ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်တင်လေဆိပ် အဖြစ်သာ ထားရှိမည်

8 views
Skip to first unread message

Tomme Aung

unread,
Aug 17, 2013, 12:42:35 AM8/17/13
to travel...@googlegroups.com

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်တင်လေဆိပ် အဖြစ်သာ ထားရှိမည်

Saturday, August 17, 2013  Myanmar Express Group  No comments

From : ..eleven


ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်မှု ပြီးစီးပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ဆင်းသက်ခြင်း မရှိတော့ဘဲ စီးပွားရေး လေဆိပ်တစ်ခု အဖြစ်သာ ထားရှိတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးနှစ်တာ ကာလအတွင်း အပြီးတည်ဆောက်၍ မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် လေဆိပ်အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။
သို့ဖြစ်၍ လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဟံသာဝတီ လေဆိပ်သစ်ကြီး ပြီးစီးချိန်တွင် စီးပွားရေး လေကြောင်း ခရီးစဉ်အဖြစ် အရေးပေါ် လာကြသည့် လေယာဉ်များ၊ အထွေထွေလုပ်ငန်းသုံး လေယာဉ်များ၊ VIP လေယာဉ်များ၊ စင်းလုံးငှား လေယာဉ်များ၊ ပြည်တွင်းလေကြောင်းမှ လေယာဉ်များ၊ ကုန်တင်လေယာဉ်များသာ ဆင်းသက် အသုံးပြုမည့် စီးပွားရေး လေဆိပ်တစ်ခုအဖြစ် သတ်မှတ် ထားရှိမည်ဖြစ်သည်။

''ရန်ကုန်လေဆိပ်က အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ အဓိက၀င်ပေါက် ဖြစ်ပေမယ့် ဟံသာဝတီ လေဆိပ်ကြီး ပြီးသွားတဲ့အခါ မြန်မာနိုင်ငံရဲ့ အဓိက ၀င်ပေါက်ကို ဟံသာဝတီ လေဆိပ်အဖြစ် ထားရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်လေဆိပ်ကို စီးပွားရေးအရ လာရောက်တဲ့ စင်းလုံးငှား လေယာဉ်တွေ၊ VIP လေယာဉ်တွေ၊ ကုန်တင်လေယာဉ်တွေ ဆင်းသက် အသုံးပြုမယ့် စီးပွားရေးလေဆိပ် တစ်ခုအဖြစ်သာ ထားရှိမှာပါ။ ရန်ကုန်လေဆိပ်ကို ဆင်းသက်နေတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အကုန်လုံးကို ဟံသာဝတီ လေဆိပ်ကို ပြောင်းရွှေ့သွားမှာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများ တင်ဒါခေါ်ယူခဲ့ပြီး နောက်ဆုံး အဆင့်တွင်လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အေးရှားဝေါလ် ကုမ္ပဏီအုပ်စုမှ Pioneer Aerodrome Services ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါသည်။


..
www.MyanmarExpress.net
 

 

Reply all
Reply to author
Forward
0 new messages