Friday, November 18, 2011 - Posted by ချစ်ကြည်အေး at 10:32 PM
ခေတ်မီသွားတယ်ပဲ ဆိုချင်ဆို
ထီကနဲဖြစ်ပြီဟေ့ဆို ချစ်ကြည်အေးတို့လည်း မပါမဖြစ် ပါလိုက်ရမှ။ ပြောရရင်
ခုတစ်လော စိတ်မအား လူမအားရတဲ့ကြားထဲ ပျားတုတ်ခံရတဲ့အဖြစ်ရယ်။ တော်တော်လေး
ရင်ခံ သွားတယ်။ သိပြီးသူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမဲ့
မသိသေးတဲ့သူတွေက ပိုများတဲ့အတွက်၊ ပြီးတော့ ဒါဟာ အိမ်ကိုလွမ်းနေကြတဲ့၊
အိမ်ပြန်ဖို့ ပြင်နေကြတဲ့ မြန်မာများအားလုံး သိကိုသိထားရမယ်လို့
ယုံကြည်တဲ့အတွက် ဒီပိုစ့်ကို ရေးလိုက်ရပါတယ်။
ပြီးခဲ့ ဗုဒ္ဓဟူးနေ့ (၁၆-၁၁-၁၁)က ဂျက်စတားက တာဝန်ခံတစ်ယောက် အိမ်ကလူဆီ
ဖုန်းဆက်လာပါတယ်။ ကိစ္စက နောက်လ ဒီဇင်ဘာအတွက် ၀ယ်ထားတဲ့လေယာဉ်လက်မှတ်ကို
အပြန် ရက်ချိန်းပေးနိုင်မလား လို့ မေးလာတာပါ။ အိမ်ကလူက
မဖြစ်နိုင်လောက်တဲ့အကြောင်း၊ ခွင့်တွေကအစ အကုန်စီစဉ်ပြီးဖြစ်နေတဲ့ အကြောင်း
ပြောပြပါတယ်။ ဂျက်စတားကလူက သူတို့ရက်ရွေ့တဲ့အတိုင်း လက်ခံရင် တစ်ယောက်ကို
စလုံး၁၀၀နဲ့ ၂ယောက်စာ စလုံး၂၀၀ ဘောက်ချာလည်း offerပေးဦးမယ်လို့
ဆိုပါတယ်။ အဲဒီမှာ အားနာတတ် တဲ့အိမ်ကလူက ယတိပြတ်မငြင်းလိုက်ဘဲ မိန်းမနဲ့
တိုင်ပင်လိုက်ဦးမယ်ကွာ လို့ ပြောခဲ့သတဲ့ရှင်။ ဟိုလူက လည်း ငါ့ရဲ့ offerကို
မင်းဆီ e-mailပို့ပေးမယ် ဆိုခဲ့ပါတယ်။
အဲဒီနေ့က အိမ်ရောက်လို့ ညစာစားကြပြီး e-mail စစ်ကြည့်မှ
မျက်လုံးပြူးကြရတယ်။ လား လား သကောင့်သားက ကျွန်မတို့ သဘောတူညီချက်မရသေးဘဲ
လေယာဉ်လက်မှတ်ကို ရက်ပြောင်းပြီး ပို့ လိုက်တော့တာလေ။ အသွားရက်ကိုတော့
မပြောင်းပါဘူး။ ပြန်လာမဲ့ရက်ကို ပြောင်းထားတာပါ။ ကျွန်မတို့ မူလအစီအစဉ်အရ
ဒီဇင်ဘာ ၃၀ရက်နေ့ စလုံး ပြန်လာဖို့ ရက်ချိတ်ထားတာကို ၁လပိုင်း ၁၃ရက် အထိ
နှစ်ပတ်ခွာပြီး နောက်ဆုတ်ထားတာကိုး။ ဒါ ဘယ်လိုမှ လက်မခံနိုင်စရာပါ။ ဒါနဲ့
ဂျက်စတားကို ချက်ချင်း ဖုန်းဆက်ပါတယ်။
ကျွန်မတို့ အရင်က ၀ယ်ထားတဲ့ရက်အတိုင်း ပြန်ပြောင်းပေးဖို့ ပြောပေမဲ့
မရခဲ့ပါဘူး။ နောက်ဆုံးတော့ ရွေး ချယ်ဖို့ ၂လမ်းပဲ ရှိတဲ့ အကြောင်း၊
သူတို့ပြောင်းပေးတဲ့ရက်အတိုင်းသွားပြီး စလုံး၂၀၀ယူမလား၊ ဒါမှမဟုတ်
လက်မှတ်ဖိုးပြန်အမ်းတာ ယူမလား အဲဒီနှစ်ခုထဲက တစ်ခု ကြိုက်ရာရွေးဖို့
ပြောင်ပြောင်ပဲ ပြောလာ ပါတော့တယ်။ နှစ်ခုလုံး မရွေးနိုင်ဘူး၊
ငါတို့သဘောမတူဘဲနဲ့ ပြောင်းထားတာ ဖြစ်တဲ့အတွက် လုံးဝ လက်မခံနိုင်ဘူး။
ငါတို့ ၀ယ်ထားတဲ့ ရက်အတိုင်းပြန်ပြောင်းပေးပါလို့ အကြိမ်ကြိမ် ပြောတယ်။
မရခဲ့ပါဘူး။
ဒီလို ဘာ့ကြောင့်ဖြစ်ရတာလဲလို့ ကျွန်မက မေးတဲ့အခါ လက်မှတ် oversold
ဖြစ်သွားလို့ပါတဲ့လေ။ ဘယ်လောက် ရယ်စရာကောင်းတဲ့ အကြောင်းပြချက်လဲ။ seat
availability နဲ့ ရောင်းတာ မဟုတ်လား။ computerized system နဲ့
ရောင်းကြတာမဟုတ်လား။ ပြီးတော့ ဒီဇင်ဘာပြန်ဖို့ကို သြဂတ်စ်လထဲက ၀ယ်
ထားခဲ့တာမို့ ဒါဟာ ဘယ်လိုမှ သည်းခံနိုင်စရာအကြောင်းမရှိပါဘူး။
ပြောရင်းနဲ့ ကျွန်မလည်း
တော်တော်လေး စိတ်တိုလာပြီး ၃-၄ ကြိမ်လောက် ဖုန်းဆက်ပြီး မေးပါတယ်။ အားလုံး
တစ်သံတည်းထွက်ကြပါတယ်။ ဒါနဲ့ နောက်ဆုံးပြောဖြစ်တဲ့ အမျိုးသားက အွန်လိုင်း
feed back ဖောင်ဖြည့်ပြီးတင်ပါလို့ အကြံပေးပါတယ်။ ကျွန်မကလည်း
ချက်ချင်းပဲ ဖြည့်တင်လိုက်ပါတယ်။
နောက်တော့ သတိရတာနဲ့ အဲဒီနေ့ ပတ်ဝန်းကျင် ပြန်လာဖို့ စီစဉ်ထားကြတဲ့
မိတ်ဆွေတွေဆီ ဆက်သွယ် ကြည့်တော့ သူတို့လည်း တူတူပဲ၊ သဘောတူညီမှုမရဘဲ return
ticketကို Jetstarက နောက်နှစ် ပတ်ရွှေ့တာ ခံရတယ်လို့ ပြောကြပါတယ်။
ပိုဆိုးတာက သူတို့က ၁၉ရက်နေ့ ပြန်ကြမှာပါ။ စဉ်းစားသာကြည့်ပါတော့၊
၁၉ရက်နေ့ပြန်မဲ့ဟာကို last minuteမှ (၁၆ရက်နေ့မှ) သူတို့ return ticket
နောက်နှစ်ပတ်ရွှေ့ခံရတာ သိရတဲ့ ဘ၀။ တော်တော်လေးကို ဆိုးပါတယ်။ Customerကို
ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်တဲ့ ဂျက်စတား။ အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်ပါ။
ဘယ်လိုမှ စဉ်းစားချိန်မရတော့တဲ့ မိတ်ဆွေ မိသားစုကတော့ အပြန်တစ်ခြမ်းအတွက်
Jetstarကနေ Refund ထုတ်ပြီး MAIဆီက အပြန်တစ်ကြောင်းအတွက် တစ်ယောက်ကို
$၃၇၀ပေးပြီး ၃ယောက်စာ S$တစ်ထောင်ကျော် ပေးဝယ်သွားကြ ရပါတယ်။ Jetstarက
တစ်ကြောင်းအတွက် ၃ယောက်စာ ပြန်အမ်းငွေက $၄၀၀ ကျော်ထဲပါ...ဟူးးး
ဘယ်လိုပဲ လက်မှတ်ဖိုးပြန်ပေးတယ်ပဲ ပြောပြော၊ ခုချိန်မှာ
လေယာဉ်လက်မှတ်ဈေးတွေက အရမ်းမြင့်နေ ပါပြီ။ သြဂတ်စ်လ ကျွန်မတို့ဝယ်တုန်းက
နှစ်ယောက်ပေါင်းမှ စလုံး ၆၀၀ ကျော်ရယ်။ ခုဆို ၁၀၀၀ကျော်လောက်ရှိတဲ့အပြင်
ကိုယ်လိုချင်တဲ့ရက်လည်း ရချင်မှ ရတော့မှာပါ။ ၁၇ရက်နေ့က Jetstarကို ကျွန်မ
ဖုန်းဆက်ကြည့်တော့ ကျွန်မတို့ကို လက်မှတ်ရောင်းတုန်းက Big aircraft ခု
small aircraftကို ဒေါင်း ဂရိတ်လုပ်တာမို့ ခုလိုဖြစ်ရတာပါလို့ ဖြေရှင်းချက်
ထုတ်ပြန်ပါတယ်။ အကြောင်းပြချက်တွေက ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့
ဂျက်စတားပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထုတ်ရောင်းထားတဲ့ လက်မှတ်တန်ဖိုးကို သူတို့
တာဝန်ယူရမှာပေါ့။ Confirmed ticket တစ်စောင်ရဲ့ တန်ဘိုးကို သူတို့
ထည့်တွက်ရမှာပေါ့။ ခုတော့ နဲနဲမှ သိက္ခာမရှိတဲ့ လုပ်ရပ်ကို ရွေးချယ်ကြတယ်။
လေကြောင်းလိုင်းတစ်ခုအနေနဲ့ နာမည်ပျက်တာလောက် ဘာကများ ဆိုးဦးမလဲရှင်။
သေချာတယ်လေ၊ Jetstarက လက်မှတ်ဘိုးအပြည့်ပြန်ထုတ်ပေးတယ်ပဲထား။ ခုလက်ရှိပေါက်ဈေးနဲ့ဆို အိတ်ထဲက တစ်စောင်ကို $၂၀၀ နီးပါးစိုက်ဝယ်ရတော့မှာပါ။
နောက်ထပ်သေချာ တာတစ်ခုက
အားလုံးလိုလိုဟာ Jetstarကနေ MAIကို ပြေးပြီး လက်ရှိပေါက်ဈေး နဲ့
ပေးဝယ်ကြတော့မှာပါ။ Jetstar နဲ့ MAI ဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည်
ဆိုတဲ့ ခေါင်းစဉ်အောက်မှာသာ ရှိနေရင် Jetstarရဲ့ အခုလုပ်ရပ်ဟာ ဘာကို
ရည်ရွယ်တယ် ဆိုတာ ပြောနေစရာတောင် မလိုတော့ဘူးပေါ့ရှင်။
ကျွန်မတို့ မြန်မာလူမျိုးတွေက အားနာတတ်တယ်။ နေပါစေတော့ကွာဆိုပြီး
အေးအေးနေတတ်ကြတယ်။ တစ်ချို့ကျတော့လည်း ဘာလုပ်ရမှန်း မသိကြဘူး။ ဘာမှလုပ်လို့
ရမှာ မဟုတ်ပါဘူး လို့လည်း တွေးတတ်ကြတယ်။ နဲနဲလေးလောက်တော့
လုပ်ကြည့်ကြစေချင်ပါတယ်။ ဒါဟာ လူပါးဝလွန်းတာပါ။ စော်ကားလွန်းတာပါ။
Customerကို တန်ဘိုးမထားတဲ့ လုပ်ရပ်ပါ။ လုံးလုံးမတရားတဲ့ လုပ်ရပ်ပါ။
အေးရာအေးကြောင်း ငြိမ်မနေကြပါနဲ့။ လုပ်လို့ရတာလေးတွေ လုပ်ကြည့်ကြရအောင်ပါ။
အားလုံး လူညီကြဖို့ပဲ လိုပါတယ်။
၁)
http://www.case.org.sg/ မှာ သွားတိုင်ပါ။ Document အပြည့်အစုံနဲ့ Monday-Saturday 9-4pmပါ။
၃) အားလုံးစုပြီး Mediaထိပေါက်အောင် သွားလို့ ရပါတယ်။ သူတို့ လက်မှတ်ဘိုး ပြန်အမ်းတာကို လွယ်လွယ် လက်မခံကြပါနဲ့ဦး
၎)ကျွန်မရဲ့ ကော်မန့်မှာ ဂျက်စတားလက်မှတ်ဝယ်တုန်းက Booking Ref. နံပါတ်လေးတွေ ရေးပေးသွားကြ ပါ။
လုံးဝ အလျှော့မပေးပါနဲ့။
မသိသေးတဲ့သူတွေကိုလည်း တစ်ဆင့်စကားပါးလိုက်ကြပါ။ Westerner တွေကို သူတို့
မလုပ်ရဲပါဘူး။ စင်ကာပူရီယန်တွေကို သူတို့ မလုပ်ရဲပါဘူး။ မြန်မာတွေမို့
ရမလားလို့ အကဲစမ်း ကြည့်တာပါ။ ဒါဟာ လူမျိုးရေးပါ ပါပါတယ်။ ဒီကိစ္စဟာ
ပေါ့သေးသေးမဟုတ်ပါဘူး။ ကျွန်မကတော့ ဂျက်စတားကို သပိတ်မှောက်ပါတယ်။
နောင်ကို ဘယ်တော့မှ ဂျက်စတား မစီးတော့ပါ။
***ဂျက်စတား ဖဘက ကူးလာတာပါ။
Amy Soe
I really upset to travel with Jetstar and I'm regret to choose
Jetstar. I had made a booking and made a payment since August for my
flight. Today last minute call me and cancel my ticket due to too
loaded on 30 Dec and ask me to change to 21 dec or 13 Jan. I already
made a appoinment and prepare my trip. Last minute call me and offer me
either to change a date or get a refund. At this time I can't buy any
other airline all are fully book. If inform me early I still can choose
other airline. And my best friend wedding on 25 Dec so how am i goiing
to atten. If my wedding on that day how they going to settle on it.
And when I call customer service officer different people answer me
different reason. Not easy to apply my leave again do you concern for
that Jetstar.
Florence Aung Attention: CEO (Jetstar)
Dear Sir/Madam,
I am very disappointed with the way the jetstar works. I have bought
return tickets for two from singapore to yangon on sept 08 2011 ( dept
on 24 dec 2011 and arrival on 7 Jan 2011).
Today, I was informed there is no flight from Yangon to Singapore on
the 7 Jan 2011 by Jetstar staff and offered me 11 jan 2011 (wed)
instead. That is totally unacceptable for me since I have to plan many
things eg:leave applications( It is not so easy at all for us to extend
leaves) and many other things needed for this leave for
approval.Though i was told there was no flight returning from Yangon to
Singapore ( during 26 Dec 2011--10 Jan 2012) ( you can check the
recording for telephone conversation made( 9:30am to 10:45am
17-Nov-2011) that i call your 3 staffs, one of them say no flight,
another one hang up the phone during conversation( his name Max or
something like that) and last one--not bad in my opinion). I know there
is a flight on the 7th January 2012 from Yangon to Singapore in the
morning arrival 10:25am Yangon. My schedule flight from yangon to
singapore is 11:25am on January 7 2012.
There is no logic if there is no flight at 11:25am on January 7 2012. I
feel I am being cheated by some unfair policy( may be to make more
money).I am offered to options- one ( to get fully refund) and another
one to either get refund for return only or accept the return date on
11 Jan (wednesday) 2012 and get 200S$ dollar voucher for each affected
person- for my case 2persons). Both options are unacceptable for me
knowing that there is a flight from Yangon to Singapore on Jan 7 2012
which I have booked and confirmed tickets since September 8). Come to
think or it for yourselves, If you were in my position, will you be
pleased with what the jetsar is doing to me and affected customers? My
holidays is already spoilt by this unethical way of making money.
I sincerely request that please put me and my wife on Jan 7 2012 flight
from Yangon to singapore in order for me to believe that the jetstar
is deserved to be my first choice airline.
You have already committed on this offer by accepting ticket fare from customer,you should be responsible for it.
Await your soonest positive reply and responsible action on this case.
Regards,
Nyan Lin Htat
Yesterday at 1:22pm · ·
7
Win Min Lin jet star post box accept only good comments .. lol ...
Yesterday at 1:57pm · ·
1
Florence Aung Yes, excectly. I cannot post my comments on Jetstar's Wall page
Amy Soe
The ticket which I bought since August. Now they told me oversold and
my flight cancel. That mean they r not work properly since August now
they know oversold? Now ask to refund or change a date, So easy for
them to say that. If they tell me in Sep I still can choose other
airline. Now I already arrange and tell me all stupid reason.
18 hours ago · ·
1
Khin Saw Htwe
me too, I bought ticket since August , they gave same reason and ask
to refund or change date which too far from my return ticket date ,
they are cheating on us , we got it in offer fare rate , i think they
sold back higher rate to the other and simply say that oversold and
flight cancel .I have never seen other air line in this kind of stupid
reason ,we have to let other people to aware of this case... BE AWARE
DO NOT BOOK ON LINE ,,, WILL BE CHEATED BY JETSTAR
17 hours ago · ·
1
Naing Aye Latt
We are facing the same treatment from Jetstar and that's so
unacceptable as customers who are holding confirmed tickets issued by
Jetsrar. They must do something like arranging additional flight or
compensate air fare according to current price from other airline as
now the tickets price is sky-high. We have already been arranged
accommodation and domestic flight at destination as well. Who will take
responsibility for all that charges incurred? Definitely Jetstar
jeopardizes my holiday plan and we should make awareness of such Jet
stars's' attitude to people.
Naing Aye Latt
Even if Jetstar compensates air fare according to current price from
other airline, too late , not secure to get a seat already as our
initial planning date. Hence, only one option to let us get on board
Jetstar !!
Zaw Zaw Cho
Everybody, Jetstar just cheat to her customers. Not only you, there
are so many people who have booked on these high peak season. Jetstar
sold with a promotion price, but now the price is flying high for these
days. So, Jetstar just omit your seat only. Pls, carefully check from
any possible sources of information as much as you can, there is no any
flight will be cancelled on these scheduled dates. Just omit your
seats only. Make sense. How dare to cheat like that in Singapore. Now, I
am arranging to disclose those cheat cases to Ministry of Transport
(Singapore), CAAS (Singapore), some news agency in Singapore, Yahoo
News, Straits Time, etc. Also, I am arranging to send those information
to all Journals in Myanmar. I will inform all updates time by time
again.
2 hours ago · ·
6
Michael Maung Mra U
What I can confirm now is JETSTAR cancelled some tickets only. 100%
sure that not all the passengers for the same flight are affected. We
should gather more information and share one another.
2 hours ago · ·
2
Zaw Zaw Cho Pls, everybody, log and claim to Civil Aviation Authority of Singapore, CAAS at
q...@caas.gov.sg, ph: 6542 1122, and Consumer's Association of Singapore, CASE at
sa...@case.org.sg. Also, pls, inform to any journals in Myanmar.
2 hours ago · ·
3
Michael Maung Mra U There is some responce from JETSTAR Australia side about our complaint, Just sharing and will update outcome to all later
2 hours ago · ·
2
Wendy Min
I have already checked with Jetstar staff. She said they changed small
cargo and they shift return date from Yangon (from 4/1/12 to 11/4/12)
only for 15 female passengers and flight is not cancel. But my brother
also received call and emails same as me. They just give reason anyhow.
I found most people bought tickets around August which is normal price
rate.
Jet Star : Are you try to create disappointed all passengers who bought
with normal price? If people accept refund; are you planning to sell
with high price to new passenger as this is hot period?
I print this Facebook page as I know they delete all complains very
soon. Don’t keep quiet. We cannot accept such cheating case in
Singapore.
You can complain to below. More complain can made legal faster action.
Ministry of Transport (Singapore)-
http://app.mot.gov.sg/Contact_Us.aspx,
Consumer Association of Singapore
http://www.case.org.sg/,
Yahoo
http://feedback.help.yahoo.com/feedback.php?.src=FP-SG&.from=_footer&.done=http%3A%2F%2Fsg.yahoo.com
Singapore Authorize PIC : Kindly please don’t keep quiet. Singapore is a
lawful country. Please arrange to settle this chatting case which is
fully related to your National Identity. We want to be proud citizen of
Singapore.
Stella Kwa
where's my voucher? already 15days later.. and yet my fren whom is
later then me.. already got the voucher.. why no dates is given to me
for the dateline? why always the same old reply to my answer whenver i
call.. i need to book my vacation soon.. and yet voucher is not here...
WHY!!!!!!!!!!!!!!!!!!!!!!! so piss n disappointed with the service
given.. kinda regret to choose jetstar... damn piss off........
Zaw Zaw Cho
According from all information for the time being, most of the Myanmar
people who bought the tickets on about Aug 2011 are affected. Beside
this, there is not any contact person and office in Singapore, except
at Terminal 1. I will update accordingly.
- Henry Cheng
Shame on you Jetstar on dishonest action on your customers. I suggest
you to solve those complains legally and rightfully or you will be
notorious in this region. I am a strong customer of Jetstar but next
time I need to think twice to choose you.10 minutes ago · · 1
Aung Hein Minn I bought the tickets from Jetstar as well. Hopefully, my tickets will not be cancelled by Jetstar.
6 hours ago ·
1
-
Stella Kwa where's my voucher... oh my god.. i lodge complain to the web.. but like no use.. arghh.. i wan my vacation.. damn
-
Wendy Min share this information to all of your friends to prevent for future...
-
Phoe Lone I never fly JS or either MAI before, but coming CNY I bought TK to YGN.wish everything smooth. :(
5 hours ago ·
1
Wendy Min I
have already written and share this information on the wall of Air
Asia, Silkair, Lufthesa, Myanmar Air Way International, etc.,
4 hours ago ·
2
Zaw Zaw Cho Pl,
do not take any refund. Jetstar is just cheating us. Pl, unite. I will
do a legal action to jetstar on soon after contact to Singapore Police
Force. I will update my plan accordingly.
27 minutes ago ·
1
နောက်ဆက်တွဲ သတင်း
CAASကို တိုင်ထားပါတယ်။ ကိုဇော်ဇော်ချိုဆီက ဖောမက်ယူပြီး ပို့လိုက်ပါတယ်။
ဘယ်သူမဆို ကျွန်မဆီက ကော်ပီကူးပြီး ကိုယ့်အချက်အလက်တွေ ထည့်ပို့ချင်ရင်လည်း ရပါတယ်ရှင်။ ပို့ရမယ့် လိပ်စာက
q...@caas.gov.sg ပါ။
ဒါကတော့ CAASက ပြန်စာပါ။
We are sorry to learn about your unpleasant experience regarding the cancellation of your return flight.
We
have forwarded your email to Jetstar Asia to look into your feedback.
They will be responding to you soon. Should you require further
assistance, you may contact Jetstar Asia's call centre for assistance at
800 6161 977.
Thank you.
Cheng Suat Guek (Ms)
for CAAS QUALITY SERVICE MANAGER
Executive (Secretariat)
Corporate Services Division
Civil Aviation Authority of Singapore Singapore Changi Airport, PO Box 1, Singapore 918141
www.caas.gov.sg
ဂျက်စတားကလည်း ကျွန်မဆီ စာပြန်လာပါတယ်။ ဒီကိစ္စကို သူတို့ ဖြေရှင်းပေးပါမယ်။ နောက်ထပ် Business days ၁၅ရက်စောင့်ပေးပါတဲ့။
Thank you for letting us know about your Jetstar experience.
We
do apologise for the delay in acknowledging your feedback. This email
is confirmation that we are in receipt of your feedback.
Please
allow at least 15 business days for a response from one of our Customer
Care analysts. If your feedback or query relates to imminent travel
(within 72 hours), please contact our Customer Relationships team on 131 538 and our Telephone Reservations team will request one of our analysts to call you.
Thanks
again for contacting us. To help us identify and respond to this
specific issue, please clearly quote your Case ID (CAS-530891-9VFHTS )
in any correspondence.
Kind regards,
The Jetstar Customer Care Team
ကျွန်မ
လက်မခံနိုင်ပါဘူး။ Business days ၁၅ရက်ဆိုတာ ၃ပတ်တိတိပါ။ ဒါကြောင့်
နိုဝင်ဘာ လကုန်ထိပဲ စောင့်နိုင်မယ်။ ဖြေရှင်းပေးပါ လို့
ထပ်ပြီးတောင်းဆိုထားပါတယ်။ Media တွေ အထိပေါက်ဖို့ ကိုလည်း
ဆက်လုပ်ပါဦးမယ်။ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့် ဖြစ်ချင် ဖြစ်ပါမယ်။
တစ်ခုခု အကြောင်း ထူးရင် ထပ်ပြောပါဦးမယ်ရှင်။