အာဇာနည်ဗိမာန်

14 views
Skip to first unread message

Nyi Nyi ®

unread,
May 4, 2013, 8:19:08 AM5/4/13
to travel...@googlegroups.com
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်အား ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖေဖော်ဝါရီ ၂၂ ရက်တွင် လွှဲပြောင်းရယူပြီး ဖြစ်သည်။ အာဇာနည်ဗိမာန်အား ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်များအရ အများပြည်သူများ လေ့လာဂါရဝပြုနိုင်ရေးအတွက် မေ ၂ ရက်မှစ၍ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဗိမာန်သို့ ဝင်ရောက်မည် ဆိုပါက - (က) တနလာင်္နေ့တိုင်းနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ် ဝင်ရောက်နိုင်မည်။ (ခ) ဖွင့်ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမည်။ (ဂ) ဝင်ကြေး လူကြီးတစ်ဦးလျှင် ကျပ် ၂၀၀ နှင့် ကလေးတစ်ဦးလျှင် ၁၀၀ ကျပ်နှုန်း ကောက်ခံသွားမည်။ (ကျောင်းသားများ မူလတန်းမှ တက္ကသိုလ်) ကျောင်းသားကတ်ပြားဖြင့် အခမဲ့ ဝင်ခွင့်ပြုမည်။ (ဃ) နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာနှုန်း ကောက်ခံမည်။ (င) အာဇာနည်နေ့တွင် မည်သူမဆို အခမဲ့ ဝင်ခွင့်ပြုမည်ဟု သတ်မှတ်ထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages