Groups keyboard shortcuts have been updated
Dismiss
See shortcuts

ရွှေမြန်မာလေကြောင်းလိုင်းသစ် စတင်စမ်းသပ်ပြေးဆွဲ Source: MM times

11 views
Skip to first unread message

Than Tun Oo

unread,
Feb 2, 2013, 10:17:15 AM2/2/13
to travelmyanmar

ရွှေမြန်မာလေကြောင်းလိုင်းသစ် စတင်စမ်းသပ်ပြေးဆွဲ



2

ဇန်န၀ါရီလ ၁၇ ရက်နေ့မှစတင်၍ ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်ကိုလူ ၁၈၀ ဆံ့ ဘိုးရင်း A320
လေယာဉ်ဖြင့် နေ့စဉ်ပျံသန်းပေးသွားမည် ဖြစ်သည်။

အဆိုပါလေကြောင်းလိုင်း စမ်းသပ်ပျံသန်းမှုကို ဇန်န၀ါရီလ ၁၁ ရက်နေ့က ရွှေမြန်မာ
လေကြောင်းလိုင်းက ပြုလုပ်ခဲ့သည်။

"မြန်မာနိုင်ငံမှာ အခုဆို ခရီးသည်ဝင် ရောက်မှုက တိုးလာပြီ။ ခရီးသွားလုပ်ငန်း ကလည်း
အခုဆို အလားအလာကောင်း တဲ့အတွက် အခုလိုလုပ်ဖြစ်တာပါ။ လောလောဆယ် လေယာဉ်
နှစ်စင်းနဲ့ ပြေးဆွဲသွားမယ်" ဟု  လေကြောင်းလိုင်း ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်အေးက
ပြောကြားသည်။

ထို့ပြင် ဖေဖော်ဝါရီလတွင် ဘိုးရင် လေယာဉ်သစ်တစ်စင်း ထပ်မံရောက်ရှိ လာမည်ဖြစ်ပြီး
ပြည်ပခရီးစဉ်များအဖြစ် ရန်ကုန်မှ စင်ကာပူ၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူနှင့် ထိုင်းနိုင်ငံ၊
ဘန်ကောက် မြို့များသို့ မတ်လဆန်းပိုင်း မှ စတင်ပြေး ဆွဲပေးသွားရန် ရှိသည်။

"စရိတ်လျှော့ထားတဲ့ လေကြောင်းလိုင်းဖြစ်တဲ့အတွက် တခြားလေကြောင်း လိုင်းတွေထက်
တော့ လေယာဉ်လက်မှတ်ခ သက်သာပါတယ်။  အခုထပ်မံပြေးဆွဲမဲ့ နိုင်ငံခြား ခရီးစဉ်တွေ
ကိုလည်း စရိတ်လျှော့ချ ပြေးဆွဲသွားမှာပါ။ တခြားလေယာဉ်လက်မှတ်ခတွေထက်တော့
သက်သာမှာပါ"ဟု လက်ထောက်မန်နေဂျာ ဦးဝင်းကျော်မိုးက ဆိုသည်။

အဆိုပါလေကြောင်းလိုင်းမှာ အများပိုင်ကုမ္ပဏီဖြစ်ပြီး စိတ်ဝင်စားသူများ ရှယ်ယာများ
ထည့်ဝင်နိုင်သည်။ ထိုရှယ်ယာများကို ဇန်န၀ါရီ ၁၄ ရက် နေ့တွင် ကျပ် ၁၀ယ၀၀၀ မှစ၍
တရားဝင် ရောင်းချပေးသွားမည်ဟု ဦးခင်မောင်အေးက ပြောသည်။

"ခရီးသည်တွေအကုန်လုံးကို ဈေးသက် သက်သာသာနဲ့ သွားလာနိုင်အောင်ပါ။ နောက်ပြီး
စိတ်ဝင်စားသူတွေ အားလုံးကိုလည်း ရှယ်ယာပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကိုယ့်အကျိုး
အမြတ်ထက် အားလုံးမျှဝေစားသုံးတာကို ပိုလိုလားတယ်။ အများပိုင်ကုမ္ပဏီကလည်း
တစ်ဖက် တစ်လမ်းက ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု
ဦးခင်မောင်အေးက ပြောသည်။

လက်ရှိ ပြည်တွင်းလေကြောင်းလိုင်း လေယာဉ်လက်မှတ်ခများမှာ ရန်ကုန်-မန္တလေးအတွက်
ကျပ်  ၈၀ယ၀၀၀ ၀န်းကျင် (နိုင်ငံခြားသားများအတွက် အမေရိကန် ဒေါ်လာ ၁၃၀ ၀န်းကျင်)
ဖြစ်ပြီး ပြေးဆွဲနေသည့် လေကြောင်းလိုင်းငါးလိုင်းရှိသည်။

သို့သော် ယခုရွှေမြန်မာလေကြောင်း လိုင်းမှာ ပြည်တွင်းလေကြောင်းလိုင်းများတွင် စရိတ်
လျှော့ချထားသည် လေကြောင်းလိုင်းသစ်တစ်ခုဖြစ်ကာ ရန်ကုန် - မန္တလေးခရီးစဉ်အတွက်
ကျပ် ၂၇ယ၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိသည်။

ခရီးဆောင်အိတ်အလေးချိန်ကို ၁၀ ကီလို သတ်မှတ်ထားပြီး အဆိုပါ ကီလိုထက် ကျော်ပါ
က သတ်မှတ်ထားသည့် နှုန်းထားအတိုင်း အပိုပေးဆောင်ရမည်ဖြစ်ပြီး လေယာဉ်ပေါ်တွင်
အစားအသောက်များကို ၀ယ်ယူစားသုံးရမည် ဖြစ်သည်။

"လေယာဉ်ခုံတိုင်းကိုတော့ ဒီဈေးနဲ့ပဲ မရောင်းဘူး။ သတ်မှတ်ထားတဲ့ ကာလ အတွင်းမှာ
ဘွတ်ကင်လုပ်ရင် ရပါတယ်။ ခရီးမသွားခင် စောစောကြိုပြီးဘွတ်ကင် လုပ်ရင် ရပါတယ်။
ကျပ် ၂၇,၀၀၀ အတွက် သတ်မှတ်ထားတဲ့ ခုံအရေ အတွက်ပြည့်ရင် စာရင်းပိတ်မှာ ဖြစ်လို့
စောစောဝယ်ရင် ပိုကောင်းပါ တယ်"ဟု ဦးဝင်းကျော်မိုးက ပြောသည်။

Source: MM times

Reply all
Reply to author
Forward
0 new messages