ပုဂံယဉ်ကျေးမှုဇုန်နှင့် မန္တလေးဘုန်ကြီးကျောင်းများတွင် ညစာစားပွဲ ကျင်းပခြင်းကို ကန့်ကွက်

19 views
Skip to first unread message

Thomas Latt

unread,
May 9, 2013, 11:17:23 PM5/9/13
to travelmyanmar

ပုဂံယဉ်ကျေးမှုဇုန်နှင့် မန္တလေးဘုန်ကြီးကျောင်းများတွင် ညစာစားပွဲ ကျင်းပခြင်းကို ကန့်ကွက်

သီဟကိုကို | ကြာသပတေးနေ့၊ မေလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းအနေဖြင့် ပုဂံ ယဉ်ကျေးမှုဇုန်တွင် Temple Dinner ပေးခြင်း၊ မန္တလေးရှိ ဘုန်းကြီးကျောင်းများတွင် ညစာ တည့်ခင်းခြင်းများကို ကန့်ကွက်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တင်ပြသွားမည်ဟု အသင်း ၏ အတွင်းရေးမှူး ဦးကိုကိုလတ် က
ပြောသည်။

“ပုဂံ ပုဂံယဉ်ကျေးမှုဇုန်အတွင်းမှာ Temple Dinner ပေးတာကို ဒေသခံတွေက လုံးဝ သဘောမတူဘူး။ ဘာသာရေး ရှုထောင့်က ကြည့်မည်ဆိုရင် လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ မန္တလေးဘက်က ဘုန်းကြီး
ကျောင်းမှာ Dinner ပေးကြတယ်။ ဒါကို လာမယ့် ခရီးသွားရာသီမှာ မဖြစ်အောင် ကြိုတင်ပြီး ကာကွယ်တဲ့ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ကန့်ကွက်ကြောင်း တင်ပြသွားမယ်” ဟု ပြောသည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဓမ္မရံကြီးဘုရား၏ အနောက်မြောက်ဘက်ရှိ ယာကွက်၊ အိုးထိန်းတောင်နှင့် ရွှေနန်းရင်တောဘုရား၏ တောင်ဘက်၊ နေရာ ၃ နေရာတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညစာစားပွဲများ ပြုလုပ်ခွင့်ပေးထားသည်။

ဘုရားပုရဝဏ်နှင့် လွတ်ကင်းသောနေရာများတွင် Temple Dinner လုပ်ခွင့်ပေးခြင်းမှာလည်း  မလိုလားအပ်သည့် ပြဿနာများ ရှိလာနိုင်သည်ဟု ဧည့်လမ်းညွှန်တဦးက ပြောသည်။

“သတ်မှတ်နေရာ၊ အကွာအဝေးတွေ ရှိပေမယ့်၊ သတ်မှတ်နေရာတွေက ဘုရားပုရဝဏ် လွတ်ကင်းတဲ့
နေရာ ဆိုပေမယ့် ရှေးဟောင်းဇုန်ထဲက နေရာတွေပဲလေ။ ဓမ္မရံကြီးဘုရားရဲ့ အပြင်မှာ ဆိုပေမယ့် တခြားဘုရားတွေ ရှိသေးတယ်” ဟု ပုဂံဒေသခံ ဧည့်လမ်းညွှန် ဦးဇော်ဝင်းချို က ဆိုသည်။

ထို့ပြင် မန္တလေး ဘုန်းကြီးကျောင်းများတွင် ညစာစားပွဲ ပြုလုပ်ခြင်းမှာ သင့်လျော်ခြင်း မရှိ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ခရီးသွားကုမ္ပဏီများကို တားမြစ်ပေးရန်လိုကြောင်း မန္တလေး ဧည့်လမ်းညွှန် တဦးက
ပြောသည်။

Khaing Soe Linn Khaing

unread,
May 9, 2013, 11:30:17 PM5/9/13
to travel...@googlegroups.com
အားလုံးမင်္ဂလာပါ..
အဲ့ဒီကိစ္စကိုကမ္ဘာတစ်ဝှမ်းလုံးကမြန်မာနိုင်ငံသို့လာရောက်လည်ပတ်ကြမယ့်ဧည့်သည်တွေသိရှိအောင်NET WORKကတစ်ဆင့်TOURISM
GURUS/TOUR LEADERS/PROFESSIONALS များသို့ Facebook/Linked in/Google+/http//www.comenseememyanmar.
blogspot.com/http//www.travelconsultant.blogspot.com စတဲ့စာမျက်နှာတွေမှာEnglish ဘာသာဖြင့်ကန့်ကွက်ထားပြီး၊Temple Dinner
တောင်းဆိုလာကြမယ့်မိမိဧည့်သည်တော်များကိုမြန်မာ့ရိုးရာ၊ယဉ်ကျေးမှု၊ကိုးကွယ်ဆည်းကပ်ဓလေ့၊ဘာသာတရားအမြင်တွေကိုရှင်းပြပြီးတားဆီး
ပေးဖို့ကြိုပြောထားပါတယ်။
Mr.Khaing(Comenseememyanmar)
Mobile:09450008415


2013/5/10 Thomas Latt <thomas...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 



--
Great using ...

Myo

unread,
May 10, 2013, 12:18:08 AM5/10/13
to travel...@googlegroups.com
ကျွန်တော့်အမြင်ပြောရရင် ဘယ်မြို့ဘယ်ဒေသပဲ ဖြစ်ဖြစ် ဘုန်းကြီးကျောင်းမှာ
ညစာစားခြင်းဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့အရာပါ။ ဒါကို
ကိုယ်ပိုက်ဆံရဖို့ပဲကြည့်ပြီး လုပ်တဲ့သူ၊ စီစဉ်တဲ့သူတွေကို
ကန့်ကွက်သင့်ပါတယ်။ ပုဂံမှာ Temple Dinner လုပ်တာနဲ့ပါတ်သက်ပြီး
နှစ်ပိုင်းပြောလိုပါတယ်။ တပိုင်းက ဟိုးယခင်ကတည်းက စားသောက်ဆိုင်တချို့နဲ့
ဟိုတယ်တချို့က သူတို့ပိုက်နက်အတွင်းမှာရှိတဲ့ Temple ဘေး Dinner
လုပ်ခြင်းနဲ့ အခုမှ ရှေးဟောင်းက ခွင့်ပြုမိန့်နဲ့ နေရာတချို့မှာ Temple
Dinner လုပ်တာပဲဖြစ်ပါတယ်။ အဲဒီမှာ မိမိပိုင်နက်အတွင်း တနိုင်တပိုင်
လုပ်တာကို အထူးမပြောလိုပေမယ့် ရှေးဟောင်းက ခွင့်ပြုမိန့်နဲ့ လုပ်တာကတော့
မဖြစ်သင့်ပါဘူး။

မျိုးမြန်မာ


On 5/10/13, Thomas Latt <thomas...@gmail.com> wrote:
> ပုဂံယဉ်ကျေးမှုဇုန်နှင့် မန္တလေးဘုန်ကြီးကျောင်းများတွင် ညစာစားပွဲ
> ကျင်းပခြင်းကို ကန့်ကွက်
> သီဟကိုကို | ကြာသပတေးနေ့၊ မေလ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၄၄ မိနစ်
> [image:
> အီးမေးလ်ပို့ရန်]<http://www.mizzimaburmese.com/component/mailto/?tmpl=component&link=41a8de27497c2c26e1767bf2a0d75a3444454007>
> [image:
> ပရင့်ထုတ်ရန်]<http://www.mizzimaburmese.com/news/breaking-newsbrief/11560-2013-05-09-13-15-54.html?tmpl=component&print=1&layout=default&page=>
> [image:
> PDF
> ဖိုင်ရယူရန်]<http://www.mizzimaburmese.com/news/breaking-newsbrief/11560-2013-05-09-13-15-54.pdf>

Bo Saw

unread,
May 10, 2013, 12:55:29 PM5/10/13
to travel...@googlegroups.com
လုံးဝ သဘောမတူ ကန့်ကွက်ပါသည်။
Reply all
Reply to author
Forward
0 new messages