၎ နှစ်ခန့်လေကြောင်းပျံသန်းမှုများ ရပ်နားထားသည့် ကာတာလေကြောင်းလိုင်း မြန်မာနိုင်ငံသို့ ပုံမှန်ခရီးစဉ် ပြန်လည်ပြေးဆွဲ

4 views
Skip to first unread message

Than Tun Oo

unread,
Oct 4, 2012, 3:56:55 AM10/4/12
to travelmyanmar
၎ နှစ်ခန့်လေကြောင်းပျံသန်းမှုများ ရပ်နားထားသည့် ကာတာလေကြောင်းလိုင်း မြန်မာနိုင်ငံသို့ ပုံမှန်ခရီးစဉ် ပြန်လည်ပြေးဆွဲ PDF Print
Thursday, 04 October 2012 10:46
AddThis Social Bookmark Button

thn_10_4

၎ နှစ်ခန့်လေကြောင်းပျံသန်းမှုများ ရပ်နားထားသည့် ကာတာလေကြောင်းလိုင်းမှမြန်မာနိုင်ငံသို့ ပုံမှန်ခရီးစဉ်အား အောက်တိုဘာလ 3ရက်နေ့မှ စတင်ကာပြန်လည်ပြေးဆွဲခဲ့ပါသည်။
ယင်းသို့ ဒုတိယအကြိမ် ပြန်လည်ပြေးဆွဲသည့် ကာတာလေကြောင်းလိုင်း၏ ပထမဆုံးဒိုဟာ-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ဖြစ်သည့် QR 618 လေယာဉ်သည် အောက်တိုဘာလ 4ရက်နေ့ နံနက် 7နာရီခန့်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပါသည်။

ကာတာလေကြောင်းလိုင်း၏ မြန်မာနိုင်ငံသို့ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားအစီစဉ်အား ယနေ့နံနက် 7နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့ကာ၊ ယင်းအခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊
ကာတာနိုင်ငံသံအမတ်ကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထွေထွေမန်နေဂျာ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

ယနေ့နံနက်ရောက်ရှိလာသည့်ကာတာလေကြောင်း၏  QR 618 လေယာဉ်တွင် ကာတာလေကြောင်းလိုင်း၏  စီအီးအိုဖြစ်သူ Mr.Akbar Al Baker နှင့်ကာတာလေကြောင်းမှ တာဝန်ရှိသူများ၊ နိုင်ငံခြားသတင်းဌာန များမှ သတင်းထောက်များ လိုက်ပါလာခဲ့ပါသည်။

ကာတာလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Mr.Akbar Al Baker သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် တွေ့ဆုံနှုတ်ဆက်ပြီး၊ လက်ဆောင်ပစည်းများအပြန်အလှန်ပေးအပ်ခဲ့ပါသည်။

thn_10_5
ကာတာလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Mr.Akbar Al Baker နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ တွေ့ဆုံနှုတ်ဆက်စဉ်

ကာတာလေကြောင်းလိုင်းသည် 1994ခုနှစ်တွင် ဒေသတွင်း လေကြောင်းလိုင်းတစ်ခုအဖြစ် စတင် ပျံသန်းပြေးဆွဲခဲ့ပြီး၊ 1997ခုနှစ်တွင် နိုင်ငံတကာလေကြောင်းလိုင်းအဖြစ် ပျံသန်းပြေးဆွဲခဲ့သည်။
ကာတာလေကြောင်းလိုင်းသည် ကာတာနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်ပြီး
ကာတာနိုင်ငံအစိုးရမှ 50ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ပုဂ္ဂလိကမှ 50ရာခိုင်နှုန်းပိုင်ဆိုင်သည့် လေကြောင်းလိုင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ကာတာလေကြောင်းလိုင်းသည်2005 ခုနှစ်မှစတင်ကာ 2008ခုနှစ် ဇန်န၀ါရီလအထိမြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲခဲ့ကာ၊ ယင်းနောက်တွင် လေကြောင်းပျံသန်းမှုများ ရပ်နားခဲ့ပြီး၊    ယခု 2012အောက်တိုဘာလ 3ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ လေကြောင်းပျံသန်းမှုများအား ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြင်လာမည့် အောက်တိုဘာလ 5ရက်နေ့တွင် ကာတာလေကြောင်းလိုင်း၏ မြန်မာနိုင်ငံသို့ ပြန်လည်ပြေးဆွဲခြင်း အထိမ်းအမှတ် စာနယ်ဇင်းရှင်းလင်းပွဲအား ရန်ကုန်မြို့ရှိ Strand ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: weekly 11

 

Reply all
Reply to author
Forward
0 new messages