Group: http://groups.google.com/group/travelmyanmar/topics
- Question by Thomas Latt - Answers By Chaw Chaw Mirror !!!!!!!!! [1 Update]
- စစ်ကိုင်းကြေးဘုရားကြီး မှ ဘဲဥထု ပွဲတော် [1 Update]
- Orchid Conference [3 Updates]
Thomas Latt <thomas...@gmail.com> Feb 18 01:21PM +0630
Question by Thomas Latt
အောက်ဖေါ်ပြပါ ခရီးစဉ်ဒေသတွေကို (ဖြစ်နိုင်ရင်) နိုင်ငံခြားသား ဧည့်သည်
မပို့သင့်ဘူး
လို့ (အခြေအနေအရပ်ရပ် အရ) ယူဆပါတယ်။
ဘာကြောင့် မပို့သင့်သလဲ ဆိုတာရယ်၊ နောက်ထပ် ဘယ်ခရီးစဉ်နေရာ
ဒေသတွေကို ထပ်ဖြည့်သင့် သလဲ ဆိုတဲ့ အမြင်ကလေးများသိချင်ပါတယ်။
ဒါမှမဟုတ် အဲဒီခရီးစဉ်ဒေသတွေ ကို မဖြစ်မနေပို့သင့် ပါတယ်၊
ခရီးစဉ်ထဲ မှာ မဖြစ်မနေထည့် သွင်းသင့်ပါတယ် ဆိုရင် လဲ
ဘာကြောင့်.. ဆိုတဲ့ မိမိတို့ရဲ့ အမြင်ကလေးများကို မျှဝေစေချင် ပါတယ်။
အားလုံးအတွက် တန်ဖိုးရှိလိမ့်မယ် လို့ယုံကြည်ပါတယ်။
၁။ ကျိုက်ထီးရိုး
၂။ မန္တလေးတောင်
၃။ ပုပ္ပါးတောင်ကလပ်
၎။ အင်းဝ
၅။ ငွေဆောင်
&&&&&&&&&&&&&&&&&&&&&&&
Answers By Chaw Chaw Mirror !!!!!!!!!
၁။ ကျိုက်ထီးရိုး ဘုရားအထိ ရောက်အောင် နိုင်ငံခြားသားတွေ အတွက်
ဘုရားနားက တောင်ပေါ် အထိ အထမ်း တက်ရတာထက်
ကား စီးလို့ ရ သွားတယ် ဆိုတော့ အရင်ကထက် သာတယ် လို့ ဆိုလို့ ရပါတယ်။
တောင်တက်ကားတွေက (( အမိုးအကာတွေ ထိုင်ခုံလေးတွေပါပြီး )
( ငါးပိသိပ် ငါးချဉ် သိပ် ) မဖြစ်ဘဲ သက်တောင့် သက်သာ ဖြစ်ဖို့
လိုအပ်သလို လုံခြုံ စိတ်ချရဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် ဘုရား အနီးမှာ သန့်စင်ခန်းတွေ များများ ထားပေးတာမျိုး
လုပ်ပေးနိုင်မယ် ဆိုရင်တော့ နိုင်ငံခြားသား များ အတွက်
ပိုပြီး အဆင်ပြေပြေ သွားလို့ လာလို့ ရပါတယ်။
ဧည့်လမ်းညွှန် point of view အရ ကြည့်မယ် ဆိုရင်တော့
နိုင်ငံခြားသား နဲ့ ကျိုက်ထီးရိုး မသွားချင်ပါ။
ကျိုက်ထီးရိုး တောင်ပေါ် အနားက ဟိုတယ် တွေက Guide များ
တည်းဖို့ အခန်းတွေကို လုံခြုံ စိတ်ချ စွာ အဆင်ပြေစွာ စီစဉ် ပေးတာ မျိုး
မရှိ တဲ့ အတွက် အခန်းရှားပါးမှု ပြဿ နာ များကြောင့် လုံးဝ မကြိုက်ပါ။
အတတ်နိုင်ဆုံး tour လက်ခံရင် ရှောင် တဲ့ ခရီးစဉ် တစ်ခုဘဲ ဖြစ်ပါတယ်။
၂။ မန္တလေးတောင် ( ခရီးစဉ်အရ သွားရောက် လည်ပတ် သင့်တဲ့
နေရာ တစ်ခု ဖြစ်ပါတယ်။ ) သို့ရာတွင် တောင်တက်ကားလမ်း တစ်လျှောက်တွင်
ကားလမ်းမ အလယ် ထိ ရောက်အောင် ( ရွှေမြန်မာ မန်းသူမန်းသားများ အားကစားသမားများ
တောင်တက်သမားများက နယ်ချဲ့ လမ်းလျှောက် )
ကြတော့ ထိမိ ခိုက်မိ တိုက်မိ မည် စိုးရိမ်သဖြင့်
အမြဲ ရင် တထိပ်ထိပ် နဲ့ တောင်တက်ကားများကို စီးနေရပါတယ်။
( 2 pax- 4-6 pax ) Tourists များကို ဦးဆောင် သွားရင်
ကိုယ့် tour car နဲ့ ကိုယ်တောင်ပေါ် တက်လို့ ရလို့ ပိုကောင်းပါတယ်။
ပြသနာ နည်းပါတယ်။ သို့ရာတွင် group tour များအတွက်
မိမိတို့ ကားနဲ့ တက်လို့ မရဘဲ အငှားကား များ။
ကားသေးလေးများခွဲ တက်ရခြင်း။
ကားမောင်းသူများ။စပယ်ယာ များကို အမြဲ သတိထားနေရခြင်း။
ကား နဲ့ ဧည့်သည် မလွဲ အောင် အမြဲ သတိထားနေရခြင်း။
စိတ်ဗျာများစရာ။စိတ်မောစရာ များရှိလို့ စိတ်ပင်ပန်းစေတဲ့ ခရီးစဉ်
ဖြစ်သလို ထုံးစံ အတိုင်း တောင်ပေါ် မှာ အိမ်သာ သန့်စင်ခန်း
အခက်အခဲ များရှိတဲ့ အတွက် အဆင်မပြေ ဖြစ်ပါတယ်။
လျှစ်စစ် cable car များ နှင့် တက် နိုင်လျှင် ထို ကိစ္စ နည်းနိုင်ပါတယ်။
ထိုသို့ မဟုတ်ပါလျှင် group tourist များ အတွက် ကား နံပါတ်စဉ်
အလိုက် လူအရေအတွက် အလိုက် ကားကို ထွက်ခိုင်း။
တောင်အောက် ရောက်မှ လူပြန်စု ။
လိုင်းကား များလို တစ်ဦးခြင်း ငွေပးစနစ် ထား။
မည်သည့် လိုင်းကားအတက်ကားကို မဆို စီးနင်းခွင့် ရှိသလို
အပြန် အဆင်းကားများကိုလည်း စီးနင်းခွင့်ပေး။
တန်းစီ စနစ် ဖြင့် အလှည့်ကျ တက်ဆင်းခိုင်း ဆိုရင် ပို ကောင်းပါတယ်။
တကယ် စနစ်တစ်ကျ ကြည့်ကြပ် လုပ်ရင် ဖြစ်နိုင်ပါတယ်။
၃။ ပုပ္ပါးတောင်ကလပ် ( မျောက်စာ များကို နေရာ တစ်နေရာ တွင်
တောင်ပေါ်ထိပ်ဆုံး သို့ မဟုတ် အောက်ဆုံး သို့ မဟုတ်
တောထဲ တွင် သီးသန့် ကျွေးမွေးခြင်း။
တောင်တက်လမ်း တစ်လျှောက် လှေကားများတွင်
မျောက်စာကျွေးခြင်းကို ပြင်းထန်စွာ တားမြစ်ခြင်း။
။မျောက်စာ ရောင်း သော ဈေးသည် များ မရှိအောင်
စည်းကမ်းသတ်မှတ် တားမြစ်ခြင်း။ )
များပြုလုပ်မည် ဆိုပါက စိတ်ဝင်စားစရာ နေရာ တစ်ခု ဖြစ်ပါတယ်။
၎။ အင်းဝ ( အင်းဝ မြို့ ရှိ နိုင်ငံခြားသားများ စီးနင်း လိုက်ပါသော
မြင်းလှည်းများ` ၏ ကြံ့ ခိုင်ရည် ပြန်လည် တည်ဆောက်ခြင်း
။ပုဂံ ကကဲ့သို့သော သက်တောင့် သက်သာ ရှိစေသည်
့ မြင်းလှည်းများ ပုံစံ အတိုင်း ပြန်လည် ပြုပြင်ခြင်း
။မြစ်တစ်ဖက်ကမ်းကူး လှေဆိပ် နေရာမှ မြင်းလှည်းသွားရာ
လမ်း တစ်လျှောက် ကို ကတ္တရာလမ်းများ ခင်းပေးခြင်း
။ အင်းဝ လှေဆိပ် နှစ်ဖက် လုံး၏ ဆိပ်ခံ ဘောတံတားများ
ကောင်းမွန် ခိုင်ခန့် အောင် လုပ်ပေးခြင်း။
မပါမဖြစ် အိမ်သာ သန့်စင်ခန်း များများ ထားရှိ တည်ဆောက်ခြင်း
။ရေ မှ အစ ယူသုံးရ လွယ်ကူအောင် လုပ်ပေးမည်
ဆိုပါက အလွန် လှပသော ခရီးစဉ် တစ်ခုဘဲ ဖြစ်ပါတယ်။
၅ ။ငွေဆောင် ကမ်းခြေ ရှိ ဟိုတယ် များ ဈေးနှုန်း
ယခု ထက် ပိုမို လျှော့ချပေးနိုင်ခြင်း။
လျှပ်စစ်မီး ၀န်ဆောင်မှု ၂၄ နာရီ ရအောင် လုပ်ပေးနိုင်ခြင်း။
အင်တာနက် ၀န်ဆောင်မှု ကောင်းကောင်း ပေးနိုင်ခြင်း။
speed boat / banana boat / များ ။
အခြား casino / bar/ massage / spa / များ ရှိအောင် လုပ်ပေးခြင်း။
အန္တရာယ် ရှိသော ကျောက်ဆောင်။ ချောက် ကျသော နေရာ များကို
သေသေချာချာ မှတ်သား တားမြစ်ပေးခြင်း။
ပင်လယ်တွင်း လုံခြုံရေးများ ချပေးထားခြင်း။
အများသုံး public toilets များထားပေးခြင်း
။ရှိပါက လည်ပတ် သင့်သော နေရာ တစ်ခု ဖြစ်ပါသည်။
မည်သို့ပင် ဖြစ်စေကာမူ မြန်မာပြည်တွင်
မည်သည့် နေရာ ဒေသ ကို သွားသွား
-- ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံ။ဆေးခန်းများ
နေရာ တကာတွင် ပြည့်စုံ စွာ ရှိခြင်း။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း။
အင်တာနက်။ဖုံးလိုင်း ကောင်းမွန်ခြင်း။
၂၄ နာရီ မီး ရရှိခြင်း။
public Bus / plane များ ၂ နာရီ ခြား တစ်ခါ လောက်
ထွက်ပေးနိုင်မှု ရှိခြင်း။
အဆိုပါ ၀န်ဆောင်မှု ကောင်းများ ပေးနိုင်ပါမူ။
( အထက် ဖေါ်ပြပါ အခက်အခဲ များကို
စနစ်တစ်ကျ ကိုင်တွယ် ဖြေရှင်း အဖြေရှာ
စည်းကမ်း တင်းကြတ်ပါမူ )
မည်သည့် နေရာကို မဆို သွားရောက် လည်ပတ် သင့်ပါသည်။ — with Thomas
Latt<https://www.facebook.com/thomasjrlatt>
.
Thomas Latt <thomas...@gmail.com> Feb 18 01:18PM +0630
*ကြေးဘုရားကြီး၏ ပွဲတော်သည်ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍
ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ်သည်။*
<http://1.bp.blogspot.com/-qFDHT64ftZs/UwH5czA2l3I/AAAAAAACVQk/veKxhFudbRc/s1600/16.jpg>
စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက် တွင်တည်ရှိသည့် ဇိနမာရ်အောင်
လောကချမ်းသာကြေးဘုရားကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရိုးရာ ဘဲဥထုပွဲတော်ကို
ယခုလ ၁၄ရက် မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ယခုနှစ် ဘုရားပွဲတော်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလှခြင်း ခတ်ပွဲ၊
ဘောလုံးဂိုးကျဉ်းပြိုင်ပွဲ များကိုလည်း ထည့်သွင်းကျင်းပပြီး ကြည့်ချင်ပွဲအဖြစ်
ပိတ်ကားထောင် ရုပ်ရှင်ဖြင့် ဖျော်ဖြေကြောင်း သိရ သည်။
နှစ်စဉ်တပို့တွဲလပြည့်တွင် ကျင်းပလေ့ရှိသည့် ဇိနမာရ်အောင်
လောကချမ်းသာကြေးဘုရားကြီး ၏ ဘုရားပွဲတော်တွင် မြန်မာနိုင်ငံ တွင်
တစ်ခုတည်းသာရှိသောဘဲဥ ထုပွဲကိုပါ ထူးထူးခြားခြား ထည့် သွင်း ကျင်းပလေ့ရှိသည်။
လပြည့် နေ့ညမှစတင်ကာ သုံးညတိုင် ကျင်းပလေ့ ရှိကြသည်။ ဘဲဥထုပွဲ ကျင်းပသည့်
ကြေးဘုရားကြီးမှာ ဧရာဝတီမြစ်ကမ်းဘေး ဧမြဝတီ ရပ်(ရှေး-အစေခံရပ်)တွင် တည်ရှိ
သည်။ ဧရာဝတီမြစ်ကမ်းဘေးရှိ ပဲ့နင်းကြီးဘုရားဝင်းအတွင်းမှာပင် ရှေးယခင်မှ
ယခုထက်တိုင်နှစ်စဉ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ဘဲဥထုပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်ညပိုင်းတွင် ကြေး
ဘုရားကြီး၏အရှေ့ဘက်ရှိ ပဲ့နင်း ဘုရားဝင်းအတွင်း ကျင်းပကြ သည်။
ဘဲဥထုပွဲကျင်းပပုံက တစ် မျိုး စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဘဲဥပြုတ်ရောင်းပေးသည့်သူက အောက်ခံတောင်း(ခွဲတောင်း သို့ မဟုတ်
ထန်းလျှော်တောင်း)ထဲ တွင်ပြုတ်ပြီး ဘဲဥများထည့်ထား ကာ အပေါ်တွင် ဆန်ကောခင်းပေး
ထားသည်။ ဘဲဥထုကြမည့်သူ နှစ်ဦးရှိလာပါက တောင်းအတွင်းမှ ဘဲဥပြုတ်နှစ်လုံးကို
ထုတ်ပေးသည်။ မြင်သာထင်သာရှိအောင် ရေနံဆီ မီးခွက်(သို့မဟုတ်)ဖယောင်းတိုင်
တို့ကိုထွန်းပေးထားရသည်။ တစ် ယောက်တစ်လုံးစီ ကြိုက်ရာရွေး ယူကာ တစ်ယောက်က
အောက်မှ လက်နှင့်ဆုပ်ကိုင်ကာ ဘဲဥကို တည်ပေးထားရသည်။ ကျန်သူက ဘဲဥကိုကိုင်ကာ
အပေါ်မှ ထုရိုက် ရသည်။ ဘဲဥထိပ်ချင်းဆိုင်ကာ ထုရိုက်ခြင်းဖြစ်၍ တစ်ခါ တစ်ရံ
အောက်မှ အခံဘဲဥ ပိန်သွားတတ် သည်။ တစ်ခါတစ်ရံ အထက်မှ ထုရိုက်သည့်အထုဘဲဥ
ပိန်သွား လေ့ရှိသည်။ ပိန်သွားသည့် ဘဲဥ ဘက်က အရှုံးဖြစ်သည်။ မည်သူ ရှုံးမည်
နိုင်မည်ကို ပုံသေတွက်၍ မရချေ။ ဘဲဥထုရိုက်ကစားသူ နှစ်ဦးသည် အတည်ဘက်နှင့်အထု
ဘက်ကို တစ်လှည့်စီနေကြရသည်။ ပိန်သွားသည့်ဘဲဥကို နိုင်သူက ယူ လိုက်သည်။
အနိုင်ဘက်က ဘဲဥ ကို ဒိုင်(ဘဲဥသည်)က ပြန်သိမ်း ကာ အောက်မှတောင်းထဲသို့ ပြန်
သိမ်းသည်။ ရှုံးသူ၏ဘက်မှ နို့ဆီ ဘူးထဲသို့ အရှုံးဘဲဥအရေအတွက် ကို သိရှိနိုင်ရန်
ပဲစေ့ (သို့မဟုတ်) မန်ကျည်းစေ့ တစ်စေ့ထည့်လိုက် သည်။ ဤသို့ဖြင့် ဘဲဥထုကစားသူ
နှစ်ဦးတို့သည် အထုဘက်နှင့်အခံ ဘက်ကို တစ်လှည့်စီနေကာ မိမိ တို့
သဘောကျကစားနိုင်သည်။ တစ်လှည့်တစ်ပြန်စီ ဘဲဥထုကစား ကြရာတွင် အပိုလောင်းကြေးအနေ
ဖြင့်ထုပြီး ဘဲဥအပိန်ငါးလုံးကြေး၊ ခုနစ်လုံးကြေး စသည်ဖြင့် ထပ်မံ
လောင်းကြေးထပ်ကြသေးသည်။ ပြိုင်ပွဲအချိန်ကို ကန့်သတ်ချက် မထားဘဲ
မိမိတို့သဘောဆန္ဒအ တိုင်း ကြိုက်သည့်အချိန် ရပ်နား နိုင်သည်။
ပွဲရပ်နားပြီဆိုလျှင် ဒိုင် က သူ့ဘက်ကိုယ့်ဘက်ရှိ နို့ဆီဘူး ထဲမှ ပဲစေ့
(သို့မဟုတ်) မန်ကျည်း စေ့ကို ရေတွက်သည်။ ပဲစေ့အရေ အတွက်အတိုင်း ဘဲဥဖိုးကျသင့်
ငွေကို ရှင်းပေးရသည်။ နှစ်ဖက်မှ အနိုင်အရှုံးရှိသော်လည်း ဒိုင်လုပ် သူကတော့
နှစ်ဖက်လုံးကို ဘဲဥ ရောင်းလိုက်ရသည်။ နိုင်သူဘက် က ဘဲဥပြုတ်တွေ တစ်ထုပ်တစ်ပိုး
ကြီးမြတ်လိုက်သော်လည်း သူ လည်း သူ့ဘက်က ဘဲဥပိန်သမျှ ရှုံးသမျှကို ငွေပေးချေရသည်။
ဘဲဥထုပွဲကျင်းပလာခဲ့သည် မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်သည်။
မြန်မာဘုရင်မင်းတုန်းမင်းလက် ထက်က စစ်ကိုင်းအစေခံ ခံတပ် ကြီးတွင်
ဘုရင့်လှေတော်သား၊ လှေတပ်သားများ စခန်းချခဲ့ကြ သည်။ ဧရာဝတီမြစ်ကြောင်းရန်ကို
ကင်းစောင့်ကာကွယ်ကြရင်း လှေ တပ်သားတို့သည် ပဲ့နင်းကြီး၏ ဘုရားဝင်းအတွင်း
တစ်ဦးနှင့် တစ်ဦး ဘဲဥထုတမ်းကစားလေ့ ရှိခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်း
အင်းဝဘက်တွင် ဆင်ကျုံးခံတပ် ရှိသည်။ အင်းဝဆင်ကျုံးခံတပ်မှ
လှေတော်တပ်တော်သားများသည် လည်း စစ်ကိုင်းဘက်သို့ ကူးသန်း လာရောက်လည်ပတ်ကာ
ဘုရားပွဲ တော် နွှဲပျော်ကြသည်။ ဘဲဥထုပွဲ ကို ဝင်ရောက်ဆင်နွှဲပျော်ပါးလေ့
ရှိသဖြင့်အလွန်စည်ကားခဲ့သည်။
ထိုဓလေ့သည် အစေခံခံတပ် အနီးဝန်းကျင်တွင် ယနေ့ထက်တိုင် အလေ့အထဖြစ်လာကာ ကြေး
ဘုရားကြီးပွဲတော်ရောက်လျှင် ဖိတ်ခေါ်စရာမလိုဘဲ မြို့ပေါ်ရပ်
ကွက်နှင့်အနီးဝန်းကျင်ကျေးရွာ များမှ တပျော်တပါး လာရောက်
ဆင်နွှဲလေ့ရှိကြခြင်းဖြစ်သည်။
ကြေးဘုရားကြီး၏ပွဲတော်သည် ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍
ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ် သည်။ ထူးခြားသည့်
ဘဲဥထုပွဲရိုး ရာဓလေ့လေးမှာ ပျောက်ပျက်မ သွားဘဲ နှစ်စဉ်တပို့တွဲလပြည့်ည
ရောက်တိုင်း စည်ကား ရှင်သန် နေဆဲဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ဘဲဥရောင်းချသူ ၃ဝ ကျော်ခန့်ရှိသည်။ တစ်ညလျှင် ဘဲဥအလုံးရေ
တစ်ဦးလျှင် ၄ဝဝ ဝန်းကျင်ရောင်းချကြရသည်ဟုဆို ပါသည်။ ဘဲဥဈေးက တစ်လုံး လျှင်
ကျပ် ၁၅ဝ ဖြင့် ရောင်းချကြ သည်။ ဘဲဥထုပွဲကို လာရောက် ဆင်နွှဲသူတွေကလည်း
ပဲ့နင်းကြီး ဘုရားပရိဝုဏ်အတွင်းတွင် တိုး တိုးဝှေ့ဝှေ့စည်စည်ကားကား ဖြစ် သည်။
ပျော်စရာကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းလှ ကြောင်း၊ ကြေးဘုရားကြီး၏ဆွမ်း
တော်ပွဲတွင် ဘဲဥပြုတ်လေးများကို ပစ်တိုင်းထောင်အရုပ်ကလေးများ လုပ်ကာ
ကပ်လှူထားသည်မှာ လည်း သဘောကျစရာ၊ ချစ်စရာ ကောင်းလှကြောင်း ပွဲတော်လာ ရောက်
ဆင်နွှဲသူတစ်ဦးက ပြော ပြသည်။
ဘဲဥထုပွဲကျင်းပသည့်ဘုရား မှာ စာဆိုတော်ကြီးညောင်ပင်သာ ဦးပုည၏
ဖခင်လှေတော်ပဲ့နင်းကြီး ဦးရွှေလှော် တည်ထားခဲ့သည့်စေတီ ဖြစ်သည်။
ဘုရားပွဲတော်ကျင်းပ သည့် ဇိနမာရ်အောင်လောက ချမ်းသာကြေးဘုရားကြီးကို မင်း
ကျောင်းဆရာတော် အရှင်သီရိက ဦးဆောင်ကြီးမှူးကာ သက္ကရာဇ် ၁၂၆၆ ခုနှစ်
ဒုတိယဝါဆိုလပြည့် ကျော် ၉ ရက်တွင် စတင်ပုံတော် သွန်းလုပ်ခဲ့ပြီး ၁၂၆၇ခုနှစ်
ကဆုန် လပြည့်နေ့တွင် အနေကဇာတင် လှူတော်မူခဲ့သည်။ ကြည်ညို သပ္ပာယ်ဖွယ်ရာ
ကောင်းလှပြီး သုံးဖက်မြင် သုံးပန်လှဘုရားကြီး ဟု ထင်ရှားကြောင်း သိရသည်။
နန္ဒာမင်းလွင်
The Union Daily
<http://4.bp.blogspot.com/-ALLklqdl_ds/UwH5jABY35I/AAAAAAACVQs/sAiLcHuxFgQ/s1600/15.jpg>
Aye <ayem...@gmail.com> Feb 17 05:10PM +0630
Dear Friends,
Do you know if there is any Orchid Conference in Yangon on 24 Feb?
I heard that there is a conference though I don't know where it is.
Please share me your information.
Thank you.
Aye Mya
"Rahul ®" <zawwi...@gmail.com> Feb 17 05:12PM +0630
As far as I know it is not confirmed yet...it might be in this year or next
year..will keep update if I get update info on it.
Zaw Win Than
Chief of Staff
The Myanmar Times
www.mmtimes.com
Mobile: 09 503 2192
Aye <ayem...@gmail.com> Feb 17 05:14PM +0630
--
Thank you so much, Ko Zaw Win Than.
Kind regards,
Aye Mya
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/20cf3063e345800de604f2a8dc15%40google.com.
For more options, visit https://groups.google.com/groups/opt_out.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAF5emqZoQARVNMf6kwitX7Y3tmqpeGJXjYsvu542njJeYxunTA%40mail.gmail.com.
For more options, visit https://groups.google.com/groups/opt_out.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CA%2BR1VvE6GRXkTSyuwrfe9aWkMhEo%3DJ4NCDuFizFCrRXgnOTK-g%40mail.gmail.com.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanmar+unsubscribe@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/e136f0ae-1183-4a9c-a214-7eeaeab0dc35%40googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/e136f0ae-1183-4a9c-a214-7eeaeab0dc35%40googlegroups.com.