Ecotourism Training

15 views
Skip to first unread message

Nyein Chan(SST)

unread,
Sep 22, 2012, 5:01:51 AM9/22/12
to travelmyanmar
Inline image 1

၁။ မြန်မာ့ရေမြေသဘာဝနဲ့ ကိုက်ညီပြီး ၊ နိုင်ငံတကာစံချိန်စံညွှန်းတွေ နဲ့ လည်းသွေဖီမသွားနိုင်မဲ့ Ecotourism ရဲ့  Definition
(Definition of Myanmar Ecotourism) ကိုအရင်ဆုံးဖွင့်ဆိုသင့်ပါတယ်။
၂။ နိုင်ငံတကာလို့ဆိုရင်အထူးသဖြင့်ရေမြေသဘာဝ အနီးစပ်ဆုံးတူညီတဲ့ အိမ်နီးချင်းနိုင်ငံတွေက ၊ လုပ်ထုံးလုပ်နည်းတွေ ၊
ဥပဒေ နဲ့ ညွှန်ကြားချက်တွေ ၊ Ecotourism Destination တွေကိုလေ့လာပြီး ၊ Twin Countries , Tri
countries ပေါင်းစပ်ထားတဲ့ Ecotourism Package တွေ ၊ Ecotourism အထူးပြု ခရီးသွားလုပ်ငန်း တွေကိုပေါင်းစပ်ပြီး
၊ မြန်မာ့နိုင်ငံမှာရှိတဲ့  Unique Resources တွေကို High Light လုပ်ပြီး ခရီးစဉ်ပေါင်းစပ်ရေးဆွဲကာ ၊ ဈေးကွက်တင်ရောင်းချ
သင့်ပါတယ်။
၃။ အဲဒီမှာ Ecotourism ရဲ့ အဓိက အင်္ဂါရပ်တစ်ခုဖြစ်တဲ့ ဒေသခံပြည်သူများအနေနဲ့  Ecotourism Package အပေါ်မှာ
စီပွားရေးဆိုင်ရာ ပေါင်းစပ်ပါဝင်နိုင်မှု့ အခွင့်အလမ်း နဲ့ ဒေသတွင်းလူနေမှု့ ဘ၀များကိုမြင့်တင်အကျိုးပြုစေနိုင်အောင်
ဘယ်လိုဖန်တီးပေးနိုင်မလဲဆိုတာကိုလည်း ဦးစားပေးစဉ်းစားဖို့လိုမယ်ထင်ပါတယ်။
၎။ Ecotourism ခရီးစဉ်ဒေသတစ်ခုရေရှည်တည်တံ့အကျိုးပြုဖို့အတွက် Conservation လုပ်ငန်းတွေကလည်း မပါ မဖြစ်
အမြဲရှိနေမှာဖြစ်ပါတယ်၊ အဲဒီ Conservation လုပ်ငန်းတွေမှာလည်း ဒေသခံတွေအနေနဲ့ 
ဘယ်လို့ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင်လုပ်မလဲ ၊ ဒေသသဘာဝအရင်း အမြစ်တွေတန်ဖိုးကို
နားလည်သဘောပေါက်အောင်လုပ်ဆောင်ပေးမဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း Working NGOs များနဲ့ ဖြစ်ဖြစ်
၊ ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ဖြစ်ဖြစ်လုပ်ဆောင်မဲ့ အစီအစဉ်ကိုလည်း ရေးဆွဲရမှာဖြစ်ပါတယ်။
၅။ လက်ရှိ Ecoturism ခရီးစဉ်ဒေသအတွင်းမှာရှိတဲ့  Working NGOs တွေရဲ့ လုပ်ငန်းအစီအမံတွေကိုလည်းသိရှိရန်လိုအပ်ပြီး ၊
အဆိုပါ NGOs များအနေနဲ့ အဆိုပါဒေသအတွင်း ဘယ်လောက်ထိထိရောက်ရောက်ဆောင်ရွက်နေသလဲဆိုတဲ့
အချက်ကိုလည်း Survey ပြုစုကာ သုံးသပ်တင်ပြချက်လည်း လိုအပ်မှာ ဖြစ်ပါတယ်။
၆။ ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့  Ecotourism ဈေးကွက်နဲ့ ပတ်သက်ပြီး အာရှဒေသရှိ
ခရီးစဉ်ဒေသများ အတွက်လာမည့်အနာဂတ်၃ နှစ်စာ ဈေးကွက် Focus ၊
အခြားနိုင်ငံများအနေနဲ့ ပြင်ဆင်ထားရှိမှု့ များကိုလည်း လေ့လာသုံးသပ်ပြီး ၊ Product Development အပိုင်း ၊ SOP (Standard
Operating Procedures) အပိုင်း ၊ ဒေသခံများ စီပွားရေးပေါင်းစပ်ပါဝင်နိုင်မှု့ အပိုင်း ၊ Ecotourism Sector မှစီပွားရေး
နဲ့ ဒေသလူနေမှု့ ဘ၀ များကိုထောက်ပံ့ကူညီနိုင်မှု့ အပိုင်း ဆိုပြီး အပိုင်း (၄) ပိုင်းခွဲခြားတင်ပြဖို့လိုအပ်မှာဖြစ်ပါတယ်။
၇။ TGR (Travelers Generating Region) များ ၊ Transit Route Efficiency ၊ TDR (Travelers Destination Region) ၊
Domestic Carrying Capacity ၊ Mode of Transport & its efficiency ၊ Pricing Policy (Price Discrimination or
Penetration Pricing or Market Oriented Pricing, etc..) should contribute to Conservation Work and well being of
local community စသည့်အချက်များကိုထည့်သွင်းစဉ်းစားပြီခရီးစဉ်ရေးဆွဲရောင်းချခြင်းလုပ်ငန်းများကိုလည်း
ထည့်သွင်းဖေါ်ပြသင့်ပါတယ်
၈။ မြန်မာနိုင်ငံ Ecotourism Destination များရဲ့ အားနည်းချက်၊ အားသာချက်များကိုသုံးသပ်လေ့လာပြီး
ထည့်သွင်းဖေါ်ပြသင့်ပါတယ်။
U Aung Kyaw Thu's
scanned copy of advertisement for ecotourism training.jpg
scanned copy of advertisement for ecotourism training.jpg

Aung Kyaw Thu

unread,
Sep 22, 2012, 12:38:12 PM9/22/12
to travel...@googlegroups.com
ကိုငြိမ်းချမ်း
အခုလို သတိတရဖေါ်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်
အောင်ကျော်သူ

2012/9/22 Nyein Chan(SST) <nyei...@sstmyanmar.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

Reply all
Reply to author
Forward
0 new messages