ဆိပ်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဥရောပနိုင်ငံပေါင်း ၂၂ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ

10 views
Skip to first unread message

Than Tun Oo

unread,
Feb 11, 2013, 6:46:15 AM2/11/13
to travelmyanmar
ဆိပ်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဥရောပနိုင်ငံပေါင်း ၂၂ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ PDF Print
Thursday, 07 February 2013 13:45
AddThis Social Bookmark Button

ha-7-2-4

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ သုံးမျိုးအား ခွင့်ပြုပေးလျက်ရှိရာမှ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံပေါင်း ၂၂ နိုင်ငံအား ထပ်မံတိုးမြှင့်ခွင့် ပြုပေးလိုက်သည်ဖြစ်ရာ ယခုအခါ အဆိုပါ လေဆိပ်များ၌ နိုင်ငံပေါင်း ၄၈ နိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။

လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာစသည့် ဆိုက်ရောက်ဗီဇာ ၃ မျိုးအား ရန်ကုန် အပြည်ပည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ လည်းကောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ လည်းကောင်း ခွင့်ပြုဆောင်ရွက်ပေးရာမှ ယခုလ ၁ ရက်နေ့မှစ၍ အဆိုပါ လေဆိပ်များ၌ နိုင်ငံပေါင်း ၂၂ နိုင်ငံအား ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုပါသည်။

ထပ်မံတိုးမြှင့်ခွင့်ပြုသော နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ သြစတြီးယား၊ ချက်သမ္မတနိုင်ငံ၊ အိုင်ယာလန်၊ မော်လ်တာ၊ စလိုဗက်ကီးယား၊ ဘယ်ဂျီယံ၊ အက်စ်တိုးနီးယား၊ အစ္စရေး၊ နယ်သာလန်၊ စလိုဗေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဖင်လန်၊ လက်ဗီးယား၊ ပိုလန်၊ ကနေဒါ၊ ဂရိ၊ လစ်သူရေးနီးယား၊ ပေါ်တူဂီ၊ ဆိုက်ပရက်စ်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် ရိုးမေးနီးယားနိုင်ငံတို့ ဖြစ်ကြသည်။

"အခု တိုးမြှင့်ဆောင်ရွက်ပေးတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ဥရောပနိုင်ငံ အများစု ပါဝင်လာပါတယ်။ အခုဆိုရင် ဆိုက်ရောက်ဗီဇာ ပြုလုပ်ပေးတာ စုစုပေါင်း ၄၈ နိုင်ငံအထိ ရှိလာပြီမို့ စီးပွားရေး အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာအောင် ရည်ရွယ်ပြီးတော့ ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်" ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ အရာရှိ ဦးသန်းဝင်းက ပြောကြားပါသည်။

ဆိုက်ရောက်ဗီဇာ ခွင့်ပြုသော နိုင်ငံများအား စတင်တိုးမြှင့် ဆောင်ရွက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လာရောက်သော ခရီးသည် ၇၀ ဦးအား လက်ခံပြုလုပ် ပေးနိုင်ခဲ့သည်ဟု သိရှိရသည်။

Thomas Latt

unread,
Feb 12, 2013, 12:00:45 AM2/12/13
to travel...@googlegroups.com
is it a real visa on arrival without any prearrangement?

2013/2/11 Than Tun Oo <tto....@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
 
 

WebRep
Overall rating
 

Thomas Latt

unread,
Feb 12, 2013, 10:19:02 PM2/12/13
to travel...@googlegroups.com
Someone should organize familiarization trips or vacations to regional countries for those ladies and gentlemen from immigration especially from airport :)

2013/2/13 Sonny <sonn...@gmail.com>

I think they just called it "Visa on Arrival" without having traveled abroad. Or they never traveled on their own. This already created much confusion. They deported who believed in the news about Visa on Arrival and arrived without any arrangement. They don't even apologise nor made efforts to accept their explanation. These travelers post on travel forums which is bad for Myanmar Image.

There is no real Visa on Arrival.

Only and always Pre-arranged.
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/23J5nqzMNLUJ.
Reply all
Reply to author
Forward
0 new messages