ပုဂ္ဂလိက ၀န်ထမ်းများ၏ လုပ်ခလစာ တရားဝင် သတ်မှတ်ဖို့လို

5 views
Skip to first unread message

Frankie Nyi Nyi

unread,
Feb 7, 2013, 8:22:33 PM2/7/13
to travelmyanmar
နိုင်ငံတော်အစိုးရကသတ်မှတ်ပေးထားတဲ့ကြယ်လေးပွင့် အဆင့်ရှိတဲ့အင်းလေးက ဟိုတယ်တစ်ခုဆိုရင် ၀န်ထမ်းလစာ ၂၅၀၀၀ နဲ့စပေးတာမျိုးတောင်ရှိပါတယ်။ Service Money ဆိုရင်လည်း မရတာ ၈လခန့်ရှိပြီလို့ဆိုပါတယ်။ ဒီလိုမျိုး ၀န်ထမ်းတွေကို တန်ဖိုးမထားတဲ့ လုပ်ငန်းရှင်တွေကိုလည်းသေချာစီစစ်သင့်နေပြီလို့လက်တို့ပါရစေ။

 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 

via သတင်း by joseph...@gmail.com (စောဇင်ညီ) on 1/24/13

အစိုးရ၀န်ထမ်းများ ထောက်ပံ့ကြေးပေးမည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ပုဂ္ဂလိက၀န်ထမ်းများအတွက် လုပ်ခလစာ မလုံလောက်သည့် အခြေအနေနှင့် ကြုံတွေ့လာနိုင်ကြောင်း ...

အစိုးရ၀န်ထမ်းများ ထောက်ပံ့ကြေးပေးမည်ဆိုသည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ပုဂ္ဂလိက၀န်ထမ်းများအတွက် လုပ်ခလစာ မလုံလောက်သည့် အခြေအနေနှင့် ကြုံတွေ့လာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သော (LRDP) အဖွဲ့မှ မအိရွှေဇင်ညွှန့်က မဇ္စျိမသို့ပြောသည်။

“ကျွန်မတို့နိုင်ငံမှာ အစိုးရ အခြေခံလုပ်ခလစာ သတ်မှတ်ရတဲ့ အနေအထားဖြစ်နေတယ်။ အမှန်ဆို ဒါဟာ မဖြစ်သင့်
ဘူး။ စစ်မှန်တဲ့ အလုပ်သားသမဂ္ဂ ပေါ်လာရင် အဲဒီသမဂ္ဂနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ လုပ်ခ လစာကို ညှိနှိုင်း
ပြီး စာချူပ်ချူပ်ရမှာ။ ဒါဟာနိုင်ငံတကာမှာကျင့်သုံးနေတဲ့ အလုပ်သမားစည်းမျဉ်းပဲ” ဟု မအိရွှေဇင်ညွှန့်က ပြော
သည်။

ထိုသို့သုံးသပ်ရခြင်းမှာ ပုဂ္ဂလိက ၀န်ထမ်းများ၏ လစာမှာ တရားဝင်သတ်မှတ်ပေးနိုင်ခြင်း မရှိသည့် အချိန်တွင် အစိုးရ၀န်ထမ်းများ ထောက်ပံ့ကြေးပေးမည်ဆိုခြင်းကြောင့် ကုန်ဈေးနှုန်းများ တက်လာကာ ပုဂ္ဂလိက ၀န်ထမ်းများ
အဖို့ လစာမလုံလောက်သည့် အခြေအနေနှင့် ကြုံတွေ့လာနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သမိုင်းမြို့မဘုန်းကြီးကျောင်း
တွင် ပြုလုပ်သော အလုပ်သမားအဖွဲ့များ သတင်းစာရှင်းလင်းပွဲတွင် မအိရွှေဇင်ညွှန့်မှ ပြောခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်သမ္မတမှ ပေးပို့သည့် နှစ်သစ်ကူး သ၀ဏ်လွှာတွင် လာမည့် ဘဏ္ဍာနှစ်၌ နိုင်ငံ့ ၀န်ထမ်းများ၏ ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးနိုင်တော့မည်
ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်နှင့် ပတ်သတ်၍ လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားတဦးက “သူတို့ ၀န်ထမ်းတွေကို သူတို့
တိုးပေးတာ ကုန်ဈေးနှုန်းတက်ရင် ကျွန်တော်တို့ ပုဂ္ဂလိက ၀န်ထမ်းတွေကငတ်မှာ။ ကျွန်တော်တို့အတွက်လည်း သမ္မတကြီး ထည့်စဉ်းစားပေးဖို့ ကောင်းပါတယ်” ဟု ဆိုသည်။

ယခုလက်ရှိတွင်ပုဂ္ဂလိက ၀န်ထမ်းများအပေါ် အခြေခံလစာ တရားဝင်သတ်မှတ်ထားခြင်း မရှိဘဲ လုပ်ခ၊ နေ့တွက်ခ ရက်မှန်ကြေး စသည်ဖြင့် လုပ်ခလစာ သက်သက်သာ ရရှိနေကြပြီး ၀န်ထမ်းတဦး၏ အနိမ့်ဆုံး လုပ်ခလစာမှာ
ငွေကျပ် ၂သောင်းဝန်းကျင်သာ ရရှိကြောင်း ပုဂ္ဂလိက စက်ရုံများမှ ၀န်ထမ်းများမှ သိရသည်။

"ပြည်သူ့ ဝန်ထမ်းကို လစာတိုးပေးရင် ဘဲဖြစ်ဖြစ် ထောက်ပံကြေးပေးတာဘဲဖြစ်ဖြစ် ပုဂ္ဂလိက ၀န်ထမ်းတွေရဲ့ အခြေခံလစာ ကို အမြန် လွှတ်တော်က  သတ်မှတ်သင့်တယ်။ မပာုတ်ရင် အရင်တစ်ခေါက်  ပြည်သူ့ဝန်ထမ်းတွေ လစာတိုးတုန်းကလို ပုဂ္ဂလိက၀န်ထမ်းတွေ ထကြွလာနိုင်တယ်။" ပာု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ အလုပ်သမားအရေးဆောင်ရွက်သူ  မသက်သက်အောင်က ပြောသည်။

အဆိုပါလစာသတ်မှတ်ရာတွင် လည်း အခြေခံလစာနှုန်းထားသည် ဋ္ဌာနဆိုင်ရာပိုင်း၏ အငယ်တန်း စာရေး လစာနှင့် တူညီသင့် ကြောင်း  မသက်သက်အောင်က ဆက်ပြောသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ငွေဖေါင်းပွမှုနှုန်း မြန်ဆန်စွာမြင့်တက်လာသည့်နောက် ၄ နှစ်နှင့် ၆ နှစ် အကြာတွင် လစာ
တကြိမ်တိုးမြှင့်ပေးခဲ့သည်။ နောက်ဆုံး လစာတိုးမြှင့်ပေးခြင်းမှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ဖြစ်သည်။

အစိုးရအဆက်ဆက်က ၀န်ထမ်းလစာများ တိုးမြှင့်ခဲ့ရာ ၁၉၄၈ ခုနှစ်တွင် တကြိမ်၊ ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တကြိမ်၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် တကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင် တကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် တကြိမ်၊ ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် တကြိမ် ၊ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် တကြိမ် တိုးမြှင့်ပေးခဲ့ပြီး စုစုပေါင်း ၇ ကြိမ် ရှိပြီဖြစ်သည်။

 
 

Things you can do from here:

 
 
Reply all
Reply to author
Forward
0 new messages