ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နေရာရွှေ့ပြောင်းသည့်လေယာဉ်မှ ရပ်ထားသောလေယာဉ်ကို တိုက်မိ
၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်၊ လေယာဉ်ကွင်းအတွင်း Golden Myanmar Air Way (GMA)
လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push
Backယာဉ်ဖြင့်တွန်း၍နေရာရွှေ့ပြောင်းရန်
ဆောင်ရွက်စဉ်ဘီးလိမ့်သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင်
ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI)၊
လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်းတံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။
အဆိုပါလေယာဉ်တိုက်မိမှုကြောင့် GMA လေယာဉ်၏ဦးပိုင်းနှင့် MAI လေယာဉ်၏ယာဘက်
နောက်ပိုင်းတံခါးတို့ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
ရွှေမြန်မာလေကြောင်း (GMA)မှ လေယာဉ်က နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများ၏
ခရီးစဉ်တွင် အသုံးပြုသော လေယာဉ်ကို ၀င်တိုက်မိ၍ အဆိုပါလေယာဉ်အား
နောင်အသုံးပြုမည်မဟုတ်တော့
ရွှေမြန်မာလေကြောင်း (GMA)မှ လေယာဉ်က ရန်ကုန်လေဆိပ်အတွင်း
လေယာဉ်ရွှေ့စဉ် ဝင်တိုက်မိသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းပိုင်
လေယာဉ်မှာ နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများ၏ ခရီးစဉ်တွင်
အသုံးပြုသည့်လေယာဉ် ဖြစ်ကြောင်း MAI ဥက္ကဋ္ဌ ဦးခင်မောင် လတ်ကပြောသည်။
‘‘အခုတိုက်မိသွားတဲ့
လေ ယာဉ်ဟာ နိုင်ငံတော်သမ္မတနဲ့ အကြီးအကဲတွေရဲ့ VIP ခရီးစဉ် တွေမှာ
အသုံးပြုနေတဲ့ လေယာဉ် ဖြစ်ပါတယ်။ အခုလိုဖြစ်သွားတဲ့ အတွက် ဒီလေယာဉ်ကို VIP
ခရီးစဉ်တွေမှာ ထပ်ပြီးအသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။ တခြားလေ
ယာဉ်တစ်စီးကိုပဲ အသုံးပြုရတော့ မှာပါ’’ဟု ဦးခင်မောင်လတ်က ဆို သည်။
အပြည်ပြည်ဆိုင်ရာ
မြန်မာ့ လေကြောင်းလိုင်း (MAI)တွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ နှင့်
နိုင်ငံတော်အဆင့်ခရီးစဉ်များ အတွက်ပြေးဆွဲရန် Airbus A-319 နှင့် A-320
တို့နှစ်စီးကို အသုံးပြုလျက်ရှိပြီး ဧပြီ ၁၄ ရက် တွင်
ရွှေမြန်မာလေကြောင်းလိုင်း (GMA)မှလေယာဉ်ကို မြေပြင်တွင် ရွှေ့စဉ် MAI ၏
Airbus A-319လေယာဉ်ကို မတော်တဆထိခိုက် ကာ ဝင်တိုက်ခဲ့သည့်အတွက်
ဆက်လက်သုံးစွဲရန် မဖြစ်နိုင် တော့ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘နိုင်ငံတော်
အကြီးအကဲ ခရီးစဉ်တွေမှာ အသုံးပြုနေတဲ့ လေယာဉ်နှစ်စီးလုံးက အသစ်
တွေပဲရှိသေးတယ်။ အခုလိုဖြစ် သွားတဲ့အတွက် တစ်စီးကိုပဲ
အသုံးပြုရတော့မှာဖြစ်ပါတယ်’’ ဟု MAI လေကြောင်းလိုင်းမှ ဈေး
ကွက်ရှာဖွေရေးနှင့် ပြည်သူ့ဆက် ဆံရေးမန်နေဂျာ ဒေါ်အေးမရသာ က ပြောသည်။
‘‘လေယာဉ်တစ်စီးရွှေ့မယ်
ဆိုရင် ဘယ်လိုလုပ်ရမယ်။ လေ ယာဉ်ပေါ်မှာ ဘယ်လိုကျွမ်းကျင် သူတွေပါရမယ်၊
လုပ်ငန်းအဆင့် ဆင့်ကို ဘယ်လိုဆောင်ရွက် ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိ တယ်။
အခုက မလွတ်လို့ဝင်တိုက် တာမဟုတ်ဘူး။ စရွှေ့လာတဲ့နေ ရာကနေ တိုက်တဲ့အချိန်ထိ
သုံးမိနစ်လောက်ကြာတယ်။ တကယ်လုပ်ရမှာတွေ မလုပ်လို့ဖြစ်တာ ပါ’’ဟု
ဦးခင်မောင်လတ်က ၎င်းတို့ထံတွင်ရှိသော ဗီဒီယိုမှတ်တမ်းများနှင့်တကွ
ရှင်းလင်းပြောကြား ခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
ဧပြီလ ၁၄ ရက် နံနက်က ရွှေမြန်မာလေကြောင်း လိုင်း (GMA) မှ လေယာဉ်ကို
မြေပြင်တွင်ရွှေ့စဉ် လေယာဉ်ဘီး ကို ကျမ်းတုံး မခုရသေးမီ လေ
ယာဉ်ဘီးကိုဆွဲသောကားမှ Tow−Bar ဖြုတ်လိုက်၍ အရှိန်မထိန်း နိုင်ဘဲ
လေယာဉ်ကရှေ့သို့ လိမ့်ကာ ရပ်ထားသော MAI လေယာဉ်
၏အမြီးပိုင်းကိုဝင်တိုက်ခဲ့သည်။
လက်ရှိတွင် MAI လေယာဉ် ၏
ထိခိုက်ပျက်စီးမှုကို သိရှိနိုင် ရန်အတွက် ပြင်သစ်နိုင်ငံမှ
လေယာဉ်ထုတ်လုပ်သော အဲ ဘတ်စ်ကုမ္ပဏီက လေယာဉ်ကို တစ်စစီဖြုတ်၍ ဧပြီလ ၂၀ ရက်မှ
၂၈ ရက်အထိ စစ်ဆေးသွားမည် ဖြစ်ပြီး ပြန်လည်ပြင်ဆင်ပါက ကုန်ကျမည့်စရိတ်ကို
မေလ လယ်ပိုင်းတွင် သိရှိနိုင်မည်ဖြစ် ကြောင်း ဦးခင်မောင်လတ်ကဆို သည်။
ထို့အတူ
ရွှေမြန်မာလေကြောင်းလိုင်း (GMA)က ကုန်ကျမည့်စရိတ်များ သိရှိနိုင်ရန်
အဖွဲ့အစည်းတစ်ခုဖြင့် လေ့လာ တွက်ချက်လျက်ရှိပြီး နှစ်ဦးနှစ်
ဖက်ညှိနှိုင်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိခိုက်မှုဖြစ်ပွားခဲ့သည့်
လေယာဉ်၏ တန်ဖိုးမှာ ၁၉ ဒသမ ၅ သန်းရှိပြီး လေယာဉ်နှင့်
အလုံးစုံအာမခံကြေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ အာမခံ ထားကြောင်း သတင်းရရှိသည်။
MAI လေကြောင်းလိုင်းတွင် လေယာဉ်ကိုးစီးရှိပြီး နိုင်ငံတကာ သို့ ပုံမှန်ပြေးဆွဲနေသည့် လေ ယာဉ်ငါးစီးရှိကြောင်း သတင်း ရရှိသည်။
Author: ခန့်ထက် / နိုင်လင်းအော
လေယာဉ်ကို နောက်မှဝင်တိုက်သည့်ကိစ္စ အမ်အေအိုင်ဘက်မှ ယနေ့ရှင်းလင်းမည်
အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဧပြီ-၂၁
သင်္ကြန်အကျနေ့ နံနက်တွင် ရန်ကုန်လေဆိပ်၌ဖြစ်ပွားခဲ့သော အပြည်ပြည်
ဆိုင်ရာနှင့် ပတ်သက်၍ အမ်အေအိုင်ဘက်မှ ဧပြီ ၂၂ ရက် (ယနေ့) မွန်းလွဲ ၂ နာရီတွင် ရုံးချုပ်တည်ရှိရာ ဆာကူရာတာဝါရှစ်လွှာ၌ သတင်းစာရှင်းလင်း
ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
့
' အစ်မတို့ဘက်က သီးသန့်ရှင်းမှာပါ ' ဟုအမ်အေအိုင်မှ ဈေးကွက်ရှာဖွေ
ရေးမန်နေဂျာ ဒေါ်အေးမရသာက စံတော်ချိန်သို့ ပြောဆိုသည်။ အဆိုပါ
ရှင်းလင်းပွဲတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူများ၊ ရွှေမြန်မာလေကြောင်းလိုင်းမှ တာဝန်ရှိသူများ
ပါဝင်မည်မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများကသာ
သီးသန့်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လေဆိပ်၌ ဧပြီ ၁၄ ရက်က ခရီးစဉ်မဆွဲဘဲ ရပ်နားထားသော အမ်အေအိုင်မှ
အဲဘတ်စ် ၃၁၉ လေယာဉ်ကို ခရီးစဉ်ပြေးဆွဲရန်အတွက် ပါကင်ထိုးရန်
ကားဖြင့်ဆွဲလာသည့် ရွှေမြန်မာလေကြောင်းလိုင်းမှ အဲဘတ်စ် ၃၂၀ လေယာဉ်က
နောက်မှဝင်တိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး
လေယာဉ်နှစ်စင်းလုံး ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဖြစ်ပြီး အဲဘတ်စ်
လေယာဉ်ကုမ္ပဏီကလည်းလာရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
~ an asian tour operator aato ~
“If you reject the food, ignore the customs, fear the religion and avoid the people, you might better stay at home.” —
James Michener