အင်းလေးကန်၌ အမှိုက်များ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေ Source: MM Times

16 views
Skip to first unread message

Than Tun Oo

unread,
Feb 14, 2013, 6:25:17 AM2/14/13
to travelmyanmar

အင်းလေးကန်၌ အမှိုက်များ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေ


ပြည့်သက်ဖြိုး   |   Wednesday, 13 February 2013

အင်းလေးကန်ဒေသအတွင်း စွန့်ပစ်ထားသည့် အမှိုက်များကို ဖေဖော်ဝါရီလ အစောပိုင်းက တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)အင်းလေးကန်ဒေသအတွင်း စွန့်ပစ်ထားသည့် အမှိုက်များကို ဖေဖော်ဝါရီလ အစောပိုင်းက တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်တွင်းနေထိုင်သူများ စွန့်ပစ်လိုက်သည့်အမှိုက်များကို စနစ်
တကျစွန့်ပစ်ရန် လိုအပ်နေသော်လည်း အမှိုက်များမှ ပြန်လည်အသုံးပြုနိုင်မည့် ပစ္စည်းများ ထုတ်
လုပ်နိုင်မည့် စက်ရုံတည်ဆောက်ရန် အစီအစဉ်မရှိသေးကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး
က ပြောကြားခဲ့သည်။

အင်းလေးကန်ဒေသ စိမ်းလန်းစိုပြည် စေရန် အင်းလေးကန်အရှေ့ဘက်ကမ်း ၌သော် လည်းကောင်း၊ အနောက် ဘက်ကမ်း၌သော်လည်းကောင်း စွန့်ပစ် အမှိုက်များ ပြန်လည်ထုတ်ယူအသုံးပြု နိုင်ရန် ၀န်ကြီးဌာနများအနေဖြင့် စက်ရုံ တစ်ရုံ တည်ဆောက်ပေးစေလိုသည်ဟု ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းဆွေက လွှတ်တော်တွင် တင်ပြခဲ့သည်။ လက်ရှိအင်းလေးဒေသ ရွာပေါင်း ၂၀ ကျော်၌ စွန့်ပစ်အမှိုက် ထွက်ရှိမှု မှာ တစ်ရက်လျှင် ပိဿာ ၅၀ ခန့်ရှိပြီး ငါးရက်တစ်ကြိမ် အမှိုက်သိမ်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ငါးလနီးပါးရှိပြီ ဖြစ်ကြောင်း၊ ယင်းအမှိုက်များကိုလည်း နန်းပန်၊ ဆေးကုန်း မီးသဂြုင်္ိဟ်စက်နံဘေး ၌ ခြံဝင်းခတ်၍ ခေတ္တယာယီ စုပုံထား ကြောင်း သိရသည်။ "သာလေးရွာနဲ့ အိုးကုန်းရွာ နှစ်ရွာ အတွင်းမှာပဲ ငါးရက်တစ်ကြိမ် သိမ်း ဆည်းတဲ့အခါ စွန့်ပစ်အမှိုက်ကုန်ချိန် ပေါင်း ၅၀၀ ပိဿာဝန်းကျင် ရှိပါတယ်" ဟု ဦးဝင်းဆွေက ပြောသည်။ ယင်းသို့သော ခေတ္တယာယီ စုပုံထား ခြင်းကြောင့် အမှိုက်စွန့်ပစ်ရန် နေရာ အခက်အခဲဖြစ်လာပြီး ပလတ်စတစ်များ ကို မြေကြီးတွင်းတူးမြှုပ်ခြင်း၊ ရေထဲ ပြန်လည်စွန့်ပစ်ခြင်းနှင့် မီးရှို့ဖျက်ဆီး ခြင်းများ ပြုလုပ်လာကြသည့်အတွက် မသင့်တော်သည့် ကိစ္စဖြစ်သည်ဟု လည်း ဦးဝင်းဆွေက ပြောသည်။ သို့ရာတွင် စွန့်ပစ်ပစ္စည်း အမျိုးအစား လေးမျိုးရှိသည့်အတွက် စွန့်ပစ်အမှိုက် များ ပြန်လည်ထုတ်ယူ အသုံးပြုရန် လုပ်ဆောင်၍မရကြောင်း၊ အဆိုပါ စက်ရုံ တည်ဆောက်မည်ဆိုပါက ဖြစ်နိုင် ခြေ လေ့လာမှုကို (င်္နျေငဘငူငအပှအကိပ) ကို ပထမဆုံးပြုလုပ်မည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်း အောင်က ပြန်လည်ပြောကြားခဲ့သည်။ "စက်ရုံတည်ဆောက်နိုင်ရေးအတွက် လည်း စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။ စက်ရုံတည်ဆောက်ရန်အတွက် မှန် ကန်သော တည်နေရာ၊ အနေအထား၊ လူနေအိမ်များ၊ ယဉ်ကျေးမှုအမွေအနှစ် ၀န်းကျင်ဒေသများနှင့် ဝေးကွာသော သီးသန့်အနေအထားဖြစ်ရန်၊ စက်ရုံမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများမှာ ဓာတုဗေဒဆိုင်ရာများ၊ ပလတ်စတစ်များ နှင့် ဇီဝဆိုင်ရာ စသည်တို့ မျိုးစုံပါဝင် သည့်အတွက်ကြောင့် ပတ်ဝန်းကျင် လေထု၊ မြေထုကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် မြင့်မားသည့်စနစ်များကို လည်း အသုံးပြုရန်၊ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပြီး စနစ်တကျစောင့်ကြည့်လေ့ လာအကဲခတ်ရန်၊ စက်ရုံတည်ထောင် လုပ်ကိုင်သူများသည် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက် သော ဗဟုသုတအချက်အလက်များကို လည်း သိရှိနားလည်ထားပြီး စွန့်ပစ် ပစ္စည်းအမျိုးမျိုးကိုအသုံးပြု၍ ဆိုးကျိုး နည်းနိုင်သမျှနည်းအောင် လုပ်ကိုင် ဆောင်ရွက်နိုင်သူများကိုသာ စက်ရုံ တည်ထောင်ခွင့်ပြုမည်စသည့် အချက် များပေါ်တွင် မူတည်သည်ဟုလည်း ဒုတိယ၀န်ကြီး ဦးသိန်းအောင်က ပြောကြားသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ထိုကဲ့သို့ စက်ရုံတည်ဆောက်ရန် အစီ အစဉ်မရှိသေးဟုလည်း ၎င်းက ပြန်လည် ပြောကြားခဲ့သည်။ အင်းလေးကန်ဒေသရှိ လူနေထူထပ် သည့် ကျေးရွာများ၌ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများကို မြင်တွေ့နေ ရဆဲဖြစ်ရာ အချို့သောနေရာများတွင် ရေပြင်ပေါ်တွင် အမှိုက်များမျောပါနေ သည်ကိုလည်း မြင်တွေ့နေရသည်။ ထို့ပြင် အမှိုက်စုပုံရန် နေရာအခက် အခဲကြောင့် အမှိုက်များကို ရေပြင်ပေါ်၊ သို့မဟုတ် ရေစပ်များတွင် စုပုံစွန့်ပစ်မှု များ ရှိသဖြင့် အင်းလေးကန်ရေကို ညစ်ညမ်းမှု ဖြစ်ပေါ်စေသည်ကိုလည်း တွေ့ရသည်။

Source: MM Times

Nansein Than

unread,
Feb 14, 2013, 7:39:13 AM2/14/13
to travel...@googlegroups.com
The people do throw all the plastics not only at Inlay Lake but also
in the whole country. We should better give education to the children
since primary school. Thanks Buddha! This is the 1st time I have seen
the officers discussed about the plastics. The best suggestion is to
shut down all the plastics producing factory. It's not too late if
every one takes care not to throw it carelessly.
Best regards, NST
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> For more options, visit https://groups.google.com/groups/opt_out.
>
>
>

khin thidar

unread,
Feb 14, 2013, 7:54:56 AM2/14/13
to travel...@googlegroups.com
အင်းလေးကန်တင်မကပါ လွန်ခဲ့တဲ့အပါတ်က ဧည့်သည် ၂၅ ယောက်နဲ့ ပုဂံမှာ နေ၀င်
ပြသဒါး ဘုရားကိုသွားပါတယ် ဧည့်သည်တွေဆင်းပြီးတော့ ဒရိုင်ဘာအကူကလေးက
အမှိုက်ပုံးကြီးကို မပြီးအောက်ချပါတယ် ဟဲ့ ဘာလုပ်မလို့လဲ ဆိုတော့
အမှိုက်သွန်မလို့ပါတဲ့ မလုပ်ပါနဲ့
ဘုရားပေါ်ရောက်နေတဲ့ဧည့်သည်တွေမြင်မကောင်းပါဘူးဆိုတော့ အမရေ
ကျွန်တော်တို့မှာ အမှိုက်ပစ်စရာနေရာမရှိပါတဲ့ ပုဂံ ညောင်ဦး စည်ပင်ကလဲ
အမှိုက်မသိမ်းပါဘူးလို့ပြောပါတယ် ပြောရင်းဆိုရင်းနဲ့ဘဲ အမှိုက်တွေ ဝေါကနဲ
ကျွန်မမှာတော့ ကျွန်မခေါင်းပေါ်ပစ်ချသလိုခံစားရပါတယ်
နေ၀င်ချိန် လာကြည့်ပြီး အပီခံစားကြတဲ့ ရွှေမြန်မာများကလဲ အားကျမခံ
ေ၇သန့်ဘူး အာလူးကြော်အိပ် တစ်ရှုးပေပါ သူတို့ဘတ်စကားပြူတင်းကနေ အပြင်ကို
ဖွေးကနဲ ဖွေးကနဲပေါ့
ပုဂံမှာ ပြသဒါး အဆိုးဆုံးလို့ထင်တာဘဲ
ဓမ္မရာဇက မှာတော့ အပေါ်ပစ္စယံမှာ အီးတောင်ပါသွားကြပါသေးရဲ့
ဆိုတော့ စည်ပင်က ကောက်နေတဲ့ အမှိုက်ခွန်ဆိုတာ ဘာလုပ်ဘို့ပါလိမ့်

YinMin Lwin

unread,
Feb 15, 2013, 10:42:07 AM2/15/13
to travel...@googlegroups.com
Reply all
Reply to author
Forward
0 new messages