CONCEPT & MIND-SET

17 views
Skip to first unread message

ထွေးဦးမြန်မာ

unread,
Aug 26, 2013, 12:37:36 AM8/26/13
to travelmyanmar
တလောက အပျော်စီးသဘောင်္တွေ စင်းလုံးငှားလေယာဉ်တွေနဲ့ နိုင်ငံခြားသားဧည့်သည်တွေလာရင် ဗောတံတားပေါ် လေယာဉ်ကွင်းသံမံတလင်းပေါ်ကနေ မြန်မာ့ယဉ်ကျေးမှု အတီးအကတွေနဲ့ ကြိုဆိုကြတဲ့ အကြောင်းလေး ရေးခဲ့မိပါတယ်…
(ဒီအကြောင်းအရာနဲ့ပါတ်သက်ပြီး ခရီးသွားနယ်ပယ်မှပေးသော Comment များထဲမှ "CONCEPT" ဆိုတဲ့ စကားလုံးလေးကို အရမ်းပဲနှစ်သက် သဘောကျမိပါတယ်… အဲဒီလို CONCEPTလေးနဲ့ တွေးပေးပြီး MIND-SET လေးတွေ ပြောင်းပေးနိုင်ရင် သိပ်ကောင်းမှာပဲလို့ပြောရင် ကိုယ့်ဖက်
ကိုယ်ယက်တယ် ပြောကြမယ်ထင်ပါတယ်)

Inline image 1

ဒီတခါတော့ မြန်မာ့ယဉ်ကျေးမှုကို ထိုက်ထိုက်တန်တန် ထည်ထည်ဝါဝါ ပြသခဲ့တဲ့ Golden Host Travels & Tours အကြောင်း ဂုဏ်ပြုမှတ်တမ်း တင်ပါရစေ…

၂၀၁၃ခု သြဂုတ်လ (၂၃)ရက်နေ့ နံနက် ၈နာရီမထိုးခင်မှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် အလုံခန်းမထဲကနေ၍ မြန်မာ့ဆိုင်းသံ တငြိမ့်ငြိမ့် ထွက်ပေါ်လာရာ အနားပါတ်ဝန်းကျင်မှ နိုင်ငံခြားသားများ အပြေးအလွှား လာရောက်ကြည့်ရှုကြပါတယ်… အခန်းထဲမှာတော့ အရောင်အသွေးစုံလင်စွာဖြင့် ဘော်ကြယ်ရောင်များ တလက်လက်တောက်ပနေသော မြန်မာ့ရုပ်သေးရုပ်များ၊ ကပြရန်အဆင်သင့်ပြင်ထားသော ရုပ်သေးစင်နှင့်တကွ တလက်လက်တောက်ပနေသော မှန်စီရွှေချ မင်္ဂလာဆိုင်းဝိုင်းကြီးအတွင်းမှ မောင့်ကျက်သရေခေါင်းပေါင်းတလူလူနှင့် တီးခေတ်နေကြသော ဝိုင်းတော်သားများကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်…

Inline image 8
၈နာရီတိတိမှာ အုပ်ချုပ်သူ ဆရာ/မများနှင့် ဂျပန်ဆယ်ကျော်သက် ကျောင်းသား/သူလေး အယောက် (၂၀)ခန့် စည်းကမ်းတကျနဲ့ ရောက်ရှိလာပါတယ်… ကျောင်းဝတ်စုံများကို ဆင်တူဝတ်ဆင်ထားသော ကျောင်းသား/သူလေးများဟာ မြန်မာ့ဆိုင်းလက်သံနှင့် ပဏာမဧည့်ခံတင်ဆက်တာကို ငြိမ်သက်စွာ နားထောင်ကြပေမယ့် တီးလုံးသံဆုံးသွားတဲ့ချိန်မှာ ရွာစားလေး "ထက်အာကာ" နဲ့ ဝိုင်းတော်သားများကို အားပါးတရ လက်ခုပ်တီး၍ ဂုဏ်ပြုကြပါတယ်…

Inline image 9
ပဏာမဧည့်ခံ ဂီတသံနှင့် တင်ဆက်လို့အပြီးမှာ မြန်မာ့ရုပ်သေးကို မိတ်ဆက်တင်ပြမယ်လို့ MC လုပ်တဲ့ ဒေါ်တင်နှင်းမာက ဂျပန်လိုပြောပြတဲ့အခါမှာ သူတို့မမြင်ဘူး မတွေ့ဘူးတဲ့ အနုပညာတစ်ခုကို မြင်တွေ့ရတော့မှာမို့ စိတ်ဝင်စားတဲ့မျက်နှာ စိတ်လှုပ်ရှားတဲ့အမူအယာကို ကျောင်းသားလေးတွေ မျက်နှာပေါ်မှာ မြင်တွေ့ရပါတယ်… MC က ပွဲတို့၏ အစဉ်အလာ အုန်း-ငှက်ပျော ကန်တော့ပွဲအကြောင်း ရှင်းပြအပြီးမှာ ရုပ်သေးရုပ်တွေနဲ့ နတ်ကတော် ပွဲကောက်ကန်တော့ခန်း-အပျိုတော်ယိမ်းနဲ့ ဦးမင်းကျော်အကကို ဆိုင်းဝိုင်းကြီးက ပန်းမသံတထီထီနဲ့ မြူးမြူးကြွကြွ တွေ့မြင်လိုက်ရတဲ့အခါ ခုနက ခရီးပန်းပြီး စောစောအိပ်ယာထလာရလို့ ပင်ပန်းအိပ်ငိုက်နေဟန်တူတဲ့ကျောင်းသားအချို့ မျက်လုံးပြူးလာပြီး ထကတော့မယ့်ဟန် ပေါက်လာပါတယ်…

Inline image 11
MC က ရုပ်သေး သမားစဉ် "ဟိမဝန္တာခန်း" အကြောင်းရှင်းပြတဲ့အချိန်မှတော့ ဆက်လက်ကြည့်ရှုဖို့ စိတ်အားထက်သန်နေကြပါပြီ… လေဟုန်စီး တိမ်ညွန့်စားပြီးထွက်လာတဲ့ မြင်းအက၊ သူသေကိုယ်သေ အပြိုင်နွှဲကြတဲ့ ဂဠုံ နဂါးအက၊ ခုန်ပေါက်မြူးထူးတဲ့ မျောက်အက နဲ့ တောဘီလူးနဲ့နန်းဘီလူးတို့ရဲ့ ဖိုက်တင်အကများကို တခန်းပြီးတခန်း ဆက်တိုက်မြင်တွေ့ရတဲ့အခါ လွတ်သွားမှာစိုးလို့ မျက်တောင်မခတ်ကြည့်ကြပြီး တခန်းပြီးတိုင်းတီးလိုက်တဲ့လက်ခုပ်သံတွေဟာ အလုံခန်းမထဲမှာ ညံလို့နေပါတော့တယ်…

Inline image 12
မြန်မာ့ကြိုးဆွဲရုပ်သေးပညာရဲ့ ခက်ခဲနက်နဲပုံကို ထွေးဦးမြန်မာမျိုးဆက်သစ် ဆယ်နှစ်သားလေး မောင်သက်ပိုင်ထွေးဦးရဲ့ ချစ်စဖွယ် ဇော်ဂျီဆွဲဟန်နဲ့ အသက်(၇၈)နှစ်ရှိပြီဖြစ်တဲ့ ရုပ်သေးဆရာကြီး ကြိုးဝိဇ္ဇာ ဦးစိန်ထွန်းကြည်ရဲ့ ကျွမ်းကျင်မှုနဲ့ ပူးတွဲတင်ဆက်လိုက်တဲ့အခါမှာတော့ မြန်မာ့ရုပ်သေးပညာအပေါ် ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုဟာ အထွဋ်အထိပ်ကို ရောက်ရှိသွားပါတော့တယ်…

Inline image 7
ရုပ်သေးကြိုးဆွဲသင်ကြမလား မေးကြည့်တော့ ကရင်ထန်းလျှက်အိုးတွေ့တဲ့ မျက်နှာတွေ ဖြစ်ကုန်ကြပါတယ်… ဒါနဲ့ သူငယ်တော်လိုဝတ်ထားတဲ့ မောင်ငယ် သက်ပိုင်ထွေးဦးက လူအက၊ အမ သက်သက်ထွေးဦးက အရုပ်ဆွဲပြီး မြန်မာအက အခြေခံနဲ့ သူငယ်တော်ကကွက်များကို သရုပ်ပြတင်ဆက်ပေးတဲ့အခါ ကျောင်းသားတွေ အထူးသဖြင့် ကျောင်းသူလေးတွေ သူငယ်တော်လေးကို အတော် သဘောကျတာ တွေ့ရပါတယ်… အဲဒီနောက် သူငယ်တော်ကြိုးဆွဲပုံကို အရုပ် ၇ ရုပ်နဲ့ ၇ ယောက်တသုတ်စီ သင်ပေးပါမယ်ဆိုတာကိုတောင် မစောင့်နိုင်တော့ပဲ အရုပ်တစ်ရုပ်ကို ကျောင်းသား ၃ယောက်နဲ့ ၇အုပ်စု ပြိုင်တူသင်ကြပါတော့တယ်…

Inline image 13
Inline image 14
တစ်ယောက်တလှည့် အရုပ်ဆွဲ ဓါတ်ပုံရိုက်နဲ့ လွှတ်သာထားရင် ဘယ်လောက်ကြာအောင် ပျော်နေကြမလဲမသိဘူး… ရှေ့ဆက်ဖို့ အစီအစဉ်တွေရှိတာနဲ့ MC ကတောင်းပန်၊ လူစုခွဲပြီး နေရာပြန်ယူခိုင်းရတော့တယ်… အစပိုင်းမှာ ရုပ်သေးအကကို မိတ်ဆက်အနေနဲ့ပဲ တင်ဆက်ထားတာမို့ ကြိုးပညာနဲ့ အဆိုအက သမားစဉ်ပိုင်းကိုပြဖို့ ကိန္နရီ-ကိန္နရာစုံတွဲအကကို ဆက်လက်တင်ဆက်တဲ့အခါ လှပတဲ့အရုပ်ကလေးတွေနဲ့ မေတ္တာ သစ္စာတရားကြီးမားတဲ့ ဒဏ္ဍာရီဇာတ်လမ်းလေးကို စိတ်ဝင်စားသွားကြပြန်ပါတယ်…

Inline image 15
တက္ကသီလာက ပညာသင်ပြီးပြန်လာတဲ့ မင်းသားနဲ့ အိမ်အပြန်ခရီးမှာ ပါလာတဲ့ မင်းသမီးတို့ တောလမ်းခရီးကြမ်းမှာ ခြေဖဝါးတော်တော်နုနုသွေးခြေဥလို့ ဖေးမချွေးသိပ်ရပုံကို သရုပ်ဖေါ်တင်ဆက်တဲ့ မြိုင်ထနှစ်ပါးသွားခန်းရဲ့ အက အဆို အတီးမှာ စီးမျောသွားကြတဲ့ ကျောင်းသားတွေ လက်ခုပ်တီးဖို့တောင် မေ့သွားကြပါတယ်…

Inline image 16
မြန်မာ့ယဉ်ကျေးမှု အက အဆို အတီးကို တဝကြီးခံစားလိုက်လို့ အီစိမ့်သွားကြတဲ့ ကျောင်းသားငယ်တွေကို ဦးရွှေရိုး-ဒေါ်မိုးအက အိုးစည်ဝိုင်းလေးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ပျော်ရွှင်ရွှင် ပွဲသိမ်းပေးလိုက်တဲ့အခါ ကြည့်လို့မဝသေးတဲ့ အမူအယာတွေ တွေ့မြင်လိုက်ရပါတယ်…

Inline image 17
ပွဲပြီးပြီဆိုလို့ ထိုင်ကြည့်နေရာက မထချင်ထချင် ထလာကြရပေမယ့် ဘယ်သူမှ အပြင်ကို ထွက်မသွားကြပါဘူး… ရုပ်သေးဆရာတွေနဲ့ ရုပ်သေးရုပ်တွေနားကပ်လာကြပြီး စကားပြော ဓါတ်ပုံရိုက် လုပ်ကြပါတယ်… အုပ်ချုပ်သူတွေကိုလည်း အုပ်စုလိုက်ဓါတ်ပုံရိုက်ပေးဖို့ တောင်းဆိုကြလို့ တပျော်တပါးနဲ့ ဓါတ်ပုံရိုက်ကြပါတယ်… သူငယ်တော်လေးတွေ ကိုယ်စီပိုက်လို့ အပြုံးကိုယ်စီနဲ့ မြင်တွေ့ရတာဟာ မောခဲ့သမျှ အမောပြေခဲ့ရပါတယ်…

Inline image 18
မြဝတီရုပ်မြင်သံကြား ၊ Sky Net (Myanmar International Channel) တို့မှလည်း လာရောက် မှတ်တမ်းတင်ပြီး ထုတ်လွှင့်ပြသပေးမည်ဖြစ်ပါသဖြင့် ဘိုးဘွားအမွေအနှစ် ယဉ်ကျေးမှုအနုပညာကို ခမ်းခမ်းနားနား တင်ပြခွင့်ရရှိပြီး ထိုက်ထိုက်တန်တန်ဂုဏ်ပြုခံရအောင် စီစဉ်ထုတ်ဖေါ်ပေးပါသော Golden Host Travels & Tours မှ ဦးထွန်းထွန်းနိုင် နှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်မံ၍ မှတ်တမ်းတင်အပ်ပါတယ်… 

Inline image 19Inline image 20

23 AUG 2013 (12).jpg
23 AUG 2013 (23).jpg
23 AUG 2013 (24).jpg
23 AUG 2013 (3).jpg
23 AUG 2013 (14).jpg
23 AUG 2013 (10).jpg
23 AUG 2013 (16).jpg
23 AUG 2013 (21).jpg
23 AUG 2013 (31).jpg
23 AUG 2013 (25).jpg
23 AUG 2013 (2).jpg
Photos from Khin Maung Htwe's post in Travel Myanmar Group.jpg
23 AUG 2013 (15).jpg
23 AUG 2013 (28).jpg
23 AUG 2013 (1).jpg
23 AUG 2013 (10).jpg
23 AUG 2013 (11).jpg
23 AUG 2013 (12).jpg
23 AUG 2013 (13).jpg
23 AUG 2013 (14).jpg
23 AUG 2013 (15).jpg
23 AUG 2013 (16).jpg
23 AUG 2013 (17).jpg
23 AUG 2013 (18).jpg
23 AUG 2013 (19).jpg
23 AUG 2013 (2).jpg
23 AUG 2013 (20).jpg
23 AUG 2013 (21).jpg
23 AUG 2013 (22).jpg
23 AUG 2013 (23).jpg
23 AUG 2013 (24).jpg
23 AUG 2013 (25).jpg
23 AUG 2013 (26).jpg
23 AUG 2013 (27).jpg
23 AUG 2013 (28).jpg
23 AUG 2013 (29).jpg
23 AUG 2013 (3).jpg
23 AUG 2013 (30).jpg
23 AUG 2013 (31).jpg
23 AUG 2013 (32).jpg
Photos from Khin Maung Htwe's post in Travel Myanmar Group.jpg
23 AUG 2013 (4).jpg
23 AUG 2013 (5).jpg
23 AUG 2013 (6).jpg
23 AUG 2013 (7).jpg
23 AUG 2013 (8).jpg
23 AUG 2013 (9).jpg

khin thidar

unread,
Aug 26, 2013, 4:09:31 AM8/26/13
to travelmyanmar
Thanks for your post U Htwe.

Thida


2013/8/26 ထွေးဦးမြန်မာ <htweoomya...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CALPXUTVfRWoSKuFUH_OHQOvLVZDddXr-yjBi%3DA6f3dieRUg7xg%40mail.gmail.com.
For more options, visit https://groups.google.com/groups/opt_out.

23 AUG 2013 (2).jpg
23 AUG 2013 (14).jpg
23 AUG 2013 (31).jpg
23 AUG 2013 (3).jpg
23 AUG 2013 (28).jpg
23 AUG 2013 (23).jpg
23 AUG 2013 (25).jpg
23 AUG 2013 (10).jpg
23 AUG 2013 (21).jpg
23 AUG 2013 (24).jpg
23 AUG 2013 (15).jpg
Photos from Khin Maung Htwe's post in Travel Myanmar Group.jpg
23 AUG 2013 (16).jpg
23 AUG 2013 (12).jpg
Reply all
Reply to author
Forward
0 new messages