ထီးမလိုမင်းမလို လေးစားမှုနှင်. အကျင်.ကောင်း၊စိတ်ကောင်းသာရှိဖို.သာလိုသည်။ နှင်. မိုးတွင်းစာ
မိုးရိပ်သန်းသော ကောင်းကင်ယံသည် အရှေ.အနောက် တောင်မြောက်ကူးနေကြပြီ ၊တိမ်များအထက်အောက်စုန်ဆန် တက်ဆင်းလုပ်နေမှုကြောင်.လေဗွေဖြစ်ပေါ်စေသည်။ အေးစက်သည်.လေနုအေးသည် မိုးနဲရပ်ဝန်းဒေသမှာ မိုးကြီးရွာချတော.မရောင်ရှိသည်.အတွက် ပထမဆုံးမိုးကိုမျှော်နေကြသော ပုဂံဒေသရှိ တောင်သူများကို အိမ်မက်ပေးနေပြန်သည်။
ပထမဆုံးသောမိုးသည် သူတို.ရဲ.အနာဂါတ်ဟောကိန်းအရ သီးနှံကောင်း မကောင်း ဖြစ်လာ မဖြစ်လာသည်ကို ပြောကြလိမ်.မည်။ ဒေသရှိလူများမှာ နေရောင်ပျောက်ကွယ်ပြီး အပူချိန်လျော.နဲနေမှုကို ကျေနပ်နေပုံရသည်။ လေပြေလေအေးများ၏ အရသာကို လအတန်ကြာ ဝေးကွာနေခဲ.သည်.အတွက် လွမ်းစွှတ်နေကြသော အပူပိုင်းဒေသရှိ လူအများ တ၀ကြီး ခံစားနေကြသည်။ ဒါကိုပင်မိုးဦးကာလ လွမ်းမောဖွယ်မြင်ကွင်းတစ်ခုလို.ယူဆရမလိုဖြစ်သည်။နွေနှင်. ဆောင်းရာသီတို.တွင် ပုဂံဒေသ၏ ဖုန်တစ်လုံးလုံးဖြင်.မြင်ကွင်းဝါးတားတား လမ်းတို.သည်ယခုလိုမိုးတွင်းကာလမှာတော. မိုးရိပ်ကို ဖြတ်သမ်းလာသောလေနှင်.အတူမိုးငွေ.တို.၏ကျီစားမှုကြောင်. အပေါ်ရံ မျက်နှာပြင် စွတ်စိုလာကြသည်။ ဖုန်ထ ဖုတ်ထူမှ ကျမ်းမာရေးကောင်းကြရသော လမ်းကြမ်းတို.သည် ဒီတစ်ချိန်တွင် မြေပြင်မှာ ၀ပ်တွားခစားနေကြရသည်။ မြင်းလှည်များရှိ ခြူဆွဲလွဲများသည်လည်း ကောင်းကောင်း မမြည်နိုင်ကြပေ။
ပုထိုးများရှေ.ရှိ သစ်ပင်တို.သည် လေးတိလေးကန်ဖြင်. သစ်ရွက်တို.၏ ၀န်ကိုထမ်းနေကြသည်။ သစ်ရွက်တို. ငြီးတွားနေမှုကြောင်. သစ်ကိုင်းဖျားများ အားအင် ချိနဲ.နေပေပြီ။ ပထမဆုံးသော မိုးရေသောက်မှရတော.မည်.အခြေအနေကို သစ်ပင်တိုင်း နားလည်လက်ခံကြပုံရသည်။
စေတီပုထိုးများကတော. စိတ်ပျက်နေသော အမူအရာပြပေမဲ. မိုးရေချိုးပြီးတစ်နှစ်တာ ဖုန်မှုန်.များနှင်.ညစ်ပတ်နေမှုကို ဆေးကြောနေချင်ကြပြီ။ သို.သော် မိုးရေကိုကြောက်သော ကျေးငှက်နှင်.သတ်တ၀ါ လေးများမိုးတွင်းစာကို စုဆောင်းနေကြသည်။
ထိုကဲ.သို.မိုးတွင်းကာလမှာ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားများကတော. သိပုံမရပါ။ ထိုအထဲတွင် မိမိလို ဧည်.လမ်းညွှန်မှလည်း မိုတွင်းကာလ ခရီးသွားလာမှု ခက်ခဲတတ်ပုံကို ဧည်.သည်များအား နုပ်မှ ဖွင်.ဟ မပြောမိပါ။ မိုးတွင်းလို ဧည်.သည်အလာပါးနေချိန်တွင် တိုးလိုက်ရတာကိုပင် အတော်ကံကောင်းသည်ဟုယူဆနေရသည်။
ပုဂံတွင် မိုးမရွာလျင် ကောင်းမည်ဟု နိုင်ငံခြားသားပြောသောစကားသည် ဒေသခံများမိုးကိုမျှော်နေသော ဖြစ်ရပ်နှင်. ဆန်.ကျင်ဖက်ဖြစ်နေသည်။ မိမိ မှလည်း ဧည်.သည်အလိုအရ မိုးမရွာစေရန်ဆုတောင်းနေမှုသည် မိုးကိုမျှော်နေကြသည်. တောင်သူများကို မျက်နှာမပြရက်အောင်ပင်။
ကံကောင်းချင်တော. ပထမရက် တွင် မိုးမကျသဖြင်. နေ၀င်ချိန်ကောင်းကောင်း မကြည်.ရသည်မှအပ လည်ပတ်ရသည်မှာ အတော်ပင်စိတ်တိုင်းကျသည်။ ဒုတိယနေ.ရောက်ပြန်တော.လည်း မိုးစွေရုံသာ စွေသည်.အတွက် မနက်ပိုင်းကောင်းကောင်းလည်နိုင်သည်။
ထီးလိုမင်းလိုဘုရားအရောက်တွင် မိုးမရွာသော်လည်း တစ်ခြားပြသာနာမိုး ၀င်လာတော.သည်။
ထိုမိုးကို လုံချည်မိုးဟု ကင်ပွန်းတပ်ရမလိုပင်။
မနှစ်က ၂၀၁၃ ခုနှစ် ဇွန်လကုန်ထိ နိုင်ငံခြားသားဧည်.သည်များ ဒူးခေါင်းထိဖုံးသော အ၀တ်အစားများဖြင်. မည်သည်.ဘုရားကိုမဆို ၀င်ရောက်လည်ပတ်နိုင်သည်။ ယခု ဇူလိုင်လကစပြီး ဧည်.သည်များအားလုံး တစ်ကိုယ်လုံးလုံခြုံအောင်ဝတ်ဆင်မှ ပုဂံဒေသ ရှိ ဘုရားများအားလုံးကို ဖူးလို.ရမည် ဟု ရှေးဟောင်းဝန်ထမ်းများမှ ပြောလာသည်။ ထို.ကြောင်. မိမိမှ ဧည်သည်များအား ဘုရား ပြင်ပရှိ လုံချည်ရောင်းသော ဆိုင်များမှ သင်.တော်ရာ အ၀တ်အစားဝယ်ခိုင်း ဆင်မြန်းစေရသည်။
ဧည်.သည်များမှ ကြည်ကြည်ဖြူဖြူ ၀ယ်ဝတ်ကြသည်။ပြီးနောက် ထီးလိုမင်းလို ဘုရားအားဝင်ရောက် ကြည်.ရှုကြပါသည်။ မိမိမှ အထက်ပါ စည်းကမ်းပြောင်းလဲခြင်းကို စာထုတ်ပြီး ခရီးသွားအေးဂျင်.များကို အကြောင်းကြားသင်.ကြောင်းကို အထက်ပါဝန်ထမ်းများအားအကြံပေးလိုက်မိသည်။ နောက်ဆက်တွဲအကျိုးဆက်မှာ ထိုရှေးဟောင်းဝန်ထမ်းများကမကျေနပ်နိုင်ပဲ၊ တာဝန်ကျ Tourisim Police တစ်ယောက်အား မည်ကဲ.သို.ကုန်းချောလိုက်သည်မသိပါ၊ ထိုရဲသားမှ မိမိနှင်.ဧည်.သည်များကို ဘုရားအတွင်းလည်ပတ်စဉ်တစ်ချိန်လုံး မျက်နှာထားတင်းတင်းဖြင်. လိုက်ကြည်.နေလေသည်။ ကြာလာသော် ဧည်.သည်များမှ ဘာဖြစ်လို. ဒီရဲက မျက်နှာမှုန်မှုန်ဖြင်.တစ်ချိန်လုံး မိမိတို.နောက်လိုက်နေရတာလဲဟုမေးသော်.. မင်းတို.ကို လိုက်လံစောင်.ရှောက်ပေးတာပါလို. ၀ိနည်းလွတ်ဖြေခဲ.ရပါသည်။
အမှန်မှာတော. ဒီရဲကမိမိ ဧည်.လမ်းညွှန်ကို ထောင်.မကျိုးတဲ.သူအဖြစ် သူများကုန်းတိုက်တာယုံပြီး လိုက်ကြပ်တာဖြစ်သည်။ မိမိက ဘာမှ အရေးမကြီးသဖြင်. ခပ်စိတ်စိတ်နေခဲ.သည်။စိတ်ထဲတွင် Tourism Police ဆိုသည် မည်သည်.ဆောင်တာကိုပြုလုပ်နေကြသနည်းဟု တစ်ညတာအတွေးပွားရင်း အိပ်ရေးပျက်ခဲ.ရသည်။ဒီဖြစ်ရပ်သည် ၂၉ ၊ ၇၊ ၂၀၁၃ နေ.ကဖြစ်သည်။ မိမိလို အတွေ.အကြုံရှိသော Guide အတွက် အရေးမကြီးပေမဲ.၊ Guide အသစ်ကလေးများအတွက် စိတ်ပူမိသည်။
မိုးတွင်းကာလကိုလူတိုင်း မနှစ်မြို.တတ်ကြပါ။ မိုးတွင်းစာလေးစုဆောင်းထားမှဖြစ်မည်ဟု လူတိုင်းပြောကြသည်။ လှည်းဝင်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း ဆိုပေမယ်. လှည်းဝင်ရိုးသံတိတ်ဆိတ်နေသော မိုးတွင်းအခါ ၀ယ် အပြောင်းအလဲများလှသည်။ ပုဂံ ဇုန်ဝင်ကြေး $15 ဖြစ်သွားပြီ၊ မိုးတွင်းစာ အတွက် ပိုတောင်းသည်ထင်သည်။ အင်းလေးက $ 10 အောက်တိုဘာလ ၁ ရက်နေ.တက်ကောက်မည်ဟုအတိအလင်းကြေငြာထားသည်။ သူတို.ကရော ဘာအတွက်တိုးတောင်းသနည်း အဖြေရှာမရပါ။ တခြားနေရာတွေကရော မိုးတွင်းစာ အတွက် တိုးကောက်ကြဦးမည်ထင်သည်။ နောင်ဆိုလျင် လူတွေ အမြုပ်တစ်စီစီနှင်. ဆေးရုံတက်ရန်သာရှိတော.သည်။ နောက်တစ်ခုကြားသည်မှာ အင်းလေးကန် Hotel Zone တွင် hotel ဆောက်ချင်သည်. သူမှန်လျင် ဟိုတယ်တစ်လုံးအတွက် ဘလိုင်း သိန်း ၁၀၀ ကောက်ခံသည်ဟုကြားရသည်။ ဟုတ်မဟုတ် မသေချာ၊ သေချာတာသည် ထိုသတင်းဟုတ်မှန်လျင် လာဘ်စားသောသူတို.သည် မိုးတွင်းစာ အတွက် စုစောင်းတာဖြစ်မည်။ ထို.ကြောင်.ကိုယ်ချင်းစာမိသည်။ ကိုယ်လို မိုးတွင်း တိုးပါး ၀င်ငွေနဲသဖြင်.ရတဲ.နည်းဖြင်. မိုးတွင်းစာ စုတာဖြစ်မည်ဟု နားလည်ပေးလိုက်သည်။ သို.သော် မိုးကတော.ကိုယ်.လို မစာနာနိုင်ပါ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင်. တနင်းသာရီ တိုင်းတို.ရှိ မိုးတွင်းစာများကို ရေလွှမ်းမိုးပြီး ဖျက်ဆီးလိုက်ပေပြီ။
ဒါကြောင်. တစ်ချို.က မိုးမျှော်နေကြပြီး၊ တစ်ချို.က မိုးနဲစေရန် မျှော်ကိုးနေကြသည်။ ဒီအထဲတွင် မိမိ လို Guide မှာ မိုးရာသီကို မြန်မြန်ကုန်စေချင်သည်။ အဘယ်.ကြောင်.ဆိုသော် မိုးတွင်းစာကို မတရားသဖြင်.နည်းဖြင်.ရှာဖွေမထားခဲ.သောကြောင်.ဖြစ်သည်။
အစဉ်လေးစားစွာဖြင်.
သွေးသစ်
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAD6UT2L0kiVmwRZuScpUAtosHA3qt4V7vRpGZ7xEYQdrKQyzEw%40mail.gmail.com.