Well Done ! Mandalay !
>
>
> ကိုသောင်း နှင့် ဥကဌကြီး ခင် ဗျား
> ယ နေ့ အင်းဝမြင်းယာဉ် အသင်းမှ အကြောင်းကြားလာပါတယ်
> စာရပြီး နောက်ရက် အလုပ်အမှုဆောင် စည်းဝေးပြီး ဥကဌ ဦးမေညင်မောင် အပါအဝင် ၁၃ ဦး
> ပြန်ရွေးခဲ့ပါကြောင်း စည်းကမ်းချက်အဖြစ် ထုတ်ပြန် သဘောတူကြပါကြောင်း ကလေးသူငယ်
> နှင့် မူးနေသူနှင့်မကျေနပ်သော မြင်းယာဉ် ဖြစ်ပါက ပြန်လဲ ခိုင်းပါရန်
> အကြောင်းကြားပါတယ်
> လေးစားစွာ wzo
>
>
> On Monday, October 21, 2013, Mandalay Tour Guides Society <
>
mandalaytour...@gmail.com> wrote:
>> အင်းဝမြင်းလှည်းမောင်းဆရာများနှင့်
> ရွှေနန်းတော်ကျောင်းဝင်းအတွင်းဆေလိပ်သောက်ခြင်း
>>
>> အင်းဝမြင်းလှည်းမောင်းဆရာများ
>>
>> အင်းဝမြို့ဟောင်းတွင် မြင်းလှည်းမောင်းဆရာများ၏
> ဆောင်ရွက်လုပ်ကိုင်မှုများနှင့် ပတ်သက်၍ ပြဿနာများမကြာခဏပေါ်ပေါက်နေကာ
> မန္တလေးဧည့်လမ်းညွှန်အသင်းသို့ အကြောင်းကြားသတင်းပို့မှုများ ခဏခဏ ရောက်ရှိနေ၍
> ဧည့်လမ်းညွှန်အသင်းမှ သက်ဆိုင်ရာသို့ အောက်ပါအတိုင်း အကြောင်းကြားစာ
> ပေးပို့ခဲ့သည်။
>>
>> သို့
>>
>> ဥက္ကဌ နှင့် အလုပ်အမှုဆောင်အဖွဲ့
>>
>> မြင်းယာဉ်အသင်း
>>
>> အိုးတုတ္တန်း၊ အင်းဝမြို့
>>
>> ရက်စွဲ။ ။ ၂၀.၁၀.၂၀၁၃
>>
>> အကြောင်းအရာ။ ။ အထူကြပ်မတ်ပေးပါရန်ကိစ္စ။
>>
>> အထက်ပါ အကြောင်းအရာကိစ္စနှင့်ပတ်သက်၍
> မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်တိုးတက်စေရန်နှင့်
> နိုင်ငံတော်၏ပုံရိပ် မထိခိုက်စေရန် ခရီးသွားလုပ်ငန်းနှင့်
> ဆက်စပ်လုပ်ငန်းများအားလုံးတွင် တာဝန်ရှိပါသည်။
>>
>> လူကြီးမင်းတို့ မြင်းယာဉ်အသင်းအနေဖြင့် အောက်ပါအချက်များကို
> ပူးပေါင်းဆောင်ရွက်ပေးပါရန် လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
>>
>> ၁။ မြင်းယာဉ်မောင်းများ တာဝန်ချိန် အရက်သေစာသောက်စားခြင်း၊
> ခရီးသည်တင်၍မောင်းနှင်နေစဉ် ဆေးလိပ်သောက်ခြင်း။
>>
>> ၂။ မြင်းယာဉ်မောင်းများ သေသပ်သန့်ရှင်းစွာ ၀တ်ဆင်စေခြင်း။ (ဖြစ်နိုင်ပါက
> မြင်းယာဉ်အသင်းဝတ်စုံများ ၀တ်ဆင်စေခြင်း)
>>
>> ၃။ မြင်းယာဉ်နှင့် မြင်းများ သန့်ရှင်းစေခြင်း။
>>
>> ၄။ မြင်းယာဉ်များ ကြံ့ခိုင်စေခြင်း။
>>
>> ၅။ မြင်းယာဉ်မောင်းများ ခရီးသည်များအား ဖော်ရွေပြူငှာစွာ
> ဆက်ဆံပြောဆိုစေခြင်း။
>>
>> ၆။ ခရီးသွားများအား ကူညီဖေးမစောင့်ရှောက်စေခြင်း။
>>
>> ၇။ မိမိရောက်ရှိရတွင် လုံခြုံရေးသတိဖြင့် စောင့်ကြည့်သတိပြုစေခြင်း။
>>
>> လေးစားစွာ
>>
>> ၀င်းဇော်ဦး
>>
>> အတွင်းရေးမှူး
>>
>> မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊ မန္တလေးဇုန်
>>
>>
>>
>> မိတ္တူကို -
>>
>> - ရုံးလက်ခံ
>>
>>
>>
>> ရွှေနန်းတော်ကျောင်းဝင်းအတွင်းဆေးလိပ်သောက်ခြင်း
>>
>> ရွှေနန်းတော်ကျောင်းပေါ်တွင် ဆေးလိပ်မသောက်ရ ဟူသော ဆိုင်းဘုတ်ကို
> အင်္ဂလိပ်လိုပါ ရေးထားပါသော်လည်း နိုင်ငံခြားသားဧည့်သည် ဆေးလိပ်သောက်သဖြင့်
> တာဝန်သိ မန္တလေးဧည့်လမ်းညွှန်မှ တားမြစ်သဖြင့် ၎င်းအဖွဲ့ကို ဦးဆောင်သော
> ရန်ကုန်ဧည့်လမ်းညွှန် အမျိုးသမီးနှင့် စကားများခဲ့ခြင်းနှင့် နောက်ရက်တွင်
> အခြားနိုင်ငံခြားသားတစ်ဦး ဆေးလိပ်သောက်သဖြင့် တာဝန်သိသူ မန္တလေးဧည့်လမ်းညွှန်
> အမျိုးသားတစ်ဦးမှ တားမြစ်သဖြင့် အချေအတင်စကားပြောခဲ့ရာ မရသဖြင့် နီးစပ်ရာ
> Tourist Police အားအကြောင်းကြားခဲ့ရခြင်း ကိစ္စနှစ်ခုဖြစ်ပေါ်ခဲ့သည်။
>>
>> မိမိတို့ဧည့်လမ်းညွှန်များအနေဖြင့် ရှေးဟောင်းဗိသုကာလက်ရာများနှင့်
> ပြည့်နှက်နေသော၊ တန်ဘိုးဖြတ်နိုင်သော မန္တလေးရတနာပုံခေတ် ရွှေကျောင်းကြီးတွင်
> မီးလောင်မှုစသည် မဖြစ်ပေါ်စေရန် လျှပ်စစ်မီးများပင် ထွန်းညှိ၍ မထားပါ။
> အထူးဂရုပြုဆောင်ရွက်နေသည့်အထဲမှ ဘာမဟုတ်သည့် ဆေးလိပ်မီးလေးကြောင်း
> အဖိုးတန်အမွေအနှစ်တစ်ခု ဆုံးရှုံးမသွားစေရန် ဧည့်လမ်းညွှန်များအားလုံး
> ၀ိုင်းဝန်းဆောင့်ရှောက်ကူညီနိုင်ကြစေရန် အထူး တိုက်တွန်းနှိုးဆော်အပ်ပါသည်။
>>
>>
>>
>> သောင်းနိုင်ဦး
>>
>> သတင်းနှင့်ပြန်ကြားရေး
>>
>> မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊ မန္တလေးဇုန်
>