေရေယာဉ်ရွာ

၉။ မြွေညောင်ကျိုးရွာ

၁၀။ မြွေခလရွာ

၁၁။ မြွေမြစ်တစ်ဖက်ရွာ

၁၂။ မြွေထိန်ပင်စောက်ရွာ

၁၃။ မြွေပုသိမ်ရွာ

၁၄။ မြွေဥတိန်ရွာ

 

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

မန္တလေး


P8282719.JPG
P8292775.JPG
P8292778.JPG
P8292779.JPG
P8292780.JPG
P8292787.JPG
P8292793.JPG
P8292794.JPG
P8292810.JPG
P8292813.JPG
P8292821.JPG
P8282721.JPG
P8292824.JPG
P8292827.JPG
P8292828.JPG
P8292829.JPG
P8292831.JPG
P8292832.JPG
P8292833.JPG
P8292835.JPG
P8292836.JPG
P8292837.JPG
P8292730.JPG
P8292838.JPG
P8292839.JPG
P8292737.JPG
P8292741.JPG
P8292747.JPG
P8292761.JPG
P8292762.JPG
P8292774.JPG

Thomas Latt

unread,
Aug 29, 2013, 9:56:49 PM8/29/13
to travelmyanmar
I have never heard about that in my life before. Once again, a valuable contribution for TravelMyanmarGroup.
Great Thanks.
Thomas


2013/8/30 Thaung Naing Oo <thaungna...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAF_m_ni%3DfPj18OUfweOp0FONLaqCkU3dHgs7z1UgWSNREQadtQ%40mail.gmail.com.
For more options, visit https://groups.google.com/groups/opt_out.

Ko Nyi Nyi

unread,
Aug 30, 2013, 9:00:23 AM8/30/13
to travelmyanmar
Very good .


2013/8/29 Thaung Naing Oo <thaungna...@gmail.com>

Rain Man

unread,
Aug 31, 2013, 9:33:04 AM8/31/13
to travelmyanmar
Thank you so much!


2013/8/30 Ko Nyi Nyi <nyi...@gmail.com>
Reply all
Reply to author
Forward
0 new messages