ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ သလဲဦးကျေးရွာ အုပ်စုတွင် အင်းလေးဒေသ
ဟော်တယ်ဇုံ စီမံကိန်းအတွက် လယ်မြေ ခြံမြေ နှင့် ထင်းစိုက်ခင်းများ အပါ
၆၂၂ဧက သိမ်းယူခဲ့ကြောင်း သိရပါသည်။
ဟော်တယ်ဇုံ စီမံကိန်းအတွက်
မြေယာပြုပြင်နေစဉ် သီနှံလျော်ကြေး မယူသော တောင်သူများ အပါ ဒေသခံ
အင်းတိုင်ရင်းသား ၁၅၀ ဦးခန့်မှ ကန့်ကွက်တားမြစ်ခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်
ပါတ်သက်
၍ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် အင်ကြင်းကုန်း ကျေးရွာနှင့်
ကန်ဘဲ့ ကျေးရွာမှ တောင်သူ ၇ ဦးအား ပုဒ်မ ၁၈၈ / ပုဒ်မ ၃၅၃ တို့ဖြင့်တရား
စွဲဆိုခဲ့ကြောင်း သိရပါသည်။
တရားစွဲဆိုခံရသော တောင်သူ ၇ ဦးတွင်
မူလတန်းကျောင်း အုပ်ဆရာမတဦး ပါဝင်ခဲ့ကြောင်း သိရပြီး မူလတန်း
ကျောင်းအုပ်ဆရာ မဒေါ်ခင်ဝင်းအား ရှမ်းပြည်နယ် အစိုးအဖွဲ့၏ (၁၈-၅-၁၃)ရက်စွဲပါ
စာအမှတ် -၄၆၀၈/၆-၃၆၄/အစရ (ရှမ်း)အရ (၁-၅-၂၀၁၃)နေ့မှ ရာထူး
ခေတ္တချထားကြောင်း ၂၇ ရက်မေလ တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ပြည်နယ်
ပညာရေးညွှန်ကြားရေးမှူးက အမိန့်ထုတ်ပြန်ကြောင်း သိရှိရပါသည်။
သတင်း/ဓာတ်ပုံ - ကိုမိုး -မျိုးဆက်သစ် (ရှမ်းပြည်)
by Myanmar News Now