ဆိုက်ရောက်ဗီဇာကို ဥရောပ ၂၂ နိုင်ငံအား ထပ်မံပေးမည် MM Times

9 views
Skip to first unread message

Than Tun Oo

unread,
Jan 7, 2013, 1:13:42 AM1/7/13
to travelmyanmar

ဆိုက်ရောက်ဗီဇာကို ဥရောပ ၂၂ နိုင်ငံအား ထပ်မံပေးမည်


ယုယုမော်   |   Thursday, 27 December 2012

ဆိုက်ရောက်ဗီဇာစနစ်ကို ဥရောပနိုင်ငံ ၂၂ နိုင်ငံသို့ ထပ်မံပေးသွားရန် စီစဉ် ဆောင်ရွက်လျက်
ရှိသည်ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ တာဝန် ရှိသူတစ်ဦးက
ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြောကြားသည်။

"၂၂ နိုင်ငံကိုထပ်ပေးသွားဖို့ ကြိုးစား နေပါတယ်။ ဘယ်တော့လဲ ဘယ်နိုင်ငံ တွေလဲဆိုတာ
တော့ မပြောနိုင်သေးဘူး။     အရင်ပေးနေတဲ့ ၂၆ နိုင်ငံလိုမျိုး ဗီဇာ အမျိုးအစားပဲပေးသွား
မယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ပနိုင်ငံသားအဖြစ်ခံယူ ထားသည့် မြန်မာလူမျိုးများကိုလည်း မြန်မာနိုင်ငံတွင်း
နေထိုင်ခွင့် သက်တမ်း ကို ခြောက်လသတ်မှတ်ထားရာမှ နှစ်ရှည်နေထိုင်နိုင်စေရန် ဆောင်
ရွက်လျက် ရှိသည်ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာမှ တာဝန်ရှိသူတစ်ဦးက
"ဆိုက်ရောက်ဗီဇာတိုးဖို့ အထက်ကတော့ ညွှန်ကြားမှု မလာသေးပါဘူး။ Permanent
Residence  အတွက်ကတော့ နိုင်ငံတော်သမ္မတကြီးဆီ စာတင်ထားပြီးပါပြီ။ အသေးစိတ်
အချက်အလက်တွေကတော့ မသိရသေးပါဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူဦးအောင် ဇော်ဝင်းက ယခု
ကဲ့သို့ ဆိုက်ရောက် ဗီဇာစနစ်ကို ၂၂ နိုင်ငံ ထပ်မံတိုးလိုက် ပါက ၎င်းစနစ်အသုံးပြု နိုင်သည့်
နိုင်ငံမှာ ၄၈ နိုင်ငံဖြစ်လာမည်ဖြစ်ပြီး မြန်မာ နိုင်ငံသို့ ဥရောပနိုင်ငံများမှ လာရောက် လည်ပတ်
မှု ပိုမိုအဆင်ပြေလာနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

ဆိုက်ရောက်ဗီဇာစနစ်ကို ၂၀၁၀ ပြည့်နှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေး
အပြည်ပြည်ဆိုင်ရာလေဆိပ် တို့တွင် စတင်ပြောင်းလဲကျင့်သုံးခဲ့ပြီး လေးလအကြာ
စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ အဆိုပါစနစ်အား ပြန်လည်သုံးသပ်ရန် ဆိုက်ရောက်
ဗီဇာ ထုတ်ပေးသည့်စနစ်ကို ရပ်တန့်ခဲ့သည်။

ထို့နောက် ဆိုက်ရောက်ဗီဇာစနစ်ကို  ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစပြီး နိုင်ငံ၂၇ နိုင်ငံ
အတွက်  ပြည်ဝင်ခွင့်ဗီဇာ၊ စီးပွားရေးဗီဇာနှင့် ဖြတ်သန်းခွင့်ဗီဇာ စသည့်ဗီဇာသုံးမျိုးပြန်လည်
ထုတ်ပေးခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ဆိုက်ရောက်ဗီဇာစနစ်ဖြင့် နေ့စဉ် ကမ္ဘာလှည့်ခရီး
သည်ဝင် ရောက်မှုနှုန်း မှာ ၅၀ မှ ၁၀၀ ဦးရေအတွင်းဖြစ်ရာ အဆိုပါ စနစ်ကျင့်သုံးသည့် နေ့မှ
ဇွန်လမှ ယခုဒီဇင်ဘာလ ၂၀ ရက်နေ့ အထိ ဆိုက်ရောက်ဗီဇာဖြင့် လာရောက်သည့် ဦးရေမှာ
၁၁,၃၅၇ ဦးရှိနေပြီ ဖြစ်ကြောင်းသိရသည်။

"လေဆိပ်မှာရှိတဲ့ အကျယ်အ၀န်းအ လျှောက် လူဝင်မှုကြီးကြပ်ရေးကောင်တာ ၂၁ ခုထိ
ထပ်ချဲ့ပြီးပါပြီ။ ထပ်ချဲ့လို့လည်း နေရာမရှိတော့ပါဘူး။ ဆိုက်ရောက် ဗီဇာနိုင်ငံတွေ ထပ်တိုး
မယ်ဆိုရင်လည်းရှိတဲ့ကောင်တာနဲ့ လုံလုံလောက်လောက် ကိုင်တွယ်နိုင်ပါတယ်" ဟု
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။

ဆိုက်ရောက်ဗီဇာလျှောက်ထားလိုသူ များသည် မြန်မာသံရုံးများနှင့် လေ ကြောင်းလိုင်းများ
တွင် လျှောက်ထား နိုင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန
ဝက်ဆိုက်ဖြစ်သည့် တတတ.ာငစ.ါသလ.ာာ။လငျသေညမေမငလေူ တွင် လျှောက်ထားနိုင်
သည်။

Reply all
Reply to author
Forward
0 new messages