*ပုဂံ/ညောင်ဦးဇုန်*
*သတင်းထုတ်ပြန်ချက်*
ရက်စွဲ ။ ။ ၁၅ ၊ ၁၁ ၊ ၂၀၁၂
*ဓမ္မရာဇိက ဘုရားပေါ်သို့ တက်ရောက်ခြင်းကို ဆက်လက်ခွင့်ပြုပါရန် ၊
မေတ္တာရပ်ခံ တင်ပြခြင်း။*
(၁) ဓမ္မရာဇိက ဘုရားပေါ်မှ နေ၍ ပုဂံ မြို့ဟောင်း ရှိ ရှေးဟောင်း
ပုထိုးစေတီများ၏လှပသည့် ရှုခင်းကို ဧရာဝတီမြစ် နှင့်
တန့်ကြည့်တောင် ဘုရားအား
နောက်ခံထား၍ ခံစားကြည့်ရှုနိုင်ခြင်း။
(၂) ကမ္ဘာလှည့်ခရီးသည်တိုင်းမှ ၊ အံ့သြဖွယ်ရာ လှပသော ရှုခင်းအဖြစ်
အမြဲတမ်းသုံးသပ်ပြောဆိုလေ့ရှိခြင်း။
(၃) ဓမ္မရာဇိက ဘုရားနှင့် ဓမ္မရံကြီး ဘုရားတို့ကို
ဆက်သွယ်ထားသော ဖြတ်လမ်းသည်
စက်ဘီးစီး ခရီးစဉ်များအတွက် အရေးပါ ပြီး ဓမ္မရာဇိကဘုရား တွင်တစ်ထောက်နား၍
ပုဂံမြို့၏ရှေးဟောင်း ဘုရားအလှများကို ကြည့်ရှု၍ ခံစားနိုင်ခြင်း။
(၄) ၎င်းဘုရားသို့ ပြည်တွင်းနှင့် ပြည်ပခရီးသည်များလာရောက်လေ့ရှိရာ
အမှတ်တရဆိုင်များနှင့်စားသောက်ဆိုင်များဖွင့်လှစ်ရောင်းချခြင်းဖြင့်ဝင်ငွေအကျိုးအမြတ်များရရှိစေသည့်အတွက်
ကျေးရွာနေလူထုတို့၏ စားဝတ်နေရေး ပြေလည်စေပြီး
ဆင်းရဲမှုပပျောက်လျော့ပါးရန် အထောက်အကူဖြစ်စေခြင်း။
(၅) ကမ္ဘာလှည့်ခရီးသည်များ၏ ( Length Of Stay
)နေထိုင်ရက်များပိုမိုလာရန် TOUR SITE အသစ်များ ရှာဖွေနေချိန်ဖြစ်၍
ရှိပြီးသားများကို ဆက်လက် ဖွင့်ထားရန်လိုခြင်း။
(၆) ဓမ္မရာဇိက ဘုရားသို့ ဧည့်လမ်းညွှန်များက ပြသရခြင်းမှာ (
Pentagonal Shape ) နှင့် ( Green Glazed Terracotta ) တို့ ဖြစ်သော်လည်း
အဓိက မှာ( Panoramic Viewကိုပြလို၍ ဖြစ်ခြင်း
(၇) ရှေးဟောင်း ဘုရားများ ပျက်စီးမှုနည်းစေရန် ထိန်းသိမ်း
ဆောင်ရွက်သည်ကိုသဘောပေါက်သိရှိကြပါသည်။သို့ပါသော်လည်းကမ္ဘာလှည့်ခရီးသွားများအနေဖြင့်
ပုဂံ မြို့၏ ရှုခင်း အလှကို ဘုရားပေါ်မှ ခံစားကြည့်ရှုလိုသည်မှာ ဧည့်လမ်းညွှန်များ၏
အတွေ့ အကြုံအရ သိရှိကြပါသည်။ သို့ပါ၍ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတိုအနေဖြင့်
အမြန်ဆုံးတွေ့ဆုံညှိနှိုင်း၍ ရှေးဟောင်းဘုရားများကိုလည်းထိန်းသိမ်းပြီး
ကမ္ဘာလှည့်ခရီးသွားများ၏ ဆန္ဒ ပြည့်ဝမှုအပေါ် မူတည်ကာ ဓမ္မရာဇိက ဘုရားပေါ်သို့
တက်ရောက်၍ ပုဂံဘုရားများ၏လှပသောရှုခင်းများကိုကြည့်ရှုခြင်းအားဆက်လက်ခွင့်ပြုပေးပါရန်သတင်းထုတ်ပြန်မေတ္တာရပ်ခံ
အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> For more options, visit https://groups.google.com/groups/opt_out.
>
>
>
--
zawnaitun
I think we should not voice about that issue too loud. The authority probably turns to blind eye for the mutual benefit despite the instruction. So Just do what you have to!!! I suggest!
TTO