ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့် စုပေါင်းရုံးနှင့် ပြတိုက်အဖြစ်ပြောင်းလဲမည့် တရားလွှတ်တော်ရုံးတို့အား မူလရုံးများအတိုင်း ဆက်လက်ထားရှိရေး ဆန္ဒဖော်ထုတ်ခဲ့၊

5 views
Skip to first unread message

Than Tun Oo

unread,
Oct 18, 2012, 5:16:15 AM10/18/12
to travelmyanmar
ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့် စုပေါင်းရုံးနှင့်
ပြတိုက်အဖြစ်ပြောင်းလဲမည့် တရားလွှတ်တော်ရုံးတို့အား မူလရုံးများအတိုင်း
ဆက်လက်ထားရှိရေး ဆန္ဒဖော်ထုတ်ခဲ့၊ အစိုးရအနေဖြင့် ပြုပြင်ထိမ်းသိမ်းစရိတ်
မတတ်နိုင်ပါက ရှေ့နေများကွန်ရက်မှ ကြားဝင်ဆာင်ရွက်ပေးမည် PDF Print
Wednesday, 17 October 2012 14:37
AddThis Social Bookmark Button
17mt4
ရှေ့နေများကွန်ယက်မှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တရားရုံးများ
မူလအတိုင်းထားရှိရေးနှင့် တရားရုံးအခွန်များ ပြန်လည်လျှော့ချရေး
ဆန္ဒဖော်ထုတ်နေစဉ်

ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်းတရားရုံး(စုပေါင်းရုံး)တို့အား
ပြတိုက်နှင့်ဟိုတယ်အဖြစ်ဆောက်လုပ်မည့် စီမံကိန်းများအား ရပ်ဆိုင်းပေးရန်
တောင်းဆိုချက် အောင်မြင်မှုမရရှိသဖြင့် ရှေ့နေများကွက်ရက်မှ လူ အင်အား ၁၅၀
ဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ပြီး အဆိုပါရုံးများအား
ပုဂ္ဂလိကသို့ လွှဲပြောင်းမပေးရန်နှင့် နိုင်ငံတော်မှ
ပြုပြင်ထိန်းသိမ်းစရိတ် မတတ်နိုင်ပါက ရှေ့နေများကွန်ရက်မှ
ပြုပြင်ထိန်းသိမ်းပေးမည်ဟု ကွန်ရက်နာယကဖြစ်သူ ဦးသန်းတင်က
ပြောကြားခဲ့ပါသည်။

"နိုင်ငံအဆင့် ထည်ဝါတဲ့တရားရုံးကြီး ၂ရုံးကို ပုဂ္ဂလိကလွှဲပြီး
တရားစီရင်ရေးရုံးတွေကို အစွန်အဖျားတွေ ပို့လိုက်တယ်။ အရင်အစိုးရ
လက်ထပ်မှာ ရှေးဟောင်းပစ္စည်းတွေကို ကာကွယ်ဖို့ ဥပဒေပြဋ္ဌာန်းခဲ့ပြီး
အခုကျတော့ သူတို့ပဲ လွှဲပြောင်းကြတယ်။ ဒီရှေးဟောင်းအဆောက်အအုံ ၂ခုရဲ့
ပြုပြင်ထိမ်းသိမ်းစရိတ် မတတ်နိုင်လို့ ပုဂ္ဂလိကကို လွှဲခဲ့တယ်ဆိုလည်း
မလွှဲပေးပါနဲ့။ ရှေ့နေများ ကွန်ရက်က ရန်ပုံငွေစုဆောင်းပြီး UNESCO လို
အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီတရားရုံး၂ခု ကို မူရင်းပုံစံမပျက်
ထိန်းသိမ်းပေးပါမယ်" ဟု ဦးသန်းတင်က ပြောကြားခဲ့ပါသည်။

ဆန္ဒဖော်ထုတ်ခြင်း၏ အဓိကအကြောင်းရင်း ၂ခုမှာ
တိုင်းဒေသကြီးတရားလွှတ်တော်ရုံးနှင့်၊ စုပေါင်းရုံးတို့အား
မူလတရားရုံးများအတိုင်း ဆက်လက်ထားရှိရေးနှင့် ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်၍
ပြည်ထောင်စုလွှတ်တော်တွင် တင်ပြဆွေးနွေးမှုမရှိဘဲ အဆ ၁၀၀ တိုး
မြှင့်ခဲ့သည့် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များအား
ပြန်လည်လျှော့ချရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း
တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီက ပြောကြားခဲ့ပါသည်။

ရှေ့နေအင်အား ၁၅၀ဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်မှုများ
မပြုလုပ်ခဲ့သော်လည်း 'သယံဇာတပေါများတဲ့ တို့နိုင်ငံမှာ
တရားရုံးပြုပြင်စရိတ် မရှိဆိုတာ မဖြစ်သင့်ပါ' ၊ 'တိုးမြှင့်တံဆိပ်ခွန်၊
ရုံးခွန်နှုန်းထား ပြည်သူများမလိုလား'၊ 'ရှေးဟောင်း အထိမ်းအမှတ်
အဆောက်အအုံများ ဥပဒေနှင့်အညီ ကာကွယ်ထား'၊ 'တရားဥပဒေ စိုးမိုးရေးအတွက်
ရှေ့နေများအဖွဲ့ချုပ်ပေါ်ပေါက်ရေး ဒို့အရေး၊ ဒို့အရေး' စသည့်
စာတမ်းများနှင့် အခြားစာတမ်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

"ရုံးခွန်နဲ့ တံဆိပ်ခေါင်းခွန်တွေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်မပြုဘဲ
ရုတ်တရက် ဈေးနှုန်းတိုးလိုက်တာက အမှန်တကယ် နစ်နာတဲ့ ပြည်သူအားလုံးကို
ဒုက္ခရောက်စေပါတယ်။ နောက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဋ္ဌာနရဲ့ ၂၀၁၂ခုနှစ်
မတ်လ ၁၅ ရက်၊ ရက် စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ အမှတ် ၁၂၃/၂၀၁၂ အရ
တချို့အခွန်တွေကို ၁၀ဆ၊ တချို့ကို အဆ ၁၀၀၊ တချို့ကို အဆ ၃၀၀ တိုးလိုက်တာက
တည်ဆဲဥပဒေအရ တရားမ၀င်ပါဘူး။ ဒီလို တိုးလိုက်တဲ့အတွက် နစ်နာတဲ့ ပြည်သူတွေ
တရားရုံးစရိတ် မတတ်နိုင်လို့ ကိုယ့် နစ်နာမှုကိုတောင် တရားဥပဒေနဲ့
ဖြေရှင်းခွင့်မရ ဖြစ်နေပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက
ပြောပါသည်။

အဆိုပါရုံးများနှင့် ရုံးခွန်၊ တံဆိပ်ခေါင်းခွန်များ တိုးမြှင့်မှုအပေါ်
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက "မြန်မာနိုင်ငံက ၂၀၁၃မှာ ဆီးဂိမ်း၊ ၂၀၁၄မှာ
အာဆီယံဥက္ကဋ္ဌနေရာတွေ ရယူရမှာပါ။ ဒီလိုမျိုးလာလို့ နိုင်ငံတကာအဆင့်
အမှုအခင်းတွေဖြစ်လာလို့ တရားစီရင်ရပြီဆိုရင် အစွန် အဖျားက
တရားရုံးအစုတ်တွေက နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းစေပါတယ်။ အခုလို ရှေ့နေတွေ
ဆန္ဒပြရတာက နိုင်ငံ့ဂုဏ်သိက္ခာနဲ့ အခွန်တွေတိုးလို့
နစ်နာပြီးရင်းနစ်နာနေတဲ့ ပြည်သူတွေအတွက် ဆန္ဒပြရတယ်ဆိုတာကို
နိုင်ငံတော်သမ္မတကြီးသိရင် ဒီလိုတောင်းဆိုမှုတွေကို
အမြန်ဆုံးလိုက်လျောပေးမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

ရှေ့နေများကွန်ယက်မှ ပုဂ္ဂလိကပိုင်ပြုလုပ်ပေးနေသည့် အဆောက်အအုံများအား
မူလအတိုင်း ရှေးမူမပျက်ထားရှိရေး မေတ္တာရပ်ခံစာတွင် စတင်ဆောက်လုပ်စဉ်ကပင်
နိုင်ငံ့ဂုဏ်ဆောင် အမြင့်ဆုံးတရားရုံးကြီး (High Court) နှင့်
စုပေါင်းရုံး (Small Causes Court ) အား လက်ရှိကာလတွင်လည်း
တိုင်းဒေသကြီးတရားလွှတ်တော်နှင့် စုပေါင်းရုံးအဖြစ် အသုံးပြုနေသည့်အတွက်
မူလအတိုင်းသာ ဆက်လက်အသုံးပြုသင့်ကြောင်း၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ၍ နိုင်ငံတကာနှင့်
ရင်ဆိုင်ဖြေရှင်းရမည့် အမှုအခင်းများ ဖြစ်ပွားလာပါက
သမိုင်းဝင်အဆောက်အအုံဖြစ်သည့် High Court နှင့် Small Causes Court တွင်
ဆိုပါက နိုင်ငံ့ဂုဏ်မြင့်တက်စေသည့် အဆောက်အအုံဖြစ်ပြီး နိုင်ငံတကာ၏
လေးစားမှုခံယူနိုင်သည့် ထည်ဝါမှုရှိနေသည့်အပြင် မြို့အစွန်အဖျားသို့
ပြောင်းရွှေ့ထားသည့် တရားရုံးငယ်များထက် နေရာအ ချက်အခြာကျမှုနှင့်
လုံလောက်သော တရားခွင်အကျယ်အ၀န်းရှိခြင်း၊ High Court ရုံးနှင့် Small
Causes Court ရုံးအား မူလကပင် တရားရုံးအဖြစ် ဆောက်လုပ်ခဲ့သဖြင့်
ခမ်းနားထည်ဝါပြည့်စုံသည့် တရားရေးဆိုင်ရာ အဆောင်ယောင်များ ရှိနေသည့်အပြင်
သမိုင်းတန်ဖိုးပါရှိနေခြင်း၊ အချက်အခြာကျသည့် တရားရုံးအား ပုဂ္ဂလိကလွှဲအပ်၍
လက်ရှိတရားစီရင်ရေးရုံးများအား မြို့စွန်မြို့ဖျားပို့ခြင်းမှာ
နိုင်ငံဂုဏ်သိက္ခာကျဆင်းစေခြင်း စသည့်အချက်များ ပါဝင်ပေးပို့ခဲ့ပြီး
အဆိုပါအချက်များမှာ မလျော်ကန်သည့် လုပ်ရပ်များဖြစ်သဖြင့်
ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းအား ရပ်ဆိုင်း၍ မူလတရားရုံးများအတိုင်း
ပြန်လည်ထားရှိရန် သက်ဆိုင်ရာဋ္ဌာန အသီးသီးသို့ ဇွန်လတွင် တစ်ကြိမ်၊
သြဂုတ်လတွင် တစ်ကြိမ် ပေးပို့ခဲ့ကြောင်းလည်း သတင်းရရှိပါသည်။

အထက်ပါ အဆောက်အအုံ ၂ ခုနှင့် ၀န်ကြီးများရုံး၊ မီးရထားရုံးချုပ်များအား
ပုဂ္ဂလိကသို့ လွှဲပြောင်းမှုတွင်ံHigh Court ရုံးအား
ထွန်းဖောင်ဒေးရှင်းဘဏ်မှ နှစ် ၆၀ သက်တမ်းဖြင့် တစ်နှစ်လျင် ကျပ်သိန်း
၂၄၀၀ ဖြင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန် ပေးအပ်ခဲ့ကြောင်း
Small Caur-ses Court ရုံးအား Flying Tiger Engineering Co,ltd &
Jewellery Lucky Prod-uction Co,ltd မှ အခန်း ၁၄၅ ခန်းပါ
ဟိုတယ်အဖြစ်လုပ်ကိုင်ရန်အတွက် နှစ် ၆၀ သက်တမ်းဖြင့် နှစ်စဉ်ငှါးရမ်းခ
ကန်ဒေါ်လာ ၃ သိန်းဖြင့် လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း သိရှိရပါသည်။

Rain Man

unread,
Oct 18, 2012, 6:01:04 AM10/18/12
to travel...@googlegroups.com
I did not realize that they were so "cheap" or I would have submitted my bid! Something fishy again!

2012/10/18 Than Tun Oo <tto....@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.



Reply all
Reply to author
Forward
0 new messages