ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပြုတင်ဒါ ခေါ်ယူ

14 views
Skip to first unread message

Nyi Nyi ®

unread,
Jan 9, 2013, 9:06:09 PM1/9/13
to travel...@googlegroups.com
နိုင်ငံတော်တွင် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာတွင် အထောက်အကူဖြစ်စေရန် (က) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပုလဲလမ်း၊ မြေတိုင်းရပ်ကွက်အမှတ် (၃၆-ဂျေ)၊ မြေကွက်အမှတ် (၁၁၁၊ ၁၁၂အေ၊ ၁၁၂ဘီ၊ ၁၁၂စီ၊ ၁၁၂ဒီနှင့် မြေတိုင်းရပ်ကွက်အမှတ် (၃၆-အယ်လ်)၊ မြေကွက်အမှတ် (၁၁၂စီ၊ ၁၁၆ဘီ) တို့ရှိ တပ်မတော်ပိုင် မြရိပ်ညိုရွိုင်ရယ် ဟိုတယ်မြေ (၁၃.၇၉၄)ဧကနှင့် အဆောက်အအုံ(၆)လုံး။ (ခ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ မြေကွက်အမှတ် (၂၂/၁၈)ရှိ တပ်မတော်ပိုင် ယုဇနဂါးဒင်း ဟိုတယ်မြေ (၄.၁၂)ဧကနှင့် အဆောက်အအုံ(၁)လုံး။ (ဂ) ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်-၁၆စီ ၃၊ မြေကွက်အမှတ်-၃ဒီရှိ တပ်မတော်ပိုင်မြေ (၂.၅ဝ၉) ဧကနှင့် အဆောက်အအုံ(၁)လုံး၊ (ဟိုတယ်နှင့် Shopping Mall လုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်) စသည့် အဆောက်အအုံနှင့် မြေကွက်များတွင် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ဒါပေးသွင်းနိုင်ရေး ခေါ်ယူ အပ်ပါသည်။ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖော်ပြပါ အဆောက်အအုံနှင့် မြေကွက်များကို သတ်မှတ်ထားသည့် အတိုင်း နှစ်ရှည်ငှားရမ်း ပေးသွား မည်ဖြစ်ပြီး ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများကို စစ်ထောက်ချုပ်ရုံး၊ ရုံးအမှတ်(၉) နေပြည်တော်သို့ ၁၁-၂-၂ဝ၁၃ရက် နောက်ဆုံးထား၍ ပေးပို့သွားရန် တင်ဒါခေါ်ယူအပ်ပါသည်။ တင်ဒါတင်သွင်းရာတွင် (က) ကုမ္ပဏီအမည် (ခ) ငှားရမ်းလိုသည့်စနစ် (ဂ) နှစ်စဉ်ငှားရမ်းခနှုန်းထား (Annual Rent) (ဃ) မြေအသုံးချခ နှုန်းထား (Land Use Premium) (င) ရင်းနှီးမြှုပ်နှံမှုပမာဏ (စ) ဆောင်ရွက်မည့်လုပ်ငန်း (ဆ) ကုမ္ပဏီမှတ်ပုံတင်နှင့် ငွေကြေးပိုင်ဆိုင်မှု စသည့်အချက်အလက်များ ပါဝင်ရပါမည်။ လုပ်ငန်းဆောင်ရွက်ရသော တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ပြီး မြေအသုံးချခ၊ နှစ်စဉ်ငှားရမ်းခနှင့် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်များအား နိုင်ငံတော်သို့ ပေးသွင်း၍ လုပ်ငန်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ အဆိုပြုတင်သွင်းသူများသည် အဆိုပြုလွှာပါ လုပ်ငန်းများကို မိမိတို့ကုမ္ပဏီအနေဖြင့် ကိုယ်တိုင်ဆောင်ရွက် ရမည်ဖြစ်ပြီး အငှားချထားစဉ် ကာလအတွင်း ယင်းမြေ၏ လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ထပ်ဆင့်အငှား ချထားခြင်း၊ ထုခွဲရောင်းချခြင်း၊ တစ်နည်းနည်းဖြင့် ထပ်ဆင့်လွှဲပြောင်းခြင်း မပြုလုပ်ရ။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက စစ်ထောက်ချုပ်ရုံး၊ ဖုန်း- ဝ၃၆-၃၁၁၂ဝ၊ ဝ၃၆-၃၁၁၃၈၊ ဝ၃၆-၃၁၁ဝ၈ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။ တင်ဒါပေးပို့ရမည့်လိပ်စာမှာ- စစ်ထောက်ချုပ်ရုံး (ထောက် ၅က)၊ မြေနှင့် အဆောက်အအုံ ငှားရမ်းရေး အဆိုပြုတင်ဒါ၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ အိတ်ပိတ်၍ ပေးပို့သွားရမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages