ဝက်သားတင်တဲ့နတ်ပွဲ သာဒွန်းကျေးရွာ စစ်ကိုင်းမြို့နယ်

18 views
Skip to first unread message

khin thidar

unread,
Aug 10, 2012, 1:15:02 AM8/10/12
to travelmyanmar, mandalaytourguidessociety
ကိုညီဇော်ရဲ့ FB သတင်းမှ ကူးယူဖေါ်ပြပါတယ်။ ဧည့်လမ်းညွှန်များတွက်
စိတ်ဝင်စားစရာပါရှင့်။


ဝက်သားတင်တဲ့ နတ်ပွဲ
Published By Myat Shu Team On Friday, June 24th 2011. Under သတင်းတိုများ

စစ်ကိုင်းမြို့နယ် သာဒွန်းကျေးရွာ၌ ၀က်သားများကို အမျိုးစုံစွာ
စီရင်ပြုလုပ်ပြီး ပူဇော်ပသသော ထူးထူးခြားခြားနတ်ပွဲကို ဇွန်လ ၂၁
ရက်နေ့က အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့သည်။ နတ်များအား
ပူဇော်ပသမှုပြုလုပ်ရာတွင် ၀က်သားကိုအထူး ရှောင်ကြဉ်လေ့ရှိကြသော်လည်း
စစ်ကိုင်းမြို့အနောက်ဘက် မအူလေးရွာအုပ်စုဝင် သာဒွန်းကျေးရွာမှာ
လွန်ခဲ့သည့် နှစ်ပေါင်း ရာချီကတည်းကပင် ယင်းကဲ့သို့ ၀က်သားဟင်း
အမယ်စုံနှင့် ထူးခြားစွာ ပူဇော်ဆက်သ လာကြကြောင်း သိရှိရသည်။ နတ်ပွဲမှာ
မြင်းဖြူရှင်အား ပူဇော်ပသသော ပွဲဖြစ်ပြီး နှစ်စဉ်နယုန်လပြည့်ကျော် ၅
ရက်နေ့တွင် ကျင်းပလေ့ရှိကြပြီး အဆိုပါနေ့မှာ ဗုဒ္ဓဟူးနေ့နှင့်
တိုက်ဆိုင်နေပါက(ဗုဒ္ဓဟူး နတ်ရူးတောင် မကပ်ဘူးဟုဆိုကာ) နောက် ၂ ရက် လွှဲ၍
နယုန်လပြည့်ကျော် ၇ ရက်နေ့တွင် ကျင်းပလေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ နတ်ပွဲကျင်းပရာ သာဒွန်းရွာတောင်ဘက် အ၀င်ပေါက်ရှိ နတ်ကွန်းတွင် ညနေ
၃ နာရီဝန်းကျင်ခန့်၌ ဆိုင်းသံ၊ ဗုံသံမပါဘဲ ပူဇော်ပသခြင်းလည်း
ဖြစ်သည်။ပူဇော်ရာတွင် ရွာရှိအိမ်ထောင်စု တစ်စုလျှင် ယခုနှစ်၌ ငွေ ၁၅၀၀
ကျပ် ကောက်ခံပြီး ရရှိငွေများမှ ၀က်သားတုံးသီးသန့် ခုနစ်တုံးနှင့်အတူ
ဝက်သားနှင့် ငါးရံ့ခြောက်၊ ၀က်သားနှင့်ဖရုံသီး၊
ဝက်သားနှင့်ငရုတ်သီးကြော်၊ ၀က် သားဆန်ပြုတ်အစရှိသည့် ၀က်သားကို
မျိုးစုံစီမံ ချက်ပြုတ်ကာ ကောက် ညှင်းပေါင်းအဖြူ၊ အနီ၊ အုန်းသီး စိပ်၊
ထုံးနှင့်ဆန်ကြမ်းများ ရော၍ တိရစ္ဆာန်ရုပ်ပုံ သဏ္ဌာန်များ ပြုလုပ်ထားသော
ထိုးမုန့်များဖြင့် ဒေသခံလူကြီးများက နတ်ကွန်းပေါ်သို့ တက်ရောက်ပြီး
ပူဇော်ပသကာ ရွာသူ၊ ရွာသားများက နတ်ကွန်းအောက် ကွင်းပြင်မှ
ပူဇော်ကန်တော့ကြသည်။ နတ်ကွန်းတိုင်ခြေများတွင်လည်း ဆင်စာ၊ မြင်းစာအဖြစ်
ထည့်သွင်းပူဇော်ကြကြောင်း တွေ့ရသည်။ လာရောက်ပူဇော်သူများအား ဒေသအခေါ်
(ဗြုန်းစပ်) ဟု ခေါ်သည့် ၀က်သားဆန်ပြုတ်တစ်အိုး၊ ထမင်း၊ ငှက်ပျောသီး ၈
လုံး၊ ကောက်ညှင်းပေါင်း အဖြူ၊ အနီ၊ ငရုတ်သီးကြော်၊ ဖရုံသီးချက်များကို
ပြန်လည်ဝေငှလေ့ ရှိကြောင်း ရွာသားတစ်ဦးကလည်း ဆိုပါသည်။ နတ်ပွဲတွင်
ပြန်လည် ဝေငှသော ၀က်သားဆန်ပြုတ်(ဗြုန်း စပ်) ချက်ပြုတ်ရာတွင် ဆန် ၂ တင်း
နှင့်ဝက်သား ၃၅ ပိဿာ အသုံးပြု ချက်ပြုတ်ခဲ့ရပြီး ယခုနှစ်ပူဇော်ပသသည့်
ပွဲအရေအတွက်မှာ ၂၆၂ ပွဲရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာဒေသများတွင် မြင်းဖြူရှင်နတ်မှာ
ကိုးကွယ်မှုများသော နတ်ဖြစ်ပြီး အညာဒေသရှိ သစ်ပင်ကြီးများအောက်တွင်
မြင်းဖြူရှင် နတ်ကွန်းများကို မြင်တွေ့နိုင်ပြီး
မြင်းဖြူရှင်နတ်လေးမျိုးရှိသည်ဟု သိရသည်။ တစ်ကျောင်းတစ်ဂါထာ၊
တစ်ရွာတစ်ပုဒ်ဆန်း မြင်းဖြူရှင်များလည်းရှိရာ သာဒွန်း ရိုးရာနတ်ပွဲမှာ
ပျော်ပွဲ၊ရွှင်ပွဲအဖြစ် ကျင်းပပြီးစီးရပြီး ပျော်ရွှင်ဖွယ်မဖြစ်ပါက နောက်
တစ်ကြိမ်ပြန်လည် ပူဇော် ဆက်သကြရကြောင်း သိရသည်။ ကိုးကွယ် ယုံကြည်မှုများအရ
ရိုးရာနတ်ပွဲများကို တစ်ရွာတစ်ပုဒ်ဆန်း ကိုယ့်အယူအဆနှင့်ကိုယ် ကျင်းပသော
ဆိုင်းသံ၊ ဗုံသံတညံညံဖြင့် ကျင်းပလေ့ရှိသော ရတနာ့ဂူ၊ တောင်ပြုန်း၊
ပခန်းကြီး အစရှိသည့် နတ်ပွဲကြီးများထိ နည်းမျိုးစုံနှင့်ပူဇော်ပသရာ
ဝါဆို၊ ၀ါခေါင် လများမှာ အဆိုပါပွဲတော်များ အများဆုံး
ကျင်းပလေ့ရှိသောလများ ဖြစ်သည်။

ရီရ

win htwe

unread,
Aug 10, 2012, 2:15:31 AM8/10/12
to travel...@googlegroups.com
May i say thanks to you and i also share to my friend/

2012/8/10 khin thidar <gorose....@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.



Reply all
Reply to author
Forward
0 new messages