ရွှေဘုံရတနာ မင်္ဂလာနန်းတော်နှင့် မြနန်းစံကျော် ရွှေနန်းတော်တို့၏ စီမံခန့်ခွဲခွင့်

24 views
Skip to first unread message

Nyi Nyi ®

unread,
Jun 10, 2013, 11:58:54 PM6/10/13
to travel...@googlegroups.com
ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော်နှင့် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ ရတနာပုံ နန်းမြို့ရိုးတို့၏ စီမံခန့်ခွဲခွင့်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ဇွန်လ ၇ ရက်နေ့ နံနက် ၁ဝ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးသည့် အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး၊ ပြတိုက်နှင့် စာကြည့်တိုက်များကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ အနီးကပ်ကြီးကြပ် စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း၊ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများ ဖြစ်သည့်အတွက် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျစီမံခန့်ခွဲ၍ ပြုပြင် ထိန်းသိမ်းသွားရန် လိုကြောင်း၊ နိုင်ငံတကာအဆင့်မီ Historical Park များဖြစ်လာအောင် သတ်မှတ်ချက် များနှင့်အညီ Visitor Facilities များ တိုးမြှင့်တည်ဆောက်၍ ပြည်တွင်းပြည်ပ ဧည့်သည်များကို ဝန်ဆောင်မှု ပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားသည်။ အခမ်းအနားတွင် ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ အတွင်းရေးမှူးများက ရွှေဘိုမြို့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်နှင့် မန္တလေးမြို့ မြနန်းစံကျော် ရွှေနန်းတော်၊ ရတနာပုံနန်းမြို့ရိုးတို့၏ စီမံခန့်ခွဲခွင့် လွှဲပြောင်းပေးခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး၍ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages