မန္တလေးသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မြင့်တက်

7 views
Skip to first unread message

Nyi Nyi ®

unread,
Oct 25, 2012, 12:05:55 PM10/25/12
to travel...@googlegroups.com
ယခုအခါ နိုင်ငံတကာသိုပ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပိုမိုပွင့်လင်းလာသဖြင့် ၂၀၁၀-၂၀၁၁ ခရီးသွားနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး ဝန်းကျင်၌ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ပိုမိုမြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာန (မန္တလေး) တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။ “ဒီနောက်ပိုင်း ပိုမိုမြင့်တက်လာတာ တွေ့ရတယ်။ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ၁၇၁၆၅၁ ဦး ဝင်ရောက်ခဲ့ရာက ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၂၄၂၃၇၄ ဦးအထိ ရှိလာပါတယ်။ အဲဒီတော့ ၇၀၀၀၀ ကျော်အထိ သိသိသာသာ တိုးတက်လာတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် စာရင်းမချုပ်ရသေးပေမယ့် စက်တင်ဘာလအထိ ၁၇၁၈၅ ဦး ရှိနေပါပြီ” ဟု ယင်းခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၉ ရက်တွင် ပြောကြားသည်။ မြန်မာ့ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံစုံမှ ဧည့်သည်များ ဝင်ရောက်မှုကြောင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဘဏ္ဍာငွေများလည်း ပိုမိုတိုးပွားလာကြောင်း ဟိုတယ်နှင့် ခရီးညွှန်ကြားရေးမှူးရုံး (မန္တလေး)၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ “ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုတာ နိုင်ငံအတွက် ဝင်ငွေရတဲ့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုပါ။ နိုင်ငံတကာက ဧည့်သည်တွေ ယခုထက် ပိုမိုများပြားလာအောင် ကူညီပေးနိုင်တဲ့ နေရာကနေ အကူအညီတွေ ပေးနိုင်ဖို့အတွက် ဆက်သွယ်ရေး ဖုန်းနံပါတ်တွေပါ ကြေညာပေးထားပါတယ်” ဟု ဆက်လက်ပြောကြားသည်။ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝအလှအပများနှင့် ဧည့်သည်များ နှစ်ခြိုက်သည့် မန္တလေး၊ ပုံဂံ-ညောင်ဦး၊ ပြင်ဦးလွင်၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းဒေသတို့သို့ လာရောက်လည်ပတ်မှု အများဆုံးဖြစ်ပြီး နိုင်ငံတကာမှ ရောက်ရှိလာသည့် ဧည့်သည်များထဲတွင် တရုတ်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ထိုင်းနှင့် အမေရိကန်တို့မှ အများဆုံး လာရောက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages