အမေ သို.မဟုတ် A sweetness in the salt ။ သွေးသစ်2010

33 views
Skip to first unread message

Tomme Aung

unread,
Feb 25, 2013, 1:09:58 AM2/25/13
to travel...@googlegroups.com

အမေ သို.မဟုတ် A sweetness in the salt ။ သွေးသစ်2010

ယခုဆောင်းပါးကို တစ်ခါဖတ်ပြီး လွှတ်ပစ်ခံရသော ဂျာနယ်များတွင်မရေးဘဲ ဧည်.လမ်းညွန် မောင် နှမ များ အတွက်သာ မျဝေလိုက်ပါတယ်။ ဒီအကြောင်းရေးသားရင်းကျွန်တော်.မျက်ရေတို. ခမ်းခြောက် ပျောက်ပျယ်ခဲ.ရပေသည်။

၁။

          အမေ…… မျိုးရိုးကောင်း အဆင်.အတန်းမြင်.မြင်.မှဆင်းသက်လာသူ၊ ဘိုးဘွားဖြစ်တဲ. Himalaya တောင်တန်းတွေကနေ မျိုးရိုးဆက်ခံသူ၊ အခြားမွေးခြင်းတွေလဲရှိသေးရဲ.။ ဂင်းဂါမြစ် ၊ မဲခေါင်မြစ်တို.နဲ. ညီအမတော်သူပါ။

           အမေ …. သေချာကြည်.လေ အရိုင်းထဲကအလှတစ်ပါး၊ ဂုဏ်မြင်.စေမယ်.နာမည်“ဧရာဝတီ”၊ကြီးမြတ်သောအလှမင်းသမီးအဖြစ်ထင်ပေါ်ကျော်

ကြားသူ၊ မေခနဲ.မလိခ ပေါင်းပြီးအလှသွေးကြွယ်လာတဲ.နောက် ခလေးဘ၀သာသာ ပြေးလွှားဆော.ကစားရင်း ကြမ်းတမ်းတဲ.ကျောက်တောင်ကျောက်ကမ်းပါးတွေအကြား ရဲဝံ့စွာဖြတ်သန်းလာခဲ.သူ။ မြစ်ဆုံမှာဘ၀ကိုပုံရင်း လှပတဲ.ရှုခင်းတွေနဲ. ရင်းနီ်းကျွမ်းဝင်သူ၊ ငယ်ဘ၀မို.ခပ်တင်းတင်း ၊ပွင်.ပွင်.လင်းလင်းဆက်ဆံတတ်သူ။ ကြည်လင်သောရေစီးကြောင်းဖန်တီး၊ ကမ်းပါးနဲ.သစ်တောတွေမပြုန်းတီးအောင် ပြုစုပေးလိုက်သေးတယ်။ လေကြမ်းတွေတိုက်ခိုက် ကမ်းပါးတွေငိုက်စိုက်ပြိုကျနေချိန်မှာ အမေရဲ.ဆံနွယ်လှိုင်းတွေမထအောင် ထိမ်းသိမ်းပေးတယ်။ အမေ စိတ်ဆိုးနေတဲ.အချိန် တစ်မျိုးကြည်.ကောင်းနေပြန်ရော။ မြစ်ကြမ်းပြင်အောက်က ကျောက်ဆောင်အိုကြီးတွေနဲ. ရေသတ်တ၀ါ လေးများ ချော.မော.မှ မာန်ချတတ်ပေမယ်. သူတို.အားလုံးကို ချစ်ခင်တဲ့အမေ၊ ငယ်ရွယ်ပြီး သနားကြင်နာတတ်သူလို. အမည်တွင်လာသူ။ အမေက တောရိုင်းသတ်တ၀ါလေးတွေ ရေလာဆင်းသောက်ရင် ရေပက်ဆော.ကစားပြီး ကျီစယ်တတ်သူ။

၂။

            ဒီလိုနဲ.ဘဲတောတောင်ကြီးတွေ သစ်ပင်ရိုင်းကြီးတွေရဲ.ပြုစုမှုအောက်မှာ တောရိုင်းပန်းများပန်ရင်း အမေ ကြီးပြင်းလာခဲ.ရပေါ.။ ငယ်ရွယ်စဉ်အမေ၊ ကြည်လင်တဲ့စိတ်ရေနဲ. ကျောက်တုံးလှလှလေးတွေပေါ်မှာ စီးဆင်း ငြိမ်းချမ်းတဲ.လှပခြင်းကိုပိုင်ဆိုင်သူပါ။ ငါးလေးတွေကပြောတယ် အမေက သိပ်လှတဲ.အရိုင်းပန်းလေးပါတဲ.။ အဒီအလှကသူတို.တွေရဲ.ဘ၀ကို စောင်.ရှောက်ပေးလို. အမေ.ကိုကျေးဇူးတင်ကြတယ်တဲ.၊ ဒါပေမယ်. သူတို.ကိုသံစူးကြီးတွေနဲ.လာဖမ်းတတ်သော သတ်တ၀ါကြီးတွေကိုတော. သဘောမတွေ.လှပါဘူးတဲ.။ အဲလိုပြောတော.အမေက ပြုံးနေပါပေါ.၊ တစ်ခါတစ်ခါ အမေရဲ.ရင်ခွင်မှာ လှိုင်းလုံးတွေနဲ.ဆော.ကစားရင်း တောင်ကမ်းပါးစောက်ကြီးတွေကို သတိထားဖို. အချင်းချင်းအော်ပြောကြပြန်တယ်။

        အမေ…… အမေက ရက်ရောပြီးစေတနာကောင်းတယ်နော်၊ ဒါပေါ. အားလုံးဟာအမေ.ရဲ.ရင်သွေးတွေဘဲလေ။ အမေလာရာလမ်းတစ်လျှောက် လိုအပ်နေသူတွေကို အမေ.သွေးရေ ယူသုံးဖို.ခွင်.ပြုခဲ.တယ်။ကြမ်းတမ်းတဲ.တောင်ကြားတွေကိုဖြတ်သန်းရင်း မြစ်ကျဉ်းသုံးခုကို အမေဖန်တီးပေးခဲ.တယ်။အထက်အောက်စုံဆန်သွားလာကြတဲ. ကုန်တင်မော်တော်တွေကို မတိမ်းမှောက်အောင် အမေ.လက်နဲ.ထိန်းသိမ်းပေးတယ်။သူတို.အလွယ်တကူသွားလို.ရအောင် အမေ.ရဲ.သွေးကြောတွေကိုချဲ.ထွင်ပေးတယ်၊နက်ရှိုင်းစေတယ်။ အမေရဲ.ရင်ခွင်မှာ အသားမာတက်လာတဲ. သဲသောင်ကြီးတွေကို အမေ.အစွမ်းနဲ. တိုက်စားပြီး မြစ်ကြောင်းနက်အောင်လုပ်ပေးပါရဲ.။ သို.သော် အမေ.သွေးရေတွေကို စိုက်ပျိုးရေးအတွက် စက်ကြီးတွေနဲ.စုပ်ထုတ်နေတော.လူတွေကိုကူညီဖို. ပြည်.၀တဲ.အနေအထားမရသော်ငြားလည်း အမေ အားအင်ချိနဲ.လာရပေါ.။

၃။

         အမေ…. ခေတ်အဆက်ဆက်ကိုဖြတ်သန်းလာရတော. ပိုပြီးပင်ပန်းနေမှာပေါ.နော်၊ ဒုတိယစစ်ကြီးဖြစ်တော. အမေ.ရင်ခွင်မှာ သေဆုံးကုန်တဲ.လူတွေကိုကြည်.ပြီး အမေဘယ်လောက်ဝမ်းနည်းနေမလဲ…။ ထူးဆန်းတဲ.ပေါက်ကွဲသံတွေနဲ. သင်းဘောတွေနစ်မြုပ်တာ အမေ မမြင်ရက်ဘူးဆိုတာသိကြတဲ.သူတွေရှိလေရဲ.။

         ဒီကြားထဲ လူတွေကအမေ.သွေးရေကို ထုတ်ယူယုံမက အမေ.အသားဖြစ်တဲ. သဲသောင်တွေယူ၊ရွှေတွေပါထုတ်ယူကြသတဲ။ သနားစရာအမေ……. ရေဆိုတာအမေ.ရဲ. သွေး၊ သဲသောင်ကမ်းပါးကအမေ.ရဲ.အသား၊ ရွေဆိုတာအမေ.ရဲ.အလှတစ်ပါး၊ သူတို.တွေလုပ်ချင်ရာလုပ် ထုတ်ချင်ရာထုတ်နေတာကို အမေ အပြုံးမပျက် ယူခွင်.ပေးတယ်နော်။ မိခင်စိတ်ဓါတ်ဆိုတာဒါမျိုးလားအမေရယ်……..။

     အမေကခွင်.လွှတ်ပေမယ်. သဘာဝတရားကြီးကတော. ခွင်.မလွှတ်ချင်တော.ဘူးအမေ………။ ကမ်ဘာပေါ်မှာရေချို ရှားလာနေပြီ၊ ပူနွေးလာနေပြီအမေ……။ ဒါတွေကိုအမေသိပါတယ်။ အမေကိုယ်တိုင်လမ်းလျှောက်ရတာတောင် ခပ်ယိုင်ယိုင်နဲ.ပါ။ ဟိုနားကသောင်ပြင်ကြီးပေါင်းတက်၊ ဒီနားက  သောင်ပြင်ကြီးပေါင်းတက်နဲ.အရွယ်မတိုင်ခင် အိုစာနေပြီအမေ….။ ခွင်.မလွှတ်ပါနဲ.အမေ…..၊ ပြောတာပြောရတာ အမေကတော.လက်ကမ်းပြီးပေးနေတုန်းပါဘဲ။ အမေ.ကိုမှီခီုနေတဲ.သားသမီးတွေကိုဒီလိုပုံစံနဲ. မပေးဆပ်ပါနဲ.နော်။အမေ.ရဲ.ခန်ဓါ ပိန်လှီပြီး အသားအရေ ခမ်းခြောက် မွဲနောက်နောက် ဖြစ်နေပြီလေ။

 

၎။

         ကြည်.စမ်းပါအုံးအမေ……..၊ အမေအားနဲ.ပြန်ထပြီးတောင်ပိုင်းကဆွေမျိုးတွေနဲ. တွေ.တဲ.အထိ လျှောက်လှမ်းပြန်တယ်။ ငယ်ရွယ်စဉ်တုန်းကလို တောင်တန်းတွေကြား ကစုန်ပေါက်ပြေးလွှား စီးဆင်းခဲ.ပုံမျိုးမတွေ.ရတော.ဘူး။ ဆွေမျိုးတွေနဲ.တွေ.တော.အမေ.သွေးရေ သူတို.ကိုခွဲပေးဖို.တောင်းတာ လိုက်လျောပြန်တယ်နော် အမေ……။ အမေရဲ.စေတနာကို နားလည်ပါတယ်အမေ၊ မြစ်ဝကျွန်းပေါ်မှာရှိတဲ.သူတွေကို ကောင်းကျိုးပြူရလို. အမေပျော်နေတာမဟုတ်လား။

        အမေကိုကြည်.ရတာချုချာလာသလိုဘဲနော်၊ အမေဘာမှမပြောပေမယ်. အမေ.ရဲ.မျက်လုံးတွေ မှိတ်သွားခဲ.ရင် အမေဘယ်ကိုဆက်သွားမလဲ။အရီမျက်ဝန်း၊ ကြည်လင်တဲ.ပုံပန်းနဲ. အများသူငါ အဆင်ပြေပြီးရော မိမိဘ၀တစ်ခုလုံး ဥပစ်ခါ ပြုနိုင်သူပါလားအမေ……..။

        နောက်ဆုံးတစ်နေ.မှာ အေးချမ်းတဲ.ရင်ခွင်ကြီးဆီအမေ စီးဆင်းပျော်ဝင်ခဲ.ပြီပေါ.။ သမုဒ်ဒရာ နဲ.ပင်လယ်ပြင်တို.ရဲ.ရင်ခွင်မှာ အမေ ပျော်နီုင်ပါ့မလားတွေးမိတော. အမေပြောခဲ.တဲ.စကားတစ်ခွန်း သွား အမှတ်ရမိပါရဲ.၊

ဘာတဲ. အမေ ပြောခဲ.တာက “ ဆားကြားက အချိုတစ်စက်” ပါတဲ…………

လေးစားစွာဖြင်.

သွေးသစ်(လမ်းပြ)

Reply all
Reply to author
Forward
0 new messages