နိုင်ငံခြားသား တည်းခိုရန် Home Stay အတွက် စနစ်တကျဖြစ်ရန် လို

34 views
Skip to first unread message

Thomas Latt

unread,
May 29, 2013, 11:42:09 PM5/29/13
to travelmyanmar

နိုင်ငံခြားသား တည်းခိုရန် Home Stay အတွက် စနစ်တကျဖြစ်ရန် လို

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ မေလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၀၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Home Stay ကို ခွင့်ပြုလျှင် စနစ်တကျဖြစ်ရန် လိုအပ်သည်ဟု ဒေသခံ ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

“ပြည်ပနိုင်ငံ အကူအညီနဲ့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ကြားပါတယ်။ အခုချိန်အထိတော့ တိကျတဲ့ အစီအစဉ် မရှိသေးပါဘူး။ Home Stay အတွက် ခွင့်ပြုမှုအတွက် ဥပဒေက မထွက်သေးပါဘူး။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ရင် စနစ်တကျ ခွင့်ပြုစေချင်ပါတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်များအသင်း (တောင်ကြီးဇုန်) အတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဂျာမနီနိုင်ငံအကူအညီဖြင့် လွန်ခဲ့သော လများကတည်းက စီမံကိန်းများ ရေးဆွဲနေပြီ ဖြစ်သည်။

အင်းလေးဒေသတွင် တရားဝင် ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားသားများအား လက်ခံတည်းခိုစေမှုများ ရှိနေသည့် အပေါ် “စနစ်တကျ လုပ်သင့်ပါတယ်။ သူများနိုင်ငံတွေမှာက Home Stay ဆိုရင် ဈေးပိုပေး ရပါတယ်။ အခု ကျတော့ သက်ဆိုင်ရာ ခွင့်ပြုချက် မရှိဘဲ ဈေးပေါပေါနဲ့ တည်းခိုခွင့် ပြုနေတာမျိုးတွေ ဖြစ်နေတယ်။ ဒါကို ကြပ်ကြပ်မတ်မတ် မလုပ်ရင် သိပ်မကြာခင်မှာပဲ မျက်လုံးပြာပြာလေးတွေ၊ ဆံပင်နီနီလေးတွေနဲ့ ကလေးတွေ
တွေ့လာရနိုင်ပါတယ်” ဟု ဒေသခံတဦးဖြစ်သူ ဦးတင်ထွန်း က စိုးရိမ်ပြောဆိုသည်။

အင်းလေး ဒေသတွင် ဟိုတယ် အလုံးပေါင်း ၅၀ ကျော်မှ အခန်းပေါင်း ၁,၅၀၀ ခန့်ဖြင့် လည်ပတ်လုပ်ကိုင် လျက် ရှိပြီး ၂၀၁၂-၁၃ ခရီးသွားရာသီတွင် နိုင်ငံခြားသားဧည့်သည် ၁၅,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ သည်။

Tomme Aung

unread,
May 30, 2013, 1:10:01 AM5/30/13
to travel...@googlegroups.com
ဆရာသွေးသစ်ရေးသားပြူစုတာကိုဖတ်ကြည်.လျင် သိနိုင်ပါသည်။

The meaning of Homestay and its effects on Tourism

Homestay  ဆိုသည်မှာ နိုင်ငံရပ်ခြားမှ ကျောင်းသားများ၊ အလုပ်ကိစ ကြောင်. ခဏတာလာရသူများအပြင် နိုင်ငံခြားသားခရီးသွားဧည်.သည်များ ကို နေရထိုင်ခင်းပေးနေစေခြင်းကိုခေါ်သည်။ လက်ခံတည်းစေသည်. ဒေသခံများ မဆိုသလောက်သော ငွေကြေးရရှိစေပြိး တစ်မိုးတည်းအောက် အတူတူ အခန်းများ ဖွဲ.ကာ တစ်ပတ်တန်သည် တစ်လတန်သည် အခန်းပေးငှား နေထိုင်စေခြင်းဖြစ်သည်။ ဟိုတယ်များဈေးနုံးကြီးလာနေခြင်းသည် Homestay အလေ.အကျင်.ကို the whole world တစ်ခုလုံး  လျင်မြန်စွာ ဖြစ်ပေါ်စေသည်။ နိုင်ငံခြားသားများအတွက်တော. အထူးကောင်းမွန်စေသော စနစ်ဖြစ်သည်၊ တစ်ဖက်မှာ အကြောင်းအမျိုးမျိုးကြောင်.လာရသည.်လုပ်ငန်း ပြီးစီးစေသကဲ့သို. တဖက်တွင် ဒေသခံ တိုင်းရင်းသားတို.၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ.ထုံးတမ်းစဉ်လာများအပြင်၊ ဘာသာစကားလည်းလေ.လာမှုပြုနိုင်ကြသည်။နေစရိတ်သက်သာစေခြင်း၊ ဒေသခံမိသားစုများဖြင်.ရင်းနီးစွာ ဆက်ဆံရမှုတို.ကြောင်.လည်း Homestay အလေ.အကျင်.မှာ နိုင်ငံခြားသားများပါးစပ်ဖျား ရေပန်းစားလာနေသည်။ အထူးသဖြင်. စီးပွားရေး ကျဆင်းလာနေသော အနောက်တိုင်းပြည်များမှသူများအတွက် ခရီးစားရိတ်သက်သာသော နည်းလမ်းများရှာဖွေလာကြသည်။

online homestay agencies များနှင်.ချိတ်ဆက်ကာ လုပ်ဆောင်လာကြသည်။ ထီု.ကြောင်. Homestay အလေ.အကျင်. ဆက်ပြီး တိုးပွားရှင်သန်စေနိုင်သည်။ the whole world တစ်ခုလုံးရှိ နိုင်ငံတော်တော်များများတွင် ဒီစနစ်ကျင်.သုံးနေကြပြီ။ အရှေ.တောင်အာရှနိုင်ငံများတွင်လည်း  မြန်မာနိုင်ငံမအပ ဖြစ်ထွန်းနေခဲ.ကြောင်းတွေ.ရှိရသည်။ ဒါတောင်မှ မြန်မာနိုင်ငံအတွင်း trekking tour  များ သွားရချိန်တွင် တစ်ရွာမဟုတ်တစ်ရွာ Night Stop ပြုလုပ်ကြရသည်။ ဒါကိုပင်   Homestay အလေ.အကျင်.သည် မြန်မာနိုင်ငံတွင် ရှိခဲ.သယောင် ထင်မြင်မိနိုင်သည်။ တစ်ည သို.မဟုတ် နှစ်ညသာ ဖြတ်သန်းခြင်း၊ ဒေသခံ Guideလည်းပါဝင်ခြင်း နှင်. စေတနာဖြင်.သာ တည်းခိုစေခြင်းတို.ကြောင်. တကယ်.Homestay အလေ.အကျင်.ဟုမဆိုနိုင်ပေ။ သို.သော် မိမိ တို.နိုင်ငံတွင် ထိုစနှစ် အမှန်တစ်ကယ်လိုအပ်ပါသလား စဉ်းစားသင်.သည်။  ထိုစနှစ် ပြုလုပ်မည်ဆိုလျှင် ပြုလုပ်မည်. သူတို. သည် ထိုစနှစ်၏ကောင်းကျိုးဆိုးကျိုး ကို အရင်ဦးစွာ တွေးတောသင်.သည်။ မိမိတစ်ဘို.အတွက်သာ ကြည်.ပြီး အခြားသူများကို ဥပစ်ခါထား ပြုလုပ်မိကြလျင် ကိုယ်.သားစဉ်မြေးဆက်တို.ကို ဒုက်ခ ပေးသလိုဖြစ်စေနိုင်သည်။

စကားမဆက် ၊ ဥပမာတစ်ခုတွေးကြည်.မိသည်။မြန်မာနိုင်ငံတွင်လည်းဟိုတယ်ဈေးအရမ်းကြီးမြင်.လာနေမှုကြောင်.  Travels Agencies များ တော်တော် လေး အကျပ်ရိုက်ကြရသည်။ .  Travels Agencies များမှ ထွက်ပေါက်ရှာလာရသည်၊ အထက်ပါ Homestay စနစ်ကို တစ်ချိန်ချိန် တွင်တင်ပြတောင်းဆိုလာနိုင်သည်။ ထိုစနှစ်၏ကောင်းကျိုးဆိုးကျိုးကိုအရင်ဦးစွာတွေးတောဆုံးဖြတ်ပြီးမှလုပ်ကိုင်စေချင်သည်မှာနိုင်ငံအပေါ်အမှန်တစ်ကယ်ချစ်ပြီးတန်ဖိုးထားတတ်သောသူများ၏ Desires ဖြစ်သည်။

တစ်ဖနHomestay အမျိုးအစားများအားထပ်မံတင်ပြချင်ပါသည်။

Australia နိုင်ငံရှိ Homestay မှာ နှစ်မျိုးသတ်မှတ်ထားသည်။ (၁) အများစုမှာ နိုင်ငံတကာမှ ကျောင်းသားများအတွက်နှင့်၊ (၂)  X-mass , Wedding, Birthday Party နှင်. Family events တို.အတွက် ရှောင်တစ်ခင်လာရောက်သောသူများအတွက် ဆိုပြီး ရှိသည်။

France နိင်ငံတွင် (၁) for tourists (၂) Family events (၃) workers and business men အတွက်နှင်. (၄) ပြင်သစ်ဘာသာ စကားလာရောက် သင်ယူသော ကျောင်းသား/သူ များအတွက်ဆိုပြီးအဓိကထားလုပ်ဆောင်ပေးထားသည်။

Indonesia, Thailand, Malaysia နှင်.အခြားခရီးသွားလုပ်ငန်းကို အဓိက၀င်ငွေအဖြစ် သတ်မှတ်လုပ်ဆောင်နေသော နိုင်ငံများတွင်မူ Homestay စနစ်အား ခရီးသွားအပိုင်းအတွက်ရှေ.ထားလုပ်ဆောင်ကြသည်။

Japan နိုင်ငံ ရှိHomestay စနစ် မှာ တစ်မျိုးဖြစ်သည်။ မည်သည်.ကိတ်စ ဖြင်.လာလာ မိသားစုအပိုဝင်ငွေတိုးပွားနိုင်သဖြင်. မိမိ မိသားစု ပိုင် အခန်းလွတ်ကို ငှားရမ်းကြခြင်းသည် အဓိက အကြောင်းရင်းဖြစ်သည်။ အရမ်းကာရော မငှားကြပေ၊ နိုင်ငံခြားသား၏အနေအထား စရိုက် ကို အသေ အချာ လေ.လာပြီးမှ Homestay လက်ခံခြင်းဖြစ်သည်။

သို.ပါသဖြင်. နိုင်ငံအလိုက် ပုံစံမတူသော ပုံစံကွဲ Homestay စနစ်များကိုပြုလုပ်လာကြသည်။

မိမိတို.နိုင်ငံတွင် Homestay စနစ်ကို မည်.သည်. ဂဏ္ဍ အတွက်လဲ နှင်. ဘယ်လိုပြုလုပ်မည်ဆိုသည်ကို၊  Homestay လိုလားသော ပုဂိုလ် တို. ချင်.ချိန်နိုင်ရန်တင်ပြခြင်းဖြစ်သည်။

ဆက်လက်ပြီး

 Risks for the host and Homestay Effects များကို ဖော်ပြပါဦးမည်။

1.    Homestay ကိုလက်ခံကြရသော သူတို.အတွက် နိုင်ငံခြားသားတို.အားစိတ်ပါလက်ပါ ဧည်.ခံရသော်လည်း မတူညီသည်. ဓလေ.စရိုက်တို.ကြောင်. စိတ်ပျက်စေနိုင်ခြင်း၊

ဥပမာ ၊ ရေချိုးရန်၊ ရေအိမ်တက်စေရန်၊၊၊၊။။။။။။။။။

2.    Travel agency တစ်ခုခုမှ Homestay ကိုလက်ခံဆောင်ရွက်ပေးရန်တောင်းဆိုသဖြင်. လုပ်ကိုင်ပေးရသော်လည်းတစ်ခြားပတ်ဝန်းကျင်ရှိအိမ်နီးခြင်းများဝေဖန်ကဲ.ရဲ့ခံရမည်ကြောက်

သောကြောင်. ဒေသခံ Host အနေဖြင်. စိတ်အနှေက်အရှက်ဖြစ်ရခြင်း။

3.    သမီးပျိုများရှိသော အိမ်မှ Homestay လုပ်ဆောင်ရလျင် သမီးများအနေကျပ်စေခြင်း၊ နှင်. အခန်.မသင်.လျင်၊ လူမှုရေးဖောက်ပြားမှု (သို.) ယဉ်ကျေးမှုဓလေ.များ ပျက်စီးစေနိုင်ခြင်း။

4.    မိမိတို.တိုင်းပြည်ရှိလူအများမှာ ၀င်ငွေနဲပါးပြီး တိုင်းပြည် မတိုးတက်သေးချိန်ဖြစ်သဖြင်. နိုင်ငံခြားသားများအပေါ် အားကိုးစရာ ထွက်ပေါက် အဖြစ် မြင်လာနိုင်ပြီး နိုင်ငံခြားသားများနှင်. ပိုမိုဆက်ဆံလာနိုင်ခြင်း။

5.    ထိုမှတစ်ဆင်. မလိုလားအပ်သော လူမှုရေးပြသာနာများပေါ်ပေါက်လာနိုင်ခြင်း။

ဥပမာ၊ ထိုင်းနိုင်ငံကဲ.သို. Tourism တိုးတက်ဖို.တစ်ခုထဲကိုသာရှေ.ရုပြီး Homestay

Act ၁၉၆၀- ၁၉၇၀ ကိုပြဌာန်းလိုက်သဖြင်. Sxeual Tourism ဖြစ်ပေါ်စေခြင်း။

၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် Hotel များ မလုံလောက်မှုကြောင်. Homestay

Act ကိုပြဌာန်းလိုက်ခြင်းဖြစ်သည်။ ၁၉၉၆ တွင် ထိုင်းနိုင်ငံအား နိုင်ငံခြားသားခရီးသွား ၁.၂ သန်း ရုတ်တရက်လာရောက်ခဲ.မှုသည် ယနေ.ခေတ် မြန်မာနိုင်ငံ ခရီးသွားတိုးတက်လာပုံနှင်.တစ်ထပ်ထဲဖြစ်နေသည်။ (ref: Poupot/ The developments of Thailand Tourism 1962)

10 နှစိကြာပြီးသောအခါဝယ် ထိုင်းနိုင်ငံတွင် Hotel များ လုံလောက်လာသောကြောင်. Homestay Act ကို ပြန်လည် ရုတ်သိမ်းပေးလိုက်သည်။ သို.သော် အချက် ၅ မှာဖေါ်ပြထားသကဲ့သို. Sxeual Tourism ဖြစ်ပေါ်စေပြီး ဆေးမမှီတော.ပေ။

သင်ခန်းစာယူရမည်.အချက်မှာ တစ်ဦးတစ်ယောက်ထဲ၏စိတ်ကူး၊ Tourism Sector တစ်ခုထဲတိုးတက်ရင်ပြီးရော ဆိုပြီး Homestay စနစ်ကို ထောင်.စုံမှ သေချာစွာမလေ.လာဘဲ အရမ်းကာရောပြုလုပ်ကြမည်ဆိုလျင်  Sxeual Tourism  ကဲ.သိုသောကိစ များဖြစ်ပေါ်စေနိုင်ပြီး နောင်ပြင်မရသော အကျိုးဆက်များ ခံစားရနိုင်ပါသဖြင်. ခံစားရေးသား တင်ပြလိုက်ရပါသည်။


အစဉ်လေးစားလျက်


သွေးသစ်

2013 May 7





Thomas Latt

unread,
May 30, 2013, 1:58:26 AM5/30/13
to travelmyanmar


2013/5/30 Tomme Aung <tomm...@gmail.com>




--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/28725273-c2de-4d3d-a053-d590c3f6f7d4%40googlegroups.com?hl=en.
For more options, visit https://groups.google.com/groups/opt_out.
 
 

Reply all
Reply to author
Forward
0 new messages